ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/4/10

ဘာသာပြန်

စာမှာပါတဲ့အကြောင်းအရာကဒီလိုပါ။

Immigration ၀န်ကြီးဟောင်းဖြစ်တဲ့ ခရစ်အီဗင်က ငါ့ကို နင့်ဆီစာပြန်ဆိုလို့ ငါပြန်ရေးတာ။ ခန့်စည်သူရဲ့ ဗီဇာကိစ္စကိုတော့ ငါနဲ့မဆိုင်တဲ့အတွက် ဒီနေရာမှာ ငါမပြောချင်ဘူး။

အခု ငါပို့လိုက်တဲ့အချက်အလက်ကိုတော့ နင် စိတ်ဝင်စားမယ်ထင်တယ်။

Immigration ဥပဒေ အခန်း ၅၀၁ မှာ ဒီလိုပြောထားတာရှိတယ်။ သြစီကိုအလည်အပတ် လာချင်သူတွေအနေနဲ့ အနည်းဆုံးစောက်ကျင့်တော့ကောင်းရမယ်။ ဒါကို Immigration ကတာဝန်ရှိသူတွေအနေနဲ့ စစ်ဆေးမေးမြန်းရတယ်။ စောက်ကျင့်မကောင်းဘူးလို့ ငါတို့ဌာနက ယူဆရင် ပေးထားတဲ့ ဗီဇာတောင် ကန်စယ်လုပ်နိုင်ခွင့်ရှိတယ်။ စောက်ကျင့်ကောင်းရမယ်ဆိုတာ ဘာလဲ?

သြစတျေးလျမှာ ရှိတဲ့ပြည်သူတွေကို အလည်အပတ်လာသူတွေက အနည်းဆုံးစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရဘူး။ အန္တရာယ်မပေးရဘူး။ ရာဇ၀တ်မှုကင်းရှင်းသူဖြစ်ရမယ်။ အလည်အပတ်လာသူရဲ့ အတွေးအခေါ်၊ နိုင်ငံရေးအယူအဆ အစွန်းမရောက်ရဘူး။ ဘာညာသကာရပါဗျာ...ပြောရင် မဆုံးတော့ဘူး။

ဆိုလိုချက်ကတော့ ခန့်စည်သူ သြစီကို လာလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခန့်စည်သူဟာ မရိုးသားတဲ့လူတစ်ယောက်ဖြစ်တယ်။ Character Reqirement နဲ့ မညီဘူး။ သြစလျေးလျမှရှိတဲ့ မြန်မာကွန်မြနတီကို အန္တရာယ်ရှိစေနိုင်တယ်လို့ယူဆတယ်။

တကယ်လို့ သြစီအစိုးရက မသိပဲ ဗီဇာပေးခဲ့တယ်ဆိုရင်တောင် နင် တို့အနေနဲ့ အစိုးရကို ပြန်ပြီး ကလန်နိုင်တယ်။ အဲဒိလူရဲ့ စောက်ကျင့်ကို မကြိုက်ကြောင်း၊ဗီဇာမပေးသင့်ကြောင့် ပြောပိုင်ခွင့်ရှိတယ်။ ငါတို့ ဆက်သွယ်ရန်နံပါတ်ပါထည့်ပေးလိုက်တယ်...လို့တော့ သြစီလ၀က ပြောတာပဲ။

သိတဲ့အတိုင်းပဲ ခန့်စည်သူတစ်ယောက် သြစီကို ရောက်မလာခဲ့ဘူးလေ။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး။

အသေးစိတ်သိချင်ရင် အဘိဓာန်တခုဘေးချပြီး ဖတ်ကြည့်ပေါ့ဗျာ။ အစိုးရက စာဆိုတော့ ကျနော်ရေးသလို ရေးမရတော့ ပေရှည်တာပေါ့ဗျာ...

No comments:


View My Stats