မိန်းမပျိုတစ်ယောက်ဟာ သူယူမဲ့ ယေက်ျားကို ရွေးတဲ့အခါမှာ ငွေရှိရင်ရှိ မရှိရင် မှီခိုနိုင်လောက်တဲ့အရည်အချင်းရှိမှ ယူပါတယ်။ ဒီတော့ ဒီနေရာမှာ မေးစရာတစ်ခုရှိတယ်။ ကိုယ်ကြတော့ အသုံးကျအောင်မလုပ်ပဲ ယောက်ျားလုပ်စာနဲ့ ကြီးပွားချင်တဲ့ စိတ်ဓာတ်က တကယ်ကော ကိုယ့်ဘ၀အတွက် အထောက်အကူပြုပါ့မလား။ လောကမှ ဒီလိုလူတွေအများကြီးပါ။
ကျနော်တို့ ဟာ မိမိကိုယ်ကိုယ်အားကိုးပြီး ကျိုးစားမှသာ ရေရှည်တည်တံ့တဲ့ ကြီးပွားမှု့ ကို ရမှာပါ။ ယနေ့ မှာ တွေ့ ရတဲ့ မိန်းမအများစုဟာ ပိုက်ဆံရှိမှ၊ နိုင်ငံခြားကကောင်မှ၊ ပညာရှိမှဆိုပြီး သူတို့ အတွက် ဆုံးဖြတ်ချက်ချတယ်။ တကယ်တော့ ဒါဟာ အင်မတန်ကို စိတ်ဓာတ်အောက်တန်းကျတဲ့မိန်းမတွေဖြစ်တယ်ဆိုတာကို သူတို့ မေ့နေကြတယ်။ ကိုယ်ကြတော့ အရည်အချင်းရှိအောင်မလုပ်ပဲ သူများလုပ်စာကို မှီခိုချင်ကြတယ်။
မိန်းမတွေလိုပဲ ယောက်ျားတွေလည်း ဒီလိုပါပဲ။ ကျနော်တွေ့ ဘူးတဲ့ လူတစ်ချို့ ဆိုရင် ကိုယ့်အသက်အရွယ်ကိုမှ အားမနာပဲ အသက်ကြီးကြီးအဘွားကြီးနဲ့ နေတယ်။ သူ့ ဆီက ငွေတွေကို ချူစားတယ်။ သောက်စားမှုးယစ်ပျော်ပါးတယ်။ အဘွားကြီးကလည်း ဒါမျိုးကို သဘောကြတယ်။
ဒီလိုမျိုးမိန်းမနဲ့ ယောက်ျားတွေကို ကျနော်တို့ လူ့ အဖွဲ့ အစည်းမှာ အများဆုံးတွေ့ နေရတယ်။
သြစတျေးလျနိုင်ငံမှာ ၀င်ငွေကလည်း မဆိုးတော့ တချို့ သော ယောက်ျားတွေဖောက်လွဲ ဖောက်ပြန်လုပ်ကြတယ်။
အရင်တုန်းကတော့ ငတ်ပြတ်စုတ်ပြတ်သတ်နေတဲ့ဘ၀တွေမှာတုန်းက မကွဲခဲ့တဲ့ ဇနီးမောင်နှံတွေငွေကြောင့်ကွဲခဲ့ရတယ်။
ယောက်ျားက ကိုယ့်ရဲ့ လုပ်အားနဲ့ အပင်ပန်းခံပြီး အိမ်တွေဝယ်တယ်။ ကားတွေဝယ်တယ်။ နောက်ပိုင်း လင်မယားလည်းကွဲရော...ကိုယ်ဝယ်ထားတဲ့အိမ်ပေါ်မှာ ဘယ်ကကောင်မှန်းမသိတဲ့ကောင်က ကိုယ့်ရဲ့ ခုတင်ပေါ်မှာ ကိုယ့်မိန်းမကို ဂျစ်ကီ ဂျစ်ကီလုပ်တယ်။ ၀ယ်ထားတဲ့ကားကိုလည်း သူနဲ့ မိန်းမက မောင်းတယ်။ ခလေးတွေက ဘ၀ပျက်လို့ ။ ဆိုတော့ တစ်ခါတလေတွေးမိတာက လင်မယားတွေမကွဲခင်တုန်းက ၀ယ်လိုက်ကြတဲ့အိမ်တွေ၊ ကားတွေ၊ ပစ္စည်းတွေ...နောက်ပိုင်းကြတော့ အဲဒိဟာတွေကို တစိမ်းတွေက ပိုင်ဆိုင်ပြီး ကိုယ့်ကုတင်ပေါ်မှာတောင် တက်ပြီး ကျိတ်ပါတော့တယ်။ ဘယ်လောက်ရင်နာစရာကောင်းလဲ။ နောက်ဆုံး သြစီဥပဒေအရ မိန်းမပဲ တပန်းသာပါတော့တယ်။ ဘယ်မှာလဲ ယောက်ျားတွေရဲ့ ရပိုင်ခွင့်။ နောက်ဆုံး အိမ်ပေါ်ကပဲ ဆင်းပေးခဲ့ရတယ်။
ယောက်ျားတွေကလည်း လောင်တီးသလို၊ မိန်းမတွေကလည်း အဖောင်တုတ်တယ်။ ငွေလေးများရွှင်လာရင်ပြောတာပါ။ သူတို့ နှစ်ဦးကြောင့်ဘယ်သူတွေ အဓိက နစ်နာရလဲဆိုတဲ့ အရေးကြီးတဲ့အပိုင်းကိုမကြည့်ပဲ ဟိုဟာကိုပဲ ဦးစားပေးကြတယ်။ ခလေးတွေပဲ ပျက်စီးရတော့တယ်။
ကျနော့်သူငယ်ချင်းတစ်ယောက်က မိုင်းမှာ နှစ်ပေါင်း ၁၈-နှစ်လုပ်တယ်။ လေယျာဉ်နဲ့ အသွားအပြန်အလုပ်ဆင်းရတော့ အိမ်နဲ့ ဝေးတယ်။ သူ့ မိန်းမက ဖိလစ်ပိုင်မ။ သူကမြန်မာ။ ကြာလာတော့ သူ မရှိတဲ့အချိန်မှာ သူ့ မိန်းမက ကျနော့်သူငယ်ချင်းဝယ်ထားတဲ့ ကုတင်ပေါ်မှာ နောက်တစ်ယောက်နဲ့ ကုန်းလို့ ။ ဒါကို သူသိသွားတော့ လင်မယားတွေကွဲကြတယ်။ ခလေးတွေ အခြေအနေပျက်ခဲ့တယ်။ ကျနော့်သူငယ်ချင်းဂေါက်တယ်။ နောက်ဆုံး အိမ်နဲ့ ကားတွေကို သူ့ မိန်းမရတယ်။ ဒီလိုဘ၀မျိုးတွေဟာ သြော်စတျေလျးအပါအ၀င်အခြားဥရောပနိုင်ငံတွေမှာလည်း ဖြစ်ကြပါတယ်။
လူတွေဟာ အစားချောင်အနေချောင်တာကို အင်မတန်သဘောကြတယ်။ မြန်မာပြည်မှာနေတုန်းကဘ၀တွေဘယ်လိုဖြစ်ခဲ့လဲဆိုတာကို နိုင်ငံခြားရောက်တဲ့လူတွေအများစု မေ့သွားကြတယ်။ ပညာသင်လို့ ရတဲ့ နိုင်ငံမှာ အခွင့်အလမ်းရှိတာတောင် မသင်တဲ့မြန်မာတွေရှိခဲ့တယ်။ အစိုးရက ပေးတဲ့ပိုက်ဆံပေါ်မှာ သာယာပြီး ခလေးတွေအများကြီးမွေးပြီး အပျင်းတစ်ခဲ့ကြတယ်။ အစိုးရစရိတ်နဲ့ ထိုင်စားတယ်။ နိုင်ငံရေးစကားကို အစိုးရပိုက်ဆံစားပြီး ပြောတယ်။ ဘာတွေဖြစ်ကုန်မှန်းတောင်မသိပါဘူး။
မြန်မာပြည်ထဲကလူတွေက နိုင်ငံခြားက ကောင်တွေကို အထင်ကြီးတယ်။ ပိုက်ဆံချမ်းသာတယ်လို့ ထင်ကြတယ်။ ဒီမှာဘယ်လိုနေရထိုင်ရ လုပ်ရလဲဆိုတာကို မရောက်ဘူးတော့ မသိဘူး။ တောင်းလိုက်တဲ့ငွေ။ ပေးပါအုံးဟဲ့...တယ်လီဖုန်းလေး၊ အိုင်ပတ်လေးနဲ့ ကွန်ပြူတာ။ သူတို့ မှာက ပါးစပ်ပဲ ရင်းရတယ်။ အကျင့်ပါနေကြပြီ။ နိုင်ငံခြားကကောင်ကလည်း တောင်းပြီးဆိုရင် ပေးချင်ပြီ။ ကိုယ်ကပြန်ရှာလို့ လွယ်တာကိုး။ ဒါပေမဲ့ ကျနော်က အလကားရတိုင်း တောင်းချင်နေတဲ့စိတ်ဓာတ်ကို မကြိုက်တာပါ။ သူများဆီကဟာကို ပါးစပ်နဲ့ ကလေးရင်းပြီး သနားအောင်ပြော၊ မရရင်လိမ်တောင်းတဲ့ ဗမာစောက်ကျင့်တွေကို အင်မတန်မုန်းပါတယ်။
အွန်လိုင်းပေါ်မှာ မိန်းခလေးတွေ နိုင်ငံခြားကလူတွေကို အထင်ကြီးတယ်။ မင်းသမီးတွေကအစ။ ဘာ့ကြောင့်အထင်ကြီးလဲဆိုတော့ ပိုက်ဆံရှိတယ်လို့ ထင်လို့ ပါ။ သူတို့ ယူတယ်။ သွားမရှိရင်နေပါစေ နိုင်ငံခြားကဆိုရင်ပြီးရောပဲ။ သြစတျေးလျမှာ ဒီလိုမျိုးတွေတစ်ပုံကြီးရှိတယ်။ အဖိုးကြီးတွေ မြန်မာပြည်က သမီးအရွယ်လေးတွေကို ယူတယ်။ အဲဒိအဖိုးကြီးတွေက အလုပ်လည်းမရှိဘူး။ အစိုးရစရိတ်နဲ့ စားရတဲ့လူတွေ။ ဒါကိုမသိပဲ ရန်ကုန်က ကောင်မလေးတွေယူကြတယ်။ နောက်ပိုင်း အဲဒိအဖိုးကြီးကို ကောင်မလေးက ပြန်လည်ပြီးပြုစုပေးရတယ်။ ထမင်းချက်ကြွေးရတယ်။ ညဖက်မှာ ဖင်ခံရတယ်။ ရေချိုးပေးရတယ်။ သြစတျေးလျရောက်တာပဲ အဖတ်တင်တယ်။ နောက်ဆုံး ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ကြီးတော်နွားကျောင်းကြရတယ်။ သူမခင်ဗျာ ဖင်လည်းခံရသေးတယ်။ နောက်ဆုံး မြန်မာပြည်က ငတ်နေတဲ့အမျိုးတွေကိုလည်း ပိုက်ဆံပြန်ပေးရသေးတယ်။ နိုင်ငံခြားမှာ မနေချင်ပဲနေရတဲ့ အဲဒိလို မြန်မာမိန်းခလေးတွေအများကြီးပဲ။
ပိုက်ဆံလည်းတပြားနှစ်ပဲနဲ့ ဘ၀တွေ မသိမသာ ပျက်စီးခဲ့ကြတာကို ရင်နာလို့ မဆုံးဘူး။
နိုင်ငံရေးလောကအပါအ၀င် ဘာသာရေးလောကမှာလည်း ဒီလိုပဲ။ အားလုံးကိုဆိုလိုတာမဟုတ်ပါဘူး။ စိတ်ဓာတ်တွေအင်မတန်အောက်တန်းကျကြတယ်။
အခုဆိုရင် ကျနော်တို့ မြင်နေရတဲ့ နိုင်ငံရေးလောက က လူတွေ သူတို့ ကိုယ်သူတို့ မှန်တယ်လို့ ထင်ကြတယ်။ ထောက်ခံတဲ့သူကလည်းထောက်ခံတာဆိုတော့ ငါတို့ လုပ်တာ မှန်တယ်လို့ ထင်တာပဲဖြစ်မယ်။
ဥပမာ ကိုမင်းကိုနိုင်တို့ အုပ်စု။ ကိုယ့်ထမင်းကို ရှာစားတဲ့လူတွေမဟုတ်ကြပါဘူး။ သူတို့ ကို သူများတွေက ကျွေးရတဲ့ဘ၀ဖြစ်နေပြီ။ အဲဒါကို ပြင်ဖို့ လည်း အစီအစဉ်မရှိဘူးထင်တယ်။ နောက်ပြီး ကိုမိုးသီးဇွန်တို့ အဖွဲ့ ၊ ဒေါက်တာနိုင်အောင်တို့ အဖွဲ့ …စသဖြင့် သူတို့ အားလုံးဟာ ဘယ်တုန်းကမှ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးထမင်းစားလာတဲ့လူတွေမဟုတ်ပါဘူး။ ဦးမောင်မောင်ကစလို ကိုအောင်မိုးဇော်တို့ အဆုံး သူတို့ ဘယ်နှစ်ခါများ ကိုယ့်ထမင်းကိုယ်စားခဲ့လို့ လဲ။ မစားခဲ့ပါဘူး။ အထက်ကပြောတဲ့ မိန်းမအချို့ လို သူများလုပ်စာအပေါ်မှာပဲ မှီခိုရပ်တည်ချင်နေကြတယ်။ အန်ဂျီအိုကသာငွေမပေးရင် ဒုက္ခပဲ။ ဒါကို မသိတဲ့ပြည်သူအချို့ က နိုင်ငံရေးခေါင်းဆောင်လို့ သတ်မှတ်ကြတာကို မအံ့သြပါဘူး။
နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်လည်း ဒီအတိုင်းပဲ။ မြန်မာပြည်ကိုပြန်ရောက်ပြီးကတည်းက သူ ဘာနဲ့ ထမင်းစားလဲမသိဘူး။ အလုပ်မလုပ်ပဲ ဒီအတိုင်းနေတော့။ ဆိုတော့ နိုင်ငံရေးသမား၊ အစိုးရ၊ စစ်တပ်တွေကို နောက်ဆုံးပြည်သူရဲ့ ဝင်ငွေထဲကနေပဲ ကျွေးရမွေးရပါတယ်။
ကျနော်တို့ တိုင်းပြည်ထဲက လူတွေဟာ အင်္ဂလိပ်တွေနဲ့ ယှဉ်ရင် စိတ်ဓာတ်က အင်မတန်သေးသိမ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျနော်သတိထားမိတာတစ်ခုရှိတယ်။ အင်္ဂလိပ်တွေ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ထမင်းစားတယ်။ သူတို့ ခလေးတွေကလည်း သူ့ အဖေနဲ့ အမေက ပိုက်ဆံရှိပေမဲ့ ကိုယ့်ပိုက်ဆံကိုပဲတန်ဖိုးကြတယ်။ ဘယ်သူ့ ဆီကမှ လက်ဖြန့် ပြီးမတောင်းကြပါဘူး။ ကျနော်တို့ မြန်မာလူမျိုးကတော့ နိုင်ငံရေးအကြောင်းပြတယ်။ ငတ်နေတဲ့ပြည်သူတွေကို အကြောင်းပြတယ်။ ဘာသာရေးကို အကြောင်းပြတယ်။ ဒါတွေကို ဘန်းပြပြီး ပိုက်ဆံတောင်းတယ်။
အခုဆိုရင် ကချင်ဘက်က စစ်ပြေးဒုက္ခသည်တွေ၊ ရခီးတွေဘက်က ဒုက္ခသည်တွေ ရှိကြတယ်။ ဒီပြသနာတွေအားလုံးကို ကျနော်တို့ မြန်မာလူမျိုးတွေပဲဖန်တီးတာပါ။ တရုတ်ကလည်းဖန်တီးတာမဟုတ်သလို၊ ကုလားကလည်း ဖန်တီးတာမဟုတ်ဘူး။ နောက်ဆုံးအမေရိကန်လည်း လုပ်တာမဟုတ်ဘူး။ မြန်မာလူမျိုးတွေပဲ ဒုက္ခသည်ဖြစ်အောင်လုပ်ကြတာ။ ပြီးရင် အဲဒိဒုက္ခသည်တွေကိုဘန်းပြပြီးအစိုးရကလည်း အကူအညီတောင်းသလို၊ အတိုက်အခံကလည်း ပေးပါအုံးဟဲ့…ကူညီပါအုံးဟဲ့ဆိုပြီ လုပ်ကွက်အမျိုးအမျိုးနဲ့ ပိုက်ဆံတောင်းတယ်။ နောက်ဆုံးတော့ နိုင်ငံတကာနဲ့ ပြည်သူလူထုငွေထဲကနေပဲ ပြန်ပြီးကူညီပေးရတယ်။ အတိုက်အခံနဲ့ အစိုးရရဲ့ အိပ်ကပ်ထဲက ဘယ်နှစ်ခါပေးဘူးလဲ။ သူတို့ နှစ်ဦးကလည်း ကိုယ့်လုပ်စားနဲ့ စားတဲ့လူတွေမဟုတ်တော့ ဘာနဲ့ ပေးမှာလဲ။ ပြီးတော့ သူတို့ က သူရဲကောင်းကြီးလိုလို၊ စာနာသူကြီးလိုလို လုပ်ကြပြန်ရော။ တကယ်တမ်းတွေးကြည့်ရင် မြန်မာတွေလုပ်ရပ်က စိတ်ဓာတ်အောက်တန်းကြတဲ့လုပ်ရပ်တွေလိုပဲ။
အစိုးရက ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာအကူအညီ သန်းကိုရာနဲ့ ချီပြီးရတယ်။ အဲဒိငွေတွေကို အစိုးရကိုင်ထားပြီး ဘယ်မှာဘယ်လောက်သုံးတာလဲဆိုတာကိုလည်းမသိရဘူး။ ပြည်တွင်းစစ်ကို သူတို့ ပဲဖန်တီးတယ်။ ပြီးရင် သူများတွေက သူတို့ ကို ပိုက်ဆံပေးရတယ်။ အတော်ရီရတဲ့လူတွေပဲ။ နောက်ဆုံး ဦးသိန်းစိန်ကတောင် ဆုတွေဘာတွေရလို့ ။ ဒေါ်စုကတော့မပြောနဲ့ တော့။ တော်လှန်ရေးမှာ လူတိုင်းပါဝင်ပေမဲ့ လူတိုင်းဆုမရဘူး။ လူတိုင်း ခေါင်းဆောင်မဖြစ်ဘူး။ လက်ချိုးရေလို့ ရတဲ့လူတွေလောက်ပဲ လည်သူစားစတမ်းဆိုသလိုပဲ။
အဓိကပြင်ရမှာ မြန်မာတွေရဲ့ အဲဒိလို့ စိတ်ဓာတ်အောက်တန်းကြမှု့ ၊ အချောင်စားချင်တဲ့စိတ်၊ မယောင်ရာဆီလူးချင်တဲ့စိတ်တွေပဲဖြစ်ပါတယ်။
ကျနော်တို့ သေသေချာချာတွေးကြည့်ရင် မြန်မာ့နိုင်ငံရေးမပြေလည်စေတဲ့အချက်ကတော့ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ တိုင်းသူပြည်သားအာလုံးမှာတာဝန်ရှိတယ်။ အားလုံးမပြင်နိုင်သေးသ၍ ဘယ်တော့မှ ကျနော်တိုင်းပြည်ဟာ သူများနိုင်ငံတွေလို တိုးတက်မှာမဟုတ်ဘူး။ ပြင်ဖို့ လူတွေအထဲမှာ ကျနော်လည်းရှေ့ တန်းကနေ ပါဝင်တယ်ဆိုတာကို ပြောချင်လို့ ပါ။
ဘုန်းကျော်
လင်းစတားရွာ
၉၊ ၉၊ ၂၀၁၀
No comments:
Post a Comment