ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

12/19/08

စောက်တလွဲမြန်မာတွေ

ဒီနေ့ အလုပ်လုပ်ရင်း သူငယ်ချင်းတယောက်နဲ့ ကားထဲမှာစကားပြောတယ်။ သူငယ်ချင်းက ချင်းလူ မျိုးမိန်းခလေးပါ။ သူမကစပြောတယ် Perth မှာ မြန်မာပြည်က ဟိုလိုလိုဒီလိုလို ဟွန်ဒီ သမား(မြန်မာပြည်ကိုငွေလွဲသူ)တစ်ယောက် ချမ်းသာနေပြီဆိုတဲ့အကြောင်း။ သူက မလေးရှားမှာလည်း ဆိုင်အကြီးကြီးရှိတယ်၊ ဒီမှာလည်းရှိတယ်၊ ဒီကနေ အဲဒိဆိုင်ကိုအင်တာနက်ကနေ လှမ်းပြီးထိန်းချုပ်နေတယ် ဆိုတဲ့အကြောင်း.....။ အဲဒိအကြောင်းကိုပြောနေတာပါ။

ဒါနဲ့ကိုယ့်ခေါင်းထဲမှာ စဉ်းစားမိတာက...လခစားလုပ်တဲ့သူတွေရဲ့အကြောင်း၊ စက်ရုံအလုပ်ရုံ၊ မင်းမှုထမ်း စသဖြင့်...
ဥပမာ ကျနော် တနှစ်ကို ဒေါ်လာ တစ်သိန်း အခွန်မဖြတ်ခင် အော်စီမှာရတယ်။ နှစ်ပေါင်းလေးဆယ်ဆိုရင် ဒေါ်လာ လေးသန်းရမယ်။ နှစ်ပေါင်းလေးဆယ်တောင် ကျနော်အသက်ရှင်ရမလား။ ဒါဆို လခစားလုပ်ရင် ကျနော့် ခန္ဒာကိုယ်က ဒေါ်လာလေးသန်းပဲ တန်တာပေါ့။ အဲဒိအချိန်အတွင်မှာ ပေးဆပ်စရာတွေ တပုံကြီး၊ အချိန်၊ ပျော်ရွင်မှု၊ လွတ်လပ်မှု စတာတွေ....

ဒါဆို သန်းပေါင်းများစွာ ချမ်းသာနေတဲ့ သူတွေနဲ့ ကျနော့်လေးသန်းတန် ကိုယ်ခန္ဒာနဲ့၊။ လူချင်းတူပေမဲ့ တန်ဖိုးနည်းသလိုဖြစ်နေတယ်။ ဒါဆိုမဟုတ်သေးဘူး။ တခုခုတော့ လုပ်မှာ ရတော့မယ်။

ဒါ ကျနော့်စဉ်းစားချက်ကို အော်စီမှာရှိတဲ့အခြေအနေနဲ့တိုင်းတာနေတာပါ။ ကျနော်သိပ်ချစ်တဲ့ မြန်မာပြည်ကြီးမှာ လခစားဝန်ထမ်းတွေ တန်ဖိုးနည်းနေတာအပြင်၊ လွတ်လပ်ခွင့်ကော ရှိကြရဲ့လား။ သူတို့ခင်ဗျာ....စောက်ရှုး ဗိုလ်ချုပ်တစုကို လုပ်ကျွေးနေရတယ်။ တေဇနဲ့သူ့မိသားစု ချမ်းသာအောင် ကျွန်ခံပေးရတယ်။ သူလဲလူပဲ၊ ကိုယ်လဲလူပဲ၊ သူတို့ ချမ်းသာတယ်၊ ခိုးလို့ရတဲ့ငွေတွေနဲ့ ဇိမ်ကျကျနေတယ်။ သူ့သားသမီးတွေကို နိုင်ငံခြားမှာ ကောင်းကောင်း ကျောင်းထားတယ်။ ကျနော့်အဒေါ်ရဲ့သားနဲ့သမီး ကျောင်းအပ်စရာငွေမရှိလို့ သူ့မ သားသမီးတွေကို အလုပ်လုပ်ခိုင်းရတယ်။

သူတို့ကိုယ်သူတို့ ကယ်တင်ရှင်လိုလို ဘာလိုလို။ မြန်မာလူမျိုးတဲ့ဗျာ။ မြန်မာလူမျိုးတွေ ယဉ်ကျေးတယ်၊ ဖော်ရွေတယ်၊ ကူညီတယ်တဲ့။ စောက်တလွဲ မြန်မာတွေ။

မှတ်ချက်၊ ဘီယာသောက်ရင်း ရေးချင်လို့ရေးတာပါ။ ဆဲချင်လဲဆဲပါ။


12/12/08

ကရင်လူငယ်လေးတစ်ဦးရဲ့တီထွင်မှု

သူ့ရဲ့တီထွင်မှုကို ဂုဏ်ယူစွာနဲ့ ကျောင်းကထုတ်တဲ့ Newsletter မှာ ဖော်ပြပုံ
ကျနော့်သူ့အိမ်ကိုသွားပြီး ဓာတ်ပုံရိုက်ခွင့်တောင်းတော့အခုလို တွေ့ခဲ့ရတယ်
သူ့အိမ်မှာ အခုလိုအမှတ်တရ သိမ်းထားတယ်။

ဒီလူငယ်လေးဟာ အသက် ၁၇-နှစ်ပါ။ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ အုန်းဖန်ဒုက္ခသည် စခန်းမှာကြီးပြင်းလာပြီး သြစတျေးလျနိုင်ငံ Perth မြို့ကို ၂၀၀၆-ခုနှစ်ထဲမှာ အခြေချနေထိုင်ခဲ့တာပါ။ မြန်မာလိုသိပ်မတက်ပါဘူး။ သူ့မိသားစုကတော့ KNU မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေပါ။ သူက Perth ကိုစရောက်တော့ ၁၁-တန်းကနေ ကျောင်းတက်ပါတယ်။ အခုတော့ ၁၂-တန်းပြီးသွားလို့ Mechanic သင်တန်း ကိုတက်ဖို့စောင့်နေသူပါ။ ၁၂-တန်းတက်ရင်းနဲ့ ကျောင်းက တချို့သင်တန်းအချိန်တွေမှာ အခုလို စက်ဘီးအသစ်အစမ်း ကိုတင်ထွင်ခဲ့တာပါ။ ကျောင်းမှာရှိတဲ့ တခြားနိုင်ငံသားတွေထဲမှာတော့ သူ့ရဲ့တီထွင်မှုကို သဘောကျလို့ သူတက်တဲ့ကျောင်းက ဂုဏ်ယူစွာနဲ့ တခမ်းတနား သတင်းစဉ်ထဲမှာ သူ့ကိုဖော်ပြပေးပါတယ်။ ကျနော်တို့မြန်မာပြည်က လူငယ်တွေဟာ ဘယ်အခြေအနေရောက်ရောက် မညံ့ဘူးဆိုတာကိုပြလိုက်တာပါပဲ။ အခုဆိုရင် သူဟာ Perth မြို့မှာ စက်ဘီးအသစ်အစမ်းကို စတင်တီထွင်ခဲ့တဲ့ မြန်မာနိုင်ငံက ကရင်လူငယ်လေးအဖြစ် ထင်ရှားနေပါပြီ။
ငါတို့ ဘယ်တော့မှ မညံ့ဘူး.....

12/10/08

တိုလီမိုလီတွေ့လို့ ဆွဲထုတ်လာတာ.....


ဘီယာသောက် အင်တာနက်ဖတ်ရင် တွေ့လို့ ကော်ပီကူးလာတာ။ တိုလီမိုလီဆီကပါ။ တော်တော်ရီရတယ်....ဗျဲ..

12/9/08

လူမျိုး၊ဘာသာ၊သမိုင်း အခြေမခံတဲ့နိုင်ငံရေး....အကြောင်း

ကိုမိုးသီးဇွန်ဘလော့ဂ်မှ ကာယကံရှင် မသိဘဲ ကူးယူဖော်ပြပါသည်။ ကျနော်နှစ်သက်သည့် အတွေးအခေါ်အယူအဆတခုမှာ လူမျိုး၊ ဘာသာ၊ သမိုင်းကို အခြေမခံဘဲ တိုင်းပြည် အကျိုးစီးပွား၊ ပြည်သူအကျိုးစီးပွားကို တိုးတက်အောင်လုပ်နိုင်တဲ့ အရည်အချင်း ရှိသူတွေကို နေရာပေးတာပဲဖြစ်ပါသည်။ အောက်ပါဆောင်းပါးကိုဖတ်ကြည့်ပါ။ မြန်မာ့လူ့အဖွဲ့အစည်း မှာလည်း အဲလိုမျိုးတကယ်လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ အမေရိကန်ဖြစ်နေသလို ၊ သြော်စတျေးလျမှာလည်း ရှိနေပါတယ်။ ဗီယမ်နမ်၊ တရုတ်၊ ကုလား လွှတ်တော်အမတ်တွေရှိပါတယ်။ တခုဝမ်းနည်းစရာကောင်းတာက မြန်မာလူမျိုး လွတ်တော်အမတ်တွေ မပေါ်ထွန်းသေးတာပါ။ တချို့သောမြန်မာတွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀-၅၀ လောက် ကတည်းကရောက်ရှိပြီး ဘာမှမလုပ်နိုင်သေးတာကိုလည်း သတိထား မိပါတယ်။

ဝါးလုံးခေါင်းထဲကနေ ရုန်းထွက်ကြဖို့အချိန်တန်ပါပြီ..........


အမေရိကန် အောက်လွှတ်အမတ် အဖြစ် ဗီယက်နမ်လူမျိုး ဂျိုးဇတ်ဂေါင်းကို ရွေးချယ်

အမေရိကန်နိုင်ငံ ၏ ပထမဦးဆုံးသော ဗီယက်နမ်လူမျိုး အောက်လွှတ်တ်ာအမတ် ဂျိုးဇတ်ဂေါင်း (Anh "Joseph" Cao )
"As you can see, really anything can happen."
First Vietnamese-American elected to House 'speechless'


-မြတ်စိုး-

ဂျိုးဇတ်ဂေါင်းဟာ အမေရိကန်နိုင်ငံ ၏ ပထမဦးဆုံးသော ဗီယက်နမ်လူမျိုး အောက်လွှတ်တ်ာအမတ် တယောက် ဖြစ်လာပါပြီ။ အမေရိကန် အောက်လွှတ်တော်မှာ တာဝန် ထမ်းဆောင်ရတော့မဲ့ ရီပါပလက်ကင် ပါတီ၏ အောက်လွှတ်တော် အမတ် အဖြစ်ရွေးချယ်ခံခဲ့ရမှုအပေါ် ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်လို့ ဂျိုးဇတ်ဂေါင်း က ပြောဆိုသွားသည်။ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ဂျိုးဇတ်ဂေါင်းက သူ့ကို အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၏ အောက်လွှတ်တော်အမတ် တဦးအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ ခြင်းဟာ လူငယ်များ နိုင်ငံရေးကို ပိုမိုစိတ်ဝင်တစား ဖြစ်လာအောင်တွန်းအား ဖြစ်စေလာပါလိမ့်မယ်လို့ ပြောဆိုသွား ပါတယ်။ သူကို ရွေးချယ် တင်မြောက်ခဲ့ ခြင်းကြောင့် အမေရိကန်လူငယ်များ ဟာ လူထု အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင်လာစေလိမ့်မယ်လို့ ပြောဆိုသွားပါသည်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်နိုင်ငံ ရှိ လူငယ်တွေ ဟာ ဘယ်ကဘဲလာလာ၊ဘာလူမျိုးဘဲဖြစ်ဖြစ် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို မီးမှောင်းထိုးပြလိုက်တာပါဘဲလို့ ပြောဆိုသွားပါသည်။ နိုင်ငံခြားသားမုန်းတီးတဲ့ စစ်အုပ်စု အုပ်ချုပ်နေတဲ့ မြန်မာ နိုင်ငံမှာတော့ တိုင်းပြည် ခေါင်းဆောင်ဖြစ်လာနိုင်မဲ့ လူငယ်တွေကိုတောင် ထောင် အကျဉ်းချထားကြတယ်။

လူမဲဒီမိုကရက် တွေ ကြီးစိုးထားတဲ့ အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၊ နယူး အော်လင်းမြို့ မှာ ရီပါပလက်ကင် အောက်လွှတ်တော်အမတ် ဂျိုးဇတ်ဂေါင်းဟာ သက်တမ်း (၉)ကြိမ် အနိုင်ရယူခဲ့ တဲ့ လူမဲ ဒီမိုကရက်တစ်အမတ် ၀ီလီယံဂျက်ဖါဆင်ကို စနေ့က အနိုင်ရသွားခဲ့ပါတယ်။ အရွေးချယ်ခံခဲ့ရတဲ့ ဒီမိုကရက်တစ် သမ္မတ အိုဗားမား ထောက်ခံသူ၊ သက်တမ်းရင့်သော လူမဲအမတ် ၀ီလီယံဂျက်ဖါဆင် ဟာ လူမဲအများစု နေထိုင်သော အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ်၊ နယူးအော်လင်းမြို့ မှာ အနိုင်ရဖို့ အခွင့်အရေး အများဆုံးရရှိခဲ့ သော်လည်း၊ သူအပေါ် ဗဟိုအစိုးရက တရားစွဲဆိုထားသော အမှုပေါင်း ၁၆ ခု နှင့် အတူ ငွေးရေးကြေးရေး လာဘ်ပေးလာဘ်ယူမှု၊ တရားရုံးကို လိမ်လည်ထွက်ဆိုခဲ့မှု၊ တရားမ၀င် ငွေကြေး မှောင်ခိုမှု၊ လွှဲပြောင်းခဲ့မှု၊ အကျင့်ပျက်ခဲ့မှု အရှုပ်တော်ပုံကြောင့် ၊ ပြည်သူတွေရဲ့ ထောက်ခံမှု မရရှိခဲ့တော့ပါဘူး။

ဂျိုးစက်ဂေါင်းကတော့ လူမဲအများစုနေထိုင်သော နယူးအော်လင်းမြို့ မှာ လာရောက် မဲပေးသူအရည်အတွက် နည်းပါးခဲ့ခြင်းဟာ သူ အရွေးချယ်ခံရဖို့ အတွက် အခွင့်ကောင်းတရပ် ကိုဖြစ်စေခဲ့ တယ်လို့ ပြောဆိုသွားပါသည်။ ရွေးကောက်ပွဲဟာ မူလက နိုဝင်ဘာ ၄ ရက်မှာ ကျင်းပဖို့ရှိခဲ့ ပေမဲ့ လူဆီယားနားပြည်နယ်တောင်ပိုင်း မှာ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဂတ်စ်တာဗ် ကြောင့် ရွေးကောက်ပွဲကို ပြီခဲ့တဲ့ စနေနေ့ အထိ ရွေှ့ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်အစိုးရလက်အောက်ရောက်ရှိခဲ့ပြီးနောက် ၊
ဂျိုးဇတ်ဂေါင်း ဟာ မိသားစုနှင့်အတူ ဗီယက်နမ်နိုင်ငံက ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ အသက် ၈ နှစ် ကတည်းက ရောက်ရှိ လာခဲ့သည်။ သူဟာ အသက် ၉ နှစ်မှာ ပညာ ပြန်လည် ဆည်းပူးနေစဉ်၊ သူ့ဖခင်၏စာကိုလက်ခံရရှိခဲ့ပါတယ်။ သူဖခင်က “သူ့ကို အလုပ်ကို ကျိုးစားလုပ်ပါ။ ပညာ ကျိုးစားသင်ယူပါ။ တိုင်းပြည် ပြန်လာပြီး၊ ပြည်သူအတွက် အလုပ်အကျွေးပြု လုပ်ငန်းတွေမှာ အကူအညီပေးပါလို့” ပြောဆိုခဲ့ကြောင်း သူကပြန်ပြောင်း သတိတရ ပြောဆိုခဲ့ပါသည်။ ဂျိုးဇတ်ဂေါင်း ဟာ အမေရိကန်မှာ ရူပဗေဒ၊ ဥပဒေ ပညာဘွဲ့ တွေကို ရယူခဲ့ပြီး၊ လူမှုရေး လုပ်ငန်း၊ ကျန်မာရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း တွေမှာတက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူ တဦးဖြစ်ပါသည်။ သူဟာ ကျောင်းတွေမှာလည်း ဥပဒေပညာကို သင်ကြားပို့ချပေးခဲ့ကြောင်းလည်းကြားသိရပါတယ်။

အခုအခါမှာ အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှုးက အိန္ဒိယနွယ်ဖွား အမေရိကန် နိုင်ငံသား ဘော်ဘီဂျင်ဒဲလ် ဖြစ်တာကြောင့်၊ အာရှနွယ်ဖွားတွေ အမေရိကန်နိုင်ငံရေးမှာ ပိုမိုဝင်ရောက် လာနေကြ ပြီဆိုတာပြသနေပါတယ်။ အမေရိကန် နှင့် ကမ္ဘာ့နိုင်ငံတချို့မှာ လူမျိုးရေးမဟာတံတိုင်းကြီးကို ရိုက်ချိုး ဖျက်ဆီး လာနေသော်လည်း၊ မြန်မာနိုင်ငံမှာ ကတော့ ဆက်လက် ရှိနေဆဲပါ။ နောင်တိုင်းပြည်မှာ ဘယ်သူ အုပ်ချုပ်အုပ်ချုပ် လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်ခွဲခြားရေး တွေကို ရပ်တန်းကရပ်သင့်နေပါပြီ။ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် ထက် တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး ဘယ်လောက် လုပ်ပေးနိုင် မလဲ ဆိုတဲ့ အရည်အချင်းကို ဦးစားပေးသင့်ပါသည်။


အမေရိကန်နိုင်ငံ လူဆီယားနားပြည်နယ် အုပ်ချုပ်ရေးမှုး အိန္ဒိယနွယ်ဖွား ဘော်ဘီဂျင်ဒဲလ် နှင့်မိသားစု


လက်ရှိ မြန်မာ့နိုင်ငံရေးလောက မှာ INPUT( ဘယ်သူလဲဆိုတာ) ကို ကြည့်တက်ကြပါသည်။ တနည်းအားဖြင့် ဘယ်သူ က ထောင်ဘယ်လောက် ကျခဲ့သလဲ၊ ဘယ်သူက တောထဲမှာ လက်နက်ကိုင် တိုက်ခဲ့သလဲ၊ ဘယ်သူက ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်၊ နိုင်ငံရေးသမားများ၏ သားသမီး၊ ဘယ်သူက ဘယ်နှစ် ခုနှစ်ကလုပ်ခဲ့တာ၊ ဘယ်သူက ဘာလူမျိုး၊ ဘာ ဘာသာ စသဖြင့်ပေါ့။ ကမ္ဘာ့နိုင်ငံရေးမှာက OUTPUT (သို့) RESULTS ကိုကြည့်ကြတယ် ဆိုတာ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ဂျိုးဇတ်ဂေါင်း ကို အမေရိကန်နိုင်ငံ လူဆီယားနား ပြည်နယ်၏ လွှတ်တော်အမတ် တဦးအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ ခြင်းအချက်က က ထပ်မံ ထောက်ခံ ပြောဆို နေပါသည်။

ကျွန်နော့်အနေဖြင့် မြန်မာနိုင်ငံမှာ တရုတ်ဖြစ်ဖြစ်၊ ကုလားဖြစ်ဖြစ်၊ မွန်၊ရှမ်း၊ ကချင်၊ချင်း၊ ကယား၊ရခိုင်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာ ဖြစ်ဖြစ် တိုင်းပြည်နဲ့ ပြည်သူ ကို တိုးတက်ကြီးပွားအောင်လုပ် ပေးနိုင်ယင် ဘယ်သူမဆို တိုင်ပြည်မှာ ခေါင်းဆောင် လုပ်နိုင်တယ်။ One Man One Vote ဖြစ်သင့်ပါသည်။ ဘယ်လူမျိုး ဘယ်သူ မှ အထူးအခွင့်အရေး ပိုမပေးသင့်ဘူး။ ၆၂ ၇၄ ၈၈ ဆိုပြီတော့လည်း နိုင်ငံရေးမှာ အထူးအခွင့် အရေး ရမှာမဟုတ်ဘူး။ အရည်အချင်း ရှိတဲ့ သူ ခေါင်းဆောင် ဖြစ်ရင် အမြဲထောက်ခံသင့်တယ်လို့ တင်ပြရင်း။


မြန်မာလူငယ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်နိုင်ပါစေ။


Rest of your post


12/8/08

လူတော်လူမော်များအကြောင်း

လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ တော်တော်သတိထားရပါတယ်။ လူအများစုက သူတို့ကောင်းကြောင်း၊ တော်ကြောင်း၊ မှန်ကြောင်းပြောရင် သိပ်ကိုကြိုက်ကြပါတယ်။ တခါတလေများ ရောင်လို့တောင် ခင်ဗျားတို့ မှားတယ်၊ ပြင်ရမယ်၊ မကောင်း ဘူးလို့ သွားမပြောနဲ့။ အနည်းဆုံးတော့ မျက်နှာပျက်တက်ကြပါတယ်။ ဟန်ဆောင်တက်တဲ့သူတွေဆိုရင်တော့ စပ်ဖြဲဖြဲပေါ့။ ဒါပေမဲ့ ရင်ထဲမှာတော့ မကောင်းဘူးပေါ့လေ။ ဒါ့ကြောင့်ပေါင်းသင်းဆက်ဆံရေးကို သတိထားရတယ်လို့ပြောရတာပါ။ ဒါ့ကြောင့်လူမှု့ဆက်ဆံရေး ပညာရှင် တွေက လူတွေနှင့်ဆက်ဆံတိုင်း သူတို့ကို ချီးမွန်ပေးပါလို့ပြောတာ။ ခဏခဏ ချီးမွန်းပြန်ရင် လည်း ဈေးပေါသွားနိုင်ပါတယ်။ ကျနော့်အသိမိတ်ဆွေတွေနှင့်စကားပြောတိုင်း ကျနော်တခါတလေ ချီးမွန်းတယ်။ တခါတလေ မဟုတ်ဘူးလို့ပြောတယ်။ အဲလိုပြောတိုင်း သူတို့မျက်နှာတွေ သတိထားပြီးကြည့်မိတယ်။ ထောက်ခံရင် သူပျော်သွားတယ်။ ကန့်ကွက်ရင် သူ့မျက်နှာမဲ့သွားတာကိုတွေ့ရတယ်။ ဒါနဲ့ကျနော်လည်း စဉ်းစားကြည့်တယ်။ ဘာဖြစ်တာလဲပေါ့။ သူ့ကိုကောင်းကြောင်းပြောတော့ သူတို့သဘောကြတယ်။ သူတို့မကောင်းကြောင်းပြောတော့ သူတို့မကြိုက်ဘူး။ ကျနော်ပြန်စဉ်းစားမိတယ်။ လူတစ်ယောက်(သို့) အဖွဲ့အစည်းတခုကို ကောင်းကြောင်း၊ မကောင်းကြောင်းပြောဖို့။ ဘယ်ဟာကို အဓိက ထားမလဲ။ စိတ်ထဲရှိတာပြောရင် ကောင်းမလား။ ဒါမှမဟုတ် သူတို့အလိုကျပြောရင်ကောင်းမလား။ မကောင်းတဲ့ဟာကို ကောင်းတယ်လို့ပြောရင်ကော လိမ်ရာမကျဘူးလား။ ဘာဘဲဖြစ်ဖြစ်အခုတော့ ကောင်းတယ်ဆိုတဲ့ ဟာတွေချည်းပဲပြောပါတော့မယ်။ နမှုနာအဖြစ်အောက်ပါအကြောင်းတွေပြောပါ့မယ်။

ပထမဦးဆုံးအနေနဲ့ကျနော်တို့ပါတီရဲ့ဥက္ကဌ ကိုအောင်မိုးဇော်အကြောင်း-

ကိုအောင်မိုးဇော်
၁၉၈၈-ခုနှစ်ကတည်းက တော်လှန်သော ကျောင်းသားခေါင်းဆောင်တစ်ယောက်။ ပါတီစဖွဲ့ကတည်းက ဦးဆောင်သူတွေထဲကတစ်ယောက်။ အခုလက်ရှိပါတီကို ဆက်လက်ဦးဆောင်နေဆဲ။ တပ်ပေါင်းစုထဲမှာလည်း အထင်ကရရှိတဲ့သူ။ နိုင်ငံတကာမှာလည်း ကိုအောင်မိုးဇော်ဆိုရင် မသိသူခပ်ရှားရှား။ သူချစ်တဲ့တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်ကနေကယ်တင်ဖို့အတွက် သူ့ဘ၀တခုလုံးကိုပေးဆပ်နေတဲ့သူ။ လူချစ်လူခင် ပေါတယ်။ စကားပြောကောင်းတယ်။ ယဉ်ကျေးတယ်။ ပညာတက်တယ်။ ဥပဓိရုပ်ခန့်ငြားတယ်။ အခုထိနှစ်ပေါင်း ၂၀-ဆယ်ရှိနေပြီ ဆက်လက်တိုက်ပွဲဝင်နေတဲ့သူ။ ဘယ်အချိန်မဆို တတိယနိုင်ငံတခုခုမှာ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ နေရာမှာ သွားရောက်နေထိုင်ဖို့အတွက် အစိုးရတွေက အသိအမှတ်ပြုထားသူ။ ဒါပေမဲ့သူက ဘယ်တော့မှ မသွားဘူး။ သူချစ်တဲ့ ပါတီကို ဘယ်တော့မှ ထွက်ခွာမသွားဘူး။ ငွေရေးကြေးရေး အရှုပ်အရှင်းမရှိသူ။လစာမရတဲ့နိုင်ငံရေးဆက်လုပ်နေသူ။ နှစ်ပေါင်းနှစ်ဆယ်တော်လှန်ကာလမှာ အခက်အခဲ မျိုးစုံ၊ အတိုက်အခံမျိုးစုံနဲ့ပါတီကို ဆွဲထုတ်လာခဲ့သူ။ သူ့ရဲ့လက်အောက်မှာရှိနေတဲ့ ပါတီဟာ အားကောင်းဆဲ။ သူလက်ထက်မှာ ပါတီကိုအဓိက အင်အားစုကြီးတွေနဲ့နှစ်ကြိမ်တိုင်အားဖြည့်ခဲ့တယ်။ ပေါင်းစည်းခဲ့တယ်။ သူကလူတော်တစ်ယောက်ပါ။ နောင်တ ချိန်မှာသူဟာ တိုင်းပြည်ခေါင်းဆောင် ဖြစ်ရင်ဖြစ်အုံးမယ်။

ကိုနိုင်အောင်
အသက်အရွယ်အားဖြင့် ၄၀ ကျော်။ ဥပဓိခန့်ငြားတယ်။ အမြဲတမ်းတက်တက်ကြွကြွရှိတဲ့သူ။ နိုင်ငံရေးလောကမှာ ဒေါက်တာနိုင်အောင်ဆိုတာမသိသူခပ်ရှားရှား။ ရုပ်ရှင်မင်းသားကလူတိုင်းက မသိဘူး။ လူတိုင်းက ရုပ်ရှင် မင်းသားကိုသိလိုမျိုး။ သူဟာဆိုရင် အခုလက်ရှိ တော်လှန်ရေးကခေါင်းဆောင်တစ်ယောက်။ ပညာတက် တယ်။ သူ့ရဲ့ဆရာဝန်ဘွဲ့ကိုစွန့်လွတ်ပြီး သူယုံကြည်တဲ့နိုင်ငံရေးကို ဆက်လုပ်နေဆဲ။ ၁၉၈၈-ခုနှစ်ကတည်း ကျောင်းသား ခေါင်းဆောင်တစ်ယောက်။ အေဘီစက်ဒီဖက်ရဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့ဘူးတယ်။ ထက်ထက် မြက်မြက်နဲ့ သူ့အဖွဲ့အစည်းကို ဆက်လက်ဦးဆောင်နေဆဲ။ အခုအချိန်ထိ ဘယ်သူတွေဘာဘဲပြောပြော သူယုံကြည်တဲ့ တော်လှန်ရေးထဲမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ။

အချိန်မရတော့လို့အောက်ပါစာရင်းရှိလူများအတွက်ဆက်ရေးပါ့မယ်။ အချက်အလက်ရှိရင်ရှယ်ပေးကြပါ။
ကိုသံခဲ
ဦးကျော်ထက်
မခင်ဥမ္မာ
ဦးမောင်မောင်
ကိုတိတ်နိုင်
ကိုဘိုကြည်
ကိုခင်မောင်တင့်
ကိုညို
ကိုထွတ်
ကိုငြိမ်း
ကိုထူးချစ်
ကိုငွေလင်း
စသဖြင့်.....

ဒီနေ့ တော့ ကျနော်တို့ထောပြီ

မနေ့ညက မြန်မာလို ဘုရားပွဲကိုရောက်တုံးက ရိုက်ကတဲ့ပုံပါ

သြော်စီအစိုးကနေ ဒီနေ့မှာ သူ့နိုင်ငံသားတွေကို Bonus ပေးပါတယ်။ ၁၆-နှစ်အောက်ခလေး တစ်ယောက်ကို ဒေါ်လာတစ်ထောင်နှုံး နှင့် ပင်စင်သမားတွေကို ဒေါ်လာ ၁၄၀၀ ပေးပါတယ်။ ၁၆-နှစ်အထက်ဖြစ်တဲ့သူတွေတော့ မရဘူးပေါ့။ ပင်စင်စားလင်မယားနှစ်ယောက်ဆိုရင် ၂၁၀၀ ပဲရပါတယ်။ တချို့မြန်မာလူမျိုးတွေ ဒေါ်လာ တစ်သောင်းနီးပါး အလကား ရပါတယ်။ အစိုးရကပေးတဲ့ရည်ရွယ်ချက်ကတော့ နောက်ကွယ်မှာ အမျိုးမျိုးရှိနိုင်ပါတယ်။ Labor အစိုးရ အာဏာတည်မြဲဖို့လား၊ စသဖြင့်ပေါ့။ သူတို့ရဲ့အဓိက အကြောင်းပြချက်ကတော့ ဈေးကွက်အတွင်း ၀ယ်လိုအားများလာအောင် လုပ်ပေးတာပါ။ ဘာဘဲဖြစ်ဖြစ် ကျနော်တော့ ဒေါ်လာ နှစ်ထောင်တောင် ထောအုံးမယ်။ ဒီဇင်ဘာကာလဆိုတော့ ပွဲတော်တွေနဲ့ ခရစ်စမတ်လက်ဆောင်ပေး၊ ခရီးထွက်ဖို့ အတွက်လည်း အဆင်ပြေသွားတာပေါ့။ မြန်မာစစ်အစိုးရကတော့ ဒီအချိန်မှာ သူ့နိုင်ငံသားတွေကို ပိုက်ဆံအလကားပေးဖို့ထက် ဘယ်လိုလိမ်ပြီး အလှူငွေ ကောက်အုံးမလဲဆိုတာ စောင့်ကြည့်ရအုံးမယ်။

12/7/08

Perth မြို့မှာထာဝရ နေခဲ့ရသော မြန်မာလူမျိုးများ(ဓာတ်ပုံ)


စစ်အာဏာရှင်လက်အောက်ကနေ ဒုက္ခသည်စခန်း၊ စခန်းကနေ Perth မြို့ မှာ ထာဝရ Refugee အဖြစ်

ယခုလို မသာအသုဘ ချဖို့အတွက် ဒေါ်လာ တစ်သောင်းကျော်ကုန်ပါတယ်။
Perth မြို့မှာ ရှိတဲ့ အသုဘတွေထဲမှာတော့ လူအစည်းကားဆုံးပါဘဲ။ မြန်မာလူမျိုးတွေပီပီ နီးစပ်ရာလိုက်ပို့ခဲ့.....
အော်စီတွေကြတော့ သူတို့ရဲ့ဆွေးမျိုးတွေလောက်ပဲပို့ပါတယ်။
နောက်ဆုံးကျတော့ အိမ်ဝယ်၊ ကားဝယ်၊ ဇိမ်ခံပစ္စည်းတွေဝယ်ထားတွေကို ကျနော်တို့ယူသွားလို့မရပါ။ နောက်ဆုံးမှာတော့ အားလုံးဟာ မြေကြီးပါပဲ။
အချိန်မီနောင်တရနိုင်ကြပါစေ.....

12/5/08

Laptops ကျော်ငြာ


Laptop တွေပြိုင်ကြတာလားဟင်............။ ရုပ်ရှင်ကြည့်သူကကြည့်၊ အင်တာနက်ဖတ်သူကဖတ်၊ အလုပ်အရမ်းရှုပ်တာပဲနော်......။

ထူးထူးခြားခြား မျောက်လောင်းများ

မြင့်ဆွေဖွန်ကြောင်နေသည့်ပုံ

ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီမြင့်ဆွေသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှုး ဗိုလ်မှုးချုပ် ကျော်ကျော်ထွန်းနှင့်တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နေ့လည် ၂-နာရီ ၁၅-မိနစ်တွင် လှိုင်သာယာစက်မှု့ဇုံ (၅) ရှိစက်ရုံများမှ စော်များအားလိုက်ငန်းလျှက်ရှိကြောင်း ကြေးမုံမှ သတင်းရရှိပါသည်။

ရင်ဘတ်တွင် မသာတံဆိပ်ကပ်ထားသော ငပေါသိန်းစိန်

ကမ္ဘာ့စီးပွားရေးပျက်ကပ်ဆိုက်မှုကြောင့် ပြည်ပရောက်မြန်မာအလုပ်သများ ၂-သန်းကျော် အလုပ်လက်မဲ့ ဖြစ်ပြီးမြန်မာပြည်ပြန်လာမယ်ဆိုရင် ပြည်တွင်းမှာ အလုပ်အကိုင်အဆင်သင့် ပါပဲလို့နအဖ ၀န်ကြီးချုပ် ငပေါသိန်းစိန် က ပြောသွားပါသည်။ မနေ့ကကျင်းပတဲ့ လယ်ယာကဏ္ဌ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ကုန်ပစ္စည်း တိုးတက်ထုတ်လုပ်မြင့်တင်ရေးအစည်းအဝေးတွင် ငပေါသိန်းစိန်မှ ပေါ်တာလုပ်ငန်းများ၊ လုပ်အားပေးများ၊ စစ်တပ်ထဲရှိ မြောင်းတူးမြောင်းဆွ အလုပ်များ အဆင်သင့်ရှိကြောင်း နှင့် ပြန်လာမည့် ၂-သန်းကျော် မြန်မာအလုပ်သမားများအားအလွယ်တကူ အလုပ်ခန့်ပေးမည်ဆိုကြောင်း ကြေးမုံမှ သိရှိရသည်။

12/4/08

ထင်ထင်ရှားရှား မျောက်လောင်းများ

ယခုကိုပုံလေ့လာပါ။ ၃-ရက်နေ့ကြေးမုံသတင်းစာပါ ဓာတ်ပုံတစ်ပုံဖြစ်ပါသည်။ စက်မှု(၁) ၀န်ကြီးဟုခေါ်ဆိုသော သူခိုးကြီးအောင်သောင်း (ခ) အသက်ကြီးပြီး အချိန်မစီးသူ တစ်ယောက် လိမ်နေတာကို နားထောင်နေပုံဖြစ်ပါသည်။ ထိပ်ဆုံးတွင် နားထောင်နေသော ထင်ထင်ရှားရှားမျောက်လောင်း သူခိုးလေး ဗိုလ်ချုပ် တစ်ယောက် အထင်တကြီး နားထောင်နေသည်ကို မြင်ရပါလိမ့်မည်။ ဘာဖြစ်လို့များ သူ့ သီးသီးသန့်သန့် ရှေ့ဆုံးမှာ နေရာပေးပါလိမ့်........။

12/3/08

ကျက်သရေမရှိတဲ့ နွားသုံးကောင်

ဖွတ်တက်တော့မွဲ......ဖွတ်ကြီးသုံးကောင်ပုံ

သူတို့ကိုသူတို့ တိုင်းပြည်ခေါင်းဆောင်ကြီးများတဲ့။ ကြည့်ကြပါအုံး သူတို့ နွားသုံးကောင်ရဲ့မျက်နှာတွေကို။ နွားအိုကြီးဖြစ်တဲ့ သန်းရွှေကို အရင်ကြည့်။ မနက်ဖန်လား။ ဒီနေ့လား မသိ သေတော့မဲ့မျက်နှာနဲ့။ အသက်က ဖင်ဆောင့်နေပြီ။ အခုထိ တရားမရနိုင်ဘူး။ အသားအရေက ဖောသွပ်သွပ်။ မျက်နှာက သူ့လုပ်စာကို တတိုင်းပြည်လုံးက ထိုင်စားနေသရောင်။ ကျက်သရေကင်းမဲ့မှုများနှင့် ပြည့်နေတဲ့သူကြီး။

နောက်တစ်ကောင်ကိုကြည့်အုံး။ မောင်အေး။ သူလည်းအတူတူပဲ။ အရက်ဖောဖောနေတဲ့ သောက်ခွက်နဲ့။ ဘယ်လိုပဲကြည့်ကြည့် မျက်စိပိတ်ကြည့်ရင်တောင် ကိုမိုးသိးဇွန်လောက် မခန့်ငြား။ အသံက ညောင်နာနာနဲ့။ ဒေါက်တာ စိန်ဝင်းလောက်တောင် အသံ မကောင်းဘူး။ သေသေချာချာကြည့်ပါ လူကြီးမင်း ဖာခေါင်းလုပ်တဲ့သူတွေနဲ့ မတူဘူးလား။

သူရရွှေမန်း။ စုပ်ချွန်းချွန်း မျက်နှာနဲ့။ ဂုဏ်သိက္ခာရှိတဲ့ ရုပ်ရည် မရှိဘူး။ သူတို့အားလုံးရဲ့မျက်နှာကို သေသေချာချာကြည့်ပြီးထမင်းစားရင်တောင် ထမင်းစားပျက်တယ်။ အရှက်မရှိ သူတို့ကိုသူတို့ တိုင်းပြည်ခေါင်းဆောင်တဲ့။ တက်ထားတဲ့ ပညာတွေက How to kill people.....နောင်တချိန် ပြည်သူ့အစိုးရဖြစ်ရင် ခင်ဗျားတို့ရဲ့ အရိုးပြာတွေကို ပြတိုက်မှာ ထားအုံးမယ်။

11/30/08

လွတ်လပ်ဖလှယ်ဆွေးနွေးမယ်

Open Discussion
To KHAG from SH
Future Prospect (Burmese Version)

ပလစ်သို့

ဒီနေ့ ငယ်သူငယ်ချင်းနဲ့တွေ့တယ်။ ဘာမှမသိပဲ တစ်ယောက်နဲ့တစ်ယောက်ဝေးသွားခဲ့တာ ၁၀-နှစ်ရှိခဲ့ပြီ။ ပြန်တွေ့တော့ လွန်ခဲ့တဲ့ ၁၀-နှစ်က အတိုင်း ဘာမှမပြောင်းလဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက ရန်ကုန်မှာ။ ကျနော်က လူ့ဘောင်သစ် နယ်စပ်မှာ။ ဒီနေ့ သူ့ကိုအင်တာနက်မှာ တွေ့တယ်။

သူ့မျက်ဝန်းက အရောင်သိတ်မလက်ဘူး။ ဘာဖြစ်လဲသူငယ်ချင်း။ မပူနဲ့ ငါရှိတယ်။ ငါတို့ တော်လှန်ရေးရှိသေးတယ်။

ဘုန်းကျော်(လူ့ဘောင်သစ်)


ဗားပလက်စ်ရေ မင်းတို့ငါတို့ဟာ မွေးထဲက တော်လှန်ရေးသမားတွေပါကွာ.........

11/27/08

ဆရာ ဒေါက်တာမျိုးညွှန့်

ဓာတ်ပုံ ဘုန်းကျော်(လူ့ဘောင်သစ်)

ဆရာဒေါက်တာမျိုးညွှန့်(စီးပွာရေးပညာရှင်)။ မြန်မာ့နိုင်ငံရေးသမိုင်းထဲမှာ အထင်ကရ ရှိတဲ့သူ။ အမှန်တရားကို မြတ်နိုးရင်းနဲ့ လူငယ်တွေကို အမြဲတမ်းအားပေးနေတဲ့သူ။ စစ်အာဏာရှင် စနစ်ကို မြန်မာပြည်မှာ လုံးဝမရှိစေချင်တဲ့သူ။ တတိယနိုင်ငံမှာနေရပေမဲ့ အမြဲတမ်းတိုင်းပြည်မှာရှိနေတဲ့ ယဉ်ကျေးမှုတွေထဲမှာ နစ်မွန်းနေသူ။
ရှားရှားပါးပါး ပညာရှင်တော်လှန်ရေးသမား။ အရမ်းလေးစားဖို့ကောင်းတယ်။ အမြဲတမ်းနိုင်ငံရေးကို လူငယ်တွေထက်တက်ကြွတယ်။
သူ့သမိုင်းကိုသိချင်ရင် Wikipedia နှင့် Google မှာရှာကြည့်။ သူက ကျနော့်ဆရာပါ။ ဆရာတော်လှန်ရေးကိုဆက်လုပ်နိုင်ပါစေ.........။

ထိုင်းကတော့ လုပ်ပြန်ပြီ


ထိုင်းတွေကတော့ သူတို့အစိုးရကို အခုလိုပြတ်ပြတ်သားသားဆန့်ကျင်တယ်

ထိုင်းလူမျိုးတွေ ဗမာတွေကို တော်တော် ဒုက္ခပေးကြတယ်။ မြန်မာအလုပ်သမားတွေကို မုဒိမ်းကျင့်၊ သတ်၊ ငွေမပေးပဲ၊ ခိုင်း စတာတွေအများကြီး။ ထိုင်းရဲတွေကပိုဆိုးတယ်။ တော်လှန်ရေးသမား တွေနှင့်အဖွဲ့ အစည်းတွေဆိုလည်း ထိုင်း ထောက်လှမ်းရေး၊ ရဲ ကိုပဲ ပေးနေရတာနဲ့ NGO ကရတဲ့ ငွေကိုမစားရဘူး။ အခုလည်းကြည့် ဘန်ကောက်မှာ လေဆိပ်ပိတ်တော့ တတိယနိုင်ငံသွားမဲ့ မြန်မာဒုက္ခသည်တွေအများကြီး ကြန့်ကြာနေကုန်ပြီ။ တော်တော် ဒုက္ခပေးတဲ့ထိုင်းတွေ။ ဒုက္ခသည်တွေဆိုတော့ သူတို့မှာ ငွေလည်းမရှိ။ စားစရာလည်းမရှိ၊ နေစရာလည်းမရှိ တော်တော်ဒုက္ခရောက်ရတယ်။ ဟင်း......ဟင်း......နော် ......ထိုင်းကိုပြန် ရောက်ရင်လား..လက်စားချေပေးအုံးမယ်။

ဘန်ကောက်ကိုမသွားကြပါနဲ့ရွှေမြန်မာတို့ခင်ဗျား....တော်ကြာ ရောရောင်ပြီး အသတ်ခံနေရအုံးမယ်....

11/25/08

အမှိုက်ပုံထဲက အနာဂတ်မျိုးဆက်သစ်များ (ဓာတ်ပုံ)

အမှိုက်ပုံထဲကနေ ရွှေထွက်တယ်ဆိုတာ ကြာဘူးတယ်မဟုတ်လား။ တနေ့ သူတို့မြန်မာပြည်ကြီးကို ကောင်းအောင်တည်ဆောက်နိုင်တဲ့သူတွေ ဖြစ်ရင်ဖြစ်အုံးမှာ....။
ထိုင်းနိုင်ငံမဲ့ဆောက်မြို့ ကမြန်မာကလေးငယ်များ ဖြစ်ပါသည်။ ဓာတ်ပုံရိုက်သူကိုမသိရပါ။

11/24/08

ဆန်ပြုတ်သောက်ရတဲ့ ဒုက္ခသည်များ (ဓာတ်ပုံ)

အဖွဲ့တခုထောင်ပြန်ပြီ


နို့ဘိုးအထောက်တော်
ရက်စွဲ ၂၃၊ ၁၁၊ ၀၈


ဗမာ အမျိုးသားအသင်း ညီလာခံအောင်မြင်စွာပြီးဆုံး
ထိုင်းနိုင်ငံနို့ဘိုး ဒုက္ခသည်စခန်းအတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရန်အတွက် ဗမာ တိုင်းရင်းသားများစုပေါင်းကာ ဗမာအမျိုးသားအသင်း(နို့ဘိုး) အား ၂၁၊၁၀၊၂၀၀၈ ရက်နေ့တွင် စတင်တည် ထောင်ခဲ့ပါသည်။ ဖွဲ့စည်းပြီး တလအကြာတွင် အသင်း၏ညီလာခံအား ၂၂၊၁၁၊၂၀၀၈ ရက်နေ့တွင် အောင် မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ထို့အပြင် အသင်း၏ ဦးဆောင်ကော်မတီအသစ် ကို လူထုမှရွေးကောက် တင်မြာက်ခဲ့ပါသည်။ တာဝန်ခံအဖြစ် ဦးအာဘော်နှင့် ဒု-တာဝန်ခံအဖြစ် ဦးထင်လင်းအောင်တို့ မှ အသင်းအား ဦးဆောင်သွားမည်ဖြစ်ပါသည်။
၂၂၊၁၁၊၂၀၀၈ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် ညီလာခံတွင် ဗမာအမျိုးသားအသင်း(နို့ဘိုး) အနေ ဖြင့် ‘တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အဓိက ဖော်ဆောင်သွားမည်ဖြစ်ပြီး၊ ဗမာလူမျိုးများ၏ ယဉ်ကျေးမှု နှင့် ဓလေ့ များကိုဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အချင်းချင်းချစ်ကြည်ရင်းနှီးမှု ကိုအလေး ထားဖော်ဆောင်သွားမည်ဖြစ်ကြောင်း’ အလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်သော ဦးလူဘို မှ ပြောကြား သွားသည်။
မြန်မာပြည်ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်အတွက် တို့ဗမာအစည်းအရုံး ပေါ်ပေါက်ခဲ့ပြီး နောက် ဗမာအမျိုးသားအသင်း တဖန်ပြန်လည်ပေါ်ပေါက်လာခြင်းသည် မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက် အတိတ်နိမိတ်ကောင်းများလား ဆိုသည်မှာ စောင့်ကြည့်ရအုံးမည်ဖြစ်သည်။

11/20/08

Ko Guru


You are not died in my heart.
Picture taken from www.kogingyi.blogpsot.com

View My Stats