ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

1/14/12

တအားရုပ်ဆိုးသော အကိုကြီးများ

ထောင်ထဲက ထွက်တဲ့လူတွေကို ကြည့်ရတာ အတော်ပျော်စရာကောင်းသားပဲ။ နောက်တစ်ခါ ဒါမျိုး ပျော်လို့ ရအောင် အစိုးရကို ထပ်ပြီးဖမ်းပါလို့ တောင် ပြောချင်တယ်။ ၈၈- ကျောင်းသားခေါင်းဆောင်တွေကို ကြည့်ရတာ အတော်ရုပ်ဆိုးတာပဲ။ ကိုမင်းကိုနိုင်ဆိုရင် လူအရင်မလာပဲ ရှေ့ သွားနှစ်ချောင်းက အရင်ရောက်နေတယ်။ ကိုးဌေးကြွယ်ရုပ်ကလည်း လန်းမှလန်း။ အသားကလေးကလည်း ဖြူဖွေးလို့ ။ ကိုကိုကြီးကြည့်ရတာ ဘီလူးသံပရာသီးစားထားတဲ့ ရုပ်လို။ ပြည်ပက ကိုမိုးသီးဇွန်းရုပ်ကလည်း ဓားပြလိုလို။ လူဆိုးဗိုလ်လိုလို။ ၈၈-ထဲမှာ ပေမမှီဒေါက်မမှီတဲ့လူလည်းပါသေး။ ကိုဇာဂနာဆိုရင် ဆံပင်တောင် မရှိ။ အင်း....ပြောရရင်တော့ တထောကြီးပဲ။ ဒါပေမဲ့သူတို့ တွေ ရုပ်သာဆိုးတာ နှလုံးသားကတော့ အတော်လှတယ်လို့ ပြောလို့ ရတယ်။ ဖြစ်နိုင်ရင် ၈၈-ခေါင်းဆောင်တွေကို မော်ဒယ်ပြိုင်ပွဲတောင် လုပ်ပေးလိုက်ချင်တယ်။ နောက်ဆုံးပေါ် ဖတ်ရှင်ပေါ့ဗျာ။

No comments:


View My Stats