မြန်မာ့သမိုင်းတလျှောက်မှာ အပစ်မဲ့တဲ့လူတွေသေခဲ့တယ်
အားကြီးတဲ့လူက သတ်တယ်
အားနည်းတဲ့သူတွေ သေကြတယ်။
လွတ်လပ်ရေးတိုက်ပွဲမှာလည်း သေခဲ့တယ်
လွတ်လပ်ရေး ရပြီးတော့လည်း သေခဲ့တယ်
ပြည်တွင်းစစ်ပွဲမှာ ကိုယ့်အချင်းချင်းလည်းသေခဲ့သလို အရပ်သားတွေလည်းသေခဲ့တယ်။
စစ်တပ်ကကျောင်းသားတွေကို သတ်လို့ သေခဲ့တာ ရှိသလို..
စစ်သားအချင်းချင်းလည်း သတ်လို့ စစ်သားတွေသေခဲ့တာပဲ။
ဒါနဲ့ များဗျာ-
မြောက်ပိုင်းက သုံးဆယ်လောက် သေတာကိုများ ရေးကြီးခွင်ကျယ်လုပ်လို့ ။
မနေ့ တစ်နေ့ ကပဲ ကချင်ဘက်မှာ ခုနှစ်ဆယ်လောက် တရက်အတွင်းမှာ သေခဲ့တယ်။
ဆိုတော့ဗျာ-
အခြားသူတွေကိုလည်း ပြန်အားနာပါအုံး။
ဒါတွေကို ပြောနေမဲ့အစား အနာဂတ်မှာ အချင်းချင်း ဒီလိုမသတ်ကြရအောင် မသေရအောင်....
လုပ်တာက မှ အကျိုးမရှိဘူးလား...။
ဘုန်းကျော်
ၾသစေတ်းလ်
၂-၉-၂ဝ၁၂
လင်းစတားမိုင်း

1 comment:
အဲဒီ ၃၀ သေတာက တောခို ကျောင်းသားအချင်းချင်း အာဏာလုလို့ အချင်းချင်းသတ်လို့ သေရတာ။ စစ်တပ်က တိုက်လို့ သေတာမဟုတ်။အဲဒီ အပြစ်မဲ့ အယောက်၃၀ သေတာက စစ်တပ်ထဲမှာ အယောက်၃၀၀သေတာရယ်-စစ်တပ်က ပစ်သတ်လို့ ၃၀၀၀ သေတာရယ် နဲ့ ညီမျှတယ်။(မင်း အမျိုး စစ်မျိုးတွေ မသေတိုင်း ကိုယ်ချင်းမစာ လက်လွတ် စပယ် မရေးသင့်ဘူး။သေသူကျောင်းသားတွေရဲ့  မိသားစုတွေ မင်းကို ဆဲတာ ခံရဦးမယ်။)
Post a Comment