သြော်စီက မိုင်းကိုသွားဖို့အတွက် ဘယ်လိုသွားရင်ကောင်းမလဲ..ဆိုတာ ကျနော်စုံစမ်းတယ်။ စစ်သားသားသမီးဘ၀တုံးကလည်း အခက်အခဲတွေနဲ့ကြုံရတယ်။ သူပုန်လုပ်တော့လည်းတွေ့ရတယ်။ ဒီဘ၀တွေက ကျနော့်ကို ၀ါသနာပါအောင် ဖန်တီးပေးလိုက်သလိုပဲ။ ကျနော် တောထဲမှာ အပင်တွေ၊ အကောင်တွေနဲ့နေရတာပျော်တယ်။ ဖြစ်သလိုစားသောက်နေထိုင်ရတာကို အရမ်းဖီလင်လာတယ်။ အရင်ဘ၀နှစ်ခုမှာ ကျနော်ဖြစ်သလိုနေတယ်။ ဖြစ်သလိုစားတယ်။ ပေါက်ကရလုပ်တယ်။ ကျနော်မမှု့ဘူး သိလား။ ကျနော် ဘ၀ ဆိုတဲ့ အဓိပ္ပာယ်ကိုရှာတယ်။ ချမ်းသာတယ်....ဆင်းရဲတယ်...ဂုဏ်ရှိတာကိုရှာတယ်...။ ဘာလဲပေါ့။
ဒီလိုမျိုး အကွေ့အကောက်မရှိ၊ အလိမ်အညာမရှိတဲ့ ဘ၀ကို ကျနော်တွေ့ချင်တယ်။ ပွင့်လင်းပါတယ်ဆိုတဲ့စကားကို ကျနော့်မိန်းမကိုတောင်ဒီနေ့အထိ ကျနော်ပြောတုံးပါ။ ပွင့်လင်းတာ ရှက်စရာမဟုတ်ဘူးလေ။
မိုင်းကို မသွားခင်ကျနော် ရင်ခုန်တယ်။ မိုင်းက ရတဲ့လစာက နည်းတာမဟုတ်ဘူး။ စရိတ်ငြိမ်း လစာကိုအသားတင်ရတယ်။ ကျနော်ပင်ပန်းရမှန်းမသိ အားတက်သရောသွားခဲ့တယ်။ လွန်ခဲ့တဲ့ ၂၀၀၇ က။ ကျနော်သဘာဝတရားကိုချစ်တယ်။ အပင်တွေကို အရမ်းခုံမင်တယ်။ မြေကြီး၊ သဲ၊ စတဲ့ သဘာဝတွေဟာ လုံးဝ ဟန်မဆောင်ဘူးလေ။
ဒီလိုမျိုး ကျနော့်ရဲ့ စိတ်ထဲမှာ ရှိတယ်။ ကျနော် ဒီက မိုင်းအကြောင်းအသေးစိတ်ရေးပါ့မယ်။
ဆက်ရန်-
No comments:
Post a Comment