ကိုပိန် လို့ခေါ်တဲ့လူက ကိုသိုက်ရဲ့ သူငယ်ချင်း။ အသားဖြူဖြူ တရုတ်စပ်။ သူက တပ်ရင်းမှုး။ ကိုသိုက်နဲ့ကိုပိန်က ဘော်ဒါတွေ။ ကျနော်က သူတို့ရဲ့ ပရိသတ်။ အမြဲတမ်း ကိုပိန်ရဲ့ တော်ကီတွေထဲမှာ နစ်မျှောနေသူပေါ့။ တခါတလေ ကိုပိန်က သူလည်း ဒေါက်တာပိန် ဖြစ်ချင်တယ်လို့ပြောတယ်။ သူများတွေကို အားကျလို့။ သို့သော် ဘိုလိုလည်း အရမ်းကျွမ်းတယ်ထင်လား။ ဘုန်းကြီးတွေ တရားစာဖတ်တဲ့လေသံနဲ့ ဘိုလိုပြောတက်သူ။ This is a book ဆိုရင် သူက သစ်စ်အစ်စ်အက်ဘုတ်ခ် လို့ဆိုပြီးဖတ်တဲ့လူ။ အခုတော့ အမေရိကန်မှာ ဆူရှီဆိုင်ပိုင်ရှင်အဖြစ် သူ့ အနာဂတ်ကိုရွေးချယ်လေတယ်။ သူလည်း ၈၈-ခုနှစ် တက္ကသိုလ်ကျောင်းသား။တပ်ရင်းမှုးဟောင်းကြီးပေါ့။
၈၈-ခုနှစ်မှာ သူတို့နှစ်ယောက်က သူများတွေတောခိုကြတော့ သူတို့လည်း အားကြမခံတောခိုကြလေတယ်။
ကိုပိန်က လေချွန်တာအရမ်းကျွမ်းတယ်။ လေလေးတချွန်ချွန်နဲ့ အမြဲတမ်းပြုံးပျော်ပြီး သူများတွေကို ကြပ် တာကိုဝါသနာအရမ်းပါတဲ့လူ။
ကိုသိုက် နှင့် ကိုပိန် |
"ကိုပိန် ဒီသွားက ဘယ်သူ့ ဟာလဲ" လို့ဆိုပြီး အံ့သြတကြီးနဲ့မေးတယ်။ ဒီမှာတင် ကိုပိန်က ဒီလိုပြောတယ်။
"ဒါ ပုဂ္ဂိုလ်တစ်ပါးက စွန့်သွားတဲ့ စွယ်တော်ကြီး" ဆိုပြီးခပ်တည်တည်နဲ့ ကိုသိုက်ကို ကြပ်လေတယ်။
သူများကြပ်တာကို ကြပ်မှန်းမသိတဲ့ကိုသိုက်....ကိုပိန်ရဲ့ စွယ်တော်ကြီးကို အားရပါးရ ဖင်မှုထောင်ထောင်ပြီး ရှစ်ခိုးလေတယ်။ လိုချင်တဲ့ဆုကိုတောင်းပါတယ်။ စွယ်တော်ကြီးဆိုတော့ ဖူးရခဲတယ်ဆိုပြီး ကိုပိန်ကို ကြိတ်ပြီး ကျေးဇူးတင်လေတယ်။
သုံးလေးရက်လောက်ကြာတော့ ကိုပိန်က သူ့ သူငယ်ချင်းကို အတော်လေးသနားသွားပြီ။ အမြဲတန်း သူ့ စွယ်တော်ကြီးကို ဖူးနေလို့။ ဒီမှာတင်ကိုပိန်က-
"ဟေ့လူ အဲဒါ ကျနော့်သွားဗျ" လို့ စပ်ဖြဲဖြဲနဲ့ ပြောလေတယ်။ ဒီမှာတင် ကိုသိုက်မျက်နှာနီရဲပြီး-
"ခင်ဗျားဗျာ" ဆိုပြီး ဆဲပါလေရော။
အခုတော့ ကိုသိုက်က သြစတျေးလျနိုင်ငံ ဆစ်ဒနီမှာနေပြီး ကိုပိန်က အမေရိကန်ပြည်ထောင်စုမှာပါ။
မှတ်ချက်။ ။ ခွင့်မတောင်းပဲရေးမိတာကို ခွင့်လွှတ်ပါ။
2 comments:
ဖျက်ပစ်လဲ ခင်ဗျားတို့ဟာ စစ်ခွေးတွေ ခိုးသွားပေါ့ ဘာထူးမှာလဲ တင်ပြီးမှ
http://myanmarexpress.blogspot.com/2011/07/blog-post_7456.html
မနေ့က ငါပြောတဲ့ ကွန်မန့် မင်း မတင်ပါလားကွ အဟား ငကြောက်
မိုးသီးက ဖင်ချမှာ ကြောက်ပုံပဲ
Post a Comment