ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

10/29/10

NCUB မှ တော်လှန်ရေးပါလီမန်အား အတည်ပြုသည့် အစည်းအဝေးပြုလုပ်မည်

ဦးမောင်မောင်

၂၉-၁၀-၂၀၁၀ (Perth)

လာမည့် နိုဝင်ဘာလ (၄-၅) ရက်နေ့တွင် တော်လှန်ရေးပါလီမန် တခုကို ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ဒေသတွင် အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်းသိရသည်။ ယင်းပါလီမန်တွင် KNU၊ NMSP၊ KNPP၊ NCUB၊ NUGUB နှင့် MPU တို့မှပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NCUB မှ ၀န်ထမ်းတစ်ဦးက ပြောဆိုသည်။

ယခုအစီအစဉ်သည် ပြည်တွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့် NLD မှ ခေါင်းဆောင်များပြုလုပ်မည့် ဒုတိယပင်လုံညီလာခံခေါ်ယူရေးအား တကမ္ဘာလုံးရှိ မြန်မာ့ဒီမိုကရေစီးလှုပ်ရှားသူများ အဖွဲ့အစည်း များမှ ထောက်ခံကြောင်း ကြေငြာချက်ထုတ်ပြန်ချိန်နှင့်လည်း တိုက်ဆိုက်နေသည်။

တော်လှန်ရေးပါလီမန်ဖွဲ့စည်းမည့် အစီအစဉ်နှင့်ပက်သက်၍ NCGUB မှ ၀န်ထမ်းက အောက်ပါအတိုင်း ဆက်လက်ပြောပြသည်။
“ဒေါက်တာ စိန်ဝင်း က (၇) ရက်နေ့  မတိုင်ခင် ပါလီမန်ဖွဲ့ မယ်ဆိုတာကို သဘောမတူဘူး။ ဒေါက် တာစိန်ဝင်း သဘောမတူပေမဲ့ ဦးမောင်မောင်တို့ က စွတ်လုပ်လိမ့် မယ်။ အမတ်တွေ ထဲ က ဦးမောင်မောင်အေး(Australia) ကလည်း သဘော မတူဘူး”

NCGUB နှင့် NCUB တို့မှ ဦးဆောင်ဖွဲ့စည်းမည့် တော်လှန်ရေးပါလီမန်တစ်ရပ်ကနေ အသွင်သစ်နှင့်ပေါ်ပေါက်မည့် ကြားဖြတ်အစိုးရတစ်ရပ်ဖြစ်ကြောင်လည်း သိရှိရသည်။ ယင်းသို့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့်ပက်သက်၍ ယနေ့အချိန်ထိ နိုင်ငံအသိုင်းအ၀ိုင်းကြားတွင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

“ပြည်ပမှာ အဝေးရောက်အစိုးရ (NCGUB) ရှိနေတာကို ဘာ့ကြောင့် ထပ်ဖွဲ့ရတာလဲ၊ ဒါက မဖြစ်သင့်တင့်ကိစ္စပဲ။ ဒုတိယပင်လုံညီလာခံကိုသူများတွေ ထောက်ခံနေတဲ့အချိန်မှာ NCUB လုပ်ရပ်ကမှားတယ်၊ ဒါလုပ်စားဖို့ စတန့်ထွင်တာပဲ” ဟု အမေရိကန်အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးမှ ထင်မြင်ချက်ပေးသည်။

ထို့အပြင် ပြည်ပအခြေစိုက်ကြားဖြတ်အစိုးရဖွဲ့စည်းမှု မဖြစ်သင့်ကြောင်းကိုလည်း NLD အတွင်ရေးမှုး ဦးဝင်းတင်ထောင်မှ လွှတ်ခါစတွင်ပြောခဲ့ဘူးကြောင်းလည်းသိရသည်။

ယင်းအစိုးသစ်တွင် ၉၀-ခုနှစ် လွှတ်တော်အမတ်များဖြစ်သည့် ဦးဘိုသောင်း၊ ဦးခွန်မြင့်ထွန်း၊ ဦးလှဦးအပါအ၀င် အမတ်တချို့ အစိုးရအဖွဲ့တွင် ပါဝင်မည်ဖြစ်သည်သော်လည်း DAB မှ ခေါင်းဆောင်တချို့ က တော်လှန်ရေးပါလီမန်ဖွဲ့လျှင့် ကန့်ကွက်မည်ဖြစ်ကြောင်းသိရသည်။

ပြည်ပရှိ ဒီမိုကရေစီးလှုပ်ရှားနေသည့် အဖွဲ့အစည်းများကြားတွင် ဦးမောင်မောင်အား အာဏာရှုးသူ၊ ငွေဖြင့်တော်လှန်ရေးအား ၀ယ်ယူနေသူဟု အထူးနာမည်ကြီးသူဖြစ်ကြောင်း သိရသည်။ ထိုကိစ္စနှင့်ပက်သက်၍ NCUB မှ ၀န်ထမ်းတစ်ဦးကပြောပြရာတွင်-
“ကိုခွန်မြင့်ထွန်း က အရင် က လူကောင်းပေမဲ့ စားဝတ်နေရေး ပြတ်တောက်နေတဲ့ အပေါ် ဦးမောင်မောင် ငွေပုံပေးပြီးစည်းရုံး လိုက်ပုံပဲ” ဟု ၄င်းရဲ့ ထင်မြင်ချက်အားပေးသည်။

မြန်မာနိုင်ငံဒီမိုရက်တစ်အင်အားစု (FDB) မှ ယခုလ ၂၈-ရက်နေ့ နေ့စွဲဖြင့် ဒုတိယပင်လုံ ညီလာခံအားထောက်ခံကြောင်း ၄င်းတို့သဘောထားအား ထုတ်ပြန်ခဲ့သည်။

သို့သော် NLD LA ၊ NCUB နှင့် NCGUB တို့မှ ဒုတိယပင်လုံညီလာခံနှင့် ပက်သက်၍ မည်သည့် ကြော်ငြာချက်၊ သဘောထားအား ယနေ့အချိန်ထိ မတွေ့ရသေးပါ။

တော်လှန်ရေးပါလီမန် အတည်ပြုမည့်အစည်းအဝေးအား ယခုလ ၃၀-၃၁ ရက်နေ့ ထိုင်းနိုင်ငံ မဲ့ဆောက်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ကန့်ကွက်သူများရှိသောကြောင့် နိုဝင်ဘာ ၄-၅ ရက်နေ့သို့ရွှေ့ ဆိုင်းရကြောင်း သိရသည်။

ဘုန်းကျော်
www.phonekyaw.blogspot.com

1 comment:

Anonymous said...

လုပ်စား လမ်းစဉ် ကြီးပါဗျာ ခင်ဗျား တို့  နယ်စပ်တော်လှန်ရေးသမားတွေဘ၀ ပိုနစ်မွမ်းဦးမယ် ခွန်မြင့်ထွန်း ဆိုတာ ပအို့  လူလည်ပါ ခု မိန်းမ ငယ်ငယ်လေးယူထားတော့ ပိုက်ဆံ နောက် သဲသဲ မဲမဲ လိုက်နေရပြီပေါ့ ကွဲပြဲ ဖို့ ပို သေချာ သွားတာပေါ့

သူရကို


View My Stats