ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
3/14/12
ဒေါက်တာနိုင်အောင်လို စိတ်ဓာတ်မျိုးအရမ်းလိုတယ်
 မိတ်ဆွေများတော့ ကောင်းပါတယ်။ ကူဖော်လောင်ဖက် ရတယ်ပေါ့ဗျာ။
 ကျနော့်ပါးစပ်နဲ့ စိတ်က သူများနဲ့ မတူဘူးဗျ။ အထူးသဖြင့် စိတ်မထင်ရင် မထင်သလို ကြီးကြီးငယ်ငယ်နားမလည်ဘူး။ ကိုယ်ပြောချင်ရင် ပြောချလိုက်တဲ့ အကျင့်က စွဲနေတယ်။ ဒါကိုပြင်လို့ တော့ရပါတယ်။ ဟန်ဆောင်ပြီး ပြင်ရတာကို အရမ်းပင်ပန်းလို့  ယနေ့ အချိန်အထိမပြင်ပဲနေခဲ့တယ်။
 ကျနော်ကလည်း ခေသူမဟုတ်လေတော့ ကျနော့်မှာလည်း သူငယ်ချင်းတွေရှိပါတယ်။
 ပထမဦးဆုံး ကျနော်အဓိကပြောချင်တဲ့ သူငယ်ချင်းအကြောင်းကို နဲနဲလောက်မိတ်ဆက်ပေးချင်ပါတယ်။ ဖေ့ဘွတ်စ် စပြီးသုံးတတ်ခါစမှာ သူငယ်ချင်းစုဆောင်းရပါတယ်။ အရင်ဆုံး တွေ့ တဲ့သူငယ်ချင်းတွေကတော့ လုပ်ဖော်ကိုင်ဖက်ကြီးတွေဖြစ်တဲ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ရဲဘော်တွေပဲဖြစ်ပါတယ်။ နောက်ပြီး တော်လှန်ရေးအသိုင်းအန်းက မဟာမိတ်တွေလည်း ပါတယ်ဆိုပါစို့ ။
 သူတို့ နဲ့ ပထမဆုံးစတွေ့ ခါစမှာ အရမ်းကို ပျော်ရွှင်စရာကောင်းလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကြ နောက်ကြ ကြပ်ကြနဲ့ ဆိုတော့။ နောက်ပိုင်း ကျနော့်ပါးစပ်ကလည်း အငြိမ်မနေ တော့ သူတို့ မကောင်းကြောင်း အင်တာနက်မှာရေးမိပါရော။ ဆဲမိပါရော။
 ကျနော်ကလည်း ကျနော်ပဲ သူမကြိုက်တဲ့အကြောင်းအရာကို ပြောမိတာကိုး။ သူအကြိုက်လိုက်ပြောတဲ့နေ့ တွေတုန်းကဆိုရင် သူ့ ခင်ဗျာ ဗိုက်ပူကြီးပွတ်ပြီး တဟီးဟီးနဲ့  သြစတြေးလျက မြင်းကြီး ကျနေတာပဲ။ ဒါက သူ့ နဲ့ ကျနော် ဖေ့ဘွတ်စ်သူငယ်ချင်းအဖြစ်ကနေ စွန့် လွှတ်ခဲ့တဲ့အကြောင်း။
 သူ့ ကို ကျနော်က မှုးလာတိုင်း ကိုအောင်သူငြိမ်းက လူတော်ပဲဗျလို့ ပြောတယ်။ ရုပ်ရည်လည်း မဆိုးဘူး။ ဟားဗက်တက္ကသိုလ်က ဘွဲ့ ကြီးလည်းရထားတော့ ကျနော်အထင်ကြီးတယ်ဗျာလို့ ပြောတယ်။ သူလည်း သဘောကောင်းပြီး ကျနော့်ကို သူ့ အိမ်မှာတောင် ခေါ်ပြီး အလကားပေးနေခိုင်းသေးတယ်။ ဒီလောက်ထိ သဘောထားပြည့်တဲ့ လူတစ်ယောက်။ နယ်စပ်မှာကျန်ခဲ့တဲ့ သူ့ ရဲဘော်တွေကိုလည်း တက်နိုင်သလောက် သူပေးကမ်းပါတယ်။ ကူညီပါတယ်။
 "အတိုက်အခံကော နအဖကော -ီးပဲ" လို့ ....။
 ကျနော့်ဆရာ ကိုအောင်သူငြိမ်းက ဘာပြန်ပြောတယ်မှတ်လဲ။
 "မင်းကိုလည်း -ီးပဲ" တဲ့ဗျာ။ ဒီလိုပြောပြီး သူလည်း ကျနော့်ကို ဖေ့ဘွတ်စ်သူငယ်ချင်းအဖြစ်ကကော၊ ဂျီတော့ သူငယ်ချင်းအဖြစ်ကကော စွန့် လွှတ်လိုက်တာဆိုရင် အခုဆိုရင် အတော်ကြာနေပြီ။ ကျနော့်ခဗျာ သူဒီလို စွန့် ခွာထွက်သွားတဲ့နေ့ ကဆိုရင် သူ့ ကို သတိရလို့ ဘီယာတွေစွတ်သောက် တွေစွတ်ပေါက်ခဲ့တဲ့ ရက်တွေကို လွမ်းလွမ်းဆွေးဆွေးကျော်ဖြတ်ခဲ့ရပါတယ်။
 အရင်တုန်းကဆိုရင် လူချင်းမတွေ့ ပေးမဲ့ ဘုန်းကျော်လုပ်တာကောင်းတယ်လို့ သူချီးကျူးပါတယ်။ ကျနော်လည်း ကိုမိုးသီး ဖဲ့တာကို ကျနော်ကြိက်တယ်လို့ ဆိုပြီး သူ့ ကိုမြှောက်ပေးနေကြ။ သူ့ ခဗျာ အဲဒီတုန်းက ရုပ်ကြမ်းကြီးနဲ့ တဟီးဟီးနဲ့ ဖြစ်နေမလားပဲ။ သူနဲ့ ကျနော်နဲ့ က ဖေ့ဘွတ်စ်မှာကော ဂျီတော့မှာကော သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဗျ။ အရမ်းလည်း ခင်ကြပါတယ်။
 တနေတော့ ကျနော့်ကို ကိုမိုးသီး စွန့် ခွာထွက်ပြေးသွားခဲ့ပါတယ်။ ခင်ဗျားတို့ မေးလိမ့်မယ်။ မင်းက ဘာများသွားပြီးလုပ်မိလို့ လဲဆိုပြီးမေးကောင်းမေးနိုင်ပါတယ်။ ကျနော်တစ်ခုပဲလုပ်ခဲ့မိပါတယ်။ ဒါကတော့-
 ကိုမိုးသီးဟာ အမေရိကားမှာ ငွေရမဲ့အလုပ်ကို မလုပ်ပဲ၊ အင်တာနက်မှာထိုင်ပြီး အချိန်ဖြုန်းတယ်။ သူများချက်ကျွေးတာကို စားတယ်။ ပြီးရင် ပန်းကန်လည်းမဆေးဘူး။ အောက်သက်လည်းမကျေဘူးဆိုပြီး အင်တာနက်မှာကျနော်ရေးခဲ့မိပါတယ်။ ဒါလည်းရေးပြီးကော ကိုမိုးသီး ကျနော်ကို ဂျီတော့ကရော ဖေ့ဘွတ်စ်ကပါ သူငယ်ချင်းအဖြစ်ကနေစွန့် လွှတ်ခဲ့ပါတယ်။ ဒီတကြိမ်လည်း ကျနော့်မှာ ဘီယာတွေစွတ်သောက်သေးတွေ စွတ်ပေါက်ခဲ့ရပါတယ်ဗျာ။ ကျနော်က အမှန်ကိုပြောတာကို သူစိတ်ဆိုးသွားတာတော့ မတတ်နိုင်ဘူး။
 တခြားသူငယ်ချင်းတွေလည်းအကြိမ်ကြိမ် ကျနော့်ကို စွန့် ခွာခဲ့ပါတယ်။ ဒီလောက်ထိဖြစ်လာတော့ ကျနော်မှားတော့မှားနေပြီဆိုပြီး ပါးစပ်ကို ပိတ်ခဲ့ပါတယ်။ အခုတော့ မပိတ်နိုင်လို့ ဒီစာကိုရေးရပါတယ်။
 ထူးခြားတဲ့အရာတစ်ခုကို ပြောပြချင်တယ်။ ဒါကတော့ သူ့ ကိုဘယ်လောက်ပဲပြောပြော သူ ကျနော့်ကို သူငယ်ချင်းအဖြစ်ကနေ မစွန့် လွှတ်ဘူး။ အရမ်းကိုများရင့်ကျက်လို့ လား။ ဒါမှမဟုတ်အရည်ထူလို့ လား။ ဘာပဲဖြစ်ဖြစ် သူ့ ကိုတော့ လေးစားမိပါတယ်။ သူ့ နာမည်က ဒေါက်တာနိုင်အောင်လို့ ခေါ်ပါတယ်။ နာမည်ကြီးပြီး လူကြိုက်နည်းနေတဲ့လူတစ်ဦးလို့ ပြောရင်မှန်မလားပဲ
 သူတို့ က လူကြီးတွေ။ ကျနော်က လူငယ်။ သူတို့ မှာ ဒီမိုကရေစီအတွေ့ အကြုံအများကြီးရှိတယ်။ ကျနော့်ထက်ပညာအများကြီးတတ်ပါတယ်။ လုပ်သက်ကလည်း ရင့်ပါပေ့။ ဒါနဲ့ များဗျာ ခလေးတွေလို စိတ်ဆိုးစရာလိုလိုလား။ မလိုဘူးလိုထင်ပါတယ်။
 ဒီလိုပုံစံမျိုးကျနော်တို့  မြန်မာ့ဒီမိုကရေစီရေးအတိုက်အခံလောကမှာတောင် မရှိသေးဘူး။ အခု ဖေ့ဘွတ်စ်နဲ့ ဂျီတော့ပြသနာပဲကြည့်ပါ။ ဒါတောင် အွန်လိုင်းမှာပဲရှိသေးတယ်။ တကယ်လက်တွေ့  ပါလီမန်ထဲမှာကော အပြင်မှာကော ကိုမိုးသီး၊ ကိုအောင်မိုးဇော် နဲ့ ကိုအောင်သူငြိမ်းတို့ ကိုလက်ညိုးထိုးပြီး ခင်ဗျားတို့ စောက်သုံးကို လုံးဝမကြဘူး၊ ပေါချောင်ကောင်းခေါင်းဆောင်တွေလို ပြောများပြောရင် ကျနော့်ကိုဝိုင်းထိုးကြမလားမသိဘူး။
 မှန်ချက်။     ။ ဒီစာထဲမှာ  ကျနော့်ကို သူငယ်ချင်းအဖြစ်ကနေ စွန့် လွှတ်တဲ့လူတွေ အားလုံးမပါတဲ့အတွက်တောင်းပန်ပါတယ်။
ပွင့်လင်းတဲ့လူ့ ဘောင်ဖြစ်ရေး နဲ့  ကိုမင်းကိုနိုင်သို့ 
Open Society ပိုင်ရှင် သူဌေးကြီး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံကို ရောက်ပြီးမကြာခင်ကာလမှာတင် ကိုမင်းကိုနိုင်တို့ အုပ်စုက ပွင့်လင်းတဲ့လူ့ အဖွဲ့ အစည်းဆိုတဲ့စကားကို ထပ်တလဲလဲပြောလာတာကို ကြားရပါတယ်။ ပြည်သူတွေနဲ့ တွေ့ ဆုံဆွေးနွေးပွဲတွေလုပ်ပြီး ပွင့်လင်းတဲ့လူ့ အဖွဲ့ အစည်းဆိုတာဘာလဲလို့  ကိုမင်းကိုနိုင်တို့ အုပ်စု ရှင်းပြနေတယ်လို့ ယူဆရပါတယ်။
သတင်းထဲမှာလည်း ပွင့်လင်းတဲ့ လူ့ အဖွဲ့ အစည်းဆိုတာ ပိတ်ဆို့ ထားတဲ့လူ့ အဖွဲ့ အစည်းမဟုတ်ဘူးပေါ့ဗျာလို့ ဆိုပြီး...ထောင်ထဲမှာ နှစ်ပေါင်း နှစ်ဆယ်နီးပါးနေခဲ့ရတဲ့ ကိုမင်းကိုနိုင် ပြောလိုက်တာကို ကြားရတော့ ဒီလိုမှတ်ချက်ချမိပါတယ်။
သူပြောမှပဲရှင်းတော့တယ်လို့ ဆိုပြီး ကျနော်မှတ်ချက်ပေးပါတယ်။
အခုလည်း ပြည်ပရောက်နေတဲ့ လူတွေဟာ အခမ်းအနားတွေလုပ်ပြီး နိုင်ငံရေးကို အားတက်သရောလုပ်လာတာနဲ့ ပက်သက်ပြီး ပြောလာပြန်တော့ တခုခုတော့ ရေးမှ ရမယ်ဆိုပြီး ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။
၁) ဘာ့ကြောင့်ကိုမင်းကိုနိုင်တို့  Society ကို ဂျော့ဆိုးရော့လာမှ အိုးပန်းချင်တာလဲ။
၂) ဘာ့ကြောင့်ပြည်ပအဖွဲ့ အစည်းတွေလုပ်နေတဲ့ အခန်းအနားတွေနဲ့ ပက်သက်ပြီး အခုမှဝေဖန်ရတာလဲ။
၃) အခု ကိုမင်းကိုနိုင်တို့ အုပ်စု ဟောလီးဒေးလို လုပ်နေတဲ့အလုပ်က တကယ်ပဲ တိုင်းပြည်ပြောင်းအောင် ဖန်တီးပေးနိုင်လား။
ဒီမေးခွန်းသုံးခုကို ကျနော်ဘာကြောင့်မေးရလဲဆိုတော့ သံသယ ရှိနေလို့ ပါ။ ကိုမင်းကိုနိုင်နဲ့ အဖွဲ့ ဟာ တိုင်းပြည်အပေါ်ထားတဲ့သဘောထားနဲ့ ပက်သက်ပြီး လုံးဝကို သံသယမရှိပါဘူး။ မြန်မာပြည်ဟာ အိုပန်း ဖြစ်ဖို့ အရမ်းကိုလိုအပ်ပါတယ်။ ဒါကိုလည်း သဘောတူပါတယ်။ ဒါပေမဲ့ ဂျော့ဆိုးရောစ့်ကြီးပေးတဲ့ပိုက်ဆံရမှ အိုးပန်းနိုင်တဲ့ အခြေအနေနဲ့ လှုပ်ရှားမှု့ ကိုတော့ လုံးဝကို ကန့် ကွက်တယ်။ လုံးဝကိုသဘောမတူပါ။ ဖြစ်နိုင်ရင် OSI က ပေးတဲ့ အကူအညီအစား ပြည်သူလူထုကပေးတဲ့ အကူအညီနဲ့  Open Society ကန်ပိန်းကို လုပ်စေချင်တယ်။ ဘာ့ကြောင့် ဒီစကားတွေပြောရလဲဆိုတော့ ပြည်ပက အဖွဲ့ အစည်းတွေပျက်စီးရတဲ့အကြောင်းအရင်းမှာ အန်ဂျီအိုက အလွယ်တကူရတဲ့ငွေကို ယူပြီး ဒီအပေါ်မှာ သာယာသွားလို့ ပါပဲ။ လွယ်လွယ်နဲ့ များများရတော့ ကြာတော့ လူတွေပျက်စီးလာတယ်။ အချင်းချင်းကွဲလာတယ်။ ပြည်သူက အထင်အမြင်လွဲလာတယ်။ ဒါနဲ့ ပက်သက်ပြီး တချိန်က တန်ဖိုးအရမ်းကြီးခဲ့တဲ့ ခေါင်းဆောင်တွေရဲ့  Reputation တွေ တဖြည်းဖြည်း မှေးမှိန်လာတယ်။ နောက်ဆုံး ပြည်သူလူထုက ဒီလူနဲ့ ဒီအဖွဲ့ အစည်းဆိုရင် လိမ်တဲ့လူတွေ လုပ်စားတဲ့လူတွေဆိုပြီး ကဲ့ရဲ့ လာကြပါတယ်။ ဖြစ်နိုင်ရင် Open Society ဆိုတဲ့ ကန်ပိန်းကို ပြည်သူလူထုရဲ့  လှူဒါန်းငွေနဲ့ လုပ်စေချင်ပါတယ်။ ဥပမာ နာရေးကူညီမှုအသင်းလို ပြည်သူလူထုက လှူးဒါန်းငွေနဲ့ ရပ်တည်တာဟာ အရမ်းကို ဂုဏ်သိက္ခာရှိပါတယ်။
ပြည်ပမှာ OSI ကြောင့် လူတွေပျက်စီးသွားတာကို တင်ပြနေတာပါ။ ကောင်းလာတဲ့လူတွေလည်းရှိပါတယ်။ ဒါပေမဲ့နည်းပါတယ်။
နောက်တစ်ခုက မနေ့ တနေ့ ကမှ ထောင်ထဲက ထွက်လာတဲ့လူတွေက Open Society ဆိုတဲ့ နိုင်ငံရေးအယူလို့ ပဲပြောမလား၊ အိုင်ဒီယာပဲပြောမလား (ကျနော်နားမည်ပါ).....ဆိုတော့ ဒီလိုဘာသာရပ်ကို တကယ်ကော တက်ကျွမ်းလို့ လား။ မတက်ကျွမ်းပဲနဲ့ ပြည်သူလူထုက ကြည်ညိုလေးစားနေတာကို အခွင့်ကောင်းယူပြီး ပြောဆိုဆွေးနွေးနေတာကိုတော့ လုံးဝသဘောမကျပါဘူး။
နောက်ဆုံးအနေနဲ့ ဘာ့ကြောင့်များ ဟိုးတုန်းကတည်းက Open Society ကန်ပိန်းကို မလုပ်တာလဲ။ ဂျော့ဆိုးရောစ့်လာပြီးမှ လုပ်တာကတော့ မရိုးသားဘူးလို့ ထင်ပါတယ်။ ဒီကိစ္စကို ရှင်းလင်းဖို့ တောင်းဆိုချင်ပါတယ်။
ကျနော်တို့ နယ်စပ်အဖွဲ့ အစည်းတွေ လူပုဂ္ဂိုလ်တွေဟာ ရှင်းရှင်းပြောရရင် အန်ဂျီအိုပေါ်မှာ မှီပြီး စားလာရတာ အတော်ကိုကြာနေပြီ။ တချို့ တွေသူဌေးဖြစ်ကုန်ပြီ။ အများစုက အရက်သမားတွေဖြစ်ကုန်တယ်။ နယ်စပ်က နိုင်ငံရေးဆိုတာက မရှက်တမ်းပြောရရင် ညနေပိုင်းအရက်သောက်ရင်း ဘီဘီစီ၊ အာဖက်အေ၊ ဗွီအိုကေ ကိုနားထောင်ရပါတယ်။ ပြီးရင် ဟိုအဖွဲ့ အစည်းက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး အတင်းပြောပါတယ်။ မနက်ပိုင်းဈေးဝယ်၊ ထမင်းချက်ပြီး၊ ညနေပိုင်း မိန်းမကို ချ ရပါတယ်။ ဒါကို အိပ်စား-ိုး၊ လို့ ခေါ်ပါတယ်။ အခန်းအနားရာသီမှာ အခန်းအနားလုပ်ပါတယ်။ စတိမတ်ထုတ်ချိန်ဆိုရင် စတိတ်မန့် ထုတ်ပါတယ်။ သင်တန်းတက်ရပါတယ်။ ခြုံကြည့်ရင် ကျနော့်တို့ နယ်စပ်က နိုင်ငံရေးကို အကြမ်းဖျဉ်းသိပါလိ့မ်မယ်။
အောက်ခြေရဲဘော်တွေအတွက်မှာ အလုပ်မရှိသလောက်ပါပဲ။ အရင်တုန်းက တောထဲမှာလှုပ်ရှားမှု အားကောင်းနေတုန်းက ရဲဘော်တွေအတွက် အလုပ်အရမ်းပေါပါတယ်။ ထမင်းချက်၊ ထင်းခွေ၊ ကင်းစောင့်က ကျနော်တို့ လို ရဲဘော်အတွက်ဖြစ်တယ်ဆိုတော့ အလုပ်က အရမ်းပေါတယ်။ မြို့ ပေါ်လည်းရောက်ရော ကျနော်တို့ အလုပ်ဆိုတာက ခေါင်းဆောင်တွေကို ဆိုင်ကယ်မောင်းပို့ ၊ ထမင်းချက်ကြွေး၊ ပြီးရင် သူတို့ ခိုင်းတာလုပ်ရပါတယ်။ ငွေရလားဆိုတော့ မရပါဘူး။ ခေါင်းဆောင်လို့ ခေါ်တဲ့ အသက်ကြီးပြီး ဟိုဟာမကြီးတဲ့သူတောင်းစားတွေကတော့ ပြည်တွင်းယူဂျီလုပ်ငန်းကို သူတို့ ကိုင်ထားတယ်။ ပြည်တွင်းက နိုင်ငံရေးအင်အားစုနဲ့ အထိအစပ်ရှိတော့ သူတို့ ပဲ အလုပ်ရှိပါတယ်။ ဒါက သူတို့ အလုပ်။ သူတို့ ဘာလုပ်လဲဆိုတာ ယနေ့ အထိ ကျနော်လုံးဝမသိပါဘူး။
နောက်ဆုံး ဂွင်မရှိတဲ့အောက်ခြေက ရဲဘော်တွေအားလုံးဟာ တတိယနိုင်ငံတွေကိုသွားဖို့ ပြင်ဆင်ရပါတယ်။ နယ်စပ်မှ ဆက်ပြီးနေရင် ကျနော်တို့ တင်မကဘူး၊ ကျနော်တို့ ခလေးတွေပါ လူညွန့် တုံးမယ်ဆိုတာကို သိပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားကို ရတဲ့အပေါက်ကနေ ထွက်ပါတယ်။ ရောက်တဲ့နိုင်ငံမှာ ကိုယ်နိုင်သလောက်၊ ကိုယ်မှီသလောက် လုပ်ကြတဲ့ ရဲဘော်တွေချည်းပါပဲ။ လူတိုင်း နိုင်ငံရေးနဲ့ မကင်းပါဘူး။ မပြတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို နိုင်ငံရေးမှာ ပါကြတယ်။
ဒီနေ့ ဒီအချိန်မှာ ကိုမင်းကိုနိုင်တို့ အုပ်စုအနေနဲ့ နယ်စပ်က နိုင်ငံရေးအင်အားစု၊ တတိယနိုင်ငံက နိုင်ငံရေးအင်အားစုတွေနဲ့  အစည်းအဝေးလိုမျိုးလုပ်ပြီး အကျင့်ပျက် ချစားနေတဲ့အမှုကို ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်။
နောက်ဆုံးတစ်ခုက....ကိုမင်းကိုနိုင်တို့ အုပ်စုက ပြည်ပက နိုင်ငံရေးလှုပ်ရှားသူတွေကို အထင်မကြီးတာကိုတွေ့ တော့ အရမ်းကို အံ့သြမိပါတယ်။ စကားပြောရင် ခေါင်းဆောင်ပီပီ တည့်တည့်ပြောပါ။ ဘယ်အဖွဲ့ အစည်းတွေဘာလုပ်နေလဲ၊ ဘယ်လူပုဂ္ဂိုလ်တွေ ဘာဖြစ်လဲဆိုတာကို တည့်တည့်ပြောပါ။ ကိုမင်းကိုနိုင်တို့ မသိဘူးမဟုတ်ဘူး။ သိတယ်လို့ ကျနော်ယူဆပါတယ်။
ပြည်ပကလူတွေ တနေ့ နေ့ ကျရင် ပြန်လာမှာပါ။ ဒါကိုတော့ စိတ်ချစေချင်တယ်။ ကျနော်တို့ ဘ၀တွေဟာ ပြည်ပမှာ မပျော်လည်းနေရပါတယ်။ ကိုမင်းကိုနိုင်တို့ လို ခလေးမရှိခလောက်မရှိတဲ့လူတွေမဟုတ်တော့ သားကျွေးမှု မယားကျွေးမှု့ အပြင် ပြည်တွင်းမှာ ငတ်နေတဲ့ မိဘတွေကိုလည်း ကျွေးရပါသေးတယ်။ ဒီလို အမျှင်တန်းနေတဲ့အချိန်မှာ ပြည်တွင်းကို ပြန်လာပြီး ကျနော်တို့ ဘာလုပ်ရမှာလဲ။ အစိုးရဖမ်းတာကို အချိန်နဲ့ တပြေးညီထိုင်စောင့်ရမှာလား။ ဟိုအစည်းအဝေးတက်၊ ဒီအစည်းအဝေးတက်ပြီး နိုင်ငံရေးကို လုပ်ရမှာလား။ ဘယ်နေရာမှာလုပ်ရမှာလဲ....ဖြေပေးပါ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးခင်ဗျား....။
လေးစားလျှက်
ဘုန်းကျော်
3/11/12
အန်တီကြီးစုသို့ 
တပတ်ကို ခေါင်းပေါင်း
ဒေါ်စု တောင်းကိုလည်း ရွက်နိုင်တယ်
ဒို့ ပအိုဝ်.
စို့ စို့ လန်းတဲ့ အချစ်နဲ့ 
ဒရွက်တိုက်ဆွဲပြီးတောင်
ထောင်လိုက်ချင်သေး...။
သထုံသို့  ဒေါ်စု ရောက်တုန်း ကျနော်ကလိသည်။
3/10/12
ဘူးပ်ါသလို ပေါ်လာပါပြီ
မဲ့ဆောက်လူ့ ဘောင်သစ်က ခေါင်းဆောင်ဟုခေါင်းဆောင်ကြီးတွေက ပြည်တွင်းက ၈၈-ရဲဘော်တွေ၊ ခေါင်းဆောင်တွေကို အကူအညီပေးဖို့ ကမ်းလှမ်းပါသတဲ့။ အထဲက လူ့ ဘောင်သစ်က လူတွေက သူတို့ ပေးတဲ့ အကူအညီမှန်သမျှ လုံးဝကို လက်မခံပါကြောင်း ကြားသိရတဲ့အတွက် အထဲက လူတွေဆုံးဖြတ်ချက်မှန်တယ်လို့ ပြောချင်ပါတယ်ဗျာ။ ပြည်တွင်းလူ့ ဘောင်သစ်တွေအကုန်လုံး၊ ၈၈-မျိုးဆက်ခေါင်းဆောင်တွေအကုန်လုံးအနေနဲ့  အပြင်က အဖွဲ့ အစည်းတွေ ချ စား အကျင့်ပျက်နေတာကို သိရှိသွားလို့ ဒီလိုဆုံးဖြတ်ရတာဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
ပြည်တွင်းလူ့ ဘောင်သစ်တွေအနေနဲ့  လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်မှတ်ပုံတင်ဖို့ လုပ်နေပါပြီ။ သူတို့ လုပ်ရပ်ကို အားပေးထောက်ခံကြဖို့ လိုအပ်ပါတယ်။ တရားဝင်မှတ်ပုံတင်ကျလာရင် ပြည်ပက ကိုအောင်မိုးဇော်တို့ လို ရာသက်ပန် အာခဒုတ် ဥက္ကဌ လုပ်ဖို့ မဖြစ်နိုင်တော့ပါ။ ပြည်တွင်းကို အားပေးကြပါ။ ထောက်ခံကြပါ။ ကိုယ့်ရဲ့ ချွေးနည်းစာငွေကြေးအကူအညီလည်း ပေးနိုင်ပါတယ်။ ပရိုပိုဆယ်ပေးတဲ့အကူအညီကိုတော့ ပြည်တွင်းကလူတွေ လုံးဝ လက်မခံဘူးလို့ ဆိုပါတယ်။
3/9/12
ABSDF ရှေ့ ပြေးအဖွဲ့ သို့ 
ABSDF က ရှေ့ ပြေးအဖွဲ့ ရဲ့ ပုံတွေကိုတွေ့ တော့ ကျနော်ဒီလိုစဉ်းစားမိတယ်။
နှမလိုးတွေကြီးတွေ ဘာစောက်လုပ်မှ မလုပ်ပဲ ခန့် ခန့် ကြီးနဲ့ ။ ပြီးရင် စောက်ကြီးစောက်ကျယ် စကားတွေပြောပြီး ပဲ များအုံးမယ်။ သူများကျွေးတာစားပြီး စစ်လည်းမတိုက်ပဲ ငြိမ်းချမ်းရေးဆိုတဲ့ အရာကိုရအုံးမယ်။ ငါးလိုးမသားတွေ သူတို့ မှအချောင်သမားလို့ ပြောရမလိုပဲ။ ဒါ့ကြောင့် နအဖက ဒု-ဗိုလ်မှုးကြီး (ငြိမ်း) အဆင့်နဲ့ တွေ့ တယ်။ ဦးအောင်မင်းတောင် မလာဘူး။ ခင်ဗျားတို့ အချိုးတွေ ပြင်တော့။ သံယောဇဉ်ရှိလို့ ပြောနေဆိုနေတာ ကူညီပေးနေတာကို အခွင့်ကောင်းမယူနဲ့ ။
အခါမနှောင်းသော်လည်း အလာမကောင်းသော မြန်မာ့ဒီမိုကရေစီ်
တောသားလေး မောင်လူအေး တင်ပြသည်။
မင်္ဂလာပါ ပုရိဿတ်တို့ ၊
ကျနော်၏ တင်ပြချက်သည် အတိုက်အခံပြုခြင်း၊ ကန့် ကွက်ခြင်း၊ အပြစ်တင်လိုခြင်း၊ ရှုံ့ချလိုခြင်း အစရှိသော အဆိုးမြင်ဝါဒဖြင့် တင်ပြခြင်း မဟုတ်ကြောင်း ကြိုတင်ပြောထားပါရစေ။
မြန်မာနိုင်ငံမှ သန်းပေါင်း -၅၀- ကျော်ရှိသော ပြည်သူလူထုအများနည်းတူ အမိနိုင်ငံ တိုးတက်ကြီးပွားမှု၊ ပြည်သူလူထု အားလုံး တိုးတက်ကြီးပွားမှု၊ ပျော်ရွှင်ချမ်းမြေ့ပြီး သောကကင်းဝေး နေထိုင်နိုင်ကြသည်ကိုသာ မြင်လိုသူတစ်ဦး ဖြစ်ပါသည်။ ထို့ ကြောင့်လည်း မြန်မာနိုင်ငံတော်နှင့်တစ်ကွ ပြည်သူအများစု လိုအပ်သော ကြီးပွား တိုးတက်မှုနှင့် ပျော်ရွှင်ချမ်းမြေ့မှုကို ဖြစ်ပေါ်နိုင်စေမည် မဟုတ်သော နိုင်ငံရေးပြဇတ်ကို မရှုစိမ့်သောကြောင့် တင်ပြရခြင်းသာ ဖြစ်ပါသည်။
ယနေ့  မြန်မာ့နိုင်ငံရေးဇတ်ခုံပေါ်တွင် အထင်ရှားဆုံးပုဂ္ဂိုလ် နှစ်ဦးကတော့ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  ဖြစ်ပေသည်။
ဇန်န၀ါရီလ -၂၀ - ရက်နေ့  ၀ါရှင်တန်ပိုစ့် သတင်းစာကြီးက - မြန်မာ့နိုင်ငံရေး အခြေအနေဟာ လမ်းမှန်ရောက်နေပါပြီ ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပြီ ဖြစ်သည့်အတွက် အတိတ်က အတိတ်က လမ်းဟောင်းသို့  ပြန်ဆုတ်မည်မဟုတ်ဟု သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံ မေးမြန်းခန်းတွင် ပြောကြားသည်ဟု ရေးသားဖေါ်ပြထားပါသည်။
၎င်းအပြင် အနောက်အုပ်စုတွေက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးပြီးပြီ၊ လာမည့် ဧပြီလတစ်ရက်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့  သတ်မှတ်ထားပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲ ၀င်ခွင့်ပြုပြီးပါပြီ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် အရွေးခံရပြီး လွှတ်တော်က အဆိုတင်သွင်းလျှင် ၀န်ကြီးနေရာကိုပါ ပေးအပ်ရန် အသင့်ရှိကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု ဖေါ်ပြထားသည်။
ထို့ အပြင် ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် အနောက်အုပ်စု နိုင်ငံများ၏ တောင်းဆိုချက်များနှင့် ကိုက်ညီနေသဖြင့် အနောက်အုပ်စုက စီးပွားရေး သပိတ် မှောက်ထားမှုကို ဖျက်သိမ်းပေးရမည် ဟု လည်းတောင်းဆိုထားသည်။
တဖက်ကလည်း ၎င်းဇန်န၀ါရီလ -၂၀- ရက်နေ့  သတင်းမှာပင် မြန်မာနိုင်ငံအား စီးပွားရေး သပိတ်မှောက်ထားမှုကို လာမည့် ဖေဖေါ်ဝါရီလ အတွင်း ဖျက်သိမ်းဖွယ်ရှိသည်ဟု ဖေါ်ပြထားသည်။ ထိုကိစ္စ ဆုံးဖြတ်ချက်ချရန် ဇန်န၀ါရီလ -၂၃- ရက်နေ့ တွင် အီးယူနိုင်ငံခြားရေး ၀န်ကြီးများ အစည်းဝေး ပြုလုပ်ကြမည်ဟု နိုင်ငံခြား AFP - သတင်းက ဆိုထားပါသည်။ ယင်းကဲ့သို့  အီးယူအုပ်စုက စဉ်းစားလာခြင်းမှာ မြန်မာအစိုးရ၏ ဒီမိုကရေးစီ စနစ်သို့  အပြောင်းအလဲ ပြုလုပ်မှုကို အားပေးထောက်ခံသော သဘောကို ပြသခြင်း ဖြစ်သည်ဟု လည်း အကြောင်းပြထားသည်။
ထိုမျှမကသေးပါ၊ မြန်မာနိုင်ငံအား အကူအညီ အမျိုးမျိုးတွေ ပေးဖို့  အတွက် ရန်ကုန်မြို့တွင် အီးယူရုံးခန်းကြီးပါ ဖွင့်လှစ်မည်ဟုလည်း ဆိုထားပါသည်။ ထိုကိစ္စနှင့် ပါတ်သတ်၍ အီးယူအုပ်စုမှ နိုင်ငံခြားမူဝါဒရေးရာ ထိပ်တန်း ပုဂ္ဂိုလ်ကြီးကိုယ်တိုင် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့  သွားလိမ့်မည် ဖြစ်သည်။
ထိုသို့ သော အခြေအနေတွင် မြန်မာနိုင်ငံအတွင်း လှုပ်ရှားမှုများနှင့် ပါတ်သတ်သော သတင်းမှာ -NLD - ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဧပြီလ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မတီထံ ဇန်န၀ါရီလ -၁၈- ရက်နေ့ က လျှောက်လွှာတင်ကြောင်း ဇန်န၀ါရီလ -၁၉- ရက် သတင်းစာများတွင် သတင်းရော ဓါတ်ပုံပါ တွေ့ လိုက်ရပါသည်။
ဤသတင်းများကို အပေါ်ယံကြော ဖတ်လိုက်လျှင်တော့ တကယ့်ကို ၀မ်းမြောက်စရာ ကောင်းလှပါသည်။ နိုင်ငံရေး ဇတ်ခုံပေါ်က ဇတ်ကောင်တွေက မြူးကြွကြွ - ပွဲကြည့်ပရိတ်ဿတ်က လှုပ်လှုပ်ရွရွ - ဆိုင်းဆရာတွေကလည်း ဂီတသံပြိုင် မြူးကြွနေကြပါသည်။ မင်္ဂလာအပေါင်း ခညောင်းမည့် ပွဲတော်ကြီးလို့  ယူဆရပေမည်။
သို့ သော် ၎င်းပွဲတော်တွင် ပါဝင်ကြမည့် အဓိက ဇတ်ကောင်တွေရဲ့ နှလုံးသားကို ခွဲပြီး လေ့လာကြည့်မည် ဆိုသော် သွေးပုတ်တွေ ပြည့်လျှံနေသည်ကိုသာ တွေ့ ရပါမည်။
ပြည်တွင်းက ဇတ်ကောင်တွေကို အသာထား ပြည်ပက လှုပ်လှုပ်ရွရွ ဖြစ်နေတဲ့ ဇတ်ကောင်တွေရဲ့ အတွင်းသဘော စိတ်မနောကို လေ့လာ ဆန်းစစ်ရသော် --
ယခုတစ်လော သတင်းများတွင် မြန်မာနိုင်ငံသည် ထိပ်တန်း နိုင်ငံခြားဧည့်သည်တော်ကြီးများ အ၀င်အထွက် ခြေလှမ်း သွက်နေကြသည်၊ ထိုအထဲတွင် ကမ္ဘာကျော် ငွေကြေးမှော်ဆရာကြီးဟု အမည်ထူး တပ်ခံထားရသူ - GORGE SOROS - လည်း အပါအ၀င်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီး ဂျော့ဆိုရောစ့်သည် -၁၉၉၃- ခုနှစ်ကထည်းကပင် -OPEN SOCIETY FOUNDATION- ဆိုသော ဖေါင်ဒေးရှင်း ထောက်ပန့် ရေး ရံပုံငွေ ဌာနကြီး တစ်ခုဖွင့်ပြီး နိုင်ငံပေါင်း -၇၀- မှ လူ့ အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှု၊ အဖိနှိပ်ခံ လူတန်းစားများ လွတ်မြောက်ရေး၊ ဆင်းရဲသားများ၏ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ အထောက်အကူများ အတွက် အမေရိကန် ဒေါ်လာငွေသန်းပေါင်း -၈- ထောင်လှူတန်းသူဟု ဆိုပါသည်။ မြန်မာနိုင်ငံက အဝေးရောက် နိုင်ငံရေး အုပ်စုတွေလည်း - သူဌေးကြီး ဂျော့ဆိုရောစ့်၏ ထောက်ပန့် မှုကို ရခဲ့ကြသည်ဟု ကြားရဖူးပါသည်။ သို့ သော် သူဌေးကြီး စိုရောစ့်သည် တစ်ဖက်က ကြည့်လျှင် အလွန်သဒ္ဒါတရား ကြီးမားသူဟု မြင်ရမည် ဖြစ်သော်လည်း အခြားတစ်ဖက်က ကြည့်လျှင်တော့ မြန်မာရာဇ၀င်ထဲက “သူခိုးငတက်ပြား” နှင့် အတူတူပင် ဖြစ်ပေသည်။
အကြောင်းရင်းမှာ ငတက်ပြားသည် ငွေကြေးကြွယ်ဝချမ်းသာသူတွေရဲ့ အိမ်မှ ပစ္စည်းဥစ္စာတွေ ခိုးယူပြီး ဆင်းရဲသား မရှိရှားပါးသူများကို ဝေငှပေးကမ်းခဲ့သူဟု မှတ်တမ်းတင်ထားခဲ့ပါသည်။
ထိုနည်းတူစွာပင် တစ်ဖက်က ကြည့်လျှင်သူ့ အား ကမ္ဘာ့  ငွေကြေးမှော်ဆရာကြီးဟု ခေါ်ဆိုကြပြီး သူ၏ မှော်ပညာဖြင့် အာရှငွေကြေး ဈေးကွက်ကြီးကို ပြာကျစေခဲ့ပေသည်မှာ ယခုတိုင် ထိုရောဂါကို ကုသ၍မပျောက်ကင်းစေနိုင်သေးပါ။
-၁၉၉၇- ခုနှစ် ကာလတွင် ဖြစ်ပွားခဲ့သော - ASIAN FINANCIAL CRISIS - အာရှငွေကြေးဆိုင်ရာ အရေးတော်ပုံ ဆိုသည်မှာ သူဌေးကြီး ဂျော့ဆိုရောစ့် သို့ မဟုတ် ကမ္ဘာ့  ငွေကြေးမှော်ဆရာကြီး၏ လက်ရာ ဖြစ်ပါသည်။ ဂျော့ဆိုရောစ့်၏ မှော်ပညာကို ကျနော် တောသားလေး အနေဖြင့် သိနိုင်စွမ်း မရှိသဖြင့် မျက်လှည့်ပွဲ ကြည့်နေရသူ တစ်ဦးနှင့်သာ တူနေပါသည်။
ထိုင်းနိုင်ငံကဆိုလျှင် -THE MAN WHO BROKE THE BANK OF THAILAND - ဟု ခေါ်ဆို စွပ်စွဲကြပြီး ထိုင်းအမျိုးသားဘဏ်နှင့် ဂျော့ဆိုရောစ့်တို့  ငွေကြေး အရောင်းအ၀ယ် ကစားပွဲ ပြုလုပ်ခဲ့ရာ ထိုင်းအမျိုးသားဘဏ်မှ နိုင်ငံခြား အသုံးစရိတ် အရံထားငွေ ဒေါ်လာသန်းပေါင်း - ၃၂၀၀၀ - ပြုတ်သွားခဲ့ရသည်။ ထို့ ကြောင့် ထိုင်းအစိုးရက ဂျော့ဆိုရောစ့်ကို လျက်မြောက်ပြီး - ၁၉၉၇ - ခုနှစ် ဂျူလိုင်လ -၂ - ရက်နေ့ မှာ မူလ ငွေလဲနှုန်း - တစ်ဒေါ်လာ = ၂၅ ဘတ်မှ - ၃၆ - ဘတ် အထိ လျော့ချလိုက်ရသော်လည်း နောက်ဆုံးတွင် -၄၉.၅၀ - အထိ ကျသွားခဲ့ရသည်။ ထိုင်းအမျိုးသားဘဏ်တွင် နိုင်ငံခြား အသုံးစရိတ် အရံထားငွေ မရှိတော့ သဖြင့် - IMF - ခေါ် ကမ္ဘာ့  ငွေကြေးရံပုံငွေ အဖွဲ့  မှ ဒေါ်လာသန်း -၁၇၀၀၀- ချေးယူခဲ့ရသည်။ ၎င်းငွေကြေးတန်ဖိုး လျော့ချမှုကြောင့် နိုင်ငံခြား ချေးငွေဖြင့် စီးပွားရှာနေကြသော စီးပွားရေးသမားများ စီးပွားပျက်ကုန်ကြပြီး အသေးစားနှင့် အလတ်စား ငွေစုငွေချေး လုပ်ငန်းပေါင်း -၅၆- ခု ဒေ၀ါလီခံခဲ့ကြရသည်။ ထိုပြဿနာ အကျိုးဆက် အဖြစ် တစ်နိုင်ငံလုံးရှိ အလုပ်သမားပေါင်း -၁.၁၇- သန်း အလုပ်လက်မဲ့ ဖြစ်သွားကြရသည်။ လုပ်ငန်းပိုင်ရှင်ပေါင်း အမြောက်အများ လမ်းနံဘေး ဈေးသည်ဘ၀သို့  ရောက်သွားကြရသည်။ ထိုသမိုင်းကို ထိုင်းနိုင်ငံ ဟု စတင်တည်ထောင်ခဲ့သည့် အချိန်မှ စ၍ သမိုင်းတစ်လျောက်လုံး တစ်ခါမှ မကြုံခဲ့ရဖူးသော အဆိုးရွားဆုံး အဖြစ်အပျက်ပါဟု ထိုင်းသမိုင်းပညာရှင်များက မှတ်တမ်းတင်ခဲ့ကြရသည်။
နိုင်ငံတကာ သတင်းမီဒီယာများကမူ - TOM YUM KUNG DISEASE - ဟု ခေါ်ဆိုရေးသားခဲ့ကြသည်။ ၎င်းစာတန်းကို တုမ်းယမ်ကူန်းဟု ဖတ်ကြပါ။ အဓိပ္ပါယ်မှာ ပုဇွန်ချိုချဉ်ဟင်း ဟု ဆိုပါသည်။ ထိုင်းအစားအသောက်တွင် လူကြိုက်များသော ဟင်းတစ်ခွက် ဖြစ်ပါသည်။
တချို့ကလည်း - ECONOMIC WAR CRIMINAL- ဟုလည်း ခေါ်ဆိုကြပါသည်။ မလေးရှားဝန်ကြီးချုပ် -MAHATHIR BIN MOHAMAD- ကမူ အမျိုးသားငွေကြေး ဖျက်ဆီးသူဟု စွပ်စွဲခဲ့သည်။
မည်သို့ ပင်ဖြစ်စေ ၎င်း - TOM YUM KUNG DISEASE- ရောဂါမှာ -၁၉၉၇- ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ယနေ့  -၂၀၁၂- ခုနှစ်အထိ -၁၅- နှစ် နီးပါး ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင် ၎င်းရောဂါ မပျောက်ကင်းခဲ့သေးပါ။ နိုင်ငံတော် အကြွေးအဖြစ် ပြည်သူလူထုက ဆပ်ပေးရန် ဘတ်ငွေ သန်းပေါင်း -၁.၁၄- သန်း ကျန်ရှိနေပေသေးသည်။ ၎င်းအကြွေးများ၏ တစ်နှစ်တာ အတိုးသည်ပင် ဘတ်ငွေ သန်းပေါင်း -၆- သောင်းကျော် နှစ်စဉ် ဆပ်ပေးနေရသည်။
ထို့ ကြောင့် သူဌေးကြီး ဂျော့ဆိုရောစ့် မြန်မာနိုင်ငံသို့  ၀င်ရောက်ခြင်းသည် မြန်မာပြည်သူလူထု၏ အနာဂါတ် ကောင်းကျိုးထက် ဆိုးကျိုးဖက်သို့  လမ်းညွှန်သည်ဟု မြင်မိပါသည်။ အကြောင်းအရင်းမှာ ဂျော့ဆိုရောစ့်သည် သာမန် သူဌေးကြီးတစ်ဦးမဟုတ်၊ ကမ္ဘာ့  ငွေကြေးလောကကို မှောက်လိုမှောက် လှန်လိုလှန် ကစားနေသူ ပညာရှင်တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေ အဖွဲ့  -IMF- အပေါ် သြဇာလွှမ်းမိုးသူ လည်း ဖြစ်သည်။ ထိုမျှမက သူ၏ အတွေးအခေါ်များကို စာအုပ်စာတမ်း များအဖြစ်လည်း ထုတ်ဝေခဲ့သေးသည်။
ယနေ့ မြန်မာနိုင်ငံသည် -၁၉၆၂- ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းခဲ့ပြီးသည်မှ စ၍ ယနေ့ အထိ မြန်မာ ပြည်သူလူထုနှင့် ဘဏ်လုပ်ငန်း အလှမ်းကွာခဲ့ကြသည်မှာ နှစ်ပေါင်း -၅၀- ရှိခဲ့ပေပြီ။ ထို့ ကြောင့် မြန်မာပြည်သူလူထုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ - ဘဏ်ကို ဗဟိုထားပြီး အရောင်းအ၀ယ် ပြုလုပ်သော ပညာ - အစစ အရာရာတွင် နှစ်ပေါင်း -၅၀- နောက်ကျနေပါပြီ။ ထိုအခြေအနေတွင် ဂျော့ဆိုရောစ့်က သူ့ မှော်ပညာဖြင့် မည်သို့  ကစားသွားမည်ကို တွေးရင်း ရင်လေးစရာ ဖြစ်လာပါသည်။ ဂျော့ဆိုရောစ့် မြန်မာပြည်သို့  မ၀င်ခင်ကပင် -IMF - ကလည်း ၀င်ရောက်ခဲ့ပြီး ဖြစ်သည်။ ဂျော့ဆိုရောစ့် + IMF + ကမ္ဘာ့  ဘဏ်တို့  ၀င်ရောက်ခဲ့ပြီးနောက် အရင်းရှင်စီးပွားရေးစနစ်က တစ်ပြိုင်ထည်း လိုက်ပါလာမည် ဖြစ်သည်။ အရင်းရှင်စီးပွားရေး အခြေချဖို့  အတွက် ရှေ့ပြေးအဖြစ် - အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးနှင်တကွ - ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး - ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး - ဂျပန်နိုင်ငံခြားရေး ၀န်ကြီး အစရှိသည် အားဖြင့် - ဖွင့်ထားသော တံခါး ပြန်မပိတ်မီမှာပင် နောက်ထပ် ဧည့်သည်တွေက ၀င်ဖို့  တန်းစီနေကြပြီ ဖြစ်သည်။ ကျနော်က အရင်းရှင် စီးပွားရေး စနစ်ဟု ရေးလိုက်သဖြင့် ကျနော့အား ကွန်မြူနစ်ဟု မသတ်မှတ်ကြရန် တောင်းပန်ပါသည်။
၎င်းအရင်းရှင်နိုင်ငံတွေမှ နိုင်ငံခြားရေး ၀န်ကြီးများ ၀င်ရောက်လာခြင်းမှာ မြန်မာပြည်သူလူထု တောင်းဆိုနေသော စစ်မှန်သော ဒီမိုကရေစီ စနစ် သို့  ပြောင်းလဲရန် အထောက်အကူ ပေးခြင်း မဟုတ်ပဲ - စစ်ဗိုလ် - ၂၅% ရာခိုင်နှုန်း ရောထားသော အတုအယောင် ဒီမိုကရေစီ သက်ဆိုးရှည်စေရေးကို ဦးစားပေး ဆောင်ရွက်ရန်သာ ဖြစ်သည်။
အကြောင်းအရင်းမှာ မည်သည့်နိုင်ငံတွင် မဆို စစ်မှန်သော ဒီမိုကရေစီ အဆင့်သို့  ရောက်လျှင် အရင်းရှင်စီးပွားရေးစနစ် အကြပ်အတည်း ကြုံရစမြဲ ဖြစ်သောကြောင့်ပါ။
ယနေ့ မြန်မာနိုင်ငံ၏ စစ်ဗိုလ် -၂၅ % - ရာခိုင်နှုန်းပါ အစိမ်းရောင် ဒီမိုကရေစီ များတွင်သာ - ငွေပေးတိုင်း အလုပ်ဖြစ်ပြီး - အဆက်အသွယ်ကောင်းလျှင် လက်ညိုးညွှန်ရာ ရွှေဖြစ်သော - အရင်းရှင်အုပ်စုများ၏ စိတ်တိုင်းကျ ချယ်လှယ်ခွင့် ရှိကြခြင်း ဖြစ်ပါသည်။
အဆိုးရွားဆုံးမှာ ပြည်တွင်းရှိ သယံဇာတ ပစ္စည်းများ ကို ဈေးပေါပေါဖြင့် ရောင်းချကြပြီး မိမိကုန်ကြမ်းကို အရင်းရှင်များက ကုန်ချော ထုတ်၍ ဈေးကြီးပေးပြန်ဝယ်ယူရတော့မည့် ခေတ်သို့  ရောက်လာမည် ဖြစ်ပါသည်။
မြန်မာပြည်သူလူထုသည် ကုန်ကြမ်းပစ္စည်း ရှိသော်လည်း အဆင့်မီ ကုန်ချော ပစ္စည်း ထုတ်လုပ်ရန် - အရင်းအနှီးမရှိ - စက်ကိရိယာ မရှိ - KNOW HOW - ခေါ် နည်းပညာ မရှိပဲ ဆက်လက်မွဲတေ သွားကြရမည့် အခြေအနေတွင် သာ ရှိသည်။ ရာစုနှစ်အားဖြင့် -၂၁- သို့ ရောက်ခဲ့ပြီ ဖြစ်သော်လည်း နှစ် -၅၀- စစ်ဗိုလ်များ အုပ်ချုပ်ခဲ့သဖြင့် ကမ္ဘာ့  အဆင်းရဲဆုံး နိုင်ငံ စာရင်းတွင်း ပါဝင်ခဲ့ပြီး ဖြစ်ရာ ယခု ဆက်လက်၍လည်း ၎င်းတို့  လက်အောက်က မလွတ်နိုင်သေးသည်မှာ ကမ္ဘာ တွင် ရင်နာဖွယ် အကောင်းဆုံးနှင့် ရုပ်အဆိုးဆုံး နိုင်ငံ အဖြစ် မြန်မာနိုင်ငံကို ထင်ထင်ရှားရှား မြင်ရမည်သာ ဖြစ်ပါသည်။
အံ့သြစရာ ကောင်းလှသည်မှာ ဒီမိုကရေစီဟူသော မျိုးစေ့သည် - ပြည်သူလူထု၏ အသည်းနှလုံးအတွင်းမှာသာ စိုက်ပျိုးရမည်ဆိုသော - ၀ိသေသထူးကို ယနေ့  မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်နေကြသော နိုင်ငံခြားရေး ၀န်ကြီးများ မသိချင်ယောင် ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ မျိုးစေ့သည် စစ်တပ်၏ ဘွတ်ဖိနပ် ထဲတွင် စိုက်ထားသည်ကို သိလျက်ဖြင့် ၀ိုင်း၍ ချီးကျူးမြောက်စား သူကောင်းပြုနေကြသည်။
ပြည်သူလူထု၏ ကံကြမ္မာကို ပြည်သူလူထုကသာ ဆုံးဖြတ်ခွင့် ရှိရမည်။ ပြည်သူလူထု၏ ကံကြမ္မာကို စစ်ဗိုလ်တစ်စုက ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။
ယနေ့ မြန်မာနိုင်ငံ၏ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ပြည်သူလူထုက ရေးဆွဲထားသော ဥပဒေ မဟုတ်ပဲ စစ်ဗိုလ် တစ်စု၏ ဆန္ဒအတိုင်း ရေးဆွဲထားသော ဥပဒေ ဖြစ်သည်ကို ကမ္ဘာက အသိဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီ စနစ် အုပ်ချုပ်ရေး မှန်မမှန် ဆိုသည်ကို ၎င်းနိုင်ငံ၏ ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လေ့လာခြင်းအားဖြင့် သိနိုင်ပါသည်။
ယနေ့ မြန်မာနိုင်ငံသို့  လာရောက်နေကြသော ဒီမိုကရေစီ နိုင်ငံကြီးများတွင် အမေရိကန် နိုင်ငံဆိုလျှင် -၁၇၈၉- ခုနှစ် GEORGE WASHINGTON - သမ္မတ အဖြစ် တာဝန်ယူခဲ့သည်မှ ယနေ့  အထိ -၂၂၃- နှစ် ရှိခဲ့ပေပြီ။ အင်္ဂလိပ် - ပြင်သစ် နိုင်ငံကြီးများကလည်း ဒီမိုကရေစီ အကြောင်း ကောင်းကောင်းကြီး သိပြီး ကောင်းကောင်းကြီး ခံစားတတ်ကြသည်။ သို့ သော် ယနေ့ မြန်မာနိုင်ငံက အစိမ်းရောင် ဒီမိုကရေစီ အတုကို အားပေးနေကြခြင်းသည် သွေးရိုးသားရိုးမှ ဟုတ်ပါလေစဟု တွေးတောစရာ ဖြစ်လာသည်။
မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားကြသော ပညာရှင်များက ထောက်ပြကြသည်မှာ မြန်မာနိုင်ငံအတွင်းမှ သယံဇာတများနှင့် စတုရန်းကီလိုမီတာ -၆၇၆၀၀၀- ကျယ်ဝန်းသော မဟာ ပထ၀ီမြေလွှာ - အလျား ကီလိုမီတာ -၂၂၇၆- အထိ ရှည်လျားလှသော ပင်လယ်ကမ်းခြေ - COAST LINE- တို့ သည် အရင်းအနှီးရှိသူများအတွက် ရွှေတွင်းကြီး ဖြစ်တော့သည်။ ၎င်းအပြင် ဈေးပေါပေါနှင့် ခိုင်း၍ကောင်းသော အလုပ်သမားတွေက လိုသလောက် ရနေသည်။ ဤအချက်များသည် အခြေခံဖြစ်ပြီး စီးပွားရေး သမားများ အတွက် သူ့ ထက်ငါ ဦးအောင် အလုအယက် ၀င်ရောက်နေကြသော အချက်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း သယံဇာတ ပစ္စည်းများမှာ အမျိုးပေါင်းစုံအောင် ရှိနေသည်။ ယခုနောက်ဆုံး အမေရိကန်နိုင်ငံ၏ သဘာဝ သယံဇာတ ပစ္စည်း ရှာဖွေသည့် - LAND SET – 7 - ဂြိုဟ်တု၏ တွေ့ ရှိချက်အရ မြန်မာနိုင်ငံ၏ အရှေ့ဖက် အခြမ်း ကရင်ပြည်နယ်တွင် တန်ချိန် ထောင်ပေါင်းများစွာ ထွက်နိုင်သော ရွှေသိုက်ကြိး တွေ့ ရသည်ဟု သိရသည်။ ဤအချက်ကြောင့်ပင် KNU - အုပ်စုက ငြိမ်းချမ်းရေး အလွယ်တကူ လက်မှတ်ထိုး သဘောတူလိုက်ကြသည်ဟု ခန့် မှန်းရပါသည်။ ယခုလတ်တလော ရွှေဈေးမှာ တစ်အောင်စလျှင် ဒေါ်လာ -၁၆၅၀ - ဖြစ်နေသဖြင့် တစ်တန်လျှင် ဒေါ်လာ မည်မျှ ရှိသည်ကို တွက်ကြည့်ကြစေလိုသည်။ ဤသို့ သော အခွင့်အရေးကို နိုင်ငံခြားသား အရင်းရှင်များ လက်လွတ်မခံနိုင်ပါ။ ထို့ ကြောင့် ၎င်းတို့ ၏ ရှေ့တော်ပြေးများ အဖြစ် နိုင်ငံရေး သမားများ က ရွှေလမ်းငွေလမ်းခင်းရသည်။ ယခု ပဏာမ အနေဖြင့် ပြီးခဲ့သော ဇန်န၀ါရီလ -၂၃- ရက်နေ့ က ဘယ်လ်ဂျီယမ် နိုင်ငံ ဘရက်ဆဲလ်မြို့တွင် ကျင်းပသော အီးယူနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် မြန်မာအစိုးရအား ယူရိုငွေ သန်း -၁၅၀- အကူအညီပေးရန်နှင့် မြန်မာ စစ်ဖက် ထိပ်တန်း အရာရှိကြီးများအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန်တို့  ဖြစ်သည်။
အမှန်တကယ်အားဖြင့် ဆိုသော် အမေရိကန်နိုင်ငံရော - ဥရောပ အုပ်စုဝင်နိုင်ငံများ - ဂျပန်နိုင်ငံ အပါအ၀င် - မြန်မာအစိုးရကို အားပေး ထောက်ခံကြသည့် နိုင်ငံများ အားလုံးသည် မြန်မာပြည်သူလူထု၏ မျက်နှာကို ထောက်ထားသော အားဖြင့် - လက်ရှိဖွဲ့ စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးရန်၊ ပြည်သူလူထုမှ ရွေးချယ် ပေးသော ဥပဒေပြုကိုယ်စားလှယ် အဖွဲ့ ဖြင့် - ဒီမိုကရေစီ စနစ်နှင့် လျော်ညီသော ဥပဒေသစ် တစ်ရပ် ရေးဆွဲပေးရန် - တို့ ကိုသာ တောင်းဆိုသင့်ပါသည်။
ရေခံမြေခံ မကောင်းသော နေရာတွင် မည်မျှ အဖိုးတန် ကောင်းမွန်သော မျိုးစေ့ကို မျှ စိုက်ပျိုး၍ မရနိုင်ပါ။
ထိုနည်းတူစွာပင် ဖွဲ့ စည်းပုံ အခြေခံဥပဒေက ဒီမိုကရေစီစနစ်နှင့် မကိုက်ညီလျှင် မည်သည့် နည်းနှင့်မျှ ဒီမိုကရေစီ မဖြစ်လာနိုင်ပါ။
ဤသည်မှာ ဒီမိုကရေစီ၏ နိယာမ သဘောတရားဖြစ်ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာသည်လည်း ပြည်သူလူထု၏ သဒ္ဒါတရားအရ ပေးအပ်မှ ထိုက်တန်သည်ဟု ဆိုအပ်ပါသည်။ ခြိမ်းခြောက်မှု လိမ်လည်ကောက်ကျစ်မှု ဖြင့် မရယူသင့်ပါ။ ဒီမိုကရေစီ နိုင်ငံကြီးများက မြန်မာပြည်သူ လူထုကို လေးစားရန် လိုအပ်ပါသည်။
ပြည်ပအုပ်စုများ၏ အခြေအနေကို ဤမျှသာ အကြမ်းအားဖြင့် တင်ပြပြီး ယခုဆက်လက်၍ ပြည်တွင်းအုပ်စုများကို လေ့လာတင်ပြပါရစေ။
အကြမ်းအားဖြင့် အုပ်စု -၄- စုရှိသည်ကို တွေ့ ရပါသည်။ ပထမ အုပ်စုမှာ လက်ရှိအာဏာရ သမ္မတသိန်းစိန် အုပ်စု၊ ဒုတိယ အုပ်စုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အုပ်စု၊ တတိယ အုပ်စုမှာ လက်နက်ကိုင် လူမျိုးစုများ၊ စတုတ္ထအုပ်စုမှာ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့  ဦးဆောင်သော ပြည်တွင်း -၈၈- ကျောင်းသားများ။
ဤနေရာတွင် ပြည်ပရောက် ဒီမိုကရေစီအုပ်စုများကို တန်ဖိုးထား၍ တင်ပြနေစရာ မလိုတော့ပါ။ ၎င်း တို့ ၏ လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်း ဖြစ်သည်ကို သိသာထင်ရှားပါသည်။
ယနေ့ မြန်မာနိုင်ငံရေး အုပ်စုများ ဖြစ်သော အထက်ဖေါ်ပြပါ အုပ်စု -၄- ခု စလုံးသည် - ဒီမိုကရေစီ စနစ်အပေါ် - “ရွေးကောက်ပွဲသည်သာ အဓိက” ဟု မြင်ကြသော အုပ်စုများ ဖြစ်ကြသည်မှာ ထင်ရှားလှသည်။
ထင်ရှားသော ဥပမာဖြင့် နှိုင်းယှဉ်ပြရသော် ပြည်တန် ပတ္တမြားကို ညစ်ပါတ်သော အုန်းမုတ်ခွက်တွင် ထည့်ထားလိုက်ကြသူများ ဖြစ်ကြသည်။
စစ်မှန်သော ဒီမိုကရေစီ ရပါစေကြောင်း အသက်စွန့် ကြသော သူရဲကောင်းများ၏ မျက်နှာကို မထောက်ထားပဲ မိမိတို့  ကိုယ်ကျိုးအတွက် ရွေးကောက်ပွဲဝင်ကြမည်။ မ၀င်နိုင်သေးသူများက အားပေးထောက်ခံကြသည်။
ရွေးကောက်ပွဲလုပ်တိုင်း ဒီမိုကရေစီဟု သဘောထားကြသူများသည် နိုင်ငံရေး သူငယ်နှပ်စား အဆင့်သာ ရှိပါသေးသည်ဟု သတ်မှတ်ရမည်။ တစ်ချိန်က လက်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ နည်းလမ်းမကျဟု ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသော - ထိုနိုင်ငံရေး အုပ်စုကြီးသည် ယခုအခါ - တစ်ချိန်က ၎င်းတို့  ကန့် ကွက်ခဲ့သော ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အသင့်ရှိနေကြပြီ ဖြစ်သည်။
အရပ်စကားဖြင့် ပြောရလျှင် ထွေးပြီးသော တံထွေးကို ပြန်၍လျက်သော သူများဟု ဆိုရမည် ဖြစ်ပါသည်။
နိုင်ငံရေးသမားသည် ဦးတည်ချက် ရည်ရွယ်ချက် ခိုင်မာရမည်။ အပြောင်းအလဲ လွယ်၍ မဖြစ်၊ ဆိုခဲစေ မြဲစေ ဟူသော စကားရှိသည်။ ၀န်ကြီးနေရာ ရလို၍ မိမိ၏ နိုင်ငံရေး ဦးတည်ချက် ရည်ရွယ်ချက် အပြောင်းအလဲ ပြုခြင်းသည် နိုင်ငံရေး “ဟိရိသြတပ္ပ” တရား မရှိသူများသာ ဖြစ်သည်။
စစ်အုပ်စု၏ -ROAD MAP- အတိုင်း လိုက်ပြီး ရွေးကောက်ပွဲ ၀င်မည်ဆိုလျှင် ဒီပဲယင်း ကိစ္စ၊ သံဃာတော်များ ဆန္ဒပြသော ကိစ္စများ ဖြစ်ပေါ်စရာ မလိုတော့ပါ။ ယုံကြည်ချက် အတွက် စတေးလိုက်ရသော သူရဲကောင်းများ အတွက် ၀မ်းနည်းစရာ ကောင်းလှသည်။
ထို့ ထက်ပင် ၀မ်းနည်းစရာ ကောင်းသော အချက်မှာ အတိတ်မှ မြန်မာ့ဒီမို ကရေစီ၏ နမူနာကို မယူပဲ စစ်အုပ်စုက သူလုပ်ချင်ရာ လုပ်သည်ကို ပြည်သူ့ ခေါင်းဆောင်ဆိုသူက ပူပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ဒီမိုကရေစီ စနစ်သည် အသစ်အဆန်းမဟုတ်ပါ။ မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ပါက -MONARCHY- ခေါ် သက်ဦးဆံပိုင် ဘုရင်မင်းများ အုပ်ချုပ်ခဲ့သည်။ သို့ သော် မြန်မာ့ -MONARCHY- စနစ်သည် - ဘာသာရေးအခြေခံသော စနစ်ဖြစ်သဖြင့် မင်းကျင့်တရား -၁၀- ပါးကို အခြေခံပြီး ရာဇသတ် ၊ ဓမ္မသတ်ကျမ်းများဖြင့် စနစ်တကျ အုပ်ချုပ်ခဲ့သည်။ သို့ သော် စစ်ရှုံးသဖြင့် ကိုလိုနီ ဘ၀ ရောက်ခဲ့သော အခါ ကိုလိုနီ အုပ်ချုပ်ရေး ကို လက်ခံခဲ့ရသည်။
မည်သို့ ပင် ဖြစ်စေ ကိုလိုနီ လက်အောက်မှ လွတ်မြောက်ပြီး နိုင်ငံလွတ်လပ်သော အချိန်တွင် “ဒီမိုကရေစီ စနစ်” ဖြင့် အုပ်ချုပ်ရေး ပြောင်းယူခဲ့သည်။
ဤအချိန်ကာလတွင် အဓိက အရေးပါဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်း ပင်ဖြစ်သည်။ မြန်မာနိုင်ငံသားများသာမက ကမ္ဘာကပင် ဗိုလ်ချုပ်အောင်ဆန်းအား “လွတ်လပ်ရေး ဗိသုကာကြီး” သို့ မဟုတ် “လွတ်လပ်ရေး ဖခင်ကြီး” ဟု နာမ ၀ိသေသန ပြုခဲ့ကြသည်။
အမှန်ကယ်အားဖြင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး ဖခင်ကြီး အဖြစ်သာမက “ဒီမိုကရေစီ ဖခင်ကြီး” အဖြစ် ဆောက်ရွက်ခဲ့သည်။ အကြောင်းရင်းမှာ ဗိုလ်ချုပ်အောင်ဆန်း သည် ရရှိလာသော လွတ်လပ်ရေးကို စနစ်တကျ လက်ခံရန် ဒီမိုကရေစီ ပလ္လင်ကို တည်ဆောက်ခဲ့ရသည်၊ မြင့်မြတ်သော လွတ်လပ်ရေးကို ဒီမိုကရေစီ ပလ္လင်တွင် တင်ထားမှ သင့်လျော်မည်ကို ယုံကြည်ခဲ့သည်။ ၎င်းဒီမိုကရေစီ ပလ္လင် ဆိုသည်ကား ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဖြစ်သည်။
ထို့ ကြောင့် ဒီမိုကရေစီ နည်းကျသော ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ တစ်ရပ် ဖြစ်ပေါ်ရေး အတွက် - ၁၉၄၇- ခုနှစ် ဧပြီလတွင် ရွေးကောက်ပွဲတစ်ရပ် ကျင်းပပြီး ပြည်သူ့ ကိုယ်စားလှယ် လွတ်တော်အမတ်တွေ ရွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီးခေါင်းဆောင်သော ဖွဲ့  စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတစ်ရပ် ဖွဲ့ စည်းခဲ့သည်။
၎င်းဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီမှ ရေးသားပြီးစီး ၊ အသေအချာ အချောကိုင် စီစစ်ပြီး ဥပဒေကို -၁၉၄၇- ခုနှစ် စက်တင်ဘာလ -၂၄- ရက်နေ့ မှာ လွှတ်တော်က အတည်ပြုပြီး ပြဌာန်း လိုက်သည်။ ၎င်းဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဟူသော ပလ္လင်တွင် -၁၉၄၈- ခုနှစ် ဇန်န၀ါရီလ -၄- ရက်နေ့  တွင် နိုင်ငံတော် လွတ်လပ်ရေးကို လက်ခံတင်ထားခဲ့ကြခြင်း ဖြစ်သည်။ ထို့ ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဒီမိုကရေစီ၏ ဖခင်ကြီး ဖြစ်ကြောင်းကို ဤစာတန်းဖြင့် မှတ်တမ်းတင်လိုက်ပါသည်။
ယခုလက်ရှိ ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ဥပဒေ စာသား၊ ဥပဒေ၏ အနှစ်သာရကို မဆိုထားဘိ - ဥပဒေရေးဆွဲရေး ကော်မတီကိုယ်တိုင်က စက်ရုပ်များ သာ ဖြစ်ပြီး ပြည်သူလူထု၏ ရွေးကောက်တင်မြောက်ခြင်း ခံရသော ကိုယ်စားလှယ်များ မဟုတ်ခဲ့ပါ။ ထို့ ကြောင့် တစ်စုံတစ်ဦးက ရေးဆွဲပြီး ၎င်းတို့  ကော်မတီက ရေးဆွဲသည်ဆိုသော လက်ရှိ ဥပဒေသည် -OLIGARCHY- ခေါ် စစ်အုပ်စု၏ ဥပဒေသာ ဖြစ်ပေသည်။
ထို့ ကြောင့် -၁၉၄၈- ခုနှစ် ဥပဒေ အခန်း -၁- အပိုဒ် -၃- တွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားတို့  ၌တည်သည် - ဟုရေးသားဖေါ်ပြပြီး ၊ ၂၀၀၈ ခုနှစ် စစ်အုပ်စုမှ ရေးဆွဲသော အခြေခံ ဥပဒေ အပိုဒ် -၄- တွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများ ထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်ဟု ရေးသားထားသည်။
ကွာခြားပုံမှာ အချုပ်အခြာ အာဏာသည် နိုင်ငံသားတို့ ၌တည်သည် ဆိုခြင်းနှင့် နိုင်ငံသားများ ထံမှ ဆင်းသက်သည် ဆိုသည့် အချက်ဖြစ်သည်။ တည်သည်ဆိုခြင်းနှင့် ဆင်းသက်သည် ဆိုသော အဓိပ္ပါယ်ကို လေးနက်စွာ စဉ်းစားကြစေလိုသည်။ ပညတ်သွားရာ ဓါတ်သတ်ပါသည် - ဟု ဆိုရိုးရှိသည်။ စာသား အဓိပ္ပါယ်သည် အဖြစ်အပျက်ကို သက်သေပြခြင်း ဖြစ်သည်။ ၁၉၄၈ - ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ နိုင်ငံ့ခေါင်းဆောင်များသည် ဒီမိုကရေစီ နည်းစနစ်အတိုင်းလိုက်နာ ကျင့်သုံး ရေးဆွဲခဲ့ကြသည်။
၂၀၀၈ - ခုနှစ် ဥပဒေသည် ဒီမိုကရေစီ နည်းစနစ်အရ ရေးဆွဲခဲ့ခြင်း မဟုတ်ပဲ နိုင်ငံတော် အာဏာကို နိုင်ငံပိုင်လက်နက်ဖြင့် အာဏာသိမ်းခဲ့သူ တစ်စုက ၎င်းတို့ ၏ ဆန္ဒနှင့် အညီ ရေးဆွဲခဲ့သည်။
ယနေ့ ၎င်းဥပဒေအား ထောက်ခံအားပေးသော အားဖြင့် ၎င်းဥပဒေအား လက်ခံကျင့်သုံးသူမှာ - ၎င်းဥပဒေအရ အချုပ်အခြာ အာဏာ ရယူထားသူတို့ နှင့် ပူးပေါင်းဆောင်ရွက်နေသူမှာ “ဗိုလ်ချုပ်အောင်ဆန်း၏ ရင်နှစ်သည်းခြာ သမီးကလျာ” ဖြစ်နေပါတော့သည်။ ဤအချက်သည် မြန်မာပြည်သူ လူထုအတွက် ရင်နင့်ဖွယ် အကောင်းဆုံးသော “အဖေက လက်နှင့်ရေး - သမီးက ခြေနှင့်ဖျက် - မြန်မာ့ဒီမိုကရေစီပျက်” ဟူသော ကိန်းဆိုက်နေခြင်း ပင် ဖြစ်ပါတော့သည်။
လာမည့် ဧပြီလ -၁- ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ အနိုင်ရပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမတ်များ ဖြစ်လာကြသော်လည်း မြန်မာနိုင်ငံအတွင်း စစ်မှန်သော ဒီမိုကရေစီ ရရှိရေးမှာ - တံလျှပ်ကို ရေထင်ပြီး ရွှေသမင် အလိုက်မှား သကဲ့သိုပင် ရှေ့ခရီး မနီးမဝေးမှာ မြင်နေရသော တံလျှပ်နှင့် တူသည့် ဒီမိုကရေစီ အတုကို ရေအထင်ဖြင့် လိုက်နေကြရမည်သာ ဖြစ်ပါသည်။ လက်ရှိဥပဒေ အခန်း -၁၂- ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို ဖတ်ရှုလေ့လာပါက လက်ရှိ ဥပဒေ ပြင်ဆင်ရန်လည်း မလွယ်ကူကြောင်း တွေ့ ရမည် ဖြစ်ပါကြောင်း။
တောသားလေး မောင်လူအေး။
3/7/12
ဂိတ်အများဆုံးလမ်း နှင့် ဈေးအကြီးဆုံး
Credit to http://burmese.monnews.org/?p=4172
ဘာရယ်လို့ မဟုတ်ပါ။ ဒီလမ်းမှာ ကျနော်တို့ လှုပ်ရှားခဲ့ဘူးတယ်။ ခြောက်လလောက်ကြာတယ်။ အဲဒိတုန်းကတော့ ကျောင်းသားသူပုန်တွေပါ။ ကျနော်တို့ တာဝန်က စစ်တပ်လာရင် ချောင်းပစ်ဖို့ ပါ။ ဂိတ်ဖွင့်ပြီး ငွေကောက်လို့ မရပါ။ သူတို့ က ငွေသာတောင်းတာ လမ်းပြင်ဖို့ တော့ မသိဘူးဗျ။ အဲဒိလမ်းက ကတ္တရာမရှိပါဘူး။ လမ်းကလည်း တောတောင်တွေကို ကျော်ဖြတ်ရတယ်။ မြစ်ချောင်းတွေကို ကျော်တက်ရတယ်။ နာမည်ကြီး ဘုရားသုံးဆူတောင်ကြားလမ်းတစ်ခုပါ။ အစိုးရအနေနဲ့ ဒါတွေကိုလည်း ပြင်ပေးဖို့ လိုပါပြီ။
---------------
သံဖြူဇရပ်၊ ဘုရားသုံးဆူကားလမ်း ဂိတ်များအကောက်ကြမ်း
မိလယီထော- သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်းတလျှောက်တွင် လက်နက်ကိုင်အဖွဲ့များမှ ဝါးတားဂိတ်များချထားပြီး ဂိတ်ကြေးအကောက်ကြမ်းလာသဖြင့် မော်တော်ကားသမားများ တွက်ခြေမကိုက် ဖြစ်နေကြကြောင်း ဆယ်ဘီးကားသမား ကိုအောင်နိုင်က ပြောသည်။
သံဖြူဇရပ်မှ ဘုရားသုံးဆူအထိ မိုင် ၆၀ ကျော်ရှိ မော်တော်ကားလမ်းတလျှောက်တွင် ဝါးတားဂိတ် ၂၅ ဝန်းကျင်ခန့်ရှိသည်ဟု မော်တော်ကားသမားများက ပြောဆိုနေကြသည်။
ဘုရားသုံးဆူဒေသမှပြည်တွင်းသို့ ခရီးသည်များတင်ဆောင်လာပုံ(Photo-IMNA)
“ကျနော့်လို ၁၀ ဘီးကားတစ်စီး သံဖြူဇရပ်မြို့အထွက် အဖွဲ့စုံဂိတ်ကိုကျပ်သုံးသောင်း၊ ရေး-ဘုရားသုံးဆူလမ်းခွဲစစ်တပ်ဂိတ်ကို ကျပ်ခုနှစ်ထောင်၊ အပလုံ-မြိုင်သာယာကေအဲန်ယူဂိတ် ကျပ်ရှစ်သောင်း၊ တားဒိန်မွန်ဂိတ်ကျပ်နှစ်သောင်း၊ ချောင်းဆုံအဖွဲ့စုံဂိတ် ကျပ်ခြောက်သောင်း၊ ဒီကေဘီအေ သုံးသောင်း၊ သရက်ပင်ငြိမ်းချမ်းရေးကောင်စီ ကျပ်နှစ်သောင်း၊ မြို့အဝင်မော်တော်ယာဉ်ဂိတ် ကျပ်သုံးသောင်း ကျန်တဲ့အခြားဂိတ်တွေအပါအဝင် အားလုံးစုစုပေါင်း ဂိတ်ကြေးသက်သက် ငွေ ၆ သိန်းကျော်ပေးလိုက်ရတယ်” ဟု ကိုအောင်နိုင်က ဆက်ပြောသည်။
ထို့အတူ လူစီးမော်တော်ယာဉ်များတွင်လည်း ခရီးသည်တစ်ဦးအတွက် ကျပ်တစ်ထောင်ကောက်ခံနေသည့် ဝါးတားဂိတ်များလည်းရှိနေသည်ဟု ကားသမားနိုင်မင်းက ပြောသည်။
“ကျနော်တို့ခရီးသည်တင် မော်တော်ယာဉ်တွေလည်း တွက်ခြေမကိုက်တော့ပါဘူး၊ ဂိတ်တွေကအကောက်ကြမ်းလာတယ်၊ စျေးဆစ်ရင်လည်း ပစ္စည်းတွေဆွဲချတာတွေလုပ်သေးတယ်” ဟု နိုင်မင်းက ဆက်ပြောသည်။
သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းတွင် လက်ရှိကာလ၌ သာမန်ခရီးသည်တစ်ဦးအတွက် ကားခ မြန်မာကျပ်ငွေသုံးသောင်းခွဲဝန်းကျင်ဖြစ်နေသည်။
ဂိတ်များပြားလာသဖြင့် သံဖြူဇရပ်နှင့် ဘုရားသုံးဆူမြို့အဝင်အနီးတဝိုက်တွင် ဂိတ်များကိုပတ်ရှောင်ပြီး သွားလာနေသည့်မော်တော်ယာဉ်များလည်း ရှိနေသည်ဟု သိရသည်။
“ဆယ်ဘီးကားတစ်စီးမှာ ကုန်ပစ္စည်းတင်ခ ၁၂ သိန်းလောက်ရတယ်၊ ဂိတ်ကြေး၊ စက်သုံးဆီဖိုးတွေနှုတ်လိုက်ရင် မော်တော်ကား ဒရိုင်ဘာ၊ စပယ်ယာ၊ အုံနာကြေးအတွက် ငွေသုံးသိန်းလောက်ပဲကျန်တော့တယ်၊ ကားပြင်ဆင်စရိတ်တွေမပါဘူးနော်” ဟု ကိုအောင်နိုင်က ပြောသည်။
ကုန်တင်ကားများအပြင် ခရီးသည်တင်ယာဉ်ဟိုင်းလတ်ထရပ်ကား ရ၀ စီးခန့် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းတွင် လက်ရှိပြေးဆွဲနေကြောင်း ဘုရားသုံးဆူမထသမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရသိရသည်။
သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းပေါ်ရှိ လက်နက်ကိုင်ဂိတ်များမှာ အစိုးရစစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်နှင့် အစိုးရနှင့်အပစ်ရပ်စဲထားသော ဒီကေဘီအေ၊ ကေအဲန်ယူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။
ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်အကြား ဝါးတားဂိတ်များ
၁။ဌာနဆိုင်ရာအဖွဲ့စုံစစ်ဆေးရေးဂိတ်(သုံးဆူအဝေးပြေးကားဝင်း)
၂။ ဒီကေဘီအေ (ရွာသစ်)
၃။ နယ်ခြားစောင့် (၁၀၂၃)
၄။ နဂါးမောက်တောင်ခြေအမြှောက်တပ်၊
၅။ နယ်မြေခံတပ်ရင်း၊
၆။ ပြည်သူ့စစ်အဖွဲ့
၇။ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC ဗျူဟာအဖွဲ့(မြို့အထွက်)
၈။ နယ်ခြားစောင့် (၁၀၂၁)
၉။ ငြိမ်းချမ်းရေးကောင်စီ (ဗိုလ်လက်ကိုင်အဖွဲ့)သရက်ပင်ဂိတ်။
၁၀။အစိုးရစစ်တပ်လှုပ်ရှားစစ်ကြောင်းတပ်ဖွဲ့(၁)
၁၁။အစိုးရစစ်တပ်လှုပ်ရှားစစ်ကြောင်းတပ်ဖွဲ့(၂)
၁၂။ နယ်ခြားစောင့် (၁၀၂၃)ချောင်းဆုံ
၁၃။ နယ်ခြားစောင့် (၁၀၂၁) ချောင်းဆုံ
(ဘုရားသုံးဆူမြို့အဝင်ရှောင်လမ်း-ကရင်စုကွက်သစ်တွင် တပ်၊ ပြည်သူ့စစ်၊ ငြိမ်းချမ်းရေးကောင်စီ၊ နယ်ခြားစောင့် ၂ ဖွဲ့ ပါရှိသည်)
၁၄။ တားဒိန်(မွန်ပြည်သစ်)
၁၅။ မြိုင်သာယာ(ကေအင်ယူ)
၁၆။ တောင်စွန်း (အစိုးရတပ်)
၁၇။ အနန်းကွင်း(အစိုးရတပ်)
၁၈။ ရာဖော(ကေအင်ယူ)
၁၉။ ရွတ်ရှမ်း(ဒီကေဘီအေ)
၂၀။ ဇီးနှစ်ပင်(မွန်အဖွဲ့)
၂၁။ ရဲတံခွန်(နယ်ခြားစောင့် ၂ ဖွဲ့)
၂၂။ ရေးလမ်းခွဲသံဖြူဇရပ်အဝင်(အစိုးရစစ်တပ်တပ်)
၂၃။ အမြောက်တပ်
၂၄။ ၀ဲကလိ(တပ်)၊
၂၅။ သံဖြူဇရပ်မြို့အဝင်ဌာနပေါင်းစုံ စုပေါင်းဂိတ်။
မှတ်ချက်။ ။ အချို့ဝါးတားဂိတ်တစ်ခုတွင် လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အတူကောက်ခံနေသည်လည်းရှိသည်။ ။ (အယ်ဒီတာ)
3/5/12
ကျေးတမာနဲ့ ပေဖူးလွှာအစီအစဉ်သို့  (BBC)
လက်ရှိအစိုးရပြောတဲ့အပြောင်းအလဲဆိုတဲ့စကားလုံးကို ကျနော်ခဏခဏ စဉ်းစားနေမိပါတယ်။ ကျနော်က သြစတျေးလျနိုင်ငံမှာ နေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ သြစတျေးလျနိုင်ငံသားအဖြစ် လွန်ခဲ့တဲ့ ၇-နှစ်က ခံယူထားတဲ့သူ။ လက်တလော ကျနော့်ဘဝကို ရှင်သန်ဖြတ်သန်းရမဲ့နေရာက လက်တွေ့ ကျကျပြောရရင် သြစီမှာဖြစ်တယ်။ ကိုယ်က မြန်မာ့အရေးကို အရမ်းစိတ်ဝင်စားတဲ့သူဆိုတော့ အစဉ်တစိုက် ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လေ့လာမိတယ်။ အခုတော့ ကိုယ်မြင်တဲ့အရာကို အနည်းအကျင်းလောက်ပြောချင်ပါတယ်။
ပြည်ပမှာနေတဲ့ မြန်မာတိုင်း အလုပ်လုပ်ပါတယ်။ ရတဲ့ငွေကို ပြည်တွင်းက မိသားစုတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းတွေကိုလည်း ပြန်ပေးရပါတယ်။ ကံကောင်းတာက ကျနော်ဆိုရင် သြစတျေးလျက မြန်မာသံရုံးကို အခွန်ဆောင်စရာမလိုပါဘူး။ ကိုယ်က နယ်စပ်ကနေ ဒုက္ခသည်အဖြစ်နဲ့ လာတာဆိုတော့ မြန်မာပတ်စ်ပို့  မရှိဘူး။ တခြားသူတွေတော့ဆောင်ရမယ်ထင်တယ်။ တိုင်းပြည်ထဲကို ငွေလွှဲရတဲ့ ကိစ္စကိုလည်း အပြောင်းအလဲလုပ်ပေးပါအုံး။ ဟွန်ဒီနဲ့ မလွှဲချင်တော့လို့ ပါ။ တိုင်းပြည်အတွက်လည်းအခွန်မရတဲ့အပြင် လူဆိုးတွေကို ကူညီပေးနေသလို ခံစားရလို့ ပါ။
နောက်တစ်ခုက တယ်လီဖုန်းဆက်ရတဲ့ ဒုက္ခဖြစ်ပါတယ်။ မြန်မာပြည်ကို ဖုန်းခေါ်ခက ကမ္ဘာပေါ်မှာဈေးအကြီးဆုံးလို ဖြစ်နေပါတယ်။ သုံးမိနစ်ကို တစ်ဒေါ်လာကုန်ပါတယ်။ တခြားနိုင်ငံကို ဆက်ရင်အလကားတောင်ဆက်လို့ ရပါတယ်။ အခုဟာက ကျနော်တို့ ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက် အင်မတန်ကို အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ငွေလွှဲတာကို လွယ်လွယ်ကူကူဖြစ်ဖို့ နဲ့ တယ်လီဖုန်းဈေးကိုလည်း လျှော့ပေးစေချင်ပါတယ်။
နော်က်တစ်ခုက အခု သမ္မတကြီးပြောတဲ့ အပြောင်းအလဲက ကျနော်တို့ ပြည်ပက မြန်မာတွေနဲ့ ကော သက်ဆိုင်ရဲ့ လားလို့  ကျနော်တွေးနေမိတယ်။ ကျနော်တို့ ဘဝကို အပြောင်းအလဲ လုံးဝမဖြစ်သေးပါဘူး။ ကျနော်လိုချင်တဲ့အပြောင်းအလဲကို ကျနော့်ဘဝနဲ့ ယှဉ်ပြီး ရိုးရိုးလေးပဲ လိုချင်ပါတယ်။ သူများတွေကတော့ ဝေဖန်ရင်ဝေဖန်လိမ့်မယ်။ ဒင်းရဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်က အတော်လေးကို အောက်တန်းကျပါလားလို့ ။ ပြောချင်တာပြောပါစေ။ ကျနော်နားထောင်ဖို့ အသင့်ပါ။
ကျနော်သြတျေးလျနိုင်ငံက ထုတ်ပေးတဲ့ ပတ်စ်ပို့ နဲ့  ထိုင်းနိုင်ငံကို ခရီးသွားပါတယ်။ မတွေ့ တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေကို သတိရလို့ ပါ။ သြစတျေးလျနိုင်ငံသားတစ်ယောက်အနေနဲ့  ထိုင်းနိုင်ငံကို သွားလည်ရင် ဗီဇာလျှောက်စရာမလိုပါဘူး။ တခါတည်း ပတ်စ်ပို့ ကို ကိုင်ပြီး တန်းဝင်သွားယုံပါပဲ။ လေဆိပ်မှာ တစ်လနေထိုင်ခွင့်တုံးကို ထုပေးပါတယ်။ ထိုင်းနိုင်ငံလိုပဲ မလေးရှားကို သွားလည်လည်း ဗီဇာလျှောက်စရာမလိုပါဘူး။ သုံးလနေခွင့်ရှိပါတယ်။ မလေးရှားနဲ့ စနစ်ချင်းတူတဲ့ နိုင်ငံကတော့ စင်္ကာပူပဲဖြစ်ပါတယ်။ သူလည်း သြစတျေးလျနိုင်ငံသားတွေကို သုံးလ နေထိုင်ခွင့် ပေးပါတယ်။ သံရုံးမှာ ဗီဇာလျှောက်စရာမလိုပါဘူး။ ဒီသုံးနိုင်ငံကို သွားလည်တုန်းက ကျနော့်ခေါင်းထဲမှာ အတွေးတစ်ခုရပါတယ်။
ဒါကတော့ ...ငါ့တို့ နိုင်ငံကွာ...လုပ်လိုက်ရင်တလွဲချည်းပဲ။ မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီးပျင်းလာတဲ့ သြစတျေးလျက မြန်မာနိုင်ငံသားတစ်ယောက် ကိုယ့်နိုင်ငံပြန်လာတာကိုမျိုး ဗီဇာလျှောက်ရတာနဲ့ ဘာနဲ့ ။ ပြီးရင် နိုင်ငံရေးနဲ့ မပက်သတ်ရဘူးဆိုပြီး ခံဝန်ကတိလည်းထိုးရသေးတယ်။ ဒါ့အပြင် ပိုက်ဆံလည်းကုန်သေးတယ်။ ဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက် ကိုယ့်နိုင်ငံကို ပြန်တာ ဘာများ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေမှာလဲ။ ဝင်ငွေတောင် ပိုရအုံးမယ်။ ကိုယ့်လူမျိုးအချင်းချင်း လှူတန်း ပေးကမ်းတာလည်း ရှိအုံးမယ်။ နိုင်ငံခြားက ပါလာတဲ့ဒေါ်လာတွေကို သုံးတော့ တိုင်းပြည်အတွက် ဝင်ငွေတိုးမယ်။ သြစတျေးလျကနေ ပြန်လာပြီး ဘယ်သူမှ ခါးမှာ ဗုံး ပတ်ပြီး အသေခံပြီး ဗုံးတော့မခွဲကြပါဘူး။
ထိုင်းနိုင်ငံသား၊ မလေးရှားနိုင်ငံသား၊ စင်္ကာပူ နိုင်ငံသားတွေ သြစတျေးလျကနေ ပြန်သွားရင် သူ့ နိုင်ငံသားဖြစ်တဲ့အတွက် တံခါးမရှိ၊ ဓားမရှိ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ပဲ။ ဒါ့အပြင် ချမ်းသာတဲ့နိုင်ငံတွေကလာရင်လည်း ဗီဇာလျှောက်စရာမလိုဘူး။ တခါတည်းသာ တန်းဝင်လို့ ရတယ်။ သူတို့ ရဲ့ စဉ်းစားပုံက ကျနော်တို့ တိုင်းပြည်က ခေါင်းဆောင်တွေနဲ့ ယှဉ်ရင် အတော်လေးကို ကွာခြားနေတယ်။ ကျနော်တို့ လူကြီးတွေက ဘာကိုများတွေးပြီးကြောက်နေလဲမသိဘူး။ တိုင်းပြည်ဝင်ငွေရမှာကို မလိုလားသလိုပဲ။
လက်ရှိနိုင်ငံတော်အစိုးရအနေနဲ့  ဒီကိစ္စကို လေးလေးနက်နက်စဉ်းစားပြီး မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်စေချင်ပါတယ်။ ဒါမှ ပြည်ပက မြန်မာတွေအတွက် အပြောင်းအလဲတစ်ခုကို ဖန်တီးပေးတယ်လို့ ခေါ်ပါတယ်။
3/4/12
ဆင်ဖြူတော်မှီပြီး ကြံစုပ်မဲ့ လွှတ်တော်အမတ်တွေပေါ်လာတော့မယ်။
အမေစုရဲ့ စည်းရုံးရေးခရီးစဉ်က သမိုင်းတွင်လောက်အောင်ကို လူစည်ကားတယ်။ ငိုတဲ့သူက ငို၊ ရယ်တဲ့သူက ရယ်နဲ့ ။ စလစ်ဘရစ်တီတစ်ယောက်ထက်တောင် ပိုပြီးလူစည်ကားနေတယ်။ အထူးသဖြင့် မန္တလေးမြို့ ။
ရွေးကောက်ပွဲအတွက်စည်းရုံးတယ်။ အန်တီစုကို သူသိကော၊ မသိသူကော တရုန်းရုန်းနဲ့  ဖြစ်နေတော့ အတော်ပျော်စရာကောင်းသားပဲ။ ဒါကိုတနည်းပြောရရင် အကြမ်းမဖတ်တဲ့ လူထုလှုပ်ရှားမှု့ လို့ ခေါ်ပါတယ်။ ၈-လေးလုံးမှာတစ်ခါ၊ ၂ဝဝ၇-ခုနှစ်တစ်ခါ ဒီလိုမျိုးလူတွေလမ်းမပေါ်ကိုထွက်ကြပါတယ်။ အန်တီစုမပါတော့ လူထုတွေ သေနတ်မှန်လို့ သေကုန်ကြတယ်။ တချို့ ဆိုရင် မုဒိမ်းတောင်အကျင့်ခံရသေးတဲ့အထိ ရင်နာစရာကောင်းတယ်။ နောက်ဆုံး တက်ကြွလှုပ်ရှားသူတွေထောင်ထဲကို ဝင်ရတာပဲ အဖတ်တင်တယ်။
ဒါပေမဲ့ ဒီလိုအခြေအနေကို ယနေ့ ဒေါ်စုစည်းရုံးရေးခရီးစဉ်မှာမတွေ့ ရဘူး။ အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖို့ နေနေသာ ကူညီနေတာကိုတွေ့ ရတယ်။ နဲနဲတော့ ကသိကအောက်ဖြစ်တာကလွဲရင်ပေါ့။ ဘောလုံးကွင်းကို ခွင့်မပြုတာတို့ ဘာတို့ ။ အန်တီစုသည် အန်တီစုဖြစ်သောကြောင့် ဘောလုံးကွင်းမရလည်း ကိစ္စမရှိဘူး။ အမှိုက်ပုံဘေးမှာ တရာဟောလည်းဖြစ်တာပဲ။ လူထုက သူရှိလျှင် အိမ်သာစော်နံတဲ့နေရာလည်းဖြစ်ပါစေ လိုက်ပြီးနားထောင်မှာပဲ။
ဆိုတော့ ယနေ့ ရွေးကောက်ပွဲအကြိုကာလ စည်းရုံးရေးသည် လူထုအုံကြွမှုပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် လူထုတွေ လမ်းမပေါ်ကို အကြောက်တရားကင်းမဲ့စွာ တက်လာနေတာကိုတွေ့ ရပြီ။ ဘာ့ကြောင့်တက်လဲဆိုတော့ ခေါင်းဆောင်ဖြစ်သူက သူတို့ ကို သေတွင်းမပို့ ဘူးဆိုတာကို သိနေလို့ ပါ။
ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဖြစ်သူတွေ ဒေါ်စုလို နယ်လှည့်စည်းရုံးရေးဆင်းတာတွေ့ ဘူးလား။ လုံးဝမရှိပါဘူး။ ရှိလည်း အဖွားကြီးလို အောင်မြင်မှာမဟုတ်ဘူး။ မယုံရင် ဦးဌေးဦး စမ်းကြည့်ပါ။
ဒါ့ကြောင့် နအဖအစိုးဟာ အန်တီစုကို ၄၈-နဲ့ တန်လို့  ရွေးကောက်ပွဲအပြီး ၊ သူတို့ ပိုင်မှ လွှတ်ပေးလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေလည်း နယ်လှည့်ဟောလီဒေးထွက်ကြပါကွာဆိုပြီတောင် ဘိုးနပ်စ်ပါထည့်ပေးလိုက်သေးတယ်။
အခုတော့ စစ်အစိုးရဖြစ်စေချင်တဲ့အတိုင်းဖြစ်လာပြီ။ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ကြမယ်။ ပြင်သင့်တယ်ဆိုတဲ့ အခြေခံမှုကိုတောင် ဦးသိန်းစိန်နဲ့ လူတစ်စုက သိတယ်။ သိသိကြီး ဘာ့ကြောင့်များ အစောကြီးကတည်းက မလုပ်တာလဲမသိဘူး။ ဒီအခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ကြမယ်ဆိုတာကလုံးဝကို မရိုးသားဘူးလို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ ကိုယ်တိုင် ပြင်ရမယ်ဆိုတာကို သိနေလို့ ပဲ။ အခြေခံဥပဒေပုဒ်မတစ်ခုကို ပြင်ရင် ဘယ်လောက်ကြာတယ်၊ ဘယ်လောက်အလုပ်ရှုပ်တယ်ဆိုတာကိုလည်း သူတို့ သိကြတယ်။ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ အခြေခံဥပဒေဖြစ်မှာလဲ။ ပြင်နေရင်းနဲ့ ဒေါ်စုအသက်ထွက်သွားရင်ဖြင့် ပွဲကတော့ ကြည့်ကောင်းနေပြီ။ ဒီလိုအခြေအနေဖြစ်လာရင်တော့ အန်အယ်ဒီအနေနဲ့ ယနေ့ စည်းရုံးရေးခရီးစဉ်လို လူစည်ကားမှာမဟုတ်တော့ဘူး။ အခုတော့ အန်အယ်ဒီရဲ့ လွှတ်တော်အမတ်တွေဆိုတာက ဆင်ဖြူတော်မှီပြီး ကြံစုပ်တဲ့လူတွေလို ဖြစ်နေပြီ။ ဘယ်မှာလဲ အထင်ကနာမည်ကြီးပြီး လူကြိုက်များတဲ့ အန်အယ်ဒီလွှတ်တော်အမတ်။
၄၈-နေရာမှာ အန်အယ်ဒီက ထက်ဝက်ကျော်တော့ နိုင်မှာသေချာပါတယ်။ နိုင်ပြီးတော့ လွှတ်တော်ထဲရောက်မယ်။ ပြီးရင် ကြံ့ ခိုင်ရေးက လွှတ်တော်အမတ်တွေလို၊ စစ်တပ်က ကိုယ်စားလှယ်တွေလို အိပ်မနေ ဖို့ တော့အရေးကြီးတယ်။ ပါတီက ချပေးတဲ့မှုဝါဒတွေကို တက်တက်ကြွကြွ ဆွေးနွေးဖို့ လိုတယ်။ ကြေကြေလည်လည် နားလည်တက်ကျွမ်းထားဖို့ အရေးကြီးတယ်။ ဒါမှ လွှတ်တော်အမတ်ပီသလိမ်မယ်။ လွှတ်တော်ထဲမှာ ခေါင်းပေါင်းနဲ့ ချိတ်ပုဆိုးဝတ်ပြီး အဲယားကွန်းလေးနဲ့ အိပ်နေရင်တော့ ဘယ်တော့မှ အခြေခံဥပဒေက ပြင်ပြီးမှာ မဟုတ်ဘူး။ လက်ရှိအနေအထားအရ လွှတ်တော်ထဲမှာ အတိုက်အခံအင်အားနည်းတာအပြင် အချင်းချင်းလည်းမတည့်တော့ နောက်ထပ်နှစ်ပေါင်းလေးငါးနှစ်အထိအခြေခံဥပဒေပြင်နိုင်ဖို့ ဆိုတာ အိမ်မက်တစ်ခုလိုဖြစ်နေပြီ။ သေချာသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးရာထူးတောင်ပေးဖို့ နေရာမရှိသလောက်ဖြစ်နေပြီ။ သူက လွှတ်တော်ထဲဝင်ပြီး အရမ်းကိုလှပချောမောတဲ့ မျှောက်မလေးတစ်ကောင်လို လုပ်ရပါလိမ့်မယ်။ ဒါမှ အစိုးရက သူလိုချင်တာ ဒိထက်ပိုပြီးရမယ်။
ယနေ့ လွှတ်တော်နဲ့ အခြေခံဥပဒေဆိုတာ အမျိုးသားညီလာခံကနေ ဆင်းသတ်လာပါတယ်။ အမျိုးသားညီလာခံလုပ်တုန်းကလည်း အမတ်တွေအိပ်နေခဲ့တယ်။ အခုလည်း အမတ်တွေ အိပ်နေပြန်ပြီ။ သူများ နိုင်ငံက လွှတ်တော်တွေဆိုတာ အိပ်ဖို့ နေနေသာသာ အရေးကြီးရင် ညလုံးပေါက် ငြင်းခုန်ဆွေးနွေးကြတယ်။ အတိုက်အခံနဲ့ အစိုးရက အင်အားချင်းမျှတော့ ဥပဒေတစ်ခုကျဖို့ ဆိုတာ အင်မတန်ကို ခဲယဉ်းတဲ့အလုပ်တစ်ခုပါ။ ဒီလိုဥပဒေကောင်းတစ်ခုဖြစ်လာဖို့ အတွက် ဆွေးနွေးငြင်းခုန်နေတဲ့အချိန်မှာ မြန်မာလွှတ်တော်လို ဘယ်သူမှ အိမ်မနေကြဘူး။ အိပ်ဖို့ တောင် စိတ်ဝင်စားပုံမပေါ်ဘူး။ ဒီလောက်ထိ စိတ်ဝင်စားစရာကောင်းတဲ့ ဥပေဒပြုနည်းတစ်ခု။ အခုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ လွှတ်ကို နာမည်ပေးချင်တာက စစ်တပ်ရဲ့ ရုပ်ရှင်ရုံကြီးလို့ ။ ဘာ့ကြောင့်လဲဆိုတော့ ကြည့်တဲ့သူပဲရှိနေတယ်။ အနည်းအကျင်းလောက်ကပဲ နိုင်ငံရေးကို စိတ်ဝင်စားတယ်။ တခြားသူတွေက အာဏာလိုချင်သာ လွှတ်တော်အမတ်ဝင်လုပ်ကြတယ်။
သာယာဝတီက ကျနော့်အမျိုးတစ်ယောက် အခုလွှတ်တော်အမတ်ဖြစ်နေတယ်။ သူ့ ကိုဥပမာပေးချင်တယ်။ သူက စီးပွားရေးသမား။ စီးပွားရေးအခွင့်အလမ်းကောင်းဖို့ အတွက် ကြံ့ ခိုင်ရေးထဲ ဝင်တယ်။ သူ့ မှာငွေလည်းရှိတော့ ဘယ်လိုမျိုးမဲနိုင်သွားလဲမသိဘူး။ အခုတော့ သူ့ နယ်ရဲ့ ပြည်သူ့ ကိုယ်စားလှယ်ပေါ့ဗျာ။ နိုင်ငံရေးကို စိတ်ဝင်စားလားဆိုတော့ မဝင်စားဘူး။ သူ့ ရဲ့ နယ်မြေဖွံ့ ဖြိုးတိုးတက်ဖို့ တောင် ဘာလုပ်သင့်လဲဆိုတဲ့ အိုင်ဒီယာသူ့ မှာမရှိဘူး။ ရှိတာက အထက်လူကြီးကို ဖားဖို့ လောက်ပဲသိတယ်။ ဆိုတော့ သူ့ လိုလူမျိုး လက်ရှိလွှတ်တော်ထဲမှာ ဘယ်နှစ်ယောက်ရှိလဲဆိုတာ တွေးကြည့်ကြပေါ့။ ဒါ့ကြောင့် လွှတ်တော်ထဲမှာ စိတ်ဝင်စားလို့ စစ်တပ်ကော အရပ်ဖက်ကကော ကိုယ်စားလှယ်ကြီးတွေ အပြိုင်အဆိုင်အိပ်နေကြတာဖြစ်မယ်။ ဦးရွှေမန်းတောင် ရှေ့ ဆုံးတန်းမှာ တစ်ယောက်တည်းထိုင်နေလို့  မအိပ်တာဖြစ်မယ်။ နောက်မှာထိုင်လို့ ကတော့ ခုန်ကွယ်ပြီး အိပ်ချင်အိပ်နေမှာ။
အခုလည်း ဆင်ဖြူတော်မှီပြီး ကြံစုပ်မဲ့ လွှတ်တော်အမတ်တွေပေါ်လာတော့မယ်။ သတိထားကြဖို့ အတွက် ဒီစာကို ရေးတာပါ။ ၉ဝ-ခုနှစ်က အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအများကြီး ကျန်သေးပါတယ်။ ပြည်ပက ကိုယ်စားလှယ်တော်ကြီးတွေကတော့ အခွင့်အရေးရတုန်းသာ ကိုယ်စားလှယ်လိုက်ကြတာ၊ တကယ်တန်းတော့ ဘာစောက်အရည်အချင်းမှ မရှိဘူး။
3/3/12
ကိုကြီးကျော်ကို ကိုးကွယ်ပါ
ဦးလေး ဦးဘသာက မြန်မာစစ်စစ်တစ်ယောက်ဖြစ်တယ်။ သူက မျိုးချစ်စိတ်ဓာတ်လည်း ရှိတယ်။ မြန်မာလူမျိုးကသာလျှင် သာကီနွယ်ဝင်ဖြစ်တဲ့အတွက် တခြားလူမျိုးတွေထက် ပိုပြီး မြင့်မြတ်တယ်လို့ ဆိုတယ်။ ဝတ်လိုက်တဲ့အင်္ကျီက အမြဲတန်းပင်နီတိုက်ပုံနဲ့ ။ စားရင်လည်း ငပိပါမှ တင်းတိမ်တဲ့မျိုးရိုး။ သူကို မွေးတဲ့နေရာက ပခုက္ကူမြို့ ဆိုတော့ စကားပြောရင်လည်း အညာသံပေါက်နေတယ်။ တနေ့ ဦးလေး ဦးဘသာ ရန်ကုန်သွားရင်းနဲ့  သြစတျေးလျကနေ ရန်ကုန်ကိုအလည်လာတဲ့ မြန်မာလူမျိုး ဘုန်းကျော်နဲ့ တွေ့ ပြီး အရမ်းခင်မင်သွားတယ်။
ဦးဘသာ။ ။ ငါတို့ မြန်မာတွေက အတော်လေးကို ညာဏ်ရည်ထက်မြတ်ပါပေ့ကွာ။ ဘယ်လောက်တောင်ညာဏ်ရည်ထက်လဲဆိုရင် အသက်ငယ်ငယ်နဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်းကို ကြည့်ကွာ။ ဘယ်နိုင်ငံမှာ သူ့ အသက်အရွယ်နဲ့ နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ သူရှိလား။ မင်းတို့ သြစီမှာကောရှိလို့ လား။
ဘုန်းကျော်။ ။ မရှိဘူး ဦးလေး။
ဦးဘသာ။ ။ ငါဆိုရင် မြန်မာပြည်မှာပဲ သေမယ်။ ဘယ်တော့မှ နိုင်ငံခြားကို အထင်မကြီးဘူးကွ။ ငပိနဲ့ စားပြီး ရွှေတိဂုံဖူးရင်းနဲ့ ပဲ ကိုယ့်တိုင်းပြည်မှာသေချင်တယ်။
ဘုန်းကျော်။ ။ ကောင်းတာပေါ့ ဦးလေးရာ။ ပျော်ရာမှာနေတာက စိတ်ချမ်းသာပါတယ်။
ဦးဘသာ။ ။ နေအုံး..ငါ့ကောင်...မင်တို့ နိုင်ငံခြားက နိုင်ငံရေးအယူအဆတွေ၊ ဓလေ့တွေကို ငါတော့ ငါ့သားသမီးတွေကို မကူးစက်ရအောင် အမြဲတန်းသွန်သင်ပေးတယ်။ မင်းခလေးတွေကော မြန်မာစကား နဲ့  မြန်မာဓလေ့ကို ချစ်မြတ်နိုးအောင် သင်ပေးပေါ့ကွာ။
ဘုန်းကျော်။ ။ ဟုတ်ကဲ့ ဦးလေး။ သင်ပေးနေပါတယ်။
ဒီလိုနဲ့ စကားဝိုင်းက အရှိန်တက်လာလိုက်တာ နေတောင်အတော်စောင်းနေသွားပြီ။ ဦးဘသာကလည်း ကျနော့်ကို မြန်မာ၊ မြန်မာ ဆိုတဲ့စကားလုံးကို သုံးပြီးပြောလာလိုက်တာ နားတောင်ညီးလာပြီ။ သူက နိုင်ငံခြားကို အထင်မကြီးတဲ့သူ၊ မြန်မာ့မြေကို ချစ်တဲ့သူ၊ မြန်မာ့အစားအစာကို ချစ်တဲ့သူတစ်ယောက်ဆိုတော့ အင်မတန်မှ ကျနော်ဂုဏ်ယူမိပါတယ်။ ကျနော်လည်း မြန်မာလူမျိုးနဲ့ ဓလေ့ကို အင်မတန်ချစ်တာပေါ့။ ဒါပေမဲ့ ဦးဘသာလို အရမ်းကို ပိုလွန်းလာတော့ အမြင်က ကတ်လာပြီ။
ဦးဘသာ။ ။ မြန်မာတွေဟာ တနေ့ မှာ ကမ္ဘာကျော်မဲ့ လူစားတွေဖြစ်လာမှာပါကွ။ ဦးသိန်းစိန်က မြန်မာခေါင်းဆောင်တွေထဲမှာ အတော်တော်တဲ့လူကွ။ သူက တိုင်းပြည်တိုးတက်အောင်လုပ်မှာ။ မင်းမယုံရင် ကြည့်နေ။
ဘုန်းကျော်။ ။ ယုံပါတယ် ဦးလေး။ ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။
ကျနော့်ဒေါသက အထွပ်အထိပ်ကို ရောက်လာပြီ။ နေကလည်းစောင်းနေပြီ။ သူ့ လေကမပြတ်သေး။ လေချဉ်ကတက်လာပြီ။
ဒါနဲ့ -
"ဦးလေး ဦးဘသာ....ဒီလောက်တောင် မြန်မာကို အရမ်းအထင်ကြီးနေရင် ချစ်နေရင် ဦးလေးဘုရားရှစ်ခိုးရင် ဂေါတမဘုရားကို ရှစ်မခိုးနဲ့။ ကိုကြီးကျော်တို့ ၊ မနှဲလေးတို့ ပဲ ကိုးကွယ်ပါလား။ ဂေါတမဘုရားက မြန်မာမှမဟုတ်တာ။ ကုလားကြီးဟာကိုး..."
" မင်းကွာကြံကြံဖန်ဖန်....ငါ့မြန်မာနိုင်ငံက အခုချက်ချင်းထွက်သွား" ဆိုပြီး ရေနွေးအိုးနဲ့  ထ ပြီးပေါက်ပါလေရောဗျာ။
မှတ်ချက်။ ။ မြန်မာကို ချစ်သော ဦးဘသာအနေနဲ့ ယေရှု့ ကို ကိုးကွယ်လို့ မရပါ။ ဘုရားသခင်က အဖြူလူမျိုးဖြစ်ပါတယ်။ အလာ..ကိုလည်းကိုးကွယ်လို့ မရပါ။ အရှေ့ အလယ်ပိုင်းက ကုလားဖြစ်နေလို့ ပါ။ နောက်ဆုံး ဂေါတမဘုရားလည်း ကိုးကွယ်လို့ မရပါ။
3/1/12
Very Cool Speech
သမ္မတကြီးမိန့် ခွန်းကို ဘိုလိုပြောရင် Very cool, Man လို့ ပြောချင်တယ်။ အရမ်းကို ပျော်ရွှင်ကြည်နူးရပါသည်။
2/27/12
လဥတစ်လုံးပဲရှိသော သမ္မတကြီးသို့  အိပ်ဖွင့်ပေးစာ
ယခုတစ်လော အရွေ့ ဟုခေါ်သော လိပ်လိုသွားနည်း နှင့် မပြောင်းလဲနိုင်တဲ့အပြောင်းအလဲ
ဟုခေါ်သော နိုင်ငံရေးဖြစ်စဉ်တစ်ခုပေါ်ပေါက်နေသည်။
ကျနော်သည် အစိုးရကိုယ်သော်လည်းကောင်း၊ အတိုက်အခံမဟုတ်သော အတိုက်အခံကိုသော်လည်းကောင်း မျက်စိ ဆံပင်မွှေးဆူးနေသော လူတစ်ယောက်ဖြစ်နေပါပြီ။ ဘာ့ကြောင့်လဲဟု လူကြီးမင်းတို့ မေးမြန်းကောင်း မေးမြန်းနိုင်ပါသည်။ ကျနော်ရှင်းပါအုံးမည်။
အစိုးရဟုခေါ်သော အစိုးရသည် အစိုးရဖြစ်အောင်ကျိုးစားနေ၏။ သို့ သော် အစိုးရလုပ်တက်သည့်အရည်အချင်း သူတို့ မှာမရှိကြောင်းကျနော်တွေ့ နေပါပြီ။ အစိုးရတိုင်းသည် တိုင်းပြည်နှင့်လူမျိုး ဒုက္ခရောက်အောင် လုပ်လျှင် အစိုးရမဟုတ်ပါ။
အတိုက်အခံသည် အာဏာဟုခေါ်သော နေရာရအောင်ကျိုးစားနိုင်မှ ပွင့်လင်းနိုင်မှ အတိုက်အခံဖြစ်သည်။ ဘုန်းကြီးစကားတွေနှင့်အတိုက်အခံသည် လုံးလုံးမှ လူမြင်မကောင်းပါ။
အစိုးရသည် တိုင်းပြည်ငြိမ်းချမ်းရေးရအောင် ကျိုးစားနေသော်ငြားလည်း မအောင်မြင်သေးပါ။ဆင်းရဲမှု့ ကို တိုက်ဖျက်နေပါသည်ဟုပြောနေသော်ငြာလည်း ငါးထောင်တန်ဖုန်းတောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပါ။ ထို့ ကြောင့် အစိုးရသည် အရည်အချင်းရှိသော အစိုးရမဖြစ်သေးပါဟု ကျနော်တထစ်ချပြောဆိုချင်ပါသည်။
အစိုးရနှင့်အတိုက်အခံက ကျနော်ဘုန်းကျော်အား နည်းလမ်းပေးပါဟုပြောလျှင် ဗဟုအဖွဲ့ လို စကားလုံးတွေကြီးပြီး အလုပ်မဖြစ်သော နည်းလမ်းမျိုးကျနော်မပေးချင်ပါ။ ဗကပလိုလည်း ဓားမ မရှိပဲ ထင်းမခုတ်ချင်ပါ။
ဦးသုဝေနှင့်အပေါင်းအပါတွေပြောသလို ဖြည်းဖြည်းလည်း ကျနော်မညှစ်ချင်တော့ပါ။ တနေ့ တော့ ထွက်လာမှာပါကွာ ဆိုပြီးညှစ်နေပေါင်းလည်း များသောကြောင့် နောက်ဆုံးဗိုက်ခွဲပြီး မွေးရတဲ့ သာဓကတွေ ကမ္ဘာ့နိုင်ငံရေးလောကမှာ အထင်အရှားရှိနေပါသည်။
လက်နက်ကိုင်ပြီးမျှစ်ချိုးစားသော အဆင့်လည်း ကျနော်သဘောမတွေ့ ပါ။ အဘယ့်ကြောင့်ဆိုသော ကျနော်သည် အာပီဂျေ ၅-ကိုထမ်းပြီး ဖင်မှ ချီးထွက်သည့်အထိ မွန်ပြည်နယ်ထဲတွင် ပတ်ပြေးခဲ့ဘူးသောကြောင့်ဖြစ်သည်
နိုင်ငံရေးသည် သူ့ အမေလင်နှင့် စပယ်လင်ရောထားသော ဟင်းပေါင်းမဟုတ်။ ဘုန်းကြီးများ စား၍မကုန်သောကြောင့် စုပေါင်းပြီးချက်ထားသောဟင်းပေါင်းသည် စားကောင်းသော်လည်း အခန့် မသင့်လျှင် ချီးပမ်းတက်ပါသည်။
ယနေ့ ကာလသည် မနေ့ ကလို မဟုတ်။ ဒါကိုခလေးတောင်သိသည်။ ခလေးသည် ခလေးအတွေးနှင့်တွေးသောကြောင့်ရှင်းသည်။ မရှင်းတာက လူကြီးတွေဟု ကျနော်ခေါင်းထဲတွင် ပီကေနှင့် ကပ်ထားသလို အင်မတန်စွဲမြဲနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိမ်မှာထိုင်းပြီး ဟိုလူနှင့်တွေ့ ဒီလူနှင့်တွေ့ ပြီး ပျင်းပျင်းရှိလာသည့်အချိန်တွင် ဟိုသွားဒီသွားလုပ်၊ တော်ကီတွေများပြီး မဲဆွယ်ကြောင်း လူကြီးပြီး ဟိုဟာမကြီးသော ခင်ဗျားတို့ သိကြပါလိ့မ်မည်။ ထို့ အတူ ကျန်းမာရေးမကောင်းသော်လည်း အုပ်ပျော်လုပ်တက်သော ကိုမင်းကိုနိုင်နှင့် ရုပ်ရည်အရမ်းချောသော ကိုကိုကြီးတို့ တစ်စုသည်လည်း အန်တီစုလို ပွား၏။ လွှတ်၏။ တနည်းဆိုသော် စည်းရုံး၏။ ၄၈-နေရာသည် ပါလီမန်ဟုခေါ်သော အာဏာရှင်အိမ်ရှေ့ နေရာအား ယခုလောက် အီးအရမ်းပါချင်သည့်အချိန် အိမ်သာကို အသဲအသန်ပြေးသော လူလို လုပ်စရာမလိုဟု အောင်ဆန်းသူရိယလှသောင်းကျောင်းတွင် ဆယ်တန်းနှစ်ခါကျခဲ့ဘူးသော နိုင်ငံရေးလေ့လာသူ ဘုန်းကျော်မှ ပြောချင်သည်။
ဦးသန်းရွှေနှင့်အဘွားကြိုင်သည် ကျနော့်အမျိုးဖြစ်သည်။ အဘွားကြိုင်သည် သိပ်ပြီး ကျပ်မပြည့်ဟု မထင်ပါလေနှင့်။ ကျပ်မပြည့်သည့်အဘိုးကြီးမှာ ဦးသိန်းရွှေဟုခေါ်သော လဥတစ်လုံးပဲရှိသည့် စစ်ဗိုလ်ချုပ်ကြီးဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးသည် အရမ်းကြောက်တက်၏။ ဘယ်လောက်တောင် ကြောက်သည်ထင်လဲဟု ပြောရလျှင် ညဖက်တစ်ယောက်တည်း အိမ်သာသို့ မသွားရဲလောက်အောင် ကြောက်တက်ကြောင်း ဦးသန်းရွှေ၏ ပီအေဖြစ်သူ ဦးသိန်းစိန်မှ ပြောဘူးသည်။ ထို့ ကြောင့် အကြောက်ပြေစေရန် လွှတ်တော်ထဲတွင် ထင်သလို ဒီမိုကရေစီပေးနေပါသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဟုခေါ်သည်။ ယူကေ ဒီမိုကရေစီသည် ဟန်းဂရီးဂျက်စားပြီး အ-၀လွန်သည့်ရောဂါရနိုင်သည်ဟု ဦးသိန်းရွှေနှင့် အပေါင်းအပါတို့ မှ ပြည်သူ ကို စေတနာထားပုံရပါသည်။
ဦးအောင်လင်းထွတ်သည် သူ့ ပထွေးဦးခင်ညွန့် အားကာကွယ်နိုင်ရန် အမေရိကန်တွင် ဆူရှီးစားပြီး အီးအီးပေါက်ပြနေသည်။ မယုံပါလေနှင့်။ သူသည် လူတော့ ဖမ်းသည်။ သူ့ ကိုဖမ်းမှာတော့ အသေကြောက်သည်။ ထို့ ကြောင့်ဦးသိန်းရွှေသည် တနိုင်ငံလုံး မုဒိမ်းကျင့်ဖို့ အမိန့် ပေးသည်ဟု ရွှီးနေကြောင်း ဆယ်တန်းနှစ်ခါကျဘူးသည့် ဘုန်းကျော်မြင်သည်။ ကျနော်မယုံပါ။ စစ်ဗိုလ်ချုပ်တွေသည် ယောက်ျားဖြစ်သောကြောင့် ပေါက်လျှင်တည့်တည့်ပေါက်သည်၊ မိုးပေါ်ကို ဘယ်တော့မှ ထောင်ပြီးမပေါက်ပါ။
ယနေ့ ကာလတွင် အချိန်ကုန်ပြီး အလုပ်ဖြစ်နိုင်တော့မည်မဟုတ်ဟု ထင်မိနေသည်။ ထို့ ကြောင့် ယခုစာအား နိဂုံးချုပ်ရမည်ဆိုလျှင် ဆင်းရဲမှုကို တိုက်ဖျက်ချင်သလား။ ငြိမ်းချမ်းရေးရချင်သလား။ ဒီနှစ်ခုကို အဓိကလိုချင်ရင် ဆီမီနာတွေလုပ်ပြီး လေထဲမှာတိုက်ဆောက်မနေနဲ့ သင့်တော့ပါ။ ပြည်ပကမီဒီယာတွေကို ခေါ်ပြီး အောကားရိုက်မနေသင့်တော့ပါ။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပြီး ဖေ့ဘွစ်မှာ တင်ဖို့ မကျိုးသင့်တော့ပါ။
တစ်ခုပဲ အကြံပေးချင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှိလာအောင်သာ လုပ်ပေးပါဟု အရက်မှုးပြီးဘလော့ဂ်ရေးတက်သော အဆဲသန်သော ကျနော် ဘုန်းကျော်မှ ပြောချင်ပါကြောင်း၊ လဥမပါသော သမ္မတကြီး သိပါစေ။
View My Stats