ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
7/19/11
ကိုထူးထူးဟန်မဂေါက်ပါ
ကိုထူးထူးဟန်ကို သံသယနဲ့ ရေးလာပြောတာကိုကြည့်ပြီး တခါတလေ အဲဒိလိုသံသယမျက်လုံးနဲ့ကြည့်တဲ့လူတွေဟာ ခေါင်းမရှိသလိုပဲ။ ဒီကိစ္စက အမှုသေးသေးလေးမဟုတ်ဘူး။ အနည်းဆုံးထောင်ကျနိုင်တယ်။ ဂေါက်ပြီးပြောရင်တောင် စစ်လားဆေးလားမြန်းလားနဲ့ ဘယ်လောက်အလုပ်ရှုပ်တယ်မှတ်လဲ။ ကျနော်သာဆိုရင် ဘာဘီကျူနဲ့ဘီယာပဲ ဇိမ်ခံပြီးသောက်တော့မယ်။ ဒီလိုပေါက်ကရကို ဘယ်တော့မှမပြောပါ။
ဒီလောက် အန္တရာယ်များတဲ့ ၀န်ခံချက်ကို ကျနော်သာဆိုရင် ဘယ်တော့မှမပြောပါ။ အနည်းဆုံး အလုပ်ရှုပ်တယ်။ ရဲတို့ တရားရုံးတို့နဲ့ စကားပြောရတာ အရမ်းအလုပ်ရှုပ်တယ်။ Centerlink ပိုက်ဆံစားပြီး သြစီဝိုင်တစ်ခွက်နဲ့ ဘာဘီကျူစားပြီး ဇိမ်ပဲခံမယ်။ ဒီလိုမျိုး ပေါက်တကရတော့မပြော။
နာမည်ကြီးချင်ရင် တခြားနည်းလမ်းရှိပါတယ်။ နောက်ပြီး ကိုထူးထူးဟန် ဂေါက်တာဆိုရင်တော့ မတက်နိုင်။
သြစီမှာ တချို့ သော ၈၈-ကလူတွေ မုန့် ရှုလိုက်၊ ဂလုလိုက်နဲ့ ကျွန်းကြောင်တာဖြစ်ကုန်တယ်။ ဒါပေမဲ့ ကိုထူးထူးဟန်ကတော့ ဖြစ်ပုံမပေါ်ပါဘူး။ သြစတျေးလျမှာ မြန်မာထောက်လှမ်းရေးတွေ တစ်ပုံကြီးရှိတယ်လို့ ကိုထူးထူးဟန်ပြောပါတယ်။
1 comment:
Anonymous said...
ကျုပ်နဲ့သာယာဝတီထောင်ထဲမှာ နေခဲ့ရတယ်။သူ့ကို ဂေါက်လို့ လူပြောများကြတယ်။ဒါပေမယ့် သူ ဂေါက်ချင်ယောင်ဆောင်ခဲ့တာပါ။စစ်အာဏာရှုင်ဒေါက်တိုင် စစ်ထောက်လှမ်းရေးတို့ရဲ့ ထုံးစံအတိုင်း ရူးချင်ယောင် ဆောင်ခဲ့တာပါ။သူယုတ်မာတွေဟာ သူတို့မှားခဲ့တာကို ၀န်မခံဘဲ သေတဲ့အထိ အမှားစိတ်နဲ့ဘ၀အဆုံးသတ်တတ်ကြတယ်။သူတော်ကောင်းစိတ်မွေးသူတွေက မှားမှန်းသိရင် အမှန်မြင် -အမှားဝန်ခံ ပေးသမျှ ၀ဋ်ဒဏ်ကို ခံယူရင်း ဘ၀အဆုံးသတ်တတ်ကြတယ်။(ဘုရားခေတ်က လက်ညှိုးပေါင်းတထောင်၇ဖို့ လူ၉၉၉ယောက်သတ်ခဲ့တဲ့ အင်္ဂုလိမာလကြီးဟာ အပြစ်ကိုမြင်တယ်။သူတော်ကောင်းတရားကျင့်ခဲ့တယ်။ရဟန်းပြုခဲ့တယ်။ဆွမ်းခံထွက်ချိန်တောင် ခဲပေါက်ခံခဲ့ရတယ်။ထူးထူးဟန် အမှန်ဝန်ခံလို့ ခဲပေါက်ခံရလည်း ဂေါက်ပဲလို့ မပြောသင့်ပါ။အင်္ဂုလိမာလကို နမူနာယူလိုက်ပါ ။
(အိုးဝေအောင်)
View My Stats