ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

11/8/10

ဘုရားသုံးဆူမှာ ယနေ့ည(၇) နာရီထိုင်းစံတော်ချိန်အထိ အခြေအနေ

ရွာသွားတွေအများစုက မွန်ပြည်သစ်ပါတီ တပ်ရင်း (၃) အခြေစိုက်တဲ့ ဂျပန်ရေတွင်းဘက်မှာ ရွှေ့ ပြောင်းနေတယ်။ ဘုရားသုံးဆူမြို့ ထဲမှာတော့ DKBA နဲ့ အခြား ကရင်သူပုန်တွေက နအဖရဲ့ သတင်းပေးတွေဖြစ်တဲ့ အိမ်တွေ၊ ဆိုင်တွေကို မီးရှို့ နေတယ်။ အထူးသဖြင့် စရဖ နဲ့ SP ပိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေဖြစ်တယ်။ ဘုရားသုံးဆူကို ၀င်သိမ်းတဲ့သူတွေက DKBA တွေပဲဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီ မပါပါဘူး။ သူတို့ကတော့ စစ်ရေးအသင့်အနေအထားမှာ ရှိနေသေးတယ်လို့ ဂျပန်ရေတွင်းမှာရောက်နေတဲ့ ဘုရားသုံးဆူမြို့ ခံကပြောတယ်။ သူတို့က မွန်ပြည်သစ်ပါတီဝင် မိသားစုတွေဖြစ်တယ်။ ထိုင်းမြို့ ဖြစ်တဲ့ စံခလပူရီ(ဘုရားသုံးဆူမြို့  နယ်စပ်) ကို စစ်ပြေးဒုက္ခသည်တွေ ၀င်လို့မရအောင် ထိုင်းတပ်က ပိတ်ဆို့ထားတယ်။ ဒါ့ကြောင့် ဘုရားသုံးဆူမြို့ သားတွေက အခုလောလောဆယ် ဂျပန်ရေတွင်း( သုံးနာရီခန့် လမ်းလျှောက်လျှင်) ပတ်ဝန်းကျင်မှာ ခိုလှုံနေရခြင်းဖြစ်တယ်။ မွန်ပြည်သစ်ပါတီ တပ်ရင်း(၃) ကလိုအပ်တဲ့နေရာချထားရေးကို ကူညီပေးနေတယ်။

No comments:


View My Stats