ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

6/23/10

Sick of အခမ်းအနား

ဈေးသုံးလည်းမကြွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့ ဆိုရိုးစကားက မြန်မာလူမျိုးတွေရဲ့ ခေါင်းထဲမှာ စွဲနေပြီလားမသိဘူး။ ဒီထွင်ဖန်တီးမှု့ ဉာဏ်နဲ့ ပက်သက်လို့ နည်းနည်းလောက် အာ, ခွင့်ပြုပါ။ ပြောချင်တဲ့ အကြောင်းအရာကတော့ နိုင်ငံရေးအခမ်းအနားများအကြောင်းပါ။ အခုဆိုရင် ၈၈၈၈ လေးနေ့အခမ်းအနားကို တမ္ဘာလုံးမှာရှိတဲ့ မြန်မာ့အရေးစိတ်ဝင်စားသူတွေ ကြွတက်သူတွေလုပ်တော့မဲ့အချိန် စနေပါပြီ။ ဒီပွဲမတိုင်ခင် ကျနော်တို့ လုပ်နေကြဖြစ်တဲ့ ရှေးထုံးကိုပယ်ရပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေးမှာ အထိမ်းအမှတ်အခမ်းအနား အတော်များပါတယ်။ ဘာတွေလဲကြည့်ရအောင်။

၁) လွတ်လပ်ရေးနေ့အခမ်းအနား
၂) ပြည်ထောင်စုနေ့အခမ်းအနား
၃) အာဇာနည်နေ့အခမ်းအနား
၎) ၆၂-ခုနှစ်အာဏာသိမ်းနေ့အခမ်းအနား
၅) ဒေါ်စုမွေးနေ့အခမ်းအနား
၆) ရှစ်လေးလုံးအခမ်းအနား
၇) ဟိုလူသေလို့ လုပ်တဲ့အခမ်းအနား
၈) ဒီလူ့ကို သတိရလို့ လုပ်တဲ့အခမ်းအနား
၉) ဘာအခမ်းအနား၊ ညာအခမ်းအနား

အခမ်းအနားတွေ တပုံကြီးရှိပါသည်။ အခမ်းအနားကို လုပ်တဲ့ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်လို့ထင်ပါတယ်။ အခမ်းအနားတခုလုပ်တိုင်း လူတော်တော်များများ ရှေးထုံးအတိုင်း လိုက်လုပ်ပါတယ်။ ဥပမာ..သဘာပတိ။ အခမ်းအနားမှုး။ အခမ်းအနားမှာ အာမဲ့လူကြီးများ..စသဖြင့် ရှိတက်ကြပါတယ်။ နေရာတိုင်းလိုလို ဒီလိုအခမ်းအနားလုပ်တာ တူနေပါတယ်။ ဘာ့ကြောင့် တူနေတာပါလဲ။ အခမ်းအနားလုပ်တာဟာ တော်လှန်ရေးအတွက် ဘာတွေအောင်မြင်လို့ပါလဲ။

အခမ်းအနားလုပ်တာကောင်းပါတယ်။ မကောင်းဘူးလို့ပြောနေတာမဟုတ်ပါဘူး။ အခမ်းအနားလုပ်တော့ မသိတဲ့လူတွေသိတယ်။ သိတဲ့လူတွေ ဒိထက်ပို အလွတ်ရတာပေါ့။ အခမ်းအနားလုပ်တော့ Church ကျောင်းမှာ တနင်္ဂနွေနေ့တိုင်း လူစုပြီးတရားနာရသလိုဖီလင်ရှိပါတယ်။ လူစုံတော့ပျော်စရာကောင်းပါတယ်။

သို့သော် တခြားနည်းလမ်းရှာဖို့၊ စဉ်စားကြစေချင်လို့ပါ။ ကျနော်တို့အခမ်းအနားလုပ်တဲ့ရည်ရွယ်ချက်က နိုင်ငံရေးလုပ်တာပါ။ အတိုက်အခံနိုင်ငံရေးဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးကို
ဦးတည်တိုက်တဲ့ နိုင်ငံရေးဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။

နိုင်ငံလှုပ်ရှားမှုတခုအနေနဲ့ကျနော်တို့ အခမ်းအနားတခုလုပ်ပါတယ်။ ဥပမာ- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပဲဖြစ်ဖြစ်၊ ဘုန်းမော်လျှောသွားလို့လုပ်သည်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအလုပ်တခု လုပ်ပါတယ်။ သို့သော် တခါလာလည်း ဒီအခမ်းအနားမှာ ဒီလူကတက်ပွား။ နောက်အခမ်းအနားလည်း ဒီလူပဲတက်ပွား။ အခမ်အနားကိုလာတဲ့သူလည်း တနှစ်လာလည်း ဒီလူ၊ တနှစ်လာလည်း ဒီလူ။ ကုလားကြီးနဲ့ ချစ်တီးကြီးလိုပဲ။ ကြာလာတော့ အခမ်းအနားလုပ်တာနဲ့ပက်သက်ပြီး ပျင်းလာတယ်။ ကျနော်တို့အခမ်းအနားတွေဟာ ဘာရည်ရွယ်ချက်နဲ့လုပ်ကြတာလဲဆိုတာကို ပြန်သုံးသပ်ဖို့ကောင်းပါတယ်။ အခမ်းအနားမှာ လာတဲ့လူတွေကို ဒီနေ့ဟာဘာ့ကြောင့်ဖြစ်လဲဆိုတာကိုလည်း ရှင်းပြစရာမလိုတော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီလူတွေပဲဖြစ်နေလို့ပါ။ သိပြီးသားလူတွေကို ဒီအကြောင်းပဲထပ်ခါထပ်ခါ ပြောနေရင် ကျနော်တို့တော်တော်ပေါရက်လေတယ်လို့ပြောနိုင်ပါတယ်။


ထိုင်းအခြေစိုက် အတိုက်အခံကိုကြည့်ပါ။ သူတို့လည်း အခမ်းအနားလုပ်တိုင်း ကစားတာကို အထူးဝါသနာပါတယ်လို့ ထင်မိပါတယ်။ အခမ်းအနားတခုမှာ တွေ့လိုက်တိုင်း ဒီလူတွေပါပဲ။ အစည်းအဝေးတွေလည်းဒီလူတွေပါပဲ။ လူစုပြီး အာ,လည်းဒီလူတွေပါပဲ။ ဥပမာ ဒေါ်စန်းစန်း၊ ဦးခွန်မား၊ စသဖြင့် လူတွေကို ဓာတ်ပုံတွေထဲမှာ အမြဲတမ်းတွေ့နေရတယ်။ ကိုအောင်မိုးဇော်၊ ဒေါက်တာနိုင်အောင်၊ ဗိုလ်ချုပ်ပြီးတာမလာဘော၊ ဆရာမစင်သီယာမောင်၊ မခင်ဥမ္မာ စတဲ့လူတွေဟာ အခမ်းအနားမင်းသား၊ မင်းသမီးတွေပါပဲ။ အဖွဲ့အစည်းကခေါင်းဆောင်တိုင်းဟာ အခမ်းအနားမင်းသား၊ မင်းသမီးတွေဆိုတာ လူတိုင်းသိပါတယ်။ ကျနော့်အနေနဲ့ မင်းသား၊ မင်းသမီးတွေကို အကယ်ဒမီပေးဖို့အတွက် ကော်မတီတခုလောက်ဖွဲ့ထားရင် ကောင်းမလားလို့ပါ။ ဒါက ကျနော့်အိုင်ဒီယာ။ အခမ်းနားမှာ ဘယ်သူက ပိုပြီး အလွမ်းသည်တက်သလဲပေါ့။ ဘယ်သူက ပို အာ, တက်သလဲပေါ့။ ဘယ်သူကပိုပြီး သရုပ်ဆောင်ကောင်းသလဲဆိုတာကိုရွေးချင်လို့ပါ။ ဒါက ထိုင်းအခြေစိုက်အတိုက်အခံအပြင်၊ တမ္ဘာလုံးမှာရှိတဲ့ အခမ်းအနားမင်းသား၊ မင်းသမီးတွေကိုလည်းပေးချင်လို့ပါ။

အခမ်းအနားလုပ်တဲ့ဝါသနာက ပြည်တွင်းကစတယ်လို့မြင်ပါတယ်။
ပြည်တွင်းမှာလည်း ဒီအတိုင်းပါပဲ။ နိုင်ငံရေးအဖွဲ့အစည်းက ခေါင်းဆောင်တွေစုပြီး အိမ်ထဲမှာ မိမိအမျိုး လေးငါးဆယ်လောက်ကိုစုပြီး အပြင်းပြေ စကားပြောနေသလိုမျိုးဖြစ်နေပါပြီ။

ပြည်တွင်းအပြင် အမေရိကန်နိုင်ငံပဲကြည့်မလား။ ဒီလိုမျိုးအလားတူ လူလေးငါးဆယ်လောက်ကိုစုပြီး သဘာပတိ၊ အခမ်းအနားမှုးနဲ့တကွ သုံးလေးယောက်လောက်တက်ပြီး အာ၊ ပွား၊ အခမ်းအနားပြီး၊ ထုတ်ပြန်ကြေငြာချက်ထုတ်၊ ဒါနဲ့ပဲ ပြီးဆုံးတာများပါတယ်။ အခမ်းအနားကိုလာတဲ့လူတွေဟာ လူသစ်တွေမဟုတ်တော့ပါဘူး။ တစ်နှစ်လာလည်း ဒီလူပဲ။ နောက်နှစ်လုပ်လည်းဒီလူပဲ။ ဆိုတော့ ကိုယ့်လူအချင်းအချင်း သိပြီးသားစကားတွေထပ်ခါထပ်ခါပြောစရာလိုပါသလား။ ကျနော့်အထင် မလိုတော့ပါဘူး။

သြစတျေးလျနိုင်ငံမှာ ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း အလားတူပါပဲ။ ရှေးထုံးကိုမပယ်ပါဘူး။ အခမ်းအနားလုပ်တိုင်းကစားပါတယ်။ အခမ်းအနားကို တက်သူများလည်း ဒီလူ ဒီလူ ပါပဲ။ နိုင်ငံရေးကိုစိတ်ဝင်စားသူများ၊ အသစ်ရောက်ဒုက္ခသည် လေးငါးယောက်တော့လာပါတယ်။ မဲလိုချင်တဲ့သြစတျေးလျအမတ်သုံးယောက်လောက်ကို နှစ်စဉ်လိုလို အခမ်းအနားမှာအမြဲတွေ့ပါတယ်။ နောက်ပြီး  သြစတျေးလျနိုင်ငံမှာ လာပြီးခုန်ချတဲ့ လူများလည်းတွေ့ပါတယ်။ ဒုက္ခသည်လျှောက်လို့ရအောင် နိုင်ငံရေးလုပ်တယ်ဆိုပြီး အခမ်းအနားမှာ ဓာတ်ပုံလာရိုက်ပါတယ်။ ဒုက္ခသည်အဖြစ်ရပြီးတဲ့အခါမှတော့ သူတို့အခမ်းအနားကို မလာတော့ပါဘူး။ အခမ်းအနားကို ဦးဆောင်လုပ်တဲ့ နိုင်ငံရေးလှုပ်ရှားသူများကလည်း တစ်ယောက်တစ်လှည့်တက်ပွားပါတယ်။ ပြောပြီးသွားရင် ၀ါးတီးဖွင့်ပါတယ်။ ဒါက သြစတျေးလျနိုင်ငံက အခမ်းအနားဖြစ်ပါတယ်။ တနှစ်လာလည်း ဒါပဲ။ နောက်နှစ်လည်း ဒီလိုအခြေအနေမျိုးပါပဲ။ ကြာလာတော့ ပျင်းစရာကောင်းတဲ့ ကစားနည်းပါလားလို့ ကောက်ချက်ချမိပါတယ်။ 

မလေးရှားနိုင်ငံမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားသူများလည်း ဒီလိုပါပဲ။ သဘာပတိ၊ အခမ်းအနားမှုး၊ တစ်ယောက်ယောက်က တက်ပွား၊ ဓာတ်ပုံရိုက်၊ အများစုက ဓာတ်ပုံရရင် ယူအန်လျှောက်။ ဓာတ်ပုံကိုအင်တာနက်မှာတင်။ နိုင်ငံရေးလှုပ်ရှားသူများအဖြစ်တက်ကြွကြပါတယ်။ ဂျပန်နိုင်ငံက နိုင်ငံရေးလှုပ်ရှားသူများ၊ အင်္ဂလန်၊ နော်ဝေ၊ နယူးဇီလန်၊ စတဲ့ နိုင်ငံပေါင်းစုံက နိုင်ငံရေးလှုပ်ရှားသူများသည်လည်း အထက်ကပြောသလို ရှေးထုံးကိုမပယ်ပါဘူး။ ဆိုတော့ ဒီနေရာမှာမေးခွန်းလေးတခုတော့ မေးရပါတော့မယ်။ မြန်မာတွေ သူများဆီက ကော်ပီလုပ်တာ ၀ါသနာပါလားလို့ပါ။ တီတွင်ဖန်တီးမှုညဏ်မရှိတော့ပါလား။

ကျနော်တို့ပြည်ပနိုင်ငံရေးသမားတွေ၊ လှုပ်ရှားသူတွေအနေနဲ့ အထိမ်းအမှတ်အခမ်းအနားတွေလုပ်မဲ့အစား အခြားနည်းလမ်းတခုခုကို စဉ်စားသင့်ပါတယ်။ ကျနော့်အမြင်ကတော့ သြစတျေးလျနိုင်ငံ Perth မှာ စစ်အစိုးရနဲ့ပေါင်းပြီး ကြီးပွားနေတဲ့ မြန်မာလူတန်းစား၊ အဖြူလူတန်းစားတွေရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေရှိပါတယ်။ စစ်အစိုးရအရာရှိကြီးများရဲ့ သားတွေသမီးတွေ၊ အမျိုးတွေကျောင်းတက်နေတာတွေ၊ စီးပွားရေးလုပ်ငန်းတွေရှိပါတယ်။ သူတို့ကို ကျနော်တို့စည်းရုံးလို့မရနိုင်ဘူးလား။ စည်းရုံးလို့မရနိုင်ဘူးဆိုရင် တိုက်ခိုက်ဖို့နည်းလမ်းပဲရှိတော့ပါတယ်။ တိုက်ခိုက်တယ်ဆိုတာက ပါးစပ်နဲ့တိုက်ခိုက်တာပါ။ လက်နဲ့မဟုတ်ပါဘူး။ လူသိအောင်လုပ်ပေးယုံပါ။ ဒီလိုလုပ်ငန်းစဉ်တွေက စစ်အစိုးရရဲ့  ရင်ဘတ်ထဲကို လုံးဝထိပါတယ်။ ဒါက ၈၈၈၈ အခမ်းအနားမှာ သမရိုးကြ အာ၊စား၊ ကြွားရေးထက် ပိုပြီးထိရောက်တယ်လို့ထင်ပါတယ်။ ဒီလိုမျိုးရည်ရွယ်ချက်ချက်ရှိရှိ အုပ်စုနဲ့ လှုပ်ရှားကြည့်ပါ။ အခမ်းအနားပြီးတဲ့အတဲ့အခါ စတိတ်မန့်ထုတ်တာထက်ထိရောက်ပါတယ်။


နောက်ပြီး မြန်မာလူမျိုးတွေပြီးတော့ တခြားနိုင်ငံသားတွေရဲ့  ကောင်စစ်ဝန်ရုံးတွေရှိပါတယ်။ ဒါက Perth မှာ မြန်မာသံရုံးမရှိလို့ပါ။ ဥပမာ တရုတ်ကောင်စစ်ဝင်ရုံးပေါ့။ တရုတ်က မြန်မာစစ်အစိုးနဲ့ -င်-ိုး-င်ခံ လုပ်ပြီး ပေါင်းစားနေတယ်ဆိုကို လူတိုင်းသိပါတယ်။ သူတို့ကိုလည်းကျနော်တို့ နိုင်ငံရေးအခမ်းအနားထဲမှာ ထည့်လို့ရပါတယ်။

ဒါ့အပြင်တခြားနည်းလမ်းတွေရှိအုံးမှာပါတယ်။ စစ်အစိုးရရဲ့ ရင်ဘတ်တည့်တည့်ကို ထိနိုင်တဲ့ နိုင်ငံရေးအခမ်းအနားတွေကို လိုချင်ပါပြီ။ ဒါက ကျနော်တို့လုပ်နေကြ အခမ်းအနားထက်စာရင်ပိုလို့တောင် ထိရောက်နိုင်ပါတယ်။ ကျနော့်အနေနဲ့ ဒီနေ့ကစပြီး လုပ်နေကြရှေးထုံးအခမ်းအနားကို ပယ်လိုက်ပါပြီ။ စစ်အစိုးရတောင် ချိတ်ထမိန်ဝတ်ပြီး ၂၁၁၀ မော်ဒယ်ပွဲနဲ့ မဲရွေးနေပြီပဲဗျာ။

ကျနော်တို့လိုပဲ ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ မလေးရှား၊ အမေရိကန်၊ အင်္ဂလန်၊ စတဲ့နိုင်ငံတွေမှာလည်း မိမိဒေသနဲ့ကိုက်ညီတဲ့ နိုင်ငံရေးအခမ်းအနားသစ်ကို ဖော်ဆောင်လို့ရပါတယ်။

သမရိုးကျ၊ ဖြစ်နေတဲ့ ဆန္ဒပြပွဲ၊ အခမ်းအနား၊ ညီလာခံတွေကို လုပ်တာမကောင်းဘူးလို့ပြောနေတာမဟုတ်ပါဘူး။ ဒိထက်ထိရောက်နိုင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု့ တွေကို တွေ့ချင်လို့ပါ။ ဘိုလိုပြောရင် အခမ်းအနားတွေကို Sick of ဖြစ်နေလို့ပါခင်ဗျား။ ဘယ်သူကိုမှ ပုတ်ခတ်တာမဟုတ်ကြောင်းဝန်ခံပါတယ်။

2 comments:

Anonymous said...

(စစ်အစိုးရအရာရှိကြီးများရဲ့ သားတွေသမီးတွေ၊ အမျိုးတွေကျောင်းတက်နေတာတွေ၊ စီးပွားရေးလုပ်ငန်းတွေရှိပါတယ်။ သူတို့ကို ကျနော်တို့စည်းရုံးလို့မရနိုင်ဘူးလား။ စည်းရုံးလို့မရနိုင်ဘူးဆိုရင် တိုက်ခိုက်ဖို့နည်းလမ်းပဲရှိတော့ပါတယ်။ တိုက်ခိုက်တယ်ဆိုတာက ပါးစပ်နဲ့တိုက်ခိုက်တာပါ။ လက်နဲ့မဟုတ်ပါဘူး။ လူသိအောင်လုပ်ပေးယုံပါ။ ဒီလိုလုပ်ငန်းစဉ်တွေက စစ်အစိုးရရဲ့  ရင်ဘတ်ထဲကို လုံးဝထိပါတယ်။)

ကိုဘုန်းကျော်ဘလော့မှာ ဒီလိုစဉ်းစားချက်မျိုး ရေးပြနေတာ နှစ်ခါလောက်ဖတ်မိတယ်။ ဒီအချက်ဟာ ကိစ္စသေးမဟုတ် ကိစ္စကြီးဖြစ်တယ်ဆိုတာပါပဲ။ တကယ်တန်းလုပ်ကြရင် နိုင်ငံတကာရောက် မြန်မာ့အရေးလုပ်ဆောင်နေသူတွေအတွက် ဒီအချက်ဟာ တကယ်ထိရောက်တဲ့ တိုက်ကွက်ကောင်းကြီးတခု ကိုယ့်အတွက်အမြဲရှိနေတယ်ဆိုတာပါပဲ။

အနိုင်နိုင်ငံမှာ မြန်မာပြည်က နအဖစစ်အုပ်စုနဲ့  ပါတ်သက်နေတဲ့ မိသားစု ဆွေမျိုး စီးပွါးရေးသမား သားသမီးတွေ မှတ်ပုံတင်အတုအပါအ၀င် နည်းပေါင်းစုံနဲ့  နေနေကြတာ သွားလာဝင်ထွက်လုပ်နေကြတာ အများကြီးပါ။

ဒီလိုလူတွေကို နအဖဆန့် ကျင်ရေးနည်းလမ်းတခုအနေနဲ့  ပါးစပ်နဲ့ ပဲဖြစ်ဖြစ် လက်နဲ့ ပဲဖြစ်ဖြစ် မတွယ်သင့်ဘူးလား။

ခုထက်ထိတော့ ဘယ်ဒီမိုကရေစီရေးအဖွဲ့ အစည်းတခုခုကမှ ဒီနည်းလမ်းကိုအသုံးပြုနေတာ ထင်သာမြင်သာ မကြားမိသေးဘူး။ ဘာကြောင့်လဲ သုံးသင့်တဲ့နည်းလမ်းတခု မဟုတ်လို့ လား ထိရောက်တဲ့နည်းလမ်း မဟုတ်ဘူးထင်လို့ လား။

ရန်သူနအဖကတော့ အဖေနိုင်ငံရေးလုပ်ရင် မိသားစုစီးပွါးပျက်အောင် လုပ်တယ် သားသမီးကျောင်းမတက်နိုင်အောင် လုပ်တယ်။ လူလည်းမထားဘူး ဘုန်းကြီး ရဟန်းလည်း မထားဘူး။ အပြတ်ရှင်းတယ်။ ရှင်းရှင်းပဲ။

တကယ်တန်းအပင်ပန်းခံ ကြိုးစားပြီး စာရင်းကောက်ကြည့်ရင် အပြင်မှာရောက်နေတဲ့ နအဖ အဆက်အနွယ်တွေ အများကြီးအများကြီးပဲဆိုတာ တွေ့ ရမယ်။
သူတို့ ဟာ တိုးတက်ပြီးနိုင်ငံကြီးတွေမှာ နေချင်တယ်( နေနေတယ်)။ သားသမီးတွေကို ကျောင်းကောင်းကောင်းကြီးတွေမှာ ထားချင်တယ် (ထားနေတယ်)။ မတရားလုပ်ယူထားတဲ့ ငွေတွေကို သုံးဖြုန်းချင်တယ် (သုံးဖြုန်းနေတယ်)။

ကျပ်ပြေးက သန်းရွှေဖင်မှာ ဗုံးသွားချိတ်မယ့်စဉ်းစားနည်းဟာ အကြမ်းထည်ဆန်ပြီး မဖြစ်နိုင်တဲ့နည်း
ပြင်ပရောက်နေတဲ့ သူတို့ လူတွေကို ကော်ထုတ်တဲ့ ဖွင့်ချတဲ့ ဆော်ပလော်တီးတဲ့နည်းက အနုစိတ်ပြီး ဖြစ်နိုင်တဲ့နည်း

နည်းနည်းလေးကဖြစ်ဖြစ် စလုပ်ရင် ဖြစ်မယ် ကိုဘုန်းကျော်။ အားပေးနေမယ်။

လပ

Phone Kyaw said...

ကိုလပ

ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီလိုအားပေးစကားကြားရတဲ့အတွက်။


View My Stats