ဦးစောကြောင့် အာဇာနည်နေ့ဖြစ်လာတာလို့ပြောနိုင်သလို၊ ဗိုလ်ချုပ်တို့ မသေခဲ့ရင်လည်း အာဇာနည်နေ့ဆိုတာ မြန်မာ့သမိုင်းမှာရှိမှာမဟုတ်ပါဘူး...။
သေနတ်နဲ့ အပစ်ခံရလို့ သေတဲ့ ဗိုလ်ချုပ်တို့လူတစ်စုကို အာဇာနည်လို့ခေါ်ရင်...ဘာ့ကြောင့်လွတ်လပ်ရေးတိုက်ပွဲမှာ သေခဲ့တဲ့သူတွေ၊ အသတ်ခံရတဲ့သူတွေ၊ ခေါင်းဆောင်တွေကိုကြတော့ တခမ်းတနားအာဇာနည်ကုန်းဆိုပြီး လုပ်ပေးခဲ့လား။ မလုပ်ပေးခဲ့ပါ။
ဝန်ကြီးချုပ် ဦးနုတို့၊ ရဲဘော်သုံးကျိပ်ဝင်တွေ၊ ဗကပက သခင်သန်းထွန်း၊ ဦးနေ၀င်းစတဲ့လူတွေလည်း ရှိပါသေးတယ်။ ကရင်၊ ချင်း၊ မွန် စတဲ့တိုင်းရင်းသားခေါင်းဆောင်ကြီးတွေလည်း လွတ်လပ်ရေးတိုက်ပွဲမှာ ပါခဲ့တယ်။ အခုဆိုရင် သေတဲ့လူလည်း သေကုန်ကြပီ။ သူတို့သေလို့ အာဇာနည်ကုန်းလုပ်ပေးလား။ အာဇာနည်နေ့လို့ သတ်မှတ်ပေးလား။ ဘယ်သူက အာဇာနည်နေ့ဆိုပြီး သတ်မှတ်တာလဲ။
ဦးနုအစိုးရပဲ မဟုတ်လား။ သူတို့က ဗမာတွေဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်။ ဘော်ဒါတွေဖြစ်တယ်။ ဒါ့ကြောင့် ကိုယ့်အချင်းချင်း အမွှန်းတင်ပေးတာကော မဖြစ်နိုင်ဘူးလား။ တကယ်တန်းပြောရရင် အာဇာနည်နေ့ဆိုတဲ့အရာဟာ တခြားလူတွေအတွက် မတရားသလိုဖြစ်နေတယ်လို့ တွေးမိတယ်။
အာဇာနည်နေ့အစား စစ်သင်္ချိုင်းလိုမျိုးလုပ်ပြီး ဒီနေရာမှာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့လူတိုင်းကို မြုပ်နှံသင့်တယ်။ ခေါင်းဆောင်ကစလို့ အညတရရဲဘော်အဆုံးကို အာဇာနည်လို့သတ်မှတ်သင့်တယ်။ အခုကြတော့ ဗိုလ်ချုပ်အောင်ဆန်းတို့အစည်းအဝေးလုပ်တုန်း ပါဝင်တဲ့လူတွေလောက်ပဲ အာဇာနည်ဖြစ်ကုန်သလားလို့ပါ။ ကျနော့်ရဲ့ အဘိုးတွေ ဂျပန်ကိုတိုက်တုန်းက BIA တပ်မှာ ထမင်းချက်ဘူးတယ်။ သေနတ်တိုက်ဘူးတယ်။ သူတို့လည်း တိုက်ပွဲထဲမှာ ဂျပန်သတ်လို့သေခဲ့တယ်။ သူတို့ကြတော့ အာဇာနည်မဖြစ်ဘူးဗျာ။ သနားပါတယ်။
ဘယ်သူကိုမှ မစော်ကားပါဘူး။ တွေးနေတာပါ။
1 comment:
အာဇာနည်ဖြစ်ဖို့ဆိုတာ လူပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းနဲ့ အဓိကသက်ဆိုင်ပါတယ် ... တော်လှန်ရေးထဲမှာ သူများ သတ်လို့သေတိုင်း အာဇာနည်ဖြစ်ကြေးဆိုရင် အာဇာနည်ကျောက်တိုင်တွေ တစ်နိုင်ငံလုံးပြည့်သွားနိုင် တယ် ... မင်းစာရေးတိုင်း ရိသလိုလို ထိသလိုလိုနဲ့ စော်ကားစရာမရှိတော့ လွတ်လပ်ရေးအရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုပါ စော်ကားနေပြီ ... “ခွေးမသား” (အဲဒါ ဗိုလ်ချုပ်အောင်ဆန်း ဆဲနေကျစကားလုံးပဲ)
Post a Comment