ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

9/14/10

ပြည်သူ့လက်ခုပ်သံ...

ကျနော်တို့ မြန်မာပြည်သူတွေ...အမှန်တရားကိုချစ်ကြပါတယ်..။ ရိုးသားမှုကို မြတ်နိုးကြပါတယ်။ တန်ဖိုးထားတာကတော့ ပြောစရာမလို။

ဥပမာဗျာ...

စင်္ကာပူမှာ စာပေဟောပြောပွဲလုပ်တယ်။ လွန်ခဲ့တဲ့ အပတ်က။ ဆရာချစ်ဦးညို၊ ဆရာမဂျူး၊ ဆရာနေ၀င်းမြင့်တို့ ဟောတယ်။ ဒီထဲမှာ ကျနော်အကြိုက်ဆုံး ဖြစ်တဲ့ဆရာချစ်ဦးညိုကို ခဏခဏနားထောင်ဖြစ်တယ်။ Youtube ကနေပေါ့...။ မိုးမခ မီဒီယာကတင်ထားပါတယ်။ အားရင်...နားထောင်ကြည့်ပေါ့ဗျာ။ အရမ်းကောင်းတယ်။

ထူးခြားတာကို ခဏခဏနားထောင်မိမှ သတိထားမိတယ်။ အရင်ဦးဆုံး သတိထားမိတာက လက်ခုပ်သံ။ ဆရာချစ်ဦးညို ဟောတိုင်း လက်ခုပ်တီးတာတော့မဟုတ်။ ဘယ်နေရာမှာတီးလဲ။ ကဲ...လေ့လာကြည့်မယ်။

အမှန်တရားကိုချစ်တဲ့ပြည်သူ...ရိုးသားမှုကို ချစ်တဲ့ပြည်သူ


ဆရာ ဇော်ဂျီရဲ့ ဒို့တိုင်းပြည်ကဗျာနဲ့ပက်သက်ပြီး...

"ဒို့..တိုင်းပြည် စေတီစပါးများလည်းများများ၏..များပါလေလည်းတမွဲမွဲနှင့်..."

ပရိတ်သက်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ ဆရာ..ချစ်ဦးညိုကို အားပေးပါတယ်။ ဆိုတော့ ကျနော်တို့ပြည်သူတွေ မ,အ ပါဘူး။ သိပါတယ်။

ဗေဒါလမ်းကဗျာနဲ့ပက်သက်ပြီး ဆရာ ချစ်ဦးညို ဒီလိုဆက်ပြောပါတယ်။

" ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ...ဘ၀ အမောတွေပြေနိုင်ကြပါစေ"

ဒီအချိန်မှာ စင်္ကာပူက ပရိတ်သတ်ရဲ့ လက်ခုတ်သံဟာ ကြက်သိမ်းဗြန်းကနဲထရလောက်အောင် ကူးဆက်ပေးတဲ့အထိလို့ ခံစားရပါတယ်။ ဒါကိုကြည့်ရင် ကျနော်တို့ ပြည်သူလူထုမှာ မလျှော့သောဇွဲ၊ ခံစားမှု၊ နှုးညံ့တဲ့နှလုံးသားကို ဘယ်နိုင်ငံရောက်ရောက် ရှိတယ်ဆိုတာကို ဖော်ပြတယ်လို့ထင်ပါတယ်။

သူတို့ အားမလျှော့ပါဘူး။

ဆရာ ချစ်ဦးညိုက အနုပညာသည် ပြည်သူ့အတွက်ဖြစ်ရမည်။ ရိုးသားမှုအပြည့်ရှိရမည် ဆိုတဲ့ကိစ္စနဲ့ပက်သက်ပြီးဒီလိုပြောပါတယ်။ ဂီတပညာရှင် ဆရာကြီး ဘိုကလေးတင့်အောင် နဲ့ မြို့ မငြိမ်း ရဲ့ ဥပမာကို နှိုင်းယှဉ်ပြီး ဥပမာပေးပါတယ်။

"1953-ခုနှစ်မှာ ပြည်တော်သာစီမံကိန်းလုပ်တယ်။ ဆရာကြီး ဘိုကလေးတင့်အောင်က ဂုဏ်ပြုသီချင်းစပ်ပေးရတယ်။ ဆိုပေးရတယ်။ သူ ရွှေတံဆိပ်ရတယ်။ နာမည်ကြီးသွားတယ်။ စေတနာမမှန်၊ မရိုးသားတော့ သူ့သီးချင်းကို အခုထိလူငယ်တွေမသိဘူး။ မြို့ မငြိမ်းသီချင်းတွေကိုတော့လူတွေ စွဲနေတုံးပဲ"

ဒီလိုပြောတော့...စင်္ကာပူက ပရိတ်သတ်ရဲ့ လက်ခုတ်သံ မိုးထိညံပေါ့ဗျာ။ သူတို့ အားပေးပါတယ်။ ပြည်ပရောက်မြန်မာတွေ မညံ့ပါဘူး။

ဒါက..ဘာကိုပြလဲဆိုတော့ ကျနော်တို့ပြည်သူတွေဟာ အမှန်တရားကိုသိတယ်။ ခံစားတက်တဲ့နှလုံးသားရှိတယ်။ ဘယ်တော့မှ အမှန်တရားကို မျက်ကွယ်မပြု။ ကြောက်လို့သာ ခဏ ငြိမ်ခံနေမယ်။

ဒီ...အခြေအနေကို အမေရိကန်က မြန်မာတွေ မသိလို့မဟုတ်။ သိတယ်။ သြစီ၊ အင်္ဂလန်က မြန်မာတွေလည်းဒီအတိုင်းပဲ။ ပြည်တွင်းကတော့ ပိုတောင်ထောက်ခံအုံးမယ်။ ကြောက်လို့သာ မလှုပ်ရဲတာ။

ဒါ့ကြောင့်...

ပြည်သူဟာ လက်ရှိနိုင်ငံရေးကိုသိတယ်။ စစ်အစိုးရအကြောင်း အူမချေးခါး သိတယ်။ ဆိုတော့ဗျာ....ဗမာပြည်သူလူထုဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အဓိကအားဖြစ်တယ်။ ခင်ဗျားတို့ သိပါတယ်။

နိုင်ငံရေးခေါင်းဆောင်များသို့...

ပြည်သူရဲ့ စိတ်ကို သိတယ်နော်။ ဒီတော့...ခင်ဗျားတို့ ခေါင်းဆောင်လုပ်ချင်ရင်တော့ ခေါင်းဆောင်နဲ့တူတဲ့ တန်တဲ့အလုပ်ကို လုပ်ပေါ့ဗျာ။ မလုပ်နိုင်ဘူးဆိုရင်တော့ စင်္ကာပူကစာပေဟောပြောပွဲလို...ဗမာတွေ ...လက်ခုတ်တော့တီးမှာမဟုတ်ဘူး။

ကြည့်နေရင်း တွေးမိလို့ ဝေငှလိုက်ပါတယ်။

အာဏာရှင်မရှိ၊ လွတ်လပ်တဲ့တနေ့မှာ အားလုံးပြန်စုံကြပါစေ။

No comments:


View My Stats