ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/30/10

နယူးယောက်ဆန္ဒပြပွဲ

၈၈ ကျောင်းသား ခေါင်းဆောင် ကိုသန်းစိုး(ဘိတ်မြို့ ) အား နယူးယောက်မြို့ တွင် တွ့ရစဉ်

ကိုသန်းစိုးမှ ကမ္ဘာ့ကုလသမဂ္ဂရုံးအရှေ့ တွင် အောက်ပါအချက်သုံးချက်ကို အောင်မြင်စွာတောင်းဆိုခဲ့သည်။

(၁)နိုဝင်ဘာလ ( ၁၃ ) ရက်နေ့တွင် လွတ်ရက်စေ့မည်ဖြစ်သော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ချက်ခြင်း လွတ်ပေးရန်။

(၂)ယုံကြည်ချက်ကြောင့် မတရားအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်အား အမြန်ဆုံး လွတ်ပေးရန်။

(၃)ကုလသမဂ္ဂမှ ကြီးမှူးကျင်းပပြီး နအဖ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အမြန်ဆုံးအကောင်အထည်ဖော် အရေးယူဆောင်ရွက်ပေးရန်။

သို့သော် ကုလသမဂ္ဂအလုပ်များနေသောကြောင့် ကိုသန်းစိုးနှင့် ရဲဘော်များတောင်းဆိုချက်အား မည်သို့အရေးယူဆောက်ရွက်မှု ပြုလုပ်ပေးမည်ဆိုသည်ကို အတိအကျမသိရှိရသေးပါ။

ယခုဆန္ဒပြပွဲသည် အမေရိကန်နိုင်ငံတ၀ှမ်းလုံးရှိ ပြည်နယ်များမှ ရဲဘော်များ၊ မိုင်သုံးထောင်ခန့်ရှိ ခရီးရှည်ကြီးအားနေ့မအိပ်ညမအိပ်ဖြင့် နယူးယောက်သို့ ခရီးနှင်လာကြရခြင်းဖြစ်ကြောင်းသိရသည်။

နယူးယောက်ဆန္ဒပြပွဲသည် အမေရိကန်ပြည်ထောင်စုတွင် နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဦးဆုံး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ခရီးဝေးမှ လာရောက်ပြီး စုပေါင်းတောင်းဆိုသည့်ပွဲဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် နိုင်ငံရေးဒုက္ခသည်ဦးရေ ငါးသောင်းနီးပါး ၁၉၈၈-ခုနှစ်မှ စတင်၍ အခြေချနေနိုင်လျှက်ရှိပါသည်။ သို့သော် ယခုနိုင်ငံရေးဆန္ဒပြပွဲတွင် နိုင်ငံရေးဒုက္ခသည်ဦးရေ ငါးဆယ်လောက်သာ တက်ရောက်ခဲ့ကြောင်းတွေ့ရသည်။ ကျန်ရှိသည့် မြန်မာလူမျိုး လေးသောင်းငါးထောင် အမေရိကန်နိုင်ငံတွင်ဆက်လက်နေထိုင်မှု ရှိ၊ မရှိဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။

No comments:


View My Stats