ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/14/12

၅၀၀၀-တန်ဖုန်းကိစ္စကို ခွင့်ပြုပေးပါ

တစ်လောက ငါးထောင်တန်ဖုန်းကိစ္စကို Company တစ်ခုက လုပ်ချင်ကြောင်းကြားလိုက်ရတယ်။ မြန်မာ့ဆက်သွယ်ရေးကလည်း သူတို့ ခွင့်ပြုမှ ဒါကို လုပ်လို့ ရမယ်လို့ ဆိုထားတယ်။ ဒီနေရာမှာအကြီးအကျယ်လွဲနေပြီ။ ဖုန်းကိစ္စအတွက် ဆက်သွယ်ရေးဝန်ကြီးဌာနကို မတင်ပဲ သမ္မတထံကို တိုက်ရိုက်တင်ရတယ်လို့ ။ ဘယ်နိုင်ငံမှ မကြားဘူးတဲ့ အမှုတစ်ခုပဲ။ စိတ်ဝင်စားစရာကောင်းတယ်။ ဆက်သွယ်ရေးကလည်းး ဘာ့ကြောင့် ဒီလောက်ကောင်းတဲ့ အခြေအနေကို ကန့် ကွက်နေတာလဲ။

မြန်မာပြည်မှာ ငါးထောင်တန်ဖုန်းပေါ်လာတာ အရမ်းကောင်းတယ်။ ဒါကို ဆက်သွယ်ရေးက မနာလိုသလိုဖြစ်နေတယ်။ ဘာ့ကြောင်လဲဆိုတာကိုတော့ လူကြီးမင်းတို့  သိမယ်ထင်တယ်။ လက်ဝါးကြီးအုပ်မှုဖြစ်နေတယ်။ ဆင်းရဲသားတွေအတွက် မတရားဘူး။

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး၊ တွေ့ ဆုံဆွေးနွေးရေး၊ လူ့ အခွင့်အရေးစတဲ့ အသံတွေကို နိုင်ငံရေးသမားတွေပါးစပ်က ထွက်သလို ဈေးပေါပေါနဲ့ ရနိုင်မဲ့ တယ်လီဖုန်းကိစ္စအရေးလည်း ထွက်ဖို့ အရေးကြီးတယ်။ ဒါ့ကြောင့် နိုင်ငံရေးသမားတွေ အနေနဲ့ ဈေးပေါပေါနဲ့ ဆင်းရဲတဲ့ပြည်သူတွေ တယ်လီဖုန်းဆက်နိုင်အောင် ပြောကြပါ။ ဦးသိန်းစိန်အစိုးရအနေနဲ့ လည်း တစ်ခုပဲလုပ်စရာရှိတယ်။ လုပ်ချင်တဲ့သူကို ခွင့်ပြုပေးလိုက်ပါ။ ဒါမှ ဆင်းရဲမှု့ ကို လျှော့ချနိုင်တဲ့ အစီအမံတစ်ရပ်ဖြစ်ပါတယ်။

No comments:


View My Stats