ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/30/10

ဒုက္ခသည်အတုကိစ္စ ဆွေးနွေးချက် (ကိုဌေးတင့် နယ်သာလန်)

အတွေ့ အကြုံ အချို့ ကို တင်ပြလိုပါတယ် ။ ကျွန်တော် ၁၉၉၁ မှာ တာဝန်အရ ဘန်ကောက်ကို စတင်ရောက်ရှိခဲ့ပါတယ် ။
ယူအန်ကို တိုက်ရိုက်ထိုးဖေါက်နိုင်ဖို့  ကျောင်းသားအများစုက စတင်ထိုးဖေါက်နေတဲ့အခက်အခဲ အများဆုံး အချိန်တခုကပေါ့ဗျာ ။
၁၉၈၈အာဏာသိမ်း အပြီးကနေပြီးဘန်ကောက်မှာ မြန်မာ အချို့  လည်ဝယ်သူတွေ ၁၉၉၀ မှာ အမေရိကန်ကို သွားဖို့ ပြင်ဆင်နေကြပြီ။ သူတို့ ပေးတဲ့ သတင်းတွေမှားခဲ့လို့ ၁၉၉၁-၁၉၉၂ တွေမှာ အစစ်အမှန်ကျောင်းသားခေါင်းဆောင်တွေ
JVA မှာ reject တွေဖြစ်ခဲ့ဘူးတယ် ။

အဲဒီတုံးက အမေရိကန်ကို သွားဖို့ UNHCR အောင်ပြီးရင် JVA မှာ မှတ်ပုံတင်ပြီး လျှောက်ရတယ်ဆိုတာ ၈၈ ကလာတဲ့ အများစုမသိခဲ့ပါဘူး။

JVA ဆိုတာ ဘယ်နေရာလဲဆိုတာ မသိကြပါဘူး။ နီးစပ်ရာ လက်တို့ ပြီး အောင်ကြလက်တွဲခေါ်ကြတာပါ ။
အဲဒီအချိန်က ၈၈ တွေ နိုင်ငံခြားကို ထွက်ဖို့ တဦးခြင်း ဆန္ဒမရှိခဲ့ကြပါဘူး။

အတုလို့ ခေါ်မလား သစ္စာဖေါက်တွေခေါ်မလား သူတို့ ကတော့ ထွက်ဖို့ ကြိုးစားကြတယ် ။

အခုတော့ သူတို့ အများစုကတော့အခြေကြပြီး ချမ်းသာ ကုန်ကြပြီလေ ။

၈၈ အများစုကတော့၂၀၀၀ မနီလွီုင်စခန်းမှာ စာရင်းပိတ်ပြီး၊ နယူးဇီလန် ဥရောပတွေက စတင်ခေါ်ယူခဲ့တာပါ ။ ပြောရင်တော့ ကိုယ့်ပေါင်ကို လှန်ထောင်းမိတော့မယ် ။ ဒုက္ခသည်စခန်းမှာ တင်မကပါဘူး တတိယနိုင်ငံတွေမှာပါဒီပြဿနာကရှိနေဆဲပါ။

မြန်မာပြည်ရဲ့ ရွာက အခြေအနေကိုသာသိတဲ့သူက မြန်မာပြည်က အခြေအနေဆိုပြီးကုလားထိုင်လုပြီး ရှင်းပြနေသူတွေ
နိုင်ငံတိုင်းမှာ ဖြစ်နေတယ်မဟုတ်လား။

ခေါင်မိုး မလုံခဲ့တော့လဲ ဝိုင်းဝန်းဖြေရှင်းရမှာပါ ။

ကျွန်တော်တို့ သမိုင်းတခုကိုသုံးသပ်နေကြတဲ့ အချိန်တခုရောက်နေပြီလေ ။

ဌေးတင့်
နယ်သာလန်။

No comments:


View My Stats