ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

9/6/11

ခလေးလုပ်ရတဲ့ အတွေ့ အကြုံ

ကျနော့်မှာ ခလေးသုံးယောက်ရှိတယ်။ သားတစ်ယောက် သမီးနှစ်ယောက်။ ဒီသုံးယောက်လုံးကို မွေးရတဲ့ အတွေအကြုံကို ပြောပြချင်တယ်။ ခလေးတွေအားလုံးကို နိုင်ငံခြားမှာပဲ မွေးခဲ့ရတယ်။ သားအကြီးဆုံးကို မဲ့ဆောက်ဆေးရုံကြီးမှာမွေးတယ်။ သမီးနှစ်ယောက်ကို သြစတျေးလျနိုင်ငံ ပတ်မြို့ မှာမွေးတယ်။ သားတွေသမီးတွေကို ကျနော်ကိုယ်တိုင်မွေးတာမဟုတ်ပါ။ ကျနော်က လုပ်ရုံလေးလုပ်တာပါ။ မိန်းမကပဲ မွေးတာဆိုတော့ ကျနော်မွေးတာလို့ ပြောလို့ မရဘူး။ မြန်မာပြည်မှာ ခလေးမွေးရင် ဘေးမှာ ကူမဲ့မိတ်ဆွေ နဲ့ အမျိုးတွေက အနည်းဆုံးရှိတက်ကြတော့ မွေးမိခင်ကပိုပြီး သက်သာတယ်။ လုပ်ပေးရတဲ့ အဖေလည်း စိတ်ပူစရာမလိုဘူးပေါ့။ နိုင်ငံခြားမှာတော့ ခင်ရာဆွေမျိုး မိန်ရာ ဟင်းကောင်းပေါ့ဗျာ။

မဲ့ဆောက် အတွေ့ အကြုံ

ဒီအချိန်မှာ လက်ထဲမှာလည်း အလုပ်မရှိ ငွေကလည်းမရှိတော့ အတော်မျက်နှာငယ်ပါတယ်။ ဒါပေမဲ့ ခလေးကို မမွေးခင် လပိုင်းအလိုမှာ ချဲ, နှစ်ခါလောက်ပေါက်,တော့ မိန်းမက ရွှေစ လေးတွေဝယ်ထားပါတယ်။ နောက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလည်း ခလေးမွေးစရိတ်ထုတ်ပေးတယ်။ ခလေးတစ်ယောက်ကို ထိုင်းဘတ်ငွေ နှစ်ရာဆိုပြီး အမေရိကန်နိုင်ငံက ကိုမိုးဇော်အောင်ကလည်းထောက်ပံ့ပေးတယ်။ ဒီငွေတွေက အတော်အထောက်အပံ့ဖြစ်ပါတယ်။ သန့် စ်ယူပါ အဲဗွီဘော်ဒီ။

တစ်ရက်မှာ မိန်းမက ဗိုက်နာတော့ ကျနော်တို့ လင်မယားဆိုင်ကယ်ပေါ်တက်ပြီး မဲ့ဆောက်ဆေးရုံကြီးကို ပြေးပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ်မရှိတဲ့ ဗမာလူမျိုးဆိုတော့ အတော်အနှိမ်ခံရတယ်။ မဲ့ဆောက်ဆေးရုံကြီးဆိုတာကလည်း မြန်မာပြည်က လူနာတွေနဲ့ ပြည့်နေတဲ့ နေရာလေးတစ်ခုပါ။ ထိုင်းနိုင်ငံက ဆရာဝန်တွေ သူနာပြုတွေလည်း အတော်ကောင်းရှာပါတယ်။ ငွေတောင်းတာ မရှိဘူး။ နဲနဲတော့ စကားပြောတာမာတာပေါ့။ ဒါကလည်း သူ့ စကားမှ ကိုယ်က မတက်တာဆိုတော့ ဖြစ်တက်ပါတယ်။

မိန်းမ ဗိုက်နာတော့ သူ့ ကို မွေးခန်းထဲပို့ လိုက်တယ်။ မွေးခန်းထဲကို ယောကျာ်းလေးမဝင်ရဘူး။ အပြင်မှာထိုင်ပြီးစောင့်နေရတယ်။ ညပိုင်ရောက်တော့ ခလေးမွေးပြီ။ ဆေးရုံမှာ နေလို့ မရတော့ အိမ်မှာပြန်ပြီး စောင့်ပါတယ်။ သားလေးလား သမီးလေးလားဆိုတာကို သိချင်လိုက်တာ အရမ်းပဲ။ ခေါင်းက ဆံပင်တောင် ကောင်းကောင်မဖီးနိုင်ဘူး။ ပထမဦးဆုံး ခလေးဆိုတော့ ရင်ကလည်း ခုန်တယ်။ ငါ, အဖေတစ်ယောက်ဖြစ်တော့မှာပါလား။ ဒါဆိုရင် ငါ့မှာ တာဝန်တွေပိုပြီး ရှိသွားပြီလို့ ခံစားရတယ်။ ပိုပြီး ကိုယ့်ကိုယ်ယုံကြည်မှူနဲ့ သတ္တိရှိလာတယ်။ ခလေးမျက်နှာကိုလည်း အရမ်းတွေ့ ချင်တယ်။ ပြီးတော့ မိန်းမကိုလည်းဘေးကနေ အားပေးချင်တယ်။ စိတ်တွေအကုန်လုံးက ဆေးရုံကိုပဲ တချိန်လုံးရောက်နေတယ်။

မနက်ပိုင်းမှာ မိန်းမက ဆေးရုံကနေ ဖုန်းဆက်လာတယ်။

"ဘုန်းကျော် ယောက်ျားလေး မွေးတယ်"...မိန်းမက ကျနော့်ကို ဘုန်းကျော်လို့ ပဲ မွန်မပီပီ ပြတ်ပြတ်ပဲ ခေါ်တယ်။ သူများတွေလို မောင်တွေ အကိုတွေ စတဲ့ ပြီတီတီစကားသံနဲ့ မဟုတ်ဘူး။ ခပ်မာမာပဲ။ သူကလည်းမာတော့ ကျနော်ကလည်း ဘယ်ပျော့မလဲ။

"အကောင်ကြီးလား"...

"သုံးကီလိုခွဲ ရှိတယ်...." နင်မလာနဲ့ အုံး။ ဆေးရုံက ဝင်ခွင့်မပေးဘူး။

"ဘာစားမလဲ"

"စွပ်ပြုတ်သောက်ချင်တယ်..."

ကျနော်တို့အိမ်နောက်ဖေးမှာ တောဟင်းရွက်ပေါင်းစုံရှိတယ်။ ဒီအရွက်တွေကို အရင်တုန်းက စားလို့ ရမှန်းမသိဘူး။ ဒါတွေကို ခူးပြီး အမေရိကန်နိုင်ငံနေ ကိုနေဝင်းရဲ့ မိန်းမက "ကရင်စုပြုံဟင်းခါးရည်" ကို အားတက်သရောချက်ပေးတယ်။ စုပြုံဟင်းခါးလို့ ကျနော်က နာမည်ပေးတာ ဒီလိုကြောင့်ပါ။ ငါးကိုမီးဖုတ်၊ ကြက်သွန်ဖြူကို ဓားပြားရိုက်၊ ပြီးရင် ရေနွေးဆူဆူထဲကို ပစ်ထည့်။ ခဏကြာရင် အိမ်နောက်ဘေးက အရွက်ပေါင်းစုံကို ခူးပြီး ရေနွေးဆူထဲမှာ ငါးမိနစ်လောက်ထည့်လိုက်တာနဲ့  စုပြုံဟင်းခါးဖြစ်လေသတည်း။ အချိုမှုန့် နဲ့  ငရုတ်ကောင်းက မပါရင် စုပြုံဟင်းခါးမဖြစ်တော့ နောက်ဆုံး အိုးကို မီးဖိုပေါ်က ချခါနီးမှ ထည့်ပါတယ်။ မွှေးလိုက်တဲ့အနံ့ ။ သွားရည်တောင် ကျတယ်။ ဒီလောက်ထိကောင်းတဲ့ ကရင်မလက်ရာ စုပြုံဟင်းခါးရည်ဗျာ။

ဒီဟင်းခါးရည်က ခလေးမိခင်တွေအတွက် နို့ ထွက်ကောင်းစေတယ်လို့  မမှု,ဟုခေါ်သော အုတ်ပျော်ကြီးက မှတ်ချက်ပေးတယ်။ အိမ်နောက်ဘေးက အရွက်ဆိုတာကဗျာ....ကျနော်တို့ ညတိုင်း အရက်သောက်ပြီးရင် သေးပန်းနေကြတဲ့အရွက်တွေများတယ်။ အမှုးသမားအတော်များများက အိမ်သာထဲမှာသေးမပေါက်ဘူး။ ချုံကောင်းတဲ့နေရာမှာ ပန်းတာပဲ။ ဒီလိုတွေ့ ကရာပန်းလို့  သြစတျေးလျနိုင်ငံမှာလို ဘယ်သူမှ အရေးမယူဘူး။ဒါ့ကြောင့် ဥက္ကဌလည်း ပန်းတယ်။ အတွင်းရေးမှူးလည်းပန်းတယ်။ ဒီလိုမျိုးတော့ ညီညွတ်ပါတယ်။ မယုံရင် လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကိုအောင်မိုးဇော်ကို မေးကြည့်ပါ။ သူက အဆိုးဆုံးပဲ။

ကျနော်တို့ နေတဲ့အိမ်က အရက်ဆိုင်လိုပဲ။ တနေကုန်လူစည်တယ်။ လူ့ ဘောင်သစ်က လူတွေဆိုတာက ဘုရားသမား တရားသမား တစ်ယောက်မှ မရှိဘူး။

မအေးမှုက ကရင်ဟင်းခါးရည်ကျက်ပြီဆိုတော့ သူပဲ ဆရာမကြီးလုပ်တယ်။ သူက ကေအန်ယူက ဆေးမှုးလည်းဖြစ်၊ ခလေးလည်း နှစ်ကောင်လောက်ထွက်ပြီးပီဆိုတော့ အိုက်စပီရက်စ်ကောင်းကောင်းရှိတယ်။

" မောင်ဘုန်း ချိုင့်နဲ့ သေသေချာချာထည့်။ နေတိုင်းဒါကိုပဲတိုက်။ နို့ ထွက်ကောင်းတယ်။ နင်လည်း တချိန်လုံးမှုးမနေနဲ့ ။ ဆေးရုံကို မြန်မြန်သွားပို့ "

မမှုညွှန်ကြားတော့ ကျနောလည်း လစ်တာပေါ့။

အိမ်က ပိန်လိန်နေတဲ့ ဟန်းကောချိုင့်နဲ့ ထည့်။ ဆိုင်ကယ်အစုတ်ပေါ်တက်ပြီး ဆေးရုံပေါ်က ပထမဦးဆုံးသား နဲ့  မိန်းမကို ကြည့်ဖို့ သွားပါတယ်။ ကံဆိုးချင်တော့ ထိုင်းရဲ နဲ့ လမ်းမှာတိုးပြီး ဘတ်ငွေနှစ်ရာ ကုန်ပါလေရော။ နှမစောင်းထိုင်းရဲတွေ။ သူတို့ ကိုပဲ လုပ်ကျွေးနေရတယ်။

" မိန်းမ နင် နေကောင်းလား "

" အေး...ကောင်းတယ်"

" ခလေးကော "

" ကောင်းတယ် "

" ခလေးက ချောတယ်ဟ...။ သူ့ အဖေနဲ့ တူလို့ ဖြစ်မယ်ထင်တယ်။ ငါ့ကြောင့် ခလေးချောချောထွက်တာနော်။ နင်...သူများရရင် ဒီလောက်ချောမှာမဟုတ်ဘူး..." ဆိုပြီး မိန်းမကိုနောက်တော့...သူမက..

" ဟင်း......." ဆိုပြီး မခန့် လေးစားအပြုံးနဲ့ တုန့် ပြန်တော့ လင်မယားနှစ်ယောက်လုံးပြိုင်တူ ကြည်နှူးကြပါလေတော့သည်။

၂။ ၾသစေတ်းလ် အေတြ ့အႀကဳံ နှင့် သမီးကြီး

သူများတွေ သြစတျေးလျနိုင်ငံမှာ ခလေးမွေးတာကိုကြည့်ပြီး ကိုယ်လည်း ခလေးလိုချင်လာတယ်။ နောက်ပြီး ခလေးများများမွေးရင် အစိုးရဆီက ငွေများများရတယ်။ မွေးစရိတ်မကုန်ဘူး။ တစ်ကောင်မွေးရင် ဒေါ်လာငါးထောင်တောင်ပေးတာဆိုတော့, ဘုန်းကျော်, မိန်းမကို အပီကျွေးပြီ။ ထမင်းပြောတာနော်။ တလွဲမတွေးနဲ့ အုံး။

" မိန်းမ ငါတို့ ခလေးနောက်တစ်ယောက်ယူရအောင်...." လို့ အကြံပေးတော့။ သိတ်ပြီးမလိုချင်ရှာတဲ့ မိန်းမက...

"ယူပေါ့ ဘာဖြစ်လဲ...အလကားမွေးရတာပဲဟာ" ဒီလောက်ထိ သဘောကောင်းတဲ့မွန်မ။

ဒါနဲ့ သမီးအကြီးကို ကိုယ်ဝန်ရပြီဆိုပါတော့။

မဲ့ဆောက်မှာတုန်းက ကိုယ့်ဘေးမှာ ကူမဲ့လူ အားပေးဖော် အားပေးဘက်တွေက တထောကြီးပဲ။ ကိုယ်တောင် ဘာမှလုပ်စရာမလိုဘူး။ မိန်းမလည်းအားရှိတယ်။ ဒါပေမဲ့ သြစတျေးလျနိုင်ငံမှာတော့ သိတဲ့အတိုင်းပဲ။ တစ်အိမ်နဲ့ တစ်အိမ်ကလည်း မသိကြဘူး။ သူငယ်ချင်းတွေအကုန်ုလုံးကလည်း သူ့ အိမ်နဲ့ သူ။ ဆိုတော့ ကိုယ့်ခြေထောက်ပေါ်ကို အခုမှ စတင်ရပ်ရသလိုဖြစ်နေတယ်။ ထမင်းချက် ဟင်းချက်လည်း ဒီလင်နဲ့မယားပဲ။ ကိုယ်ဝန် စ,ရတဲ့အချိန်ကာလအတွင်းမှာဆိုရင် မိန်းမခင်ဗျာ မစားနိုင်မသောက်နိုင်ဖြစ်ရရှာတယ်။ တချိန်လုံးအော့အန်ပြီး နေတော့တာပဲ။ သူ့ ကိုကြည့်ပြီး အတော်သနားပြန်ရော။ သူ ဒီလို အော့အန်နေတဲ့အချိန်ဆိုရင် လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကဗျာဆရာလိုလို ကွန်မြူနစ်လိုလို ဟိုလိုလိုဒီလိုလို ကိုထွဋ်ဦးလှိုင်ပြောတဲ့စကားကို သွားပြီးသတိရတယ်။ သူက ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးပါ။

" အဆိပ်တကာ အဆိပ်တွေထဲမှာ လူရဲ့ အဆိပ်က အပြင်းဆုံးကွ "

အဲလိုပြောတဲ့အချိန်မှာ သူက လူပျိုသိုးကြီး။ ဘယ်ကနေ ဘယ်လို ဒီစကားကို သွားပြီးရလာလဲ မသိဘူး။ သူ့ ဆိုလိုချက်ကို မိန်းမ မရခင်တုန်းက မသိဘူး။ အခုမှပဲ သဘောပေါက်တော့တယ်။ ရွှေဉာဏ်တော် စူးရှ ပါပေတယ် ကိုထွဋ်ရယ်။

ကိုးလလွယ် ဆယ်လဖွားလို့ တော့ကြားဖူးတယ်။ သမီးကြီးက ဆယ်လလည်းထွက်မလာ ဆယ်လခွဲလည်း ထွက်မလာတော့ ကျနော်စိတ်ပူပြီ။ အတော်ပျင်းတဲ့ခလေးပဲလို့ မိန်းမကို နောက်တယ်။ ဒါနဲ့ ဆေးရုံးကိုပြေးပြီး ဆေးထိုးမွေးပါတော့တယ်။ ညနေပိုင်းလောက်ရောက်တော့ မိန်းမ ဗိုက်နာပြီ။ သြစတျေးလျဆေးရုံက မဲ့ဆောက်ဆေးရုံလို မဟုတ်။ အတော်စိတ်ချမ်းသာတယ်။ သီးသန့် ခန်းနဲ့ မွေးတော့ မိခင်ကော ဖခင်ကော စိတ်အနှောက်အယှက်မဖြစ်ဘူး။ ဟိုတယ်မှာမွေးရသလိုပဲ။

မဲ့ဆောက်အတွေ့ အကြုံအရကော မြန်မာ့ယဉ်ကျေးမှုအရကော မီးနေခန်းထဲကို ယောက်ျားမဝင်ရဘူးလို့ ကျနော် နားလည်ထားတယ်။ ဒါက ကျနော်တို့ ယဉ်ကျေးမှု။ ဒါပေမဲ့ သြစီ နဲ့ မတူ။ သြစတျေးလျတွေရဲ့ ယဉ်ကျေးမှုကတော့ အတော်လန်းတယ်။ လန်းတာမှ လန်ထွက်နေအောင်လန်းတယ်လို့ ပြောချင်တယ်။ မီးနေခန်း မကလို့ မီးသတ်ခန်းထဲအထိ ယောကျာ်းဝင်ပြီး နေလို့ ရတယ်။ ဝါသနာပါရင် မိန်းမနဲ့ အတူ ဝိုင်းအော်လို့ ရတယ်။ ကျနော်က အတွေ့ အကြုံမရှိတော့ မွေးခန်းထဲကို မဝင်ရဲဘူး။ကြောက်တယ်။ မကြည့်ရဲဘူး။ ဒီအချိန်မှာ မိန်းမက စတင်အော်နေပြီ။ ကျနော်က လိုက်ကာလေးဘေးမှာနားထောင်။ နပ်စ်မ နှစ်ယောက်ကို ဗမာအခေါ် လက်သည်လို့ ခေါ်ပါစို့ ။ လက်သည်နှစ်ယောက် ကျနော့်ကို လှမ်းပြီးပြောတယ်။

ွှ"နင်ဘာလုပ်နေတာလဲ၊ အထဲကိုဝင်ခဲ့၊ နင့်မိန်းမကိုကူညီ"

ဟုတ်ကဲ့လိုပြောပြီး မိန်းမရှိတဲ့ မွေးခန်းထဲကို ဝင်သွားတယ်။ ကဲ..ဗျာ...မြင်လို့ တောင်မကောင်းဘူး။ ခလေးမွေးတာကိုကြည့်ပြီး သားစိတ်မယားစိတ် ကုန်သွားတယ်။ ဒါပေမဲ့လည်းအများဆုံးခံ တစ်လပဲ။ ယောက်ျားစိတ်ဆိုတော့ သိတဲ့အတိုင်းပဲ။

မိန်းမရဲ့ လက်ကို သေသေချာချာ ဆုပ်ကိုင်။ သူ့ ရဲ့ နဖူးပေါ်က ချွေးတွေကို သုတ်ပေး။ ပါးစပ်ကလည်း ညှစ်ထားမိန်းမ...ဆိုပြီးအားပေးရတယ်။ မိန်းမခင်ဗျားလည်း အတော်သနားစရာကောင်းတယ်။ နဖူးက အကြောတွေ ထောင်းကနဲနေအောင် ပြတ်ထွက်တော့မဲ့အတိုင်းပဲ။ အမြောင်းလိုက်ပေါ်နေအောင် ခလေးကို ညှစ်ထုတ်နေရတယ်။ သိတ်မကြာပါဘူး။ ကျနော့်သမီးကြီးထွက်လာပါပြီ။ ခလေးထွက်လာတော့ ခလေးရဲ့ ချက်ကြိုးဖြတ်ဖို့ ကျနော့်ဆီကို ကပ်ကြေးထိုးပေးတယ်။ မင်းကိုယ်တိုင်ဖြတ်ပေါ့။ သွေးတွေကော ဘာတွေကောဗျာ။ အတော်ရွံစရာကြီး။

ဆောရီး။ ငါမလုပ်ချင်ဘူး။ မင်းတို့ ဘာသာဖြတ်တော့.....လို့ ပြောလိုက်တော့မယ်။

ဆေးရုံပေါ်မှာနှစ်ရက်နေပြီး အိမ်ကို ပြန်ပို့ တယ်။ သူတို့ အင်္ဂလိပ်တွေအစားအစာကို ကျွေးတယ်။ အားလုံးအခမဲ့။ ခလေးမွေးမွေးချင်း မိခင်တိုင်းဗိုက်ဆာတယ်။ မိန်းမက ပြောတယ် ငါ....စွပ်ပြုတ်သောက်ချင်တယ်တဲ့။ ဒီအချိန်မှာ သတိရဆုံးက မမှုရဲ့ စုပြုံဟင်းခါးနဲ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လူတွေသေးပန်းထားတဲ့ အရွက်တွေကို သတိရမိတယ်။ သတိရလည်း ဘာမှမတက်နိုင်။ ကူမဲ့သူမရှိ။ သားကြီးကို လက်ကတစ်ဘက် မိန်းမကို လက်ကတစ်ဘက်နဲ့  ရေတောင်မချိုးနိုင်ဘူး။ ဆိုင်က အစားအစာတွေဝယ်ပြီး ကျွေးရပါတော့တယ်။

၃။ သြစတျေးလျအတွေ့ အကြုံနှင့်သမီးငယ်

ဒီခလေးကိုမွေးတော့ ကိုယ့်မှာ အတွေ့ အကြုံများနေပြီ။ ကောင်းကောင်း Manage နိုင်ပြီ။ အကုန်လုံးအဆင်သင့် ကြိုတင်စီစဉ်ထားတယ်။ လူနာတင်ကားအတွက် အင်ရှုးရန့် လုပ်ထားတယ်။ ညီနဲ့ သူ့ ရီးစားကို အကူညီတောင်းထားတယ်။ ကိုယ်ကတော့ လက်က ဘီယာနဲ့ ။ တယ်လီဖုန်းနဲ့ ။ ဘယ်လိုမွေးရမလဲ၊ ဘယ်လိုနေရမလဲဆိုတာကို အတွေ့ အကြုံအရသိသွားပြီ။ မိန်းမ ဗိုက်နာပြီဆိုတော့ လူနာတင်ကားကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ လူနာတင်ကားက မိန်းမကို ဆေးရုံပေါ်ထိ ဂရုတစိုက်ခေါ်သွားတယ်။

ဆေးရုံပေါ်ရောက်နေတဲ့ မိန်းမကို လေးငါးနာရီလောက် ဗိုက်ပေး "နာ" ခိုင်းပြီး..ကိုယ်က ခလေးနှစ်ယောက်ကို ကိုယ်ပိုင်ကားထဲထည့်။ စားစရာ ကေအက်ဖ်စီ ဟန်ဂရီးဂျက်ကို ဒရိုက်သရုကနေ ဝယ်တယ်။ ခလေးတွေအတွက်။ မိန်းမအတွက်တော့ တရုတ်ခေါက်ဆွဲပြုတ်။ အားလုံးရယ်ဒီမိန့် ။ ငွေအတွက်လည်း ပူစရာမလို။ ဒီတစ်ကောင်ထွက်လာရင် ငါးထောင်တောင်ရမှာဆိုတော့ မိန်းမကို ဖားထားရတယ်။ ဘီယာဖိုးရအောင်။

လက်သည်တွေတောင်မရောက်သေးဘူး ကျနော်က မီးနေခန်းထဲမှာ မိန်းမနဲ့ အတူတူ ခလေးညှစ်နေပြီ။ သောက်ရေကမ်းပေးတယ်။ ချွေးသုတ်ပေးတယ်။ ခေါင်းတွေ ဇက်ကြောတွေကို နှိပ်ပေးတယ်။ မိန်းမမြန်မြန်မွေးနိုင်ပါစေလို့ ဆုတောင်းတယ်။ မြန်မြန်မွေးလေ နားအေးလေပဲဆိုတော့။ ဒေါ်လာငါးထောင်တောင် ရမှာဆိုတော့ မိန်းမလည်းပျော်တယ်။ ကျနော်လည်းပျော်တယ်။ အားလုံးက အတော်ပျော်ကြတယ်။

နာရီဝက်လောက်ကြာတော့ နောက်တစ်ကောင် ထွက်ပါပြီ။ ဒီတစ်ခါလည်း သမီးလေး။ အကောင်ကြီးသားပဲ။ ကြာသပတေးသမီး။ သူ့ အဖေနဲ့ နေ့ နံအတူတူ။ နာမည်ကိုတော့ တခါတည်း ဗေဒင်မတွက်ပဲ စိတ်ကူးပေါက်ရာပေးချလိုက်တယ်။

ုဘုန်းကျော်နှင့် သူဇာတို့ ရဲ့ သမီးအငယ်ဆုံးကို...
" ပန်ဇင်ကျော် " လို့ ခေါ်ကြဟေ့။ အကြီးကောင်က သော်ဇင်ထက်ကျော်။ အလတ်မက နိုးပွင့်အိမ်ကျော်။ ခလေးသုံးယောက်လုံးကို မွေးနေ့ လည်းမလုပ် ကန်ပွန်းတပ်လည်းမလုပ် ဗေဒင်မေးပြီး နာမည်ရွေးတာလည်း မလုပ်ပါဘူး။ မွေးတာနဲ့ တခါတည်းနာမည်ပေးပါသည်။ ဒီခေတ်က အိုင်တီခေတ်ဆိုတော့ လုံးဝကို မြန်နိုင်မှ တော်ကာကြမယ်လေ။ ဟုတ်ဘူးလား။

1 comment:

mudontime said...

အရေးအသားတော့ ဖတ်ကြည့်နေတဲ့အစမှာ ကောင်းသလိုလို ပညာပေးသလိုလို ဘာလိုလိုနဲ့  နောက်ဆုံးတော့ အူကြောင်ကြောင် အရည်အဖတ်မရ ပေါက်ကရတွေဖြစ်တာတွေ့ မိတော့ စိတ်တိုမိတယ်။ ကိုယ်ပိုင်အသိဥာဏ်ကို တိုးတက်ကောင်းမွန်အောင်လုပ်ပြီး ဆက်လက်ရေးသားပါလို့ ပဲ အကြံပြုလိုက်ပါတယ်...ဖတ်ရသူတွေ အချိန်ပေးတန်အောင်လို့ ပါ ...


View My Stats