ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
1/14/12
ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ပြန်ပြီ
မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၏ အထွေအထွေအတွင်းရေးမှုးချုပ် ဒေါက်တာနိုင်အောင်သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာပြည်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရှိရသည်။
1/12/12
မြန်မာလေးတွေ မြန်မာမလေးတွေ မြန်မာလိုလှစေချင်
ရွှေဘိုသားရဲ့ အမျိုးဂုဏ်ကို မဖျက်ဆီးပါနဲ့ ကိုဖတ်ရတော့
ရွှေဘိုသားကိုလည်း ထောက်ခံပေးရင်း စိတ်ထဲက ဖြစ်စေချင်တာလေးတွေ post တစ်ခုတင်ချင်ပါတယ်။
လွန်ခဲ့တဲ့ ၁-၂ လလောက်က ဂျာနယ်တစ်ခုထဲမှာ ဒါရိုက်တာ ကြည်ဖြူရှင် စင်္ကာပူမှာ ရုပ်ရှင် သင်တန်းတက်ပြီး ပြန်အလာ
အင်တာဗျူးဖြေထားတာလေး ဖတ်လိုက်ရပါတယ်၊
ကြည်ဖြူရှင်က စင်္ကာပူမှာ သူ မြန်မာဝတ်စုံဘဲတောက်လျှောက် ၀တ်ခဲ့ပါတယ်တဲ့။
ဒီလိုဝတ်တဲ့အတွက် သူ့ကို မြန်မာမှန်းသိပြီး အကူအညီတောင်းရင် အလွယ်တကူရခဲ့ပါတယ်တဲ့။
အရင် ကြည်ဖြူရှင့် ဓာတ်ပုံတွေ မဂ္ဂဇင်း ဂျာနယ်တွေမှာတွေ့ဖူးတာ သူလည်း ခေတ်ရဲ့ သမီးပျိုလေးပီပီ ဘောင်းဘီနဲ့ တီရှပ်နဲ့ အလုပ်လုပ်လို့ လွယ်ကူမယ့် ပုံစံဝတ်ဆင်တာတွေ့ဖူးပါတယ်။
နိုင်ငံခြားထွက်တဲ့အခါ မြန်မာဝတ်စုံလေး အသားပေးပြီး ၀တ်တယ်ဆိုတော့ သူ့စိတ်ဓာတ်ကလေး ကျွန်မတော့ ချီးကျူး မဆုံးပါဘဲ။
ဒါနဲ့ တဆက်တည်း ဖတ်ဖူးတာလေး ကောက်နှုတ် တင်ပြပေးချင်ပါတယ်။
ဒါရိုက်တာ ကြည်စိုးထွန်းရေး တောကြောင် မောင် ကျောက်ခဲ နှင့် အထွေထွေ မှတ်စုများ စာအုပ်ပါ “တစ်ဆယ်စုနှစ်ဓါတ်ပြားဟောင်း ” မှ
ယဉ်ကျေးမှုရိုးရာနဲ့ပတ်သက်ပြီး ဦးညီပုပြောသွားတဲ့ စကားတချို့ဟာ တော်တော်မှတ်သား အတုယူစရာကောင်းတာကိုတွေ့ရပါတယ်။
နိုင်ငံရပ်ခြားကိုသွားတဲ့အခါ ဘောင်းဘီရှည်ကြီးတွေ တကားကား၊ ကုတ်အင်္ကျီတွေတဖားတဖားဖား၊ လည်ပတ်ကြီးတွေ တကြွားကြွား ဝတ်ဆင်တတ်တဲ့
ပုဂ္ဂိုလ်များအနေနဲ့ ဦးညီပုရဲ့ အောက်ဖော်ပြပါစကားများကို ဂရုထားသင့်တယ်လို့ ထင်မိပါတယ်။
“ကျွန်တော့်ကိုယ်ကျွန်တော် သိဒ္ဓိတင်နေတာ မဟုတ်ပါဘူး၊
ကျွန်တော်တို့နိုင်ငံခြားသွားတဲ့ အခါတိုင်း ကျွန်တော်ဘယ်တော့မှ ဘောင်းဘီမဝတ်ဘူး၊ ဥရောပဝတ်စုံလည်းမချုပ်ဘူး၊
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ၊ မြန်မာ၊ မြန်မာကို နိုင်ငံခြားကသိအောင်လုပ်ချင်တယ်၊
ကျွန်တော်ဘောင်းဘီ ဝတ်သွားရင် ကျွန်တော့ကိုဘယ်လိုထင်မလဲ၊ ဖိလစ်ပိုင်လိုလို မလေးရှားလိုလို ထင်ကြမှာပါ၊
ကျွန်တော် ရုရှားလည်းရောက်ဖူးတယ်၊ ဂျာမနီ၊ ပြင်သစ်၊ တရုတ်ပြည်၊ အီတလီ ရောက်ခဲ့ပါတယ်။
မြန်မာလိုဝတ်သွား လို့ ဘယ်သူမှထူးထူးဆန်းဆန်း ဝိုင်းမကြည့်ကြပါဘူး၊
သိပ်အေးတဲ့ ရုရှား မိုးဥတုမှာတောင် ကျွန်တော် ဘန်ကောက်လုံချည်နဲ့ပဲနေခဲ့ပါတယ်။”
မိမိအမျိုးသားဝတ်စုံကို နိုင်ငံခြားမှာတောင် အမြတ်တနိုးဝတ်ဆင်တတ်တဲ့ ကျွန်တော်တို့ရုပ်ရှင် ဖခင်ကြီးအတွက် ဒီနေ့ကျွန်တော်တို့ ဂုဏ်ယူရမှာအမှန်ပါပဲ။
လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ဆရာဦးသုခ နိုင်ငံခြားသွားတော့လည်း မြန်မာဝတ်စုံနဲ့ပဲသွားခဲ့ တယ်လို့ကြားသိခဲ့ရပါတယ်။
ဒါတွေအတွက် ကျွန်တော်တို့ဂုဏ်ယူရင်း ကျွန်တော်တို့ခေတ်ရောက်မှ သရုပ်ပျက်နေတာတွေဟာ
တစ်စိတ်တစ်ဒေသအားဖြင့် ကျွန်တော်တို့အားလုံးရဲ့တာဝန်ဖြစ်တယ်လို့
ခံယူရပါလိမ့်မယ်။
ကျွန်မတို့ရဲ့ သဂျီးမင်းဦးခိုင်နဲ့ သဂျီးကတော်ကိုလည်း ချီးကျူးချင်ပါတယ်၊
The Lady ရုပ်ရှင်ပွဲကို မြန်မာဝတ်စုံနဲ့ သွားတယ်ဆိုကတည်းက သူကြီးကို ပိုလေးစားသွားပါတယ်။
တကယ်တော့ မြန်မာဝတ်စုံလေးတွေဟာ အဖိုးနည်းဝန်ပါ ဆိုသလို လှလည်းလှပါတယ်၊
တန်ဖိုးလည်း သူ့နေရာနဲ့သူ ဈေးသက်သာတာလည်းရှိ၊ပွဲဝင်စေတာလည်းရှိပေါ့၊
ချည်ထည်လေးတွေဆို ရာသီဥတုနဲ့ အလွန်အဆင်ပြေပါတယ်။
ဒေါ်စုရဲ့ ပါးစပ်ကဖွင့်ပြောစရာမလိုဘဲ ကိုယ်တိုင်ဝတ်ဆင်ပြပေးနေတဲ့ ရိုးရာဝတ်စုံတွေကြောင့်လည်း ခုခေတ်မြန်မာမလေးတွေ ရိုးရာချည်ထည်တွေ ၀တ်လာကြပါပြီ၊
From အန်တီပဒုမ္မာ
1/11/12
မိုင်းအတွေ့ အကြုံ
"မိုင်းထဲကို မသွားနဲ့ အုံး။ ရုံးရှေ့ မှာစောင့်နေပါ"
လုံခြုံရေးအစောင့်တစ်ယောက်က စိတ်မကောင်းတဲ့မျက်နှာနဲ့ ဝင်လာတဲ့အလုပ်သမားတိုင်းကို ပြောနေတဲ့အသံပါ။
ဘတ်စ်ကားပေါ်က ဆင်းဆင်းခြင်း ပုံမှန်ထက် ထူးခြားတဲ့အခြေအနေကို မြင်တွေ့ လိုက်ရတယ်။ ဘာဖြစ်တာလဲ။ လူတွေစုရုံးစုရုံးနဲ့ တစ်ခုခုတော့ ဖြစ်ပြီထင်တယ်။ ဒါနဲ့ ဘေးနားလူတစ်ဦးကို မေးကြည့်တယ်။
"ဘာဖြစ်တာလဲဗျ"
"မြေအောက်မိုင်းမှာ ကျောက်ပြိုလို့  အလုပ်သမားသုံးယောက် ဒဏ်ရာရသွားတယ်။ ဒါ့ကြောင့် ဘယ်သူမှ အလုပ်ထဲကို မသွားသေးပဲ ရုံးရှေ့ မှာ စောင့်ခိုင်းနေတာ"
သူကလည်း မြေအောက်မှာလုပ်တဲ့ အလုပ်သမား။ ယူနီဖောင်းမှာ ကျောက်မှုန်တွေ၊ စက်ဆီတွေနဲ့ ဆိုတော့ ဒရေလာပဲဖြစ်ရမယ်။ သူ့ မျက်နှာကလည်း အတော်လေးကို စိုးရိမ်နေတဲ့ပုံစံ။
တစ်ခါမှ ကျောက်ပိတာ မတွေ့ ဘူးဘူး။ တီဗွီထဲမှာတော့ မြေအောက်မိုင်းတွေ ခဏခဏ ပိတ်မိလို့  အလုပ်သမားတွေအသက် ဆုံးရှုံးတယ်။ ဒဏ်ရာရကြတယ်။ တစ်ခါက ချီလီက မြေအောက်မိုင်းမှာ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကျနော်တို့ ပြည်နယ်က ဒရေလာကို ခေါ်ပြီး တူးခိုင်းခဲ့ဘူးတယ်။ ကျောက်ပိတာဆိုတော့ ဆန်အိတ်ပိသလိုမျိုးတော့မဟုတ်ဘူး။ အနဲဆုံး တစ်သက်စာ ဒဏ်ရာရရင်ရ၊ မရရင် တခါတည်း နေရမှာ ပွဲချင်းပြီးသေပဲ။ အခုတော့ တီဗွီမှာ မြင်တွေ့ ရတာတွေကို ဒီနေ့ မိုးမလင်းခင်အချိန်မှာ ကျနော့်မျက်စိနဲ့ တပ်အပ်တွေ့ နေရပြီ။
သွေးတွေ။ သွေးတွေ။ ခါးရိုးကျိုးနေတဲ့လူ။ ခြေထောက်ကျိုးပြီး အရိုးငေါထွက်နေတဲ့လူ။ လက်ကျိုးသွားတဲ့လူ။ သူတို့ အားလုံး သတိလစ်နေတယ်။
မနက် ၇-နာရီလောက်မှာ အရေးပေါ်အစည်းအဝေးလုပ်တယ်။ မိုင်းတစ်ခုလုံးက အလုပ်သမားတွေအားလုံးတက်ရတယ်။ ဘူမိဗေဒပညာရှင်၊ အင်ဂျင်နီယာ၊ ဒရိုင်ဘာ၊ အိုင်တီသမားကစလို့ အကုန်လုံး အစည်းအဝေးမှာ မြင်တွေ့ နေရတယ်။ အားလုံးရဲ့ မျက်နှာတွေမှာ စိုးရိမ်ပူပမ်မှုတွေနဲ့ ။ ခန်းမတစ်ခုလုံး အပ်ကျသံတောင်မကြားရဘူး။
မိုင်းမန်နေဂျာက ဒီအချိန်မှာ မြို့ ထဲမှာရောက်နေတယ်။ ဒု-မန်နေဂျာက သူ့ နေရာမှာ ဝင်ပြီး အစည်းအဝေးကို ထိန်းတယ်။ သူ လည်း ခေါင်းမီးတောက်နေတဲ့ပုံ။ ဒါပေမဲ့ တည်ငြိမ်စွာနဲ့ ပဲ အစည်းအဝေးကို ဦးဆောင်တယ်။
"နာရီဝက်တစ်ခါ အခြေအနေမှန်ကို သတင်းပို့ မယ်။ ဘယ်သူမှ ဒီကိစ္စကို အပြင်ကို သတင်းမပေးပါနဲ့ ။ ဘာ့ကြောင့်လဲဆိုတော့ ဒဏ်ရာရတဲ့သူတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်နေမှာစိုးလို့ ပါ"
ဒဏ်ရာ ရတဲ့အလုပ်သမားတွေ အသက်အန္တာရာယ်စိုးရိမ်ရလားလို့  အလုပ်သမားတစ်ယောက်က မေးတော့။ စိုးရိမ်စရာမရှိပါဘူး။ ကျိုးယုံပါပဲလို့ ဒု-မန်နေဂျာက ပြန်ဖြေတယ်။ ၁ဝ-မိနစ်လောက်ပြီးတာနဲ့  အစည်းအဝေးကို အဆုံးသတ်လိုက်တယ်။
မိုင်းထဲမှာ လူနာတင်ကား၊ မီးသတ်ကားက အမြဲတန်းအဆင်သင့်ရှိတယ်။ လုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာ အရာရှိတွေလည်း အဆင်သင့်။ ဒဏ်ရာရတဲ့လူတွေကို လေယျာဉ်နဲ့ ချက်ချင်းလာခေါ်သွားတယ်။ လေယျာဉ်ထဲမှာက ဆေးရုံလိုလုပ်ထားတာဆိုတော့ သူတို့ အတွက် မစိုးရိမ်ရတော့ဘူး။ မြို့ ထဲမှာ ရောက်နေတဲ့ မန်နေဂျာကလည်း ချက်ချင်း ဂျက်လေယျာဉ်နဲ့ အလုပ်ထဲကို လာနေပြီဖြစ်ကြောင်း ဒု-မန်နေဂျာက အစည်းအဝေးမှာပြောလိုက်တာ ကြားရတယ်။ မိုင်းကို ဒီနေ့ ကစပြီး ကျနော်တို့ ခဏပိတ်ရတော့မယ်။ အင်စပတ်ရှင်ပြီးတော့မှ ပြန်ဖွင့်မယ်။ အလုပ်သမားတွေအားလုံးအတွက် ဘတ်စ်ကား နှစ်စီးစီစဉ်ထားပါတယ်။ ကိုယ့်အိမ်ကို ကိုယ်ပြန်ကြရမယ်ဆိုပြီး သူက ထပ်ပြောနေတယ်။
မိုင်းပြိုတဲ့အချိန်က မနက်လေးနာရီကျော်ကျော်လေး။ ညဆိုင်းဆင်းတဲ့ အလုပ်သမားသုံးယောက်က မြေအောက် အနက်မီတာ တစ်ထောင်လောက်မှာ အလုပ်လုပ်နေတယ်။ မီးပြင်တဲ့လူ။ ကျောက်မိုင်းခွဲတဲ့လူနဲ့ ကျောက်စမ်းသပ်တဲ့လူသုံးဦးက တနေရာတည်းမှာ စုပြီး အလုပ်လုပ်နေကြတယ်။ ဒီအချိန်မှာ ကျောက်မျက်နှာကျက် သံပြားက ကျောက်ရွေ့ လျားမှု့ ကြောင့် အောက်ကိုပြုတ်ကျလာလို့ အခုလို ဖြစ်သွားတာဆိုပြီး မျက်မျင်သက်သေက ရှင်းပြနေတာကို တွေ့ နေရတယ်။
"ကျနော်အတော်လေးကို ရှော့ဖြစ်သွားတယ်။ မသေတာကံကောင်းပါဗျာ"
ပြောနေတဲ့အချိန်မှာ လူတွေက သူတို့ ထင်ကြေးတွေပေးကြမေးကြတယ်။ အားလုံးကတော့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်မကောင်းကြဘူး။
မနက်-၈ နာရီမှာ အပ်ဒိတ် တစ်ခါထပ်လုပ်တယ်။ ဒီအချိန်မှာ မိုင်းမန်နေဂျာရောက်နေပြီ။ မိုင်းတစ်ခုမှာ သူက အရေးကြီးဆုံး။ တာဝန်အရှိဆုံး။ ဒါပေမဲ့ သူ့ ကိုကြည့်ရတာ အတော်တည်ငြိမ်နေတာကို တွေ့ ရတယ်။
" ကျနော်တို့ နောက်တစ်ခါ ဒါမျိုးထပ်မဖြစ်အောင် လုပ်ရမယ်။ ဒီနေ့ ကစပြီး မြေအောက်မိုင်းကို ခဏပိတ်မယ်။ စစ်ဆေးမယ်။ လုံခြုံစိတ်ချမှ အလုပ်ပြန်ဆင်းကြမယ်။ ဘာမေးစရာရှိလဲ "
ကိုးနာရီလောက်မှာ အားလုံးပြီးသွားပြီ။ ကျနော်တို့ မြေပေါ်က ရှာဖွေရေးဌာနက ဆက်ပြီးအလုပ်ဆင်းတယ်။ မြေအောက်ကို ပိတ်ထားတယ်။ ဒဏ်ရာရတဲ့သုံးယောက်ကတော့ တစ်သက်လုံး အလုပ်လုပ်လို့ ရပါ့မလားဆိုပြီး အားလုံးက မေးနေကြပြီ။ ဒီလိုဖြစ်ရင် ဒေါ်လာသန်းချီပြီတော့ သူတို့ လျှော်ကြေးတော့ရမှာပါ။ ဒါပေမဲ့ ဒါနဲ့ တစ်သက်လုံး စားမလောက်ပါဘူး။ ဘယ်သူမှလည်း ကျောက်ပိတာ မခံချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အတွေ့ အကြုံပေါ့လေ။ ကိုယ့်အလှည့်မဖြစ်အောင် သေချာ ဂရုစိုက်ရမှာပါ။
မိုင်းဆိုတာ ဖြစ်တာနဲ့ သေရင်သေ မသေရင် တစ်သက်လုံး လုပ်စားလို့ မရနိုင်အောင်ကို ကျိုးကျေ နိုင်ပါတယ်။
ဒါ့ကြောင့် ညက အိမ်မက်မကောင်းတာကိုး။
-----------------------------------
Miners injured in collapse at underground gold mine
Updated January 10, 2012 21:52:33
Photo: The miners were injured when some of the mesh underground collapsed. (www.goldfields.co.za)
Photo: The miner was flown from Leinster to Perth by the RFDS and taken to hospital. (ABC News)
Map: Leinster 6437
Three miners have been seriously injured at the Agnew gold mine in Western Australia's Goldfields.
The three were working underground at the mine in Leinster when mesh used to reinforce rock walls gave way and fell on top of them in the early hours of this morning.
The company which owns the mine, Goldfields Australia, says an onsite emergency team was sent to help.
One man has chest and spinal injuries, a second man has a broken arm and spinal injuries, and the third has a fractured leg.
The Royal Flying Doctor Service sent two planes to Leinster to collect the three who are described as being in a serious but stable condition.
Doctors and nursing staff attended to the miners at the scene before they were flown to Perth and taken to Royal Perth Hospital.
The RFDS's Sally Edmonds says the outcome of the incident could have been worse.
"Always lucky to get out of an accident alive," she said.
The Department of Mines and Petroleum will investigate the incident.
The department says two of its inspectors have been sent to Leinster.
Meanwhile, Goldfields Australia has confirmed that the mine is the same site where six miners were killed more than 20 years ago.
The six lost their lives in 1989 as a result of sudden flooding at what was then known as the Emu mine.
At the time, the site was operated by Western Mining Corporation but has since been taken over by Goldfields Australia and renamed.
http://www.abc.net.au/news/2012-01-10/miners-injured-in-collapse/3765792
1/10/12
၈၈-ကျောင်းသားသူပုန်တွေနဲ့ ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးစေချင်ပါတယ်
ခွပ်ဒေါင်း
ပါပီမ ရုပ်ရှင်ကြည့်ပြီးတော့ ABSDF ဆိုတဲ့ နာမည်ကို ကောင်းကောင်းမှတ်မိသွားတယ်။ အဲဒိနေ့ က တပ်ရင်းဗွီဒီယိုရုံမှာ ကြည့်ခဲ့ရတယ်။ နေရာက ပင်မခဲယမ်းမီးကျောက်တပ်၏ တပ်ရင်းဗွီဒီယိုရုံ။ တပ်ထဲမှာ အောက်ခြေရဲဘော်တွေ သူတို့ သားသမီးတွေအတွက် သီးသန့် တီဗွီတစ်လုံးထားပေးတယ်။ အားလုံးက ငမွဲတွေဆိုတော့ တီဗွီမပြောနဲ့ ကတ်ဆတ်တောင် မပိုင်တဲ့လူက များများ။ ပါပီမ ရုပ်ရှင်မှာ အဓိကမှတ်မိတာက ခွပ်ဒေါင်းအလံ။ အလံက လှတာတင်မကဘူး စိတ်ဓာတ်ကိုပါတက်ကြွစေတယ်လို့ ထင်တယ်။ ဒီအချိန်မှာ ကျနော့်အသက်က ၁ဝ-နှစ်ကျော်ကျော်ပဲရှိပါအုံးမယ်။ ကျောင်းသားတွေ တောခိုသွားတယ်။ ကျောင်းသားတွေစုပေါင်းပြီး ABSDF ကိုဖွဲ့ စည်းတယ်။ ပြီးတော့ အရက်တွေစုပြီး သောက်ကြတယ်။ ဘာ့ကြောင့် ကျောင်းသားတွေတောခိုတာလဲဆိုတာကို ကျနော်လုံးဝ နားမလည်ခဲ့ပါ။
၁၉၉၈-ခုနှစ် ဒီဇင်ဘာလမှာ ကျနော်တွေ့ ချင်တဲ့ ABSDF တွေနဲ့ တွေ့ ခဲ့ရတယ်။ ကျောင်းသားသူပုန်ဆိုတာတစ်ခုထဲပဲ ရှိတယ်ထင်ခဲ့တာ။ တကယ်တွေ့ တော့ လူ့ ဘောင်သစ်လည်း ကျောင်းသား၊ ပီဒီအက်ဖ်လည်းကျောင်းသား၊ ဘာတဲ့ ဗကသ နိုင်ငံခြားရေးရာ ကော်မတီလို့ ခေါ်တဲ့ကျောင်းသား။ အားပါးပါး ကျောင်းသားအဖွဲ့ အစည်းတွေတော်တော်များပါလား။ ဘာလို့ ဒီလောက်များတဲ့ အဖွဲ့ တွေဖြစ်နေတာလဲ။
ကိုယ်နဲ့ ရင်းနှီးတဲ့ ABSDF ထဲကို မရောက်ပဲနဲ့ လူ့ ဘောင်သစ်ထဲကို ရောက်ခဲ့တယ်။ သူတို့ အပြောကတော့ အားလုံးတစ်ခုနဲ့ တစ်ခု ခွဲလို့ မရဘူးလို့ ဆိုတယ်။ ဗကသကနေ လူ့ ဘောင်သစ်နဲ့ အေဘီဆိုပြီးဖြစ်ခဲ့တယ်ပေါ့။ အိုကေ...ပြဿနာမရှိဘူး။ ဘာအဖွဲ့ အစည်းပဲဖြစ်ဖြစ် ဘာနာမည်ပဲဖြစ်ဖြစ် အစိုးရကို လက်နက်ကိုင်ပြီး ချ လို့ ရရင်ပြီးရော။ ဒီလိုနဲ့ ပဲ ငယ်ငယ်တုန်းက နာမည်ပဲကြားဖူးတဲ့ ABSDF က ခေါင်းဆောင်တွေ ရဲဘော်တွေနဲ့ တွေ့ ခဲ့တယ်။ ခင်ခဲ့တယ်။ အထင်တွေကြီးခဲ့တယ်။ လေးစားခဲ့တယ်။ သူတို့ ကို အတုယူခဲ့တယ်။ အထူးသဖြင့် အခုပြောနေတဲ့ ၈၈-မျိုးဆက် အကိုကြီးတွေပဲပေါ့။
သူတို့ ရဲ့ ရည်ရွယ်ချက်တွေက အရမ်းရိုးသားခဲ့တယ်။ ပူပင်သောက နဲ့ လောဘမရှိ။ ဘောပင်ကိုင်တဲ့လက်က သေနတ်တွေကိုဆွဲကိုင်ပြီး အာဏာရှင်စနစ်ကို တိုက်ခဲ့တာဆိုတော့ မလေးစား အထင်မကြီးပဲ နေလို့ ရမလား။ လူတိုင်းလေးစားပါတယ်။
ကျောင်းသားသူပုန်တွေမှာ ကိုယ်ပိုင်နယ်မြေမရှိ။ သေနတ် မပြည့်စုံ။ နေစရာ စားစရာ ချို့ တဲ့ပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေကြတယ်။ သူများတွေ အပစ်ခတ်ရပ်စဲရေးလုပ်လည်း သူတို့ မပါ။ သူများတွေစစ်တိုက်ကြပြန်ပြီ၊ ပြည်သူတွေ တစ်ခုခုလိုနေပြန်ပြီဆိုရင် ကျောင်းသားသူပုန်တွေ အလိုလို ရွ နေပြီ။ တကယ်တမ်းတွေးကြည့်ရင် သနားဖို့ ကောင်းတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျောင်းသားသူပုန်တွေဟာ အဖြည့်ခံသတ်သတ်ပဲဖြစ်နေတယ်။
တိုင်းရင်းသားနယ်မြေတွေမှာ ခိုကပ်နေရတယ်။ တစ်ခါတလေ ကံမကောင်းရင် အသတ်ခံရတယ်။ ငှက်ဖျားကြောင့် သေတဲ့သူကသေ၊ ရူးတဲ့သူက ရူး။ နောက်ဆုံးတော့ သူများတွေ ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး ရတဲ့နေ့ မှာတောင် အဲဒိနယ်မြေတွေကနေ လွတ်ရာကျွတ်ရာကို အနစ်နာခံပြီး ဖယ်ပေးရသေးတယ်။ သူတို့ အတွက် ဘာရလဲ။ သူတို့ နောင်ရေးအတွက် ဘာများ အကျိုးကျေးဇူးခံစားခဲ့ရလဲ။ သူတို့ သားသမီးတွေ တော်လှန်ရေးလုပ်လို့  ဘာများရခဲ့လဲ။ တစ်ခုမှ မရပါဘူး။ ဘာမှမရတာကိုက ငါတို့ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လောက်ချစ်ကြောင်းပြတာဆိုပြီး ကြံဖန် ပီတိဖြစ်ရတဲ့ ကျောင်းသားသူပုန်တွေ။
လက်ရှိကာလမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ကြတယ်။ အပြင်ကလူတွေပြန်လာပါဆိုပြီး ကမ်းလှမ်းကြတယ်။ ငြိမ်းချမ်းရေးတွေလုပ်ကြတယ်။ တချို့ တွေပြန်သွားကြတယ်။ အများစုက လုံးဝမပြန်။ ဒီနေရာမှာ ကျနော်တို့ အကိုကြီးတွေလိုခေါ်လို့ ရတဲ့ ၈၈-မျိုးဆက်ကျောင်းသားသူပုန်တွေကို လက်ရှိဦးသိန်းစိန်အစိုးရက တကူးတကနဲ့ တခြားသူပုန်တွေလို မဆက်ဆံဘူး။ အလေးမထားဘူး။ ဘာ့ကြောင့်လဲ။
ကေအန်ယူ၊ ကေအိုင်အို၊ ချင်း စတဲ့တိုင်းရင်းသားတွေ ကောင်းစားနေချိန်လည်း ကျနော်တို့ က ဒုံးရင်းက ဒုံရင်းပဲ။ တတိယနိုင်ငံရောက်နေတဲ့ ကျနော်တို့ အကိုကြီးတွေလို့ ခေါ်လို့ ရတဲ့ ကျောင်းသားသူပုန်တွေကိုလည်း ကြည့်ပါအုံး။ အသက်ကြီးမှ နိုင်ငံခြားရောက်တော့ သူများတွေနဲ့ ယှဉ်ရင် အရမ်းနောက်ကြနေပြီ။ အောက်ခြေသိမ်း ၊ သူများမလုပ်ချင်တဲ့အလုပ်တွေကို လုပ်ကြရတယ်။ ဒီကြားထဲတိုင်းပြည်ထဲမှာ တစ်ခုခုဖြစ်ရင် မနေနိုင်ကြဘူး။ ကူညီကြတယ်။ ပေးကမ်းကြတယ်။ ပြီးရင် နိုင်ငံခြားကနေ ဆရာလုပ်တယ်ဆိုပြီး အပြစ်ပြောတာလည်း ခံရသေးတယ်။ ကူလည်းကူရသေးတယ်။ အဆဲလည်း ခံရသေးတဲ့ ၈၈-မျိုးဆက်အကိုကြီးတွေ ဘယ်လောက်သနားစရာကောင်းလဲ။
ကျောင်းသားသူပုန်တွေအချင်းချင်း မတည့်ကြဘူး။ နေရာလုတယ်။ နိုင်ငံခြားမှာ မျှောက်ပြဆန်တောင်းလုပ်ကြတယ်ဆိုပြီး ပြောတဲ့သူကပြောတယ်။ ဒီနေရာမှာ အဲလိုမျိုးလုပ်ပြီး အကျိုးကျေးဇူးခံစားရတဲ့လူတွေက လက်ချိုးရေလို့ ရပါတယ်။ ဒီလိုလူမျိုးတွေရှိပါတယ်။ မရှိဘူးလို့ မပြောပါဘူး။ ကျနော်တို့ ကိုယ့်ထမင်းကိုယ်စားပြီး တိုင်းပြည်အတွက် မနေနိုင်လို့ ဝင်ပြော ဝင်လုပ်နေတာပါ။
အခုဆိုရင် ဒီလူတွေဟာ ငယ်တဲ့လူတွေမဟုတ်တော့ဘူး။ ငါးဆယ်တန်းကိုရောက်နေပြီ။ ၆ဝ-နားရောက်ဖို့တောင်ကပ်နေပြီ။ သူတို့ ကို အသုံးချဖို့ အချိန်တန်ပြီ။ ဒီအသက်အရွယ်မှ မသုံးရင် ဘယ်အချိန်ကြမှ သုံးမှာလဲ။ သူတို့ ရဲ့ လူ့ စွမ်းရည်တွေကိုသာ အသုံးချဖို့ အတွက် အခွင့်အလမ်းပေးကြည့်ပါ။ ပေးရဲတဲ့သတ္တိလည်း ရှိစေချင်တယ်။ အမျှော်မြင်ကြီးတဲ့သူတွေဆိုရင် လုံးဝကို ပေးရဲရမယ်။ ဒီလူတွေရဲ့ အရည်အသွေးတွေဟာ တိုင်းပြည်ထူထောင်ရေးအတွက် အရမ်းကို အရေးကြီးပါတယ်။ ၈၈-ကျောင်းသားသူပုန်တွေရဲ့ အရေအတွက်က နဲ တာမဟုတ်ပါဘူး။ ပညာတက်တွေလည်း နိုင်ငံတကာမှာ ထောင်သောင်းမကဘူး။
၈၈-တွေအနေနဲ့ သူတို့ ဘဝမှာ စွန့် လွှတ်ခဲ့ရတာတွေ များနေပါပြီ။ အနစ်နာခံရတာများနေပါပြီ။ ယနေ့ မှာတော့ သူတို့ စွန့် လွှတ်အနစ်နာခံမှု့ တွေကို အသိအမှတ်ပြုဖို့ အချိန်ရောက်နေပါပြီ။ ကရင်၊ ရှမ်း၊ ချင်း စတဲ့တိုင်းရင်းသားအဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေလက်မှတ်ထိုးသလို ကျနော်တို့ အကိုကြီးတွေနဲ့ လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ အချိန်တန်ပါပြီ။ ဒီလိုလက်မှတ်ထိုးတဲ့နေရာမှာ FDB တစ်ခုထဲနဲ့ လုံးဝမဖြစ်နိုင်ပါဘူး။ နိုင်ငံတကာရောက်နေတဲ့ ၈၈-တွေ၊ ထောင်ထဲက ၈၈-တွေ၊ တောထဲက ၈၈-တွေ၊ ပြည်တွင်းက ၈၈-တွေအားလုံးကို ကိုယ်စားပြုတဲ့ အစုအဖွဲ့ တစ်ခုနဲ့  လက်မှတ်ထိုးဖို့ လိုပါတယ်။ ဒီအဖွဲ့ ဖြစ်လာဖို့ အတွက် လက်ရှိ နေရာအနှံ့ အပြားက ၈၈-သူပုန်အကိုကြီးတွေ အခုကတည်းက ရွေးချယ်ထားဖို့ လိုအပ်နေပါပြီ။
တနေ့ ကြရင် အားလုံး မြန်မာပြည်ထဲမှာ ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။
1/8/12
Good News
အစိုးရအဖွဲ့ ထဲမှာ ကွဲ နေပါပြီ။ ဦးသိန်းစိန်အဖွဲ့ အနောက်ကို ကိုမင်းအောင်လှိုင် လိုက်မယ်လို့ သတင်းထွက်နေပါတယ်။ အဓိက ဦးအောင်သောင်းကို ရှင်းရမယ်လို့ ဆိုတယ်။ သူ့ ရဲ့ အမျိုးတွေအားလုံးက စစ်တပ်က တကယ့်အာဏာရှိတဲ့ နေရာတွေမှာ စီးထားပါတယ်။ ငွေကြေးလည်း အရမ်းတောင့်တင်းပါတယ်။ သူ့ သားကိုပဲကြည့်ပါ။ နောက်ပြီး တခါမှ စစ်မတိုက်ဘူးတဲ့ သူ့ တူတောင် စစ်လက်နက်ညွန်မှူးဖြစ်နေပါတယ်။ ဒီလိုအခြေအနေကို ကိုမင်းအောင်လှိုင်က ရှင်းမယ်လို့ ဆိုတယ်။ ဦးသန်းရွှေတောင်နားသွားပြီ။ အသက်ချင်းမကွာတဲ့ ဦးအောင်သောင်းကြတော့ ဘာလို့ မနားတာလဲဆိုပြီး တပ်ထဲမှာ ဒေါပွနေတယ်လို့ သိရပါတယ်။
1/4/12
ကွာပုံကွာနည်း
သုံးယောက်လုံးက အသက်လည်း မတိမ်းမယိမ်း။ အလုပ်အတွေ့ အကြုံလည်း အတူတူ။ ပြီးတော့ ရာထူးချင်းလည်း တူတယ်။ ပညာအရည်အချင်းကလည်း သိပ်ပြီးမကွာဘူး။
တနေ့ မှာ သူတို့ သုံးယောက်ခရီးထွက်ကြတယ်။ မဲ့ဆောက်၊ ဘန်ကောက်၊ ချင်းမိုင်ကနေတဆင့် စံခလပူရီ (ဘုရားသုံးဆူအနီး) ကိုရောက်လာကြလေတယ်။ သူတို့ လာရင် ထုံးစံအတိုင်း ခေါင်းစဉ်ကတော့ နိုင်ငံရေးပေါ့။ ဘာနိုင်ငံရေးလဲလို့ မေးရင် နိုင်ငံရေးလို့ ပဲ မှတ်ပါ။
သူတို့ သုံးယောက်လုံးမှာ နှစ်ယောက်က ဗိုက်ပူတယ်။ တစ်ယောက်ကတော့ ဗိုက်မပူတဲ့လူပါ။
လာတဲ့အချိန်မှာ သူများတွေလို သူတို့ ဘက်စ်ကား တိုးစီးပြီး လာတာမဟုတ်ပါဘူး။
ဆံတယ်။ အထူးသဖြင့် အားကိုးတဲ့ မျက်နှာတွေ၊ အထင်ကြီးသော ဖားချင်သော မျက်နှာတွေနဲ့ သူတို့ လူကြီးတို့ ကို ဆက်ဆံပါတယ်။
တပ်ရင်း (၁) က တပ်ရင်းမှူးဖြစ်တဲ့ ကိုသိန်းလွင်ဟာ သူ့ အိမ်မှာ စက်ချုပ်တယ်။ သူ့ မိန်းမက အပိုဝင်ငွေရအောင် အမွှေးညှပ်တယ်။ သူငှားတဲ့ အိမ်တော်ကြီးက ဖုံတွေအလီလီ၊ ခြင်တွေ တ၀ီဝီနဲ့ ။
အိမ်ထဲမှာ ဖျာနဲ့ စောင်ကို အားကိုးပြီးအိပ်ရတဲ့ဘ၀။ ကိုယ်ပိုင်မော်တော်ကားမရှိ။
ကိုယ်ပိုင်အ၀တ်လျှော်စက်မရှိ။ ထမင်းချက်ဖို့ အိုးတောင် နှစ်လုံးလောက်ပဲတွေ့ ရတယ်။ ကိုယ်ပိုင်ဆိုင်ကယ်တောင်မရှိတဲ့ဘ၀။ ပိုက်ဆံဆိုရင်လည်း ဟိုလူ့ ဆီက ချေးရငှားရနဲ့ ။ တနေ့ လုပ်မှ တနေ့ စားရတဲ့ဘ၀လို့ ပြောလို့ ရပါတယ်။
ဒု-ရင်းမှူးဖြစ်တဲ့ ကိုလေးလို့ ခေါ်တဲ့လူက ခလော့ခနီဒုက္ခသည်စခန်းထဲမှာ တံမြက်စည်းပင်တွေကို လိုက်ချိုးပြီး ကုန်သည်တွေကိုရောင်းတယ်။ တနေ့ ကို ဘတ်ငွေငါးဆယ်လောက်ရတယ်လို့ ပြောတယ်။
ရတဲ့ပိုက်ဆံနဲ့ ခလော့ခနီဒုက္ခသည်စခန်းထဲက ဘားတိုက်မှာ ရဲဘော်တွေနဲ့ အတူတူနေတော့ သူ့ ဘ၀ကလည်း ပျော်စရာတမျိုးကောင်းသားပဲ။ ကျန်တဲ့ ရဲဘော်တွေက ခလေးတပြုံကြီးတွေနဲ့ ပန်းရံလုပ်လိုက်၊ ရာဘာခြစ်လိုက်နဲ့  သူတို့ ဘ၀တွေကို ကြိုးစားရုန်းကန်ကြရတယ်။
လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ နိုင်ငံခြားက ပြန်လာပြီဆိုရင်လည်း သူတိုအရမ်းပျော်ကြတယ်။ ပြီးရင် ကြိုက်တဲ့အကူအညီတောင်း ပေးကြတဲ့အထိဆိုတော့ သူတို့ ကိုလူတိုင်းက သံယောဇဉ်မပြတ်နိုင်ပါဘူး။
ရဲဘော်အချင်းချင်း စိတ်ဆိုးစကားများလည်း ခဏပဲ။ ပြီးရင် ထိုးကြကြိတ်ကြနဲ့ ညနေစောင်းအရက်သောက်ပြီးပြီဆိုရင် တစ်ယောက်ပုခုံးကို တစ်ယောက်ဖက်ပြီး ချစ်ချစ်ခင်ခင်နေကြတဲ့ ဓလေ့။ ဒီလိုနဲ့ ပဲ နေ့ တဓူဝ သူတို့ ဘ၀တွေကို ရုန်းကန်ဖြတ်သန်းနေရပေမဲ့ သူတို့ မျက်နှာတွေက အတော်အေးချမ်းလှပါတယ်။ သူတို့ အကျင့်သီလတွေက သူများတွေလို နာမည်ပျက်စာရင်းလည်းမရှိကြပါဘူး။
အထက်ကပြောတဲ့ ခေါင်းဆောင်ကြီးသုံးယောက်ရောက်လာတော့ ကျနော်တို့ သူငယ်ချင်းတွေပျော်ကြတာပေါ့။ သူတို့ အထုတ်အပိုးတွေကို ၀ိုင်းသည်ကြနဲ့ ။ အလုပ်ရှုပ်ကြလေတယ်။ လုံခြုံရေး ယူပေးတဲ့သူက ယူနဲ့ ။
ကိုယ်ပိုင်ကားနဲ့ လာတဲ့ ခေါင်းဆောင်ကြီးသုံးယောက် အစည်းအဝေးပြီးတာနဲ့ စံခဈေးထဲကို သွားကြတယ်။ Siam Commercial Bank မှာ အေတီအမ်ကတ်နဲ့ ငွေတွေကို ထုတ်တာ အထပ်လိုက် ဝေါကနဲဝေါကနဲ ထွက်လာတဲ့အသံတောင်ကြားရတယ်ဆိုပဲ။ ငွေထုတ်တဲ့အချိန်မှာ ဗိုက်ပူခေါင်းဆောင်ကြီးနှစ်ယောက်ကလွဲလို့ ဗိုက်မပူနိုင်တဲ့ခေါင်းဆောင်ကြီးကတော့ ကားထဲမှာ မျက်နှာငယ်ငယ်နဲ့ ငုတ်တုတ်ကလေးထိုင်ပြီး ငိုင်နေတဲ့ပုံစံကို တွေ့ ရတဲ့ သူ့ ရဲဘော်က-
"
ကျနော့်ဥက္ကဌကို သနားလိုက်တာဗျာ"
"
နေပါအုံး...ခင်ဗျားက ဘာလို့ သနားတာလဲ"
ကျနော်က စပ်စုချင်တဲ့အသံနဲ့ မေးခွန်းမေးတယ်။
"
ကိုသံခဲခင်ဗျာ....ကိုအောင်မိုးဇော်နဲ့ ကိုနိုင်အောင် ဘဏ်ထဲကနေ ငွေထုတ်နေတာကို ကြည့်ပြီး သူ့ ကိုယ်သူ စိတ်မကောင်းဖြစ်နေတဲ့ပုံစံဖြစ်နေလို့ ဗျ"
"
ခပ်ထေ့ထေ့အသံနဲ့ ကျနော်ဆွပေးတယ်။
"
မွဲပေမဲ့ ဥက္ကဌက သူများတွေလို နာမည်ပျက်မရှိဘူး....ခင်ဗျားဒီလိုမပြောပါနဲ့ "....ဆိုပြီး တပ်ရင်း (၁) က ရဲဘော်ကြီးက သူ့ ခေါင်းဆောင်ကို အထင်ကြီးတဲ့လေသံတုန့် ပြန်တော့ ကျနော်လည်း စောဒကမတတ်မိပါဘူး။
ကိုယ်တင်ထားတဲ့ ဘုရား ကိုယ်မှ မကိုးကွယ်ရင် ဘယ်သူက ကိုးကွယ်မှာလဲဆိုပြီး ဘေးမှာ ရပ်နေတဲ့ ရဲဘော်ကြီးက စကားဝိုင်းကို ဖြတ်ပြီး မှတ်ချက်ပေးသံ သဲ့သဲ့ကို ထပ်ကြားလိုက်ရသေးတယ်။
ကိုအောင်မိုးဇော်၊ ကိုသံခဲ၊ ဒေါက်တာနိုင်အောင်တို့ စံခမှာ နိုင်ငံရေးခရီးစဉ်နဲ့ အလည်လာတုန်း တည်းခိုစရာ ရှာရပါတယ်။ ဈေးအကြီးဆုံးတည်းခိုးခန်းမှာ တည်းပါတယ်။ ဘတ် (၁၀၀၀) ကျော်ပေးရတဲ့ တည်းခိုခန်းကို မကောင်းဘူးဆိုပြီး ပြောတဲ့ ခေါင်းဆောင်ကြီးကလည်း ပြောရှာတယ်လို့ အခန်းရှာပေးတဲ့ ရဲဘော်ကြီးက ပြန်ပြောပြတော့ သြော်...ဒုက္ခ...ဒုက္ခလို့ 
လို့ ပဲ ကျနော်တွေးမိတော့တယ်။
ကျနော်တို့ သြစတျေးလျကနေ စံခလပူရီကို သွားလည်ပြီးဆိုရင် ရဲဘော်တွေနဲ့ အတူတူနေ၊ အတူတူစား၊ အခန်းငှားမဲ့ပိုက်ဆံကို သူတို့ အိမ်မှာ လိုအပ်တာကို ၀ယ်ပေး။ ဒီလိုမျိုးဗျ။ မယုံရင် ဆလိုင်းကိုကိုဦးကို မေးကြည့်ပါ။ သူဆိုရင် တစ်ခါမှ တည်းခိုခန်းမငှားပါဘူး။ ကပ်စေးနည်းလို့ လားမသိဘူး။
အခုကြတော့ ခေါင်းဆောင်ကြီးတွေက ရဲဘော်တွေအိမ်မှာ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး၊ မနေနိုင်တော့ ကျနော့် စိတ်ထဲမှာ ဒီလူတွေ၊ သူများထက်ထူးပြီးနဖူး လဥ တက်ပေါက်နေသလားလို့ တောင် ထင်မိတယ်။
ကိုယ့်ရဲဘော်တွေပဲဗျာ တစ်ရက်တလေလောက် အတူတူနေရင် ပိုပြီးကောင်းတာပေါ့။ ဒါဆိုရင် ပတ်ဝန်းကျင်ကလည်း အထင်ကြီးအုံးမယ်။ အခုကြတော့ ဈေးအကြီးဆုံးတည်းခိုးခန်းမှာ တည်းချင်လို့ စုတ်ပြတ်သတ်နေတဲ့ ရဲဘော်တွေက လိုက်ရှာပေးရတယ်။ တရားဖို့ ကောင်းလိုက်လေခြင်း။ လေးစားအတုခိုးဖွယ် ကောင်းသော ခေါင်းဆောင်ကြီးတွေလို့ မှတ်ချက်ပေးရမလို့ ဖြစ်နေပြီ။
စံခမှာမှာ အင်း ကြီးတော့ အတော်လှတယ်။ မွန်ဘုန်းကြီးဆောက်ထားတဲ့ သစ်သားတံတားကလည်း အတော်လေးကို စွဲဆောင်မှုအားကောင်းတယ်။ ဒါ့ကြောင့်နှစ်စဉ် လူစည်ကားတဲ့နေရာလေးလို့ ခေါ်နိုင်တယ်။
အင်းထဲမှာ ငါးမျှားချင်လို့ ဆိုပြီး ခေါင်းဆောင်ကြီးသုံးယောက်က ငါးမျှားတံကို ထိုင်းဘတ်ငွေ (၇၀၀) ကျော်လောက်အကုန်ခံပြီး ၀ယ်ပါတယ်။ ငါးမျှားတံက ကျနော်တို့ ဗမာတွေမျှားတဲ့ငါးမျှားတံမဟုတ်ပါ။ တီကောင်နဲ့ ဝါးကို အသုံးပြုပြီး မျှားတာမဟုတ်တော့ မျှားတက်အုံးမှ။ ကျနော်ဒီဟာကြီးကို အသုံးပြုပြီး တစ်ခါမှ မမျှားဘူးဘူး။ တောကျတယ်ပဲဆိုပါစို့ ။ ကိုယ်မှ တစ်ခါမှမမျှားဘူး တောကျလဲ ကျပေါ့ဗျာ။
ဒါနဲ့ စကားမစပ် ခေါင်းဆောင်ကြီးတွေတော့ ဘယ်လိုမျှားလဲ၊ ငါးကော ရလားလို့ မေးအုံးမယ်။ တစ်ကောင်မှ မရပါ။ လူအထင်ကြီးအောင်လို့ မျှားတာပါဆိုပြီး ရဲဘော်တွေက မှတ်ချက်ပေးပါတယ်။
ငှားမျှားပြီးတော့ နေကအတော်စောင်းနေပြီ။ ဘတ်ငွေထောင်ကျော်ပေးငှားရတဲ့ ဖောင် အိမ်ပေါ်မှာ အပန်းဖြေမယ်။ ဖောင်စီးရင်း အရက်သောက်ချင်ပါတယ်ဆိုလို့ ဒေသခံတပ်ရင်း(၁) က ရဲဘော်တွေက လိုက်ပြီးငှားပေးရတယ်။ ပြီးရင် သူတို့  အကောင်းစားအရက်နဲ့ ဖော်ပေါ်မှာ ဇိမ်ခံတယ်။ အကောင်းစား နိုင်ငံရေးတွေနဲ့ အမြည်းလုပ်တယ်။ ဘေးနားမှာ စုတ်ပြတ်သတ်နေတဲ့ အရက်သမားရဲဘော်ကြီးတွေက အပေါစား လောက်ခေါင်နဲ့ ။
သူတို့ အဆိုအရ ခေါင်းဆောင်ကြီးတွေက နှိမ်တာမဟုတ်ပါဘူး။ လောက်ခေါင်နဲ့ မှ သူတို့ ရေချိန်ပိုလို့ ကိုက်ပါတယ်ဆိုပြီး ပြောရှာတော့ စိတ်ထဲမှာ တကယ့်ရဲဘော်ကောင်းတွေပါလားလို့ ။
ကိစ္စ အ၀၀ ပြီးတော့ ဒေါက်တာနိုင်အောင်က အလှူအတန်းနည်းနည်းပေးပါတယ်။ တပ်ရင်း (၁) မှာ လိုအပ်တာသုံးဖို့ အတွက် ဘတ်ငွေလေးငါးထောင် ပေးရှာပါတယ်။ ကိုအောင်မိုးဇော်လည်း စွန့် သင့်သလောက် စွန့် ပါတယ်။ အားလုံးပေါင်းမှ ငါးထောင်ကျော်လောက်ပဲရှိတယ်လို့ ပြောပြတယ်။ အေဘီအက်စ်ဒီအက်ဖ်တပ်ရင်းကို အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌကလွဲရင် ကျန်တဲ့ ဗိုက်ပူခေါင်းဆောင်နှစ်ယောက်ကတော့ပေးနိုင်ပါတယ်။ ကိုသံခဲ ကပ်စေးနည်းလို့ လား။ လုံးဝမဟုတ်ပါဘူး။ ပေးစရာ ရှိကို မရှိလို့ ပါ။ နိုင်ငံရေးခရီးစဉ်တောင် သူများက အကုန်အကျခံလို့ လာနိုင်တာလေ။
အဲဒနေ့ မှာ ဖောင်ငှားတာ၊ အရက်သောက်တာ၊ ငါးမျှားတံဝယ်တာ၊ တည်းခိုးခန်းငှားတာ အားလုံးပေါင်းရင် တစ်သောင်းကျော်လောက် ထွက်တယ်ဆိုတော့ ကိုယ့်ရဲဘော်တွေ နဲ့  တပ်ရင်းအတွက်ကို ပေးတဲ့ ငွေ (၅၀၀၀) ကျော်က နည်းများနည်းနေလားလို့ ပါ။ ပေးတာပဲ ကံကောင်းလို့ ပြောရမလို ဖြစ်နေပြီ။ ကျေးဇူးကြီးမားပါတယ် ခေါင်းဆောင်ကြီးတို့ ရယ်။
"
ဥက္ကဌ ကျနော့်ကို မုန့် ဖိုးနည်းနည်းလောက်ပေးအုံးနော်"
အေဘီ ရဲဘော်တစ်ဦးက ကိုသံခဲဘေးနားကို ကပ်ပြီးတိုးတိုးလေးတောင်းတယ်။ 
ကိုသံခဲကလည်း တိုးတိုးလေးပြန်ပြောတယ်။
"
ငါ့ဆီမှာ အရမ်းမတောင်းပါနဲ့ ကွာ။ ငါက သူများ ဥက္ကဌတွေလို မချမ်းသာဘူးကွ။ ရော့ တစ်ရာပဲယူ"
1/3/12
မှတ်ပလား ဇာဂနာ ဂတုံးကြီးရဲ့ 
စိတ်မရှည်သူများသို့ -
အခုမလွှတ်ပေမဲ့ နောင်ကြရင် လွှတ်မှာပါ စိတ်ရှည်ရှည်ထားကြလေဗျာ....ရွေ့ နေတယ်လေ...။ အရွေ့ ...ဆိုတာ...အရွေ့ ပဲဆိုတော့ ရွေ့ နေတာပေါ့နော်...။
မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ( အပိုင်း-၁) (အောင်မိုးဝင်း)
နန်းအောင်ထွေးကြည် (ညာ)
(၁) ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။ နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။ မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( အထက်ဗမာပြည်) ရဲဘော်တယောက်အနေနဲ့၊ ၁၉၉၀ မန္တလေးညီလာခံကို လာရောက်တက်ခဲ့ကြတဲ့ မိုးညှင်းဒေသ က ကျောင်းသားတပ်မတော် ရဲဘော်တွေကို အထူးတလည် နှုတ်ခွန်းဆက်သ ချင်သလို၊ ကျောင်းသား တပ်မတော် ( မြောက်ပိုင်း) ရဲ့ တော်လှန်ရေးသမိုင်းဂုဏ်သိက္ခာကို သွေးစီးချောင်းတွေပေါ်မှာ မျှောချ၊ အဖွဲ့ဖျက်ပစ်သည်အထိ သေးသိမ်အောင်လုပ်ခဲ့ကြတဲ့၊ သူ့လူကိုယ့်ဘက်သား လူသတ်သမားများကိုတော့ သမိုင်းစာရင်းရှင်းတမ်းအဖြစ် ဆက်လက်လုပ်ဆောင်သွားကြပါမယ်။
ကျောင်းသားတပ်မတော် နဲ့ တော်လှန်ရေးကို အသက်စွန့်ပြီး ချစ်ခဲ့ကြပေမဲ့၊ ကျဆုံးစာရင်းမှာ အသိအမှတ်ပြု မခံရတဲ့ ရဲဘော်တွေအတွက် ဆက်လက်မေးခွန်းထုတ် ကြရပါလိမ့်မယ်။ စိန်ခေါ်တောင်းဆိုကြရပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ သူတပါးကျူးလွန်ခဲ့တဲ့ အကုသိုလ်ကံတွေကို ကျနော်တို့ ဆီ လောင်မြိုက်ကူးစက်မှုတွေ မရှိစေချင်ပါဘူး။ ပြဿနာတွေကို စိတ်အေးအေးထားပြီး ဖြေရှင်းကြရပါ လိမ့်မယ်။
လူပုဂ္ဂိုလ်တစုံတယောက်အပေါ်မှာ မုန်းတီးခြင်းမျိုး၊ တဖွဲ့နဲ့တဖွဲအုပ်စုဖွဲ့ သိက္ခာချတိုက်ခြင်းမျိုး ကို ရှောင်ရှားပြီး၊ ဒီမိုကရေစီအရေးတော်ပုံရုန်းကန်မှုရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူကြသင့်ပါတယ်။ မှတ်တမ်းအဖြစ်လောက်သာ ထားရှိခြင်းမပြုလုပ်ပဲ၊ ဆက်လက် အရေးယူဆောင်ရွက်ရပါမယ်။ တကယ်တော့ ဒီအကြောင်းအရာတွေကို ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ဆုံးခန်း တိုင်တဲ့အချိန်ကျမှ ဖွင့်ပြောဖို့ မြိုသိပ်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတော်ပုံကို လေးမြတ်စွာလုပ်ကိုင်နေကြတဲ့ ကျောင်းသားတပ်မတော်ရဲဘော်တွေ နဲ့ လှုပ်ရှားမှု သမိုင်းကို မထိခိုက်စေချင်တာတကြောင်း၊ ကျန်တဲ့ မျိုးဆက်သစ်လူငယ်တွေ ဟာ ဒီအကြောင်း အရာတွေကို ဖတ်ပြီး နိုင်ငံရေးအပေါ် စိတ်ပျက်သွားမှာ တကြောင်းကြောင့် ဖွင့်မပြောချင်ခဲ့ပါဘူး။
ဒါပေမဲ့ အစုလိုက်အပြုံလိုက်၊ လူသတ်မှုမှာပါဝင်ပတ်သက်နေခဲ့တဲ့သူတွေ ဟာ၊ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ကို စံနစ်တကျဖျက်ဆီးသွားပြီး နောက်၊ ထိုင်းနယ်စပ်မှာ အကျင့်ပျက်ခြစားမှုတွေကို အုပ်စုလိုက်ကျူးလွန်ပြီး၊ နိုင်ငံတကာက ထောက်ပံ့တဲ့ငွေတွေကို အောင်သေအောင်စား စည်းဇိမ် ခံ ပျော်မြူးခဲ့ကြတယ်။
ပြည်ပ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုကို နာမည်ပျက်အောင်လုပ်ခဲ့ကြတယ်။ နိုင်ငံတကာက ယုံကြည်မှုမဲ့လာပြီး NGOs တွေနဲ့ ငွေထောက်ပံ့သူတွေက ပြည်တွင်းကိုအာရုံရွေ့သွားတဲ့အခါမှာတော့ ပြည်တွင်းနိုင်ငံရေးကို ဝင်ရောက်ရှုပ်ကြဖို့ ခြေလှမ်းပြင်နေကြတယ်။ ဒီတခါတော့ မရတော့ပါဘူး။
(၂)
ဒီနေရာမှာ KIA နဲ့ ပတ်သက်လို့ ပြောစရာတခုရှိပါတယ်။ ကျောင်းသားတွေ အယောက်(၉၀) ကျော် ဖမ်းထားတာကို ကြားတော့ KIA ဗိုလ်မှူးတွေက လာရောက်မေးပါတယ်။ ( ထုံးစံအားဖြင့်တော့ KIA က ကျောင်းသားတပ်မတော်အပေါ်မှာ ဝင်ရောက်စွက်ဖက်လေ့မရှိပါဘူး)၊
“ ငါတို့မှာ ဘရန်ဆိုင်းလက်ထက်ကတည်းက ရန်သူ့ထောက်လှမ်းရေးဆိုလို့ (၅) ယောက်လောက်သာ မိဘူးပါတယ်။ မင်းတို့ဟာက များလှချည်းလား။ ဟုတ်လို့လား” ဆိုတော့ “ ရော်နယ်အောင်နိုင် က အော် - ဗိုလ်မှူးတို့ကလည်း ကျားကိုက်ပါတယ် ဆိုမှ အပေါက်နဲ့လား လို့ မေးနေရသေးတယ်။
ဗိုလ်မှူးတို့က ငါးယောက်ပဲ မိတယ်ဆိုတော့ ညံ့တာပေါ့” လို့ ရယ်မောပြီးဖြေတယ်လို့သိရ ပါတယ်။ ရော်နယ်အောင်နိုင် ရဲ့ “ All the Wars are Dirty” အင်တာဗျူးမှာ ကေအိုင်အေ အပေါ်အပြစ်တွန်းချ ထားတဲ့ စကားတွေကို ပြုံးမိပါတယ်။ လူသတ်တာတွေကြားတော့ ဖုံးမရဖိမရ အနံ့တွေထွက်လာတဲ့အခါ ကျတော့ ကေအိုင်အေ က စစ်ခေါင်းဆောင်တွေ ဇွတ်အတင်းဝင်ရောက်လာပြီး ရပ်ခိုင်းတော့တယ်။ နန်းအောင်ထွေးကြည် ကို ခေါ်ထုတ်သွားတယ်။
တကယ်တော့ လူသတ်မှုအပြင် နောက်ထပ်မေးရမဲ့ မေးခွန်းတခုကတော့ အေဘီ ( မြောက်ပိုင်း) ဟာ ဗဟိုလို မဟုတ်ပါဘူး။ ဗဟိုကော်မတီတွေက ချမ်းသာကြပါတယ်။ ကေအိုင်အေ ဆီက ကျောက်စိမ်းတွင်းတွေ အပါအဝင် အထောက်အပံ့တွေရထားကြပါတယ်။ အဲ့ဒီ ရံပုံတွေတွေ ဘယ်ရောက်သွားသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ကာယကံရှင်တွေဖြေဆိုနိုင်ကြပါလိမ့်မယ်။
(၃)
ပထမပိုင်းအနေနဲ့ မြောက်ပိုင်းဒေသမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ စာရင်း ကို ပေးပို့ လိုက်ပါတယ်။ လူနှစ်ယောက်အကြောင်းကိုတော့ အထူးပြောချင်ပါတယ်။
တဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ရဲမေ မခင်ချိုဦး အကြောင်းပါ။ သူမ နဲ့ စွပ်စွဲခံရတဲ့ ပြည်စိုးနိုင် (ရန်ကုန်) ကို လိုင်စင်လို အေးခဲတဲ့ရာသီအောက်မှာ မြေမြှုပ်ပြီး၊ ခေါင်းကိုသာမြေပေါ်ဖေါ် ထားခဲ့တယ်။
နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားတဲ့အခါ၊ မခင်ချိုဦး ကို အေးခဲနေတဲ့ ရုပ်အလောင်းအား Oral Sex လုပ်ခိုင်းတယ်။ မျိုးဝင်းတို့ အုပ်စုတစုလုံးက မုဒိမ်းကျင့်ပြီး ခေါင်းဖြတ်သတ်ဖို့ လုပ်တဲ့အခါ၊ “ နောင်ဘဝမှာ ခုလို ခေါင်းပြတ်ကြီးနဲ့ မသေပါရစေနဲ့၊ သေနတ်နဲ့ပစ်သတ်ပေးပါ” လို့ တောင်းဆိုတဲ့အတွက် သံချောင်းက သေနတ်နဲ့ဝင်ပစ်ပေးခဲ့တယ်။
ဒုတိယတဦးကတော့ ကိုကျော်ဝေ ပါ။ သူ့ကို ပျော့မိုင်းနဲ့ချည်ပြီး ဘောလုံးကွင်းထဲပတ်ပြေးခိုင်းတယ်။ ပျော့မိုင်းကွဲသွားခဲ့တဲ့အတွက် လက် ပြတ်သွားတယ်။ အဲ့ဒီ လက်ပြတ်ကြီးနဲ့ပဲ အချုပ်ထဲမှာ ဆက်လက်ချုပ်နှောင်ထားခဲ့တယ်။ သူ့လိုပဲ စစ်ကြေရေးကာလမှာ မိုင်းခွဲခံရတဲ့သူတွေရှိပါတယ်။
အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။
(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)
သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများ ကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံ လိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။
(၂) ကိုချိုကြီး ( မန္တလေး)
စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။
(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)
ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန် တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။
(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)
ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ် ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။
(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)
သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။
(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)
ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ် ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။
(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)
ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊
(၈) ကိုလှမြင့် ( တပ်ကုန်း)
ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။
(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)
ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊
(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)
အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့ သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြော သလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြား ရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)
အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံး ချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။
(၁၂) ဗိုလ်သာဓု ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံခဲ့ရ
( ၁၃) ရဲဘော်အောင်အောင် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၄) ရဲဘော်အေးမြင့် ( ကသာ)
ခေါင်းဖြတ်သတ်ခံရသည်
(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)
ခေါင်းဖြတ်သတ်ခံခဲ့ရသည်
(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)
ခေါင်းဖြတ်သတ်ခံရ
(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)
ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။
အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှု ထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။
စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက-
(၁) ကိုကျော်ဝေ ( မန္တလေး)
(၂) ကိုစိုးဝင်းသန်း ( မန္တလေး)-
KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင် သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။
(၃) ကိုဝင်းနောင် (ရန်ကုန်)
ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊
(၄)ကိုရန်ရှင်း (ရန်ကုန်)-
ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်
(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) -
ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်
ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။
View My Stats