ဘုန်းကျော် Group ဖွင့်ပြီ...

Google Groups
Subscribe to phone_kyaw
Email:
Visit this group

5/27/10

ဘုန်းငိုတောင် (သူပုန်ဘ၀-အပိုင်း-၉)

၂၀၀၂-ခုနှစ်မှာ PDF က စစ်သင်တန်းလုပ်တယ်။ သင်တန်းဆရာ ကိုငြိမ်း၊ လက်ထောက်နည်းပြနှစ်ယောက်နဲ့ သင်တန်းသား အယောက်နှစ်ဆယ်လောက်ကို သင်တယ်။ လက်ထောက်နည်းပြနှစ်ယောက်ကတော့ ကိုမင်းထက်၊ ကိုကျော်ထွန်း (ပအို့တိုင်းရင်းသား) တို့ဖြစ်ပါတယ်။ သူတို့အားလုံးက နအဖတပ်က တစ်ကြပ်၊ တစ်ကြပ်ကြီးတာဝန်နဲ့ တော်လှန်ရေးသမား(တနည်း) သူပုန်တွေနဲ့လာပြီးပူးပေါင်းခဲ့တဲ့လူတွေပေါ့။ စစ်သင်တန်းကိုတက်ဖို့ လူဘောင်သစ်(တောင်ပိုင်း)က ကွန်မန်ဒိုတွေဖြစ်တဲ့ ကျနော်၊ ကျော်စွာဝင်း၊ ငယ်ထွေး၊ ကိုရန်ကျော်တို့တက်ကြတယ်။ သင်တန်းက သုံးလကြာတယ်။ PDF ကရဲဘော်တွေဆိုတာကလည်း၊ လူ့ဘောင်သစ်ကရဲဘော်တွေလို...အတူတူနေ၊ အတူစား၊ သောက်၊ ညီရင်း အစ်ကိုလိုနေကြတယ်။ ရန်ဖြစ်တာမရှိသလောက်ပဲ။

သင်တန်းပြီးတဲ့အချိန်မှာ ဘုရားသုံးဆူမြို့ က နအဖ တပ်ရင်းတွေနောက်တန်းပြန်၊ နောက်တန်းကတပ်ရင်းတွေက ဘုရားသုံးဆူမြို့ ကိုတက်ပေါ့။ ဘုရားသုံးဆူကတပ်ရင်း ဆင်းမယ်ဆိုတဲ့ သတင်းကို ABSDF တပ်ရင်း-၁ က ကြားဖြတ်ဖမ်းတဲ့ ကိုခြသေ့င်္က ရတယ်။ သူရတော့ KNU နဲ့အခြားမဟာမိတ်တွေကို ကြိုတင်သတင်းပေးတယ်။ ပြင်ဆင်ကြပေါ့။

ဘုရားသုံးဆူကဆင်းရင် ဒီကောင်တွေ တောတော့တိုးမှာမဟုတ်ဘူး။ လမ်းကြောင်းအတိုင်းဆင်းမယ်ဆိုတာကို သူပုန်တွေသိတယ်။ အဲဒိလမ်းကြောင်းပေါ်မှာ ရွာလေးရွာလောက်ရှိတယ်။ အဲဒိရွာလေးရွာနားမှာ ကျနော်တို့ အင်အားတွေဖြစ်တဲ့ လူ့ဘောင်သစ်(တောင်ပိုင်း)၊ ABSDF ရင်းတစ်၊ PDF၊ KNU၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်တပ် တွေအခိုင်အမှာ ရှိတယ်။ ရန်သူက ဘုရားသုံးဆူကဆင်းပြီဆိုတော့ ကျနော်တို့အဖွဲ့တွေပြင်ကြပြီ။

လူ့ဘောင်သစ်(တောင်ပိုင်း)က PDF နဲ့တွဲတော့၊ PDF က တပ်မှုး ကိုမင်းထက်စီမံခန့်ခွဲတာကို လိုက်နာရတယ်။ အာလုံးပျောက်ကြားပစ်ဖို့အတွက် အဖွဲ့လေးဖွဲ့ခွဲတယ်။ လိုအပ်တဲ့ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်ကို ထုပ်ပိုးတယ်။ ပုခတ်၊ စောင်၊ မိုးကာကို ထည့်တယ်။ အဆင်သင့်ပြင်ပြီးဆိုတော့ ကိုယ်တာဝန်ကျရာ အဖွဲ့နဲ့လိုက်တယ်။

ပထမဦးဆုံးတပ်ဖွဲ့ကတော့ ဗိုလ်ရွှေ (KNU) နဲ့ နှစ်ယောက်က ထိပ်ဆုံးအဖွဲ့။ သူတို့အလုပ်က သေနတ်နဲ့မပစ်ပဲ…ရှေ့ ထွက်မိုင်းနဲ့ ခွဲရေး။ သူတို့ပြီးရင် ကျနော်တို့အဖွဲ့။ ကျနော်တို့အဖွဲ့ကို ဦးဆောင်တာက KNU က တပ်ကြပ်ကြီး။ တောင်ယာလုပ်နေတဲ့ တပ်ကြပ်ကြီးက ရန်သူသတင်းသံကြားမှ တဲအောက်က သေနတ်ကို ပွတ်တိုက်၊ စကားပြောစက်ကိုယူ၊ ပုဆိုးကိုစလွဲသိုင်းပြီး ကောက်ကာငင်ခါလိုက်တယ်။ သူက ကျနော်တို့အဖွဲ့ရဲ့ တပ်စိပ်မှုး။ PDF က ထားဝယ်သား အ,ထစ် တစ်ယောက်၊ ကျနော်၊ ရခိုင်အဖွဲ့က နှစ်ယောက်ပါတယ်။ ကျနော်က RPG-5 ကို ထမ်းတယ်။ ကျန်တဲ့လူက အေကေ ၄၇ နဲ့ M16 ပါတယ်။ ကျနော်တို့ လူ့ဘောင်သစ်သေနတ်တွေအားလုံးက PDF ကသေနတ်တွေချည်းပဲ။

ကျနော်တော့အဖွဲ့ပြီးတော့ ABSDF တပ်ရင်း-၁ က နောက်ရွာတခုမှာ စောင့်တယ်။ လာရင်တွယ်ဖို့အတွက် ပျောက်ကြားပစ်ရေးတာဝန်ကြတယ်။ တစ်ဖွဲ့မှာ လေးငါးယောက်ပါတယ်။ သူတို့အဖွဲ့ပြီးတော့ PDF က လေးယောက်ပါ ကိုမင်းထက်တို့အဖွဲ့ စောင့်တယ်။ အဲဒိအဖွဲ့မှာ ပါတီက ငယ်ထွေးကတာဝန်ကြတယ်။ ဆိုတော့ ရွာလေးရွာကြားမှာ သူပုန်ပျောက်ကြားအဖွဲ့ ဘယ်လောက်ရှိလဲဆိုတာ သိလောက်ပြီ။

မိုးကလည်းရွာ။ ခြင်ကလည်းကိုက်၊ နေ့မအိပ်၊ ညမအိပ်စောင့်ကြတယ်။ တစ်ယောက်တစ်လှည့်ပေါ့။ လမ်းကြောင်းတစ်ခုလုံးကလည်းခြောက်ကပ်နေပြီ၊ ရွာသားတွေလည်းမရှိတော့ဘူး။ ပုန်းနေကြပြီ။ ရန်သူက ပေါ်တာဆွဲမှာစိုးလို့။

နောက်နေ့မနက်မိုးလင်းတော့ KNU ကဗိုလ်ရွှေတို့အဖွဲ့  ရှေ့ ထွက်မိုင်းနှစ်လုံးနဲ့ ချလိုက်တာ ရန်သူနှစ်ကောင်ကားကနဲ။ ဒဏ်ရာကတော့မပြောနဲ့။ ရှေ့ ထွက်မိုင်းပါဆိုနေမှ... ဗျောက်အိုးမှ မဟုတ်တာနော်။ ဒီမှာတင် သူတို့အနောက်က ၊ စောင့်နေတဲ့ကျနော်တို့အဖွဲ့တွေ အရမ်းပျော်ပြီ။ ဟေ့..ဗိုလ်ရွှေ..ခွေးဘယ်နှစ်ကောင်သေပြီလဲဟ…လို့ စက်နဲ့လှမ်းမေးကြတယ်။ ဗိုလ်ရွှေနဲ့အဖွဲ့ကို ဂုဏ်ပြုကြတယ်။ ဗိုလ်ရွှေတို့တာဝန်ကြေပြီ။ ကျနော်တို့အလှည့်။

ရှေ့ ထွက်မိုင်းထိတဲ့ငနဲတွေ.. ရွာထဲမှာ တစ်ရက်နဲ့တစ်ညလောက်နားကြတယ်။ မထွက်ရဲတော့ဘူး။ အဲဒိရွာကလည်း မွန်သစ်ပါတီကရွာ။ မွန်နဲ့က အပစ်ရပ်ဆိုတော့ ဒီကောင်တွေစိတ်အေးမဲ့ပုံပဲ။ ကျနော်တို့အဖွဲ့မှာကရင်ရွာသူကြီးတစ်ယောက်ပါတယ်။ သူကသူတောပစ်တဲ့ တစ်လုံးထိုးသေနတ်ကိုလွဲပြီး ပျောက်ကြားပစ်တာကိုကျနော်တို့နဲ့ အုတ်ပျော် လိုက်တယ်။ အခုတော့သူက ဒီကေဘီအေထဲမှာရောက်နေပြီ။

ဗိုလ်ရွှေတို့အဖွဲ့ကရှေ့ ထွက်မိုင်းနဲ့တီးလိုက်တဲ့ ငနဲတွေကို လမ်းဘေးမှာဘဲမြုပ်ခဲ့တယ်။ ရွာထဲကထွက်လာမဲ့ရန်သူကို ထိုင်စောင့်ရတာ အရမ်းရင်ခုန်တယ်၊ တခါမှ မတွေ့ဘူးဘူးဆိုတော့။ တောင်ကုန်းပေါ်မှ စောင့်နေတုန်းရှိ သေးတယ်…မွန်ပြည်သစ်ပါတီကရဲဘော်တစ်ယောက် ခရီးသွားရင်းတွေ့သွားတယ်။ဒီမှာတင်ကရင်တပ်စိတ်မှုးက…ဟေ့..ငါတို့တော့မလုံခြုံဘူးကွ…ဆိုပြီးနေရာပြောင်းတယ်။ နောက်နေ့နေ့မနက်မိုးလင်းခါနီးမှာ သေနတ်သံတွေ၊ လက်နက်ကြီးပစ်သံတွေ ကျနော်တို့နေရာဟောင်းဖြစ်တဲ့တောင်ကုန်းတစ်ဝိုက်မှာပေါက်ကွဲနေပြီ။ ဒီမှာတင်ကျနော်တို့ အားလုံးသဘောပေါက်ပြီ။ အဲဒိနေရာမှာ ဆက်နေလို့ကနေတော့ အော်စီမှာတောင် ဘာဘီကျူ စားနိုင်အုံးမှာမဟုတ်ဘူး။

နောက်နေ့မနက်မိုးလင်းတော့ နေရာတနေရာထပ်ပြောင်းတယ်။ ဘာရမလဲ ဒီဂွင်ကကျနော်တို့ဂွင်ဆိုတော့..ဘယ်နေရာမှာလမ်းရှိလဲ၊ ခြုံရှိလဲဆိုတာ သိတယ်။ တခြားနေရာမှာပြန်စောင့်ပေါ့။ ကံကောင်းတာလား၊ ကံဆိုးတာလားတော့မသိဘူး။ ၁၅ မိနစ်လောက်စောင့်တာနဲ့ ရန်သူအသံကြားနေရပြီ။ ဒီမှာတင် ရွာထဲကနေထွက်လာတဲ့ ရန်သူကို ကျနော်တို့အဖွဲ့တီးပါလေရာ။ ရှေ့ ဆုံးပွိုင့်က ရဲဘော်လေးကို ကျနော်တို့ရဲ့ တပ်စိတ်မှုး KNU တစ်ကြပ်ကြီး M16 နဲ့တစ်ချက်ပဲပစ်တယ်။ နှမစောင်း ကားကနဲပဲ။ လက်မောင်းကနေ နှလုံးကိုဖောက်ဝင်ပဲ။ တခါတည်းသေ။ ဒီကောင်လဲသွားတော့ အနောက်ကရဲဘော်တွေက ရဲမြင့်အောင်ထိသွားပြီ....ဆိုပြီအော်တယ်။ သြော်...သေတဲ့ကောင်နာမည်က ရဲမြင့်အောင်ကိုး။

ဒီမှာတင် ကျန်တဲ့လေးယောက်အတွဲလိုက်ပစ်တယ်။ PDF က အ,ထစ်(ထားဝယ်သား) က အပိုင်ဆော်တယ်။ သူကလည်း တိုက်ပွဲအတွေ့အကြုံရင့်နေပြီဆိုတော့။ ဟေ့…ကိုဘုန်းကျော် ကျနော့်အနောက်မှာနေ…ခင်ဗျား RPG နဲ့မပစ်နဲ့အုံးပေါ့။ လှမ်းပြီးသတိပေးတယ်။ ရန်သူဘက်ကလည်း ကြောက်စရာကောင်းအောင်ကို ပြန်ပစ်တယ်။ ဘယ်ကိုပြေးရမှန်းတောင်မသိဘူ။ KNU က တပ်ကြပ်ကြီးက ဟေ့ကောင်..မင်းဘာလို့မပစ်တာလဲကွလို့မေးတယ်။ ဒီမှာတင်ကျနော်ရဲ့ အလှည့်ရောက်ပြီ…။

တခါမှ RPG ပစ်တာမသင်ခဲ့ရဘူး။ ဘယ်လိုပစ်ရမလဲ။ ထိုင်ပစ်ရင်ကောင်းမလား။ မက်တပ်ရပ်ပစ်ရင်ကောင်းမလား။ မတ်တပ်ရပ် ပစ်ရင်လည်း မသာဘယ်ဈေး လဲဖြစ်အုံးမယ်။ မလန်းနိုင်ဘဲ၊ ကားသွားနိုင်တယ်။ ထိုင်ပစ်တော့လည်း အဆင်မပြေ။ ထိုင်ပစ်ရင်...ဟို…ခွေးမသားတွေကိုမမြင်ရဘူး။ ဒီတော့ထိုင်လည်း၊ မထိုင်၊ မတ်တပ်လည်းမရပ်ဘူး။ ဒူးထောက်ပြီးပစ်တယ်။ ကံဆိုးချင်တော့ RPG ရဲ့ ပို့ယမ်းက မိုးစိုနေတော့ မထွက်ဘူး။ နောက်တခါထပ်ပစ်တယ်။ မရဘူး။ ဟာ…သွားပြီ။ အားလုံးက ပြေးဖို့စတင်နေပြီ။ ဘာရမလဲ ကျနော်အသားကုန်ပြေးပြီ။ ကျနော်ပြေးတော့ KNU က တစ်ကြပ်ကြီးက ဟရောင်…မပြေးနဲ့..ငါ့ကိုပေး..ငါ့ကိုပေး…ဆိုပြီးလှမ်းပြောသေးတယ်။ကျနော်ကပြန်ပြောတယ်…မထွက်ဘူးဗျ…လို့။ နောက်ဆုံးကျနော်တို့ပျောက်ကြားအဖွဲ့ တောင်ပေါ်ကိုတက်ပေးကြတယ်။ အနောက်က ရန်သူက အသေးကော၊ အကြီးကော ထုလိုက်တာစောက်ရမ်းပဲ။ ကျည်ဆံပေါတာကိုး။

တောင်ပေါ်ရောက်တော့ ခဏနားတယ်။ ရန်သူကတော့ပစ်နေတုန်း။ ခဏနားပြီးပြန်ထွက်တဲ့အချိန်မှာ သေနတ်သံတစ်ချက်နီးနီးလေးကြားတယ်။ ဟာ…ဒုက္ခပဲ။ ရန်သူက ငါတို့နားမှာရောက်နေပြီဆိုပြီး တောင်ပေါ်ကနေ ဒရောသောပါးပြေးဆင်းကြပြန်ရော။ ဘယ်ဟုတ်မလဲ။ ကျနော်တို့နဲ့အုတ်ပျော် ပျောက်ကြားပစ်ဖို့လိုက်လာတဲ့ ရွာသူကြီးရဲ့ သေနတ်ကဖြစ်နေတာကိုး။ သူ့သေနတ်ရဲ့ ခလုတ်ကို သစ်ကိုင်းနဲ့ငြိသွားတာကို မသိလိုက်ဘူး။

တောင်ပေါ်ကဆင်းပြီး ABSDF တပ်ရင်း (၁) ရှိတဲ့ လျှိုထဲကိုအရောက်သွားတယ်။ ဗိုလ်ရွှေတို့အဖွဲ့လည်းရောက်နေတယ်။ ဒီမှာတင်ပဲ အမောဖြေနိုင်တယ်။ ဗိုလ်ရွှေကမေးတယ်။ မင်းတို့ RPG ကွဲသံလည်းမကြားပါလားတဲ့။ ဒီမှာတင် သူတို့မယုံလို့ ကျနော့် RPG-5 ကိုဖွင့်ကြည့်တော့..ကျည်ရိုက်ထားတဲ့အရာကိုတွေ့တယ်။ ဒါမှယုံသွားတော့တယ်။

ဒီစခန်းမှာ မလုံခြုံဘူး၊ ပြန်ထွက်မယ်လုပ်တော့ လူကပန်းနေပြီ။ လမ်းလည်းမလျှောက်နိုင်တော့ဘူး။ တောင်ကုန်းစတက်တာနဲ့ လူကမောနေပြီ။ RPG နဲ့အသီးတွေကိုထမ်းပြီးတောင်ပေါ်မှာပြေးရတာဘယ်လောက်ပင်ပန်းလဲဆိုတာ စဉ်စားကြည့်။ လမ်းမလျှောက်နိုင်တော့ ကျနော့်ကိုထားခဲ့ ပါဗျာလို့…နောက်မှလိုက်လာမယ်။ မလျှောက်နိုင် တော့ဘူးဆိုပြီးပြောတယ်။ ဒါပေမဲ့ သေဖော်သေဖတ်တွေဆိုတော့ လုံးဝမထားခဲ့ဘူး။ တစ်ယောက်တလှည့် RPG ကိုထမ်းတယ်။ ကျနော့်ကိုစောင့်ခေါ်တယ်။

ရန်သူက နောက်ရွာတခုမှ စီမံကိန်းချနေပြီ။ သူ့လူတွေကိုအသေမခံတော့ဘူး။ ဘုရားသုံးဆူက ဆင်းခါစပဲရှိသေးတယ်၊ သုံးလောင်းပေးလိုက်ရပြီ။ ဒဏ်ရာတော့ ဘယ်လောက်ရှိလဲမသိဘူး။ ရန်သူက ဗျူဟာအသစ်နဲ့ စီမံပြန်တယ်။ ရွာလည်မှာ ၈၂ ကိုထောင်ပြီး ရွာပတ်လည်ကိုထုပါလေရာ။ တွေ့ရာမြင်ရာကို G4 နဲ့ပြစ်တယ်။ ရွာသားတွေကို ရွာပြင်ကိုလုံးဝပေးမထွက်ဘူး။ သူတို့နဲ့အတူနေ။ အရာရှိတွေရဲ့ ပုခုံးပေါ်က အဆင့်တွေကိုဖြုတ်ပြီ။ ရဲဘော်ဆိုပြီးအယောင်ဆောင်လုပ်တယ်။ သေမှာတော့ကြောက်သား။ သုံးဆူက အပြန်မှာ အိတ်ဖောင်းလာခဲ့တဲ့လူတွေ၊ လမ်းမှာပဲ ဒုက္ခရောက်နေပြီ။

နောက်ဆုံးတော့….ရန်သူက…သေသွားတဲ့ ရဲဘော်လေးကို ရွာထိပ်လမ်းဘေးမှာ တွင်းတိမ်တိမ်လေးတူး၊ အမိန့်ပြန်တမ်းကို ဖြစ်သလိုရေးပြီး မြုပ်လိုက်တယ်။ သူ့ရဲ့ ကျောပိုးအိတ်တော့မတွေ့ဘူး။ ထားခဲ့ရမှာ နှမျှောလို့ထင်တယ်။ သူတို့ထွက်တော့ ရွာသားတွေကပြောတယ်။ ဒီလူသေကိုဖယ်ပေးပေါ့။ ကျနော်တို့ ပြန်တူးပြီး၊ လူသေကို ပြန်ရွှေ့ ပေးရသေးတယ်။ ဒီကောင်တွေ သေတဲ့အထိတောင် ကျနော်တို့ကို ဒုက္ခပေးတုန်း။

နောက်ဆုံးအဖွဲ့ဖြစ်တဲ့ ကိုမင်းထက်တို့အလှည့်ရောက်တော့ ရန်သူ, လည်သွားပြီ။ ရွာက ကောင်မလေးတွေကိုခေါ်၊ အရာရှိတွေဘေးကနေကာပြီး ခေါ်သွားကြတယ်။ ဒါကို....ကိုမင်းထက်နဲ့ရဲဘော်တွေတွေ့တော့ ဘယ်လို့မှပစ်မရဘူး။ သူတို့ကမှ ကံဆိုးတာ။ ရန်သူကိုမြင်နေရပြီ။ ရုပ်ရှင်ထဲကလိုပဲ။ ကောင်မလေးတွေကိုတွေ့တော့ ဒေါသမထွက်နိုင်တော့ဘူး။ ရန်ခုန်တာပြောင်းပြန်ဖြစ်သွားပုံရတယ်။ 

နောက်ဆုံး ကျနော်တို့ရဲ့ အောင်မြင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ ရွာတွေက၀က်တစ်ကောင်ပေးတယ်။ ၀က်သားပေါ်စားကြပေါ့။ 

ရန်သူ့သတင်းအေးတော့…ဒီတောင်ကိုထားဝယ်သား အ,ထစ်ကနာမည်ပေးတယ်။ ဘုန်းငိုတောင်တဲ့။



5/24/10

Motion passed in the western Australian Parliament - Burma Rights

Dear Friends,


I’m delighted to inform you that the Western Australian Legislative Assembly passed unanimously my motion in support of human rights in Burma.

This will be a difficult year for all of us as the Burmese military seek international legitimacy for their sham election. It’s important that we continually remind people of the true situation in Burma.



Yours sincerely,

John Hyde





JOHN HYDE MLA

Member for Perth

Shadow Minister for Culture and the Arts;

Heritage; Multicultural Interests and Citizenship

P: 9227 8040

F: 9227 8060If there are images in this attachment, they will not be displayed. Download the original attachment


PARLIAMENT OF WESTERN AUSTRALIA
LEGISLATIVE ASSEMBLY - Wednesday, 19 May 2010
BURMA — HUMAN RIGHTS VIOLATIONS

Motion

MR J.N. HYDE (Perth) [6.30 pm]: I move —

(1) That this house notes that the 5 March 2010 report of the UN Special Rapporteur on the

Situation of Human Rights in Myanmar documents “a pattern of gross and systematic violation
of human rights which has been in place for many years and still continues”.

(2) That this house welcomes the Australian government’s indication that it would support

investigating possible options for a UN commission of inquiry.

(3) That this house —

(a) reiterates its support for human rights and democracy in Burma;

(b) calls for the release of each of the 2 100 political prisoners in Burma;

(c) condemns the 2008 constitution as anti-democratic; and

(d) calls on all governments to refuse to accept the results of the Burmese elections
scheduled to be held later this year unless all political prisoners are unconditionally
released and a new democratic constitution is introduced that would permit the full
participation of all political parties and individuals and would respect the will of the
Burmese people.
I thank members on both sides of the house for agreeing to give us exactly 29 minutes to debate this motion.
Why is the Parliament of Western Australia debating a motion on human rights in Burma? There are a number of valid reasons for that. As parliamentarians elected democratically in a true democracy, we have a commitment to human rights. We also have an obligation to foster human rights elsewhere. We have a particular obligation to foster human rights in Burma for a couple of very important reasons. Firstly, traditionally, the majority of Burmese who have migrated to Australia have ended up in Western Australia. Secondly, if we look at the whole
issue of refugees and the concept of boat people over the past 30 years, we have to be dinkum and ask: what is the desperation that drives people to leave their homeland, which is a place of comfort with their own language and religion? If we have the ability to lessen the pain, desperation and persecution of people in their homeland, we will make inroads into the issue of refugees.
I thank members of the house, particularly the bipartisan group the Parliamentary Friends of Burma. We came to some agreement that we would attempt to pass this motion this evening. Unfortunately, the member for Morley has fallen ill. He was probably going to be the lead speaker for the government, but I understand that the member for Riverton will speak on behalf of the member for Morley and other government members who have a commitment to the Burmese community in Perth and to Burmese human rights.
The member for Girrawheen and I were very fortunate some six years ago to be the first western
parliamentarians to be permitted to visit the Burmese refugee camps on the Thai border. As we discovered, some 150 000 Burmese people are in refugee camps. In many ways, this is the forgotten story of refugees in the world today. The Burmese junta is so sinister, devastating and cruel that the story of the degradation of the Burmese people has not been able to come to light. I pay credit to federal governments of both persuasions after the member for Girrawheen and I were able to visit Mae Sot and go into the camps. We encouraged the then federal

Liberal Minister for Immigration and Multicultural and Indigenous Affairs, Hon Amanda Vanstone, to visit. She visited and immediately increased the Burmese refugee intake into Australia, and that has made a considerable difference. We continue to accept a large number of Burmese refugees, because we have a duty in terms of human rights and compassion. We also have a duty in terms of multicultural Western Australia. I think that all members of this place have had exposure to the many Burmese groups in Western Australia. We know that members of the Burmese community have become incredible citizens in this state. I pay credit to groups such as Tribal Refugee Welfare of WA, which a number of members will join with next month to commemorate the birthday of Aung San Suu Kyi, the leader of the democracy movement in Burma who is still under house arrest;people such as Keith and Connie Allmark and their daughter Debbie; and Nancy Hudson-Rodd, Lily Pinto and others who have campaigned tirelessly for the rights of the Burmese people. We also have the Burmese Association of Western Australia. I attended its forty-fifth anniversary some weeks back. It is an amazing group that has helped refugees and migrants who have come to Australia. Because of their Burmese origins, they have taken it upon themselves to help other Burmese.

The persecution of Burmese has occurred across the 100 language and ethnic groups within Burma. The majority group, the Burmans, formed the basis of many of the early refugees and migrants who came here in the early 1960s. Today among the 100 groups of ethnically diverse Burmese, we have predominant groups such as the Christian groups of the Karen, Shan, Mon, Rohingya, Chin, Kayah, Karenni and Arakan who have sought refuge in Australia. Other groups such as the Anglo–Burmese Society, the Emmanuel Burmese Baptist Church, the Ethnic Communities Council and many other advocates have worked tirelessly on behalf of Burmese refugees.

We had a very moving occasion some three years ago when we met Daw San San, who was one of the Burmese members of Parliament elected at the 1990 democratic election—the only democratic election held in Burma— when Aung San Suu Kyi’s party won a resounding victory. A number of the people who were elected to Parliament never had the opportunity to meet in Parliament. Daw San San, a woman of 80 years of age now, who was democratically elected but was never able to sit in Parliament in Burma, was able to come into the Parliament of Western Australia. The then Speaker allowed a photo to be taken, and that photo figured prominently in The West Australian. It was a very moving occasion for those of us involved.

I commend this motion to members, even though I have spoken briefly as the lead speaker. Hopefully, I will get the opportunity, after each speaker has been allowed five minutes to speak, to close at one minute to seven so that we get the chance to put this motion. A very similar motion was passed unanimously in the New South Wales Parliament two weeks ago. I commend the motion to members. I thank those members of the Parliamentary Friends of Burma, such as the member for Swan Hills, who have come to functions. The Parliament has shown its support for what is perhaps a smaller multicultural group in Western Australia, but a very important one.

MS A.J.G. MacTIERNAN (Armadale) [6.37 pm]: There are people who might query why we in the state Parliament of Western Australia are raising this issue of human rights and the situation of the Burmese people.
There are a number of reasons for that. Firstly, we have a longstanding and growing Burmese community in our state. Secondly, along with the member for Perth and the previous member for Perth, I have had a great deal of contact with that community. I think I have been attending functions for almost 20 years.

I first became aware of the situation of the Burmese when I visited Burma some 34 years ago in 1976 and found a very beautiful country, but clearly a country that was under an oppressive regime, although the regime in Burma at that stage was nowhere near as oppressive as it is today. The great tragedy of Burma is that it was in fact a very rich country. It abounded, and still does abound, in resources, but it is a country that has been driven by its brutal and corrupt regime into a state of poverty. At the end of the Second World War it was the rice bowl of Asia, and now it is a country where almost half of its 50 million people live in extreme poverty—not just poverty but extreme poverty. Its child mortality rate is one of the highest in the world. The decades of military rule and oppression have indeed eroded civil society and the civil institutions. Of course, we know that this regime has managed to continue because it has the support of China and India, which is a most unfortunate situation.

I think there is a fundamental reason that we need to raise this issue today. I am reminded of when members of the African National Congress came many years ago, after they had received their independence and their liberation and when South Africa became a free country. The members of the ANC said very clearly that in those darkest days it was the acts of international solidarity that kept them going. It is absolutely critical that each and every one of us does what we can to ensure that the Burmese community and the people of Burma understand

that they are not forgotten and that we will continue to support their case for freedom and their ability to live in peace and enjoy what is really, and should be, a very, very beautiful country.

MS M.M. QUIRK (Girrawheen) [6.41 pm]: We are at a turning point in the history of Burma. This motion reflects that it is time to take action. The situation in Burma has come under public scrutiny in recent years because of, for example, Aung San Suu Kyi’s house arrest for more than a decade; in 2007, the so-called saffron revolution when the military rounded up monks, nuns, students and other innocent civilians and arrested them;cyclone Nargis and the great devastation that ensued and the diversion of humanitarian aid and the singleminded herding of those people facing the devastation of that cyclone to vote in a referendum; the large number of political prisoners—more than 2 000; and a mounting collection of reports from independent observers and the United Nations all condemning the military regime and identifying sustained human rights abuses. There are hundreds of thousands of refugees in camps in the region, including on the Thai–Burma border.

Why is it, as the member for Armadale sees it, important for a state Parliament to move this motion? I think there are two reasons. First, as Kofi Annan aptly said in his Nobel Prize acceptance speech — Today’s real borders are not between nations, but between powerful and powerless, free and fettered, privileged and humiliated. Today, no walls can separate humanitarian or human rights crises in one part of the world from national security crises in another.

Secondly, with more refugees fleeing from Burma and arriving in Western Australia we are hearing more and more personal accounts of the abuses occurring in that country. We owe it to some of our newer Western Australians to publicise the awful events occurring under the military regime. We owe it to our friends. The member for Perth has listed those people who have provided great advocacy and support to refugees coming to Western Australia.

There are many United Nations reports. They were summarised by the International Human Rights Clinic at Harvard Law School, which was presided over by prominent jurists, in its report “Crimes in Burma” of May 2009. That report concluded —For many years, the world has watched with horror as the human rights nightmare in Burma hasunfolded under military rule. The struggle for democracy of Nobel Peace Prize Laureate Daw Aung SanSuu Kyi and other political prisoners since 1988 has captured the imagination of people around the world. The strength of Buddhist monks and their Saffron Revolution in 2007 brought Burma to the international community’s attention yet again.

But a lesser known story—one just as appalling in terms of human rights—has been occurring in Burma over the past decade and a half: epidemic levels of forced labor in the 1990s, the recruitment of tens of thousands of child soldiers, widespread sexual violence, extrajudicial killings and torture, and more than a million displaced persons. One statistic may stand out above all others, however: the destruction, displacement, or damage of over 3,000 ethnic nationality villages over the past twelve years, many burned to the ground. This is comparable to the number of villages estimated to have been destroyed or damaged in Darfur.

It is very important this year that we make ourselves heard about the inequities and the human rights abuses in Burma, because this year the junta is purporting to hold a democratic election. It is very important that we publicise that certainly all appearances suggest that it will not be democratic. It is very important that we have change in Burma. For decades the international community has condemned these abuses. Burma has become the international pariah. It is consistently ranked as one of the most corrupt countries in the world, a global centre for the narcotics trade and money laundering and a major source for trafficking in persons. Death and disability from malaria, landmine injuries and malnutrition are widespread. The regime restricts access to international aid and censors, imprisons its citizens and persecutes ethnic minorities. As the member for Armadale said, the absolute shame of all this is that Burma has rich resources. It has been described as the rice bowl of Asia and is highly prospective in mineral and oil wealth. With a democratic regime the potential is enormous.

As I conclude I want to pay tribute to the internationally recognised Dr Cynthia Maung, who runs the Mae Tao Clinic in Mae Sot on the Thai–Burma border, which has been operating for 20 years. The clinic provides medical care to refugees, orphans and ethnic minorities fleeing persecution in Burma. It sees over 90 000 patients annually. It is staffed by volunteers and medics from all over the world. The clinic copes with everything from minor maladies to malaria, tuberculosis, HIV/AIDS, pneumonia, mental illness and the many young women raped by Burmese soldiers. On Saturday I will be attending a Tribal Refugee Welfare of WA function to raise money for the clinic.

I certainly commend the motion to the house. I think the last word should go to Aung San Suu Kyi herself — We will surely get to a destination if we join hands.

DR M.D. NAHAN (Riverton) [6.47 pm]: I stand to support this motion, in part standing in for the member for Morley, who is ill and is not here today and would want to support this. Again, as did the member for Armadale, as a state politician I approached with some reluctance getting involved in complex international issues, not only because of our area of expertise and responsibility, but also because of the delicacy of the issue. Nonetheless, as the member for Armadale said, there are valid reasons for making comments on this issue. In particular, there are a large number of refugees from Burma who now call Western Australia home. This is an issue of burning concern to them, with some strong validity. The second issue is the nature of the regime and junta in Burma. It is particularly callous and inconsiderate of its own people. Nothing shows this more than the cyclone that occurred in May 2008 when more than 140 000 people were killed or missing. The United Nations, non-government organisations and other people around the world gave immediate offers of aid, which were largely refused.

Eventually, due to international outrage, when the aid was allowed into the country it was restricted and too late, and many tens of thousands of people died needlessly. It showed the nature of the regime.

The concern here is that of course back in 1990, due to international pressure, the regime did allow a fair and open election to some great extent. When the election turned against the regime and the National League for Democracy led by Aung San Suu Kyi got more than 85 per cent of the vote, she was not allowed to take over and she has spent 14 of the past 16 years under house arrest. Since then the regime has accumulated more than 2 000 political prisoners. The central point is that the regime is not only not considering moving towards democracy, but also inconsiderate of the torture and wellbeing of its own people. Therefore, it is for people from outside to assist in putting pressure where they can on the junta for it to recognise that it has to be part of humanity. The issue now is that the Burmese regime has called another election for this year. It is purposely designed to be rigged to prevent the National League for Democracy from gaining hold and to prevent Aung San Suu Kyi from winning another election. It is also meant to lock in the power of the regime where 200 seats of the Parliament are specifically restricted to military people. The election is also in a very diverse country of more than 130 ethnic communities and is designed to sustain control not only of the military, but also of the central government over the regions. Therefore, it is important for us to say that this should not be allowed. I might add, though, that this is not a new regime. The policies since independence of the Burmese government have been basically isolationism, or militarism, and of restricting trade and openness to outside forces. I think it will be a longstanding battle but one that we have to express and participate in.

I would like to end with a statement from Aung San Suu Kyi. When she was asked, after 16 years of house arrest or imprisonment whether she had hope, she said, “I do not hope; I persevere” That is what we must do. I therefore stand in support of this motion.

MR W.J. JOHNSTON (Cannington) [6.51 pm]: I too rise in support of this motion. This is, in my view, a very important motion for the Western Australian Parliament to endorse. To understand the scale of the issues in Burma, it is probably worth noting that out of 231 countries Burma rates as number 208 for gross domestic product per capita on the US Central Intelligence Agency’s The World Factbook. Members can therefore see that we are talking about one of the poorest and most disadvantaged communities in the world. It is run, as other members have noted, by a brutal military dictatorship.
Several members interjected.

The SPEAKER: Members!

Mr W.J. JOHNSTON: It needs to be noted that the regime itself estimates that more than 138 000 people were killed by cyclone Nargis in May 2008. Of course the actual death toll was probably higher. In my community of Cannington, I need to note the work particularly of the Karen Welfare Association led by Lily Pinto, and indeed the work of organisations like the Boogurlarri Community House run by Maria Cavil, who are working with arrivals from Burma to assist them in integrating into the community. The Burmese people form an important

part of the Cannington community. Indeed, my research officer, Ron Sao, is a Burmese refugee and one of my part-time electorate officers, Fran Laine, is an Anglo–Burmese person. The Burmese people are regarded as hardworking people who are keen to integrate and to assist the Australian community and we are enriched by their joining our community. But of course they are running from a regime that is very brutal and is the worst of the worst in the world. It is tragic that the Burmese regime receives support from the Chinese government. That is one of the great disappointments. It is interesting to note comments made in the Economist magazine of 6 May 2010 when it was looking at people’s uprisings, including the 2007 uprising in Burma; it reads —The final lesson from looking at the history of these popular uprisings is that they only succeed if the security forces allow them to. That is not to say that they must enjoy the army’s support. But they can be stopped if soldiers are prepared to slaughter enough of their own people. Mercifully few regimes have that kind of determination. Deng Xiaoping’s was one. Myanmar’s junta, now with the blood of monks on its hand, may be another.

I think that really sums up the whole situation in Burma. It is because the regime is prepared to kill its own citizens, regardless of any other issue, as it did in cyclone Nargis and as it did in the September 2007 uprising, that it can so brutally hold on to power. It needs to be condemned by Parliaments, including by the Western Australian Parliament.

MR G.M. CASTRILLI (Bunbury — Minister for Citizenship and Multicultural Interests) [6.55 pm]: I rise to support the motion. The only part of the member for Perth’s motion that I question is the latter half of part (3), which “calls on all governments”. I do not support that part of the motion. However, I support the sentiments of what the member for Perth is trying to do. I say that only because, as a state Parliament, I do not think we have much influence over other governments around the place, and we cannot really tell them what to do; they probably would not listen to us anyway. However, I certainly support the efforts of the commonwealth government and I certainly support the sentiments expressed in the motion.

The member for Perth has moved a motion on a very important issue. It has been a great cause for concern for successive governments. Despite the fact that as a general rule, as I said, matters of foreign policy fall within the jurisdiction of the commonwealth government, it is clearly an issue for all Australians, not only for the people of Western Australia. We are fortunate to have just over 5 000 Burmese people in Australia. According to the 2006 census, Western Australia has about 45 per cent of all Burmese people living in Australia. Therefore, we, as a state, more than any other state, take an interest in what is happening in Burma in trying to see that democratic principles are enforced in that country.

There is not much time for what we are trying to do with this motion this evening. I just say that Australia has been responding increasingly to the levels of suppression by the military junta through targeted sanctions against the regime, including trade restrictions, bans on financial transactions and the like, increasing humanitarian programs, which I think the member for Perth alluded to earlier, and assisting those fleeing from Burma. Of course, those members of the Burmese community who migrated to Australia in the early 1960s have been able to sponsor and bring relatives to Australia through the reunion program. That is something that we certainly support.

In February 2008 the military junta announced that it would hold a constitutional referendum in May 2008 and an election in 2010. Of course, when cyclone Nargis struck on 2 and 3 May 2008, it was a real tragedy. The death toll was put at more than 100 000, with more than 55 000 people missing. However, the junta still went ahead with that constitutional referendum and did not really worry about the situation in which the Burmese people found themselves. The result of that constitutional referendum was adopted, which was a real sham. I certainly support the Australian government in its efforts and what it is trying to do in influencing the outcomes—like others are doing throughout the world. I certainly understand that the Australian government endorses the call by the UN Secretary General, Ban Ki-moon, for the international community to get up and support those efforts. I certainly support all those efforts.

MR J.N. HYDE (Perth) [6.58 pm] —in reply: I thank all members for their contributions to the debate on this motion and for their cooperation to enable us to put it to the vote. I acknowledge that the member for Balcatta and other members wished to speak to this motion but, because of time constraints, have not been able to do so.

Question put and passed.

5/21/10

၉၀ အထိမ်းအမှတ်

ဖိတ်ကြားစာ


“၂၀၁၀-ရွေးကောက်ပွဲအား ရတဲ့နည်းနဲ့တိုက်ဖျက်ကြ”
“NLD သည်ပြည်သူ့အစိုးရဖြစ်သည်”


Burma Campaign Australia က ဦးဆောင်ပြီး ဆန္ဒပြပွဲတခုအား လာမည့် မေလအတွင်းမှာ ဆစ်ဒနီ၊ မဲဘုန်း၊ ကန်ဘာရာ နှင့် Perth မြို့ တို့တွင်တပြိုင်တည်းပြုလုပ်မည်ဖြစ်ပါသည်။ ဆန္ဒပြပွဲ၏ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁) စစ်အစိုးရမှပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံပါ။
ထိုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်သည်။

၂) ၁၉၉၀-ရွေးကောက်ပွဲရလဒ်ကို ယနေ့အထိထောက်ခံသည်။
၁၉၉၀-ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရသည့် NLD သာလျှင်တရားဝင်ပြည်သူ့အစိုးရဖြစ်သည်။

ယင်းနိုင်ငံရေးဦးတည်ချက်သည် ကျနော်တို့ Perth မြို့ ရှိ နိုင်ငံရေးလှုပ်ရှားသူများ၊ မြန်မာပြည်သူများရဲ့  သဘောထားအစစ်အမှန်ဖြစ်သည်။ ထုိသေဘာထားမ်ားအား ၾသစေတ်းလ်ျပည္သူမ်ား၊ ၾသစေတ်းလ်ရွိ သတင်းဌာနများ နှင့် တကမ္ဘာလုံးရှိမြန်မာပြည်သူများ သိရှိစေရန်ရည်ရွယ်၍ယခုကဲ့သို ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

ထို့ကြောင့် Perth မြို့ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အုပ်တချပ်သဲတပွင့်၊ ကျရာအခန်းကနေ စစ်အာဏာရှင်စနစ် အကုန်အစင်ပျက်သုဉ်းရေး တိုက်ပွဲမှာပါဝင်ကျဖို့တိုက်တွန်းပါသည်။ ကျနော်တို့ရဲ့ ဆန္ဒ ပြပွဲကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်သည်။

Place: In front of Wesley Church at the corner of Hay St and William St
Time: Saturday 22nd of May.
Time: 12.00PM to 3.00 PM

ဆက်သွယ်ရန်-
ဒေါက်တာမျိုးညွန့်
ဖုန်း- 9310 1777

ဘုန်းကျော်
ဖုန်း- 0430429667

ပိတောက်
ဖုန်း- 0403893248


ဒီပွဲမှာ Green ပါတီက အထက်လွတ်တော်အမတ် Senator Scott Ludlum လာပြီးပွားပေးမယ်။ သူက လွှတ်တော်အမတ်မဖြစ်ခင်ကတည်းက ဒေါက်တာမျိုးညွန့်တို့နဲ့အတူတွဲပြီး မြန်မာ့အရေးကို အာပေးခဲ့တာ။ တော်တော်အားတက်သရောလုပ်တဲ့လူပါ။ သူ့ရည်စားက မဲ့ဆောက်ကလူ့ဘောင်သစ်ရုံးမှာ သုံးလတောင် အင်္ဂလိပ်စာသင်ပေးခဲ့တယ်။ အမျိုးသမီးတာဝန်ခံမသန္တာကိုကောင်းကောင်းသိတယ်။ နာမည်တော့မေ့နေတယ်။ သူမကလည်း မြန်မာ့အရေးကို ၀င်ပြီးအာတဲ့သူတွေထဲမှာပါတယ်။ သူ့တို့ကြောင့် အော်စီပါလီမန်မှာ မြန်မာ့အရေးကို ကျယ်ကျယ်လောင်လောင် အာကြတာပေါ့။ Green ပါတီကိုမဲ့ထည့်ကြပါ...။



စကော့..က ပါလီမန်မှာ အင်တာနက်ဝန်ကြီးမေးခွန်းမေးနေတဲ့ပုံ...

20100522 Rally Flyer - A5 Single - Copy

zinအရှိတရားကို သတိထား အသိတရားကောင်းတွေမွေး

ကျနော်တို့ မြန်မာနိုင်ငံသားများသည် အုပ်ချူပ်သူလူတန်းစား စစ်အုပ်စုများ၏ ဖိနှိပ်မှု အမျိုးမျိုး ကြောင့်မွေးရပ်ဌာနေအမိတိုင်းပြည်မှတခြားနိုင်ငံအသီးသီးသို့အသက်ရှင်ရပ်တည်နေထိုင်နိုင်ရန် အတွက်အလုပ်လုပ်ကိုင်နေကြရသူများဘ၀အာမခံချက်မြင့်မားဖို့အတွက်ပညာရှာကျောင်းတက်သူများ စနစ်တခုမှ စနစ်တခုသို့ပြောင်းချင်သူများ အသီးသီး ရောက်ရှိကြပါတယ်။


ထိုသို့အထဲတွင်နယ်စပ်ဒေသအသီးသီးမှကုလသမဂ္ဂရဲ့လူသားချင်းစာနာထောက်ထားမှုအကူညီဖြင့်တတိယနိုင်ငံသို့ပြောင်းရွေ့နေထိုင်ရသူ အများဆုံးဖြစ်ပါတယ်။ တချို့သောသူများမှာ မိမိသွားရောက်နေထိုင်လိုသော နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံပြီးနေထိုင်ခွင့်ရသူများလည်းရှိပါတယ်။ ကျနော်ဆိုလိုချင်တာက ကျနော်တို့တတွေ ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် သူတပါးတိုင်းပြည်သို့ရောက်လာကတည်းက သူတပါးနဲ့ မတူတဲ့ ခံစားချက် အမျိုးမျိုး ဒုက္ခအမျိုးမျိုး ကြုံတွေ့ရမှာ မြေကြီးလက်ခတ်မလွဲပါ၊ ဒါတွေကို အရင်း စစ်လိုက်ရင် ဒါတွေဟာ အရှိတရားပါ။ ကျနော်တို့ တတွေ အမိတိုင်းပြည်ကို တမ်းတလွမ်းဆွတ် နေ ကြတာတွေအုပ်ချူပ်သူ စစ်အုပ်စုကိုမကျေနပ် နေရုံနဲ့မပြီးပါဘူး။ ကျနော်တို့ တကယ်တမ်းတိုင်းပြည် ကောင်းစားစေချင်ရင် ကျနော်တို့ကိုယ်တိုင် ကိုယ်နိုင် တဲ့ဖက်က ကိုယ်တာဝန်ယူတက်တဲ့စိတ်မွေးဖို့ သာအရေးကြီးပါတယ်။ တတိယနိုင်ငံရောက် မြန်မာ ပြည်သားတွေအကြောင်းကြားခဲ့ရတွေ့ခဲ့ရတာတွေပြောပြချင်ပါတယ်။


တချိန်တုန်းကတော်လှန်ရေးမှာခေါင်းဆောင်လုပ်ခဲ့တယ်အမေရိကားရောက်တော့ဆူရှီဆိုင်ပိုင်ရှင်တွေဖြစ်လာတယ်သူတို့ထက်နောက်မှရောက်လာတဲ့နယ်စပ်ကရဲဘော်တွေမြန်မာပြည်သားတွေကိုအလုပ်ပေးပြီးလုပ်အားခမပေးဘဲ့လုပ်နေတာတွေလဲကြားခဲ့ရတယ်။တချို့တွေဆိုရင်အလုပ်တူတူလုပ်နေသူကိုသူတက်ထားတဲ့ပညာရပ်ကိုပြန်ပြီးမသင်ကြားပေးဘူးလုပ်ကိုင်ခွင့်မပေးတဲ့အပြင့်မသိမသာဟန့်တားတဲ့ပုံစံမျိုးလုပ်တာလဲတွေ့ဘူးတယ်။တချို့က ကိုယ့်မိသားစုအရေးထက် ကျန်တဲ့အရေးဟာ အလဲကားဘဲ့တဲ့ ကိုယ့်မိသားစုကိစ္စကို အရင်ဦးစားပေး ရမယ်တဲ့ တချို့ဆိုရင် ကိုယ်တက်နေတဲ့ကျောင်း အခြေနေဘယ်လိုလျှောက်ရသလဲ ဘယ်လိုဆက်သွယ်ရ သလဲဆိုတာလူကိုယ်တိုင်မေးတာတောင် မသိချင်ယောင်ဆောင်ပြီး ရှောင်လွဲပြီးလုပ်နေတဲ့ လူတွေလဲ တွေ့ဘူးတယ်။ တချို့တွေဆိုရင်သူများရဲ့ ဂုဏ်သိက္ခာကိုမငဲ့ညာမထောက်ထားဘဲ ဝေဖန်အပြစ်တင် ရှုံ့ချနေကြတာတွေ အင်တာနက်ကနေတမျိုး စာတိုက်ကနေတမျိုး ဖြန့်ဝေနေကြတာတွေလဲရှိပါတယ်။


အများစုက မြန်မာပြည်သားအချင်းချင်း ဝေးဝေးမှာ နေနေချင်ကြတဲ့လူတွေကလဲ မနည်းပါဘူး။ သူတို့ဘာကြောင့် ဒီလိုပြောရသလဲလုပ်ရသလဲသူတို့ကိုယ်တိုင် အရှိတရားကိုသတိမထား မိလို့ပါ၊ ကျနော် အထက်မှာပြောပြခဲ့သလိုကျနော်တို့တတိယနိုင်ငံမှာရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေအများဆုံးကလူသားချင်းစာနာထောက်ထားမှုနဲ့ရောက်လာကြတယ်။ ကိုယ့်နဲ့ သွေးမတော်သားမစပ်တဲ့ လူတွေက ကူညီ လို့ ကိုယ့်ရဲ့အသက်ရှင်ရပ်တည် နေထိုင်နိုင်ခဲ့တယ်။ဒီအကူညီမှုကြောင့် မြန်မာနိုင်ငံသားအများကြီး ပြောင်းလဲသွားတယ် တိုးတက်သွားတယ် ဘ၀အာမခံချက်ရှိသွားကြတယ်။ ဒီအရှိတရားကို သတိ ထားမယ်ဆိုရင် ကျနော်တို့ရဲ့တမြေတည်းနေ တရေတည်းသောက်ပြီး အတူတူနေထိုင်ခဲ့တဲ့ အမိ မြန်မာပြည်သားတွေအတွက် ဘာကြောင့် အကူညီတွေကျနော်တို့မပေးစွမ်းနိုင်ရသလဲ။အလားတူ ပြည်တွင်းမှမြန်မာပြည်သားတွေအပေါ်မှာ ရော ကိုယ်တက်နိုင်တဲ့ဖက်က ကူညီပေးဖို့ မလိုအပ်ဘူး လား။ကျနော်တို့ဒီလိုလုပ်ပေးနေခြင်းဖြစ်ကျနော်တို့တိုင်းပြည်ကောင်းစားဖို့အတွက်တဖက်တလမ်းက ပါဝင်လုပ်ဆောင်နေတယ်လို့ကျနော်ယူဆပါတယ်။ ကျနော်တို့တတွေ တတိယနိုင်ငံအသီးသီးရဲ့ စည်းမျဉ်း ဥပဒေအတိုင်း နေထိုင်နေခဲ့ရင် တချိန်မှာ ကိုယ်နေထိုင်တဲ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့ အခွင့်ရေးကိုရရှိမှာဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်၊ ကျနော်တို့ထက် အရှေ့နှစ်ပေါင်းများစွာ ကတည်းက ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာပြည်သားများဆိုရင် ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံရဲ့ နိုင်ငံသားဖြစ်နေကြပါတယ်။်ကျနော်တို့က သူ့နိုင်ငံသားအဖြစ်ရောက်ရှိသွားပေမဲ့လည်း ကျနော်တို့ ရဲ့မျိုးရိုးဗီဇကတော့မြန်မာနိုင်ငံသားဆိုတဲ့အရှိတရားကတော့ပျက်ပြယ်သွားမှာမဟုတ်ပါဘူး။ဒီအရှိတရားတွေကို သတိထားဖို့ အရေးကြီးပါတယ် သတိမထားတော့ ကိုယ့်ကိုကိုယ် ဘာညာ ဆိုတဲ့ မောက်မာမှုတွေ မွမ်းကြပ်နေမှုကြောင့်ညီညွတ်မှုတွေပျက်သုဉ်းနေကြတာတွေ့ရပါတယ်။


တချို့နေရာတွေမှာဆိုရင် မြန်မာနိုင်ငံသားအချင်းချင်းအလုပ်ထဲကိုမြန်မာနိုင်ငံသားများမ၀င်လာအောင် လုပ်နေကြတာလဲရှိပါတယ်။ကျနော်တို့ကအရှိတရားကိုတွေးမိရင်``ငါတို့ကသူတပါးရဲ့အကူညီ ကြောင့်ဘ၀ အာမခံချက်အသင့်တင့်ရထားတယ် အလုပ်လက်မဲ့ဖြစ်ရင်လဲ အလုပ်သမားအခွင့် အရေးအရ ထောက်ပံ့ ကြေးရမယ်။ကျနော်အမြင်ကတော့လူတစ်ယောက်အလုပ်လက်မဲ့ဖြစ်သွားရင် ဘယ်လိုခံစားရ သလဲအဲဒီရဲ့ နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့အတွေးတွေချဲ့ထွင်လာခဲ့မိတယ်``။


တတိယနိုင်ငံရောက်ကျနော်တို့မြန်မာပြည်သားတွေဟာခံစားချက်အမျိုးမျိုးဒုက္ခအမျိုးမျိုးနဲ့ နေ့စဉ်ကြုံ တွေ့နေနေရတယ်။ လူတစ်ယောက်ဟာ အိပ်ယာက ထ အိပ်ယာဝင် အစားစား နေ့စဉ် စိတ်ဆိုးစရာ စိတ်ညစ်စရာတွေကြုံတွေ့လာခဲ့ရင်မိသားစုဘ၀ဘယ်လိုသာယာတော့မှာလဲ တစ် ယောက်တည်း နေနေရင်လည်း မွမ်းကြပ်မှုတွေနဲ့ပြည့်ကြပ်နေမယ်ဆိုတာ တကယ်ခံစားခဲ့ဖူး သူတိုင်းသိပါတယ်။ ဥပမာ ကလေးတစ်ယောက် သူဗိုက်ဆာလို့မိဘကို တောင်းဆိုတာ မိဘက လုပ်ကိုင်ပေးဖို့မတက်နိုင်ဘူး ဆိုရင် အဲဒီကလေးက အိမ်မှာခိုးစားရင်ခိုးစား မခိုးစားရရင် ပတ်ဝန်း ကျင်မှာခိုးစားဖို့သူအတွက် လမ်းကြောင်း ဖွင့်ပေးသလိုမျိုးဖြစ်သွားတက်ပါတယ် အဲဒီလိုမျိုး အလုပ် လုပ်ချင်တဲ့ ပညာရှာချင်တဲ့လူတစ်ယောက်က အလုပ်လက်မဲ့ ပညာမဲ့ ဖြစ်သွားရင် သူရဲ့ထွက်ပေါက် ဘာဖြစ်နိုင်သလဲ အနီးဆုံး မိသားစုအတွင်း ထိုမှတဆင့် ပါတ်ဝန်းကျင် နောက်ဆုံး မိမိကိုယ်ကို သတ်သေတဲ့အဖြစ်မျိုး ရောက်ရှိတက်ကြပါတယ်။


ဒါကြောင့် ကျနော်တို့တတွေဟာ ကိုယ့်ထဲက အခွင့်ရေးကိုတခြားသူများသို့လဲမျှ ဝေပေးနိုင်ဖို့လိုအပ် ပါတယ်။ကျနော်တို့တတွေကိုယ့်ရဲ့အရှိတရားတွေကိုသတိထားကောင်းမှန်းမသိဖြစ်နေကြသောကြောင့်ကျနော်တို့အချင်းချင်းစည်းလုံးညီညွတ်မှုပျက်ပြားနေကြတာဖြစ်ပါတယ်။ဒါကြောင့်ကျနော်တို့တတွေကိုယ့်သိတဲ့အသိကိုယ်တက်တဲ့အတက်ပညာ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ တကယ်တမ်းဒုက္ခရောက်နေကြသူတွေအတွက် အရှိတရားကို သတိထားပြီး အသိတရားကောင်းတွေမွေးမြူကျင့်ကြံ ကူညီပေးနိုင်ကြပါစေ။


လေးစားစွာဖြင့်

အောင်ကောင်းထက်



Type your summary here. Type the rest of your post here.

5/20/10

ဘာကြောင့်ရေခမ်းတာလဲ

မီဒီယာကြီးတွေ ဒီတစ်ခါတော့ ပညာရှင်စစ်စစ်ကြီးတွေကို အင်တာဗျူးဖို့မေ့နေကြပြီ။ ဘာ့ကြောင့်မြန်မာပြည်မှာ မိုးခေါင်ရေရှား၊ ရေခမ်းနေတာလဲဆိုတာကို တကယ့်ပညာရှင်ကြီးတွေကို အကျိုးအကြောင်းတော့ မေးသင့်တယ်။ ဒါမှ ပြည်သူတွေလည်းအကျိုးရှိ၊ ရှေရှည်ကာကွယ်ဖို့လည်းရတယ်။ အင်တာဗျူးတဲ့အခါမှာ ဗျူးတဲ့ကောင်ကလည်း ကိုယ်ကျွမ်းကျင်တဲ့လိုင်းမှ ၀င်ဗျူးတာကောင်းတယ်။ နကမ်းတစ်လုံးမှနားမလည်တဲ့သူ မေးရင် အင်ဒက်အင်တာဗျူးကို ရမှာမဟုတ်ဘူး။
မြန်မာတွေထဲကသဘာဝသိပ္ပံပညာရှင်ကြီးတွေ၊ သုတေသနပညာရှင်ကြီးတွေကို မေးကြမြန်းကြရင် သိတ်ကောင်းမှာ။ ဒီနေ့အထိ ဘယ်မီဒီယာမှ ဒီလိုမလုပ်သေးဘူး။

ထိုင်းအခြေစိုက်နိုင်ငံရေးလေ့လာသူ၊ ပညာရှင်တွေတော့ ဒီကိစ္စနဲ့လားလားမျှမဆိုင်ဘူးနော်...။ ပေါက်ကရဖြစ်မှာစိုးရိမ်လို့။

5/19/10

ကိုထူးချစ်ကို မျှောက်ပေးခြင်း...

ရုပ်တည်ကြီးနဲ့အာနေတဲ့ ဆရာချစ်....

ကျနော်...ကိုထူးချစ်နဲ့စတွေ့တုံးက စံခလပူရီက သူတို့ရုံးမှာဖြစ်ပါတယ်။ ကျနော်တို့တောင်ပိုင်းဒေသ-၂ ရုံးကို ဖွဲ့ဖို့အတွက် ဗဟိုကော်မတီဝင် ကိုအောင်ကျော်စိုး၊ ကျနော်၊ ကျော်စွာတို့ စံခကိုစရောက်တယ်။ PDF က အဲဒိဒေသမှာတာဝန်ခံ၊ နယ်မြေရှင် ဖြစ်တော့ သူတို့ပဲအစအစအရာရာ ရုံးဖြစ်မြောက်ရေးကိုတာဝန်ယူတယ်။ ဦးကျော်ထက်ကဦးဆောင်ပေါ့။ ဆရာချစ်က ဒေသခံထောက်လှမ်းနဲ့ ဆက်ဆံရတော့ သူကထဲထဲဝင်ဝင်လုပ်နိုင်တယ်။ ဟိုသတင်းပေး၊ ဒီသတင်းယူပေါ့။ GHRE ကိုစပြီးတည်ထောင်စဉ်ကာလ။ တစ်နေ့ ကျနော်တို့ သူတို့ရုံးကိုအလည်သွားရင်းနဲ့ သူနဲ့စတွေ့တယ်။ သူက နိုင်ငံခြားရေးတာဝန်ခံ။ သူက ရိုးသားပွင့်လင်းတယ်၊ ဂေါ်ဆန်တယ်၊ မကြိုက်ရင် ကျနော့်ကို -ီး၊ -ချီးဆဲတော့ ကျနော်နဲ့စရိုက်ချင်းတူတယ်။ ဒါနဲ့သူ့ကိုခင်သွားတယ်။

စံခမှာနေစဉ်ကာလမှာ ကျနော်နဲ့ဆရာချစ် အတူတွဲပြီး ဟိုဆိုင်၊ ဒီဆိုင်မှာသွားပြီးချတယ်။ သူက ကျနော့်ကို အမြဲတမ်းမြေတောင်မြောက်ပေးတယ်။ အချိန်ဇယားနဲ့စာလုပ်၊ စာရေး၊ စာသင်လုပ်ပေါ့။ သူလည်းလုပ်တယ်။ ကျနော်ရိုးရိုးသားပြောရင် သူ့ကို အတုခိုးတယ်။ ဘော်လီဘောပုတ်တာလည်းကောင်းတယ်။ သူနဲ့တခါလိုက်ပြီး ဘော်လီဘော ပုတ်တော့ သူပြောတာမခံနိုင်လို့ သူနဲ့အတူမလိုက်တော့ဘူး။

ကိုထူးချစ်ကို PDF က ဦးကျော်ထက် ထုတ်ပစ်တာမဟုတ်ပါဘူး။ သူ့ဟာသူထွက်တာပါ။ ကျနော်ရေးတာမှားနေတယ်လို့ ကိုအောင်ထူးက ထောက်ပြတော့ပြင်လိုက်ပါတယ်(စကားချပ်) ။ ကိုငြိမ်းနဲ့ ကိုထူးချစ်ကွဲပြီး ကိုစိုးဟန်ရုံးအနောက်မှာ အလွမ်းသည်တာတွေ့တော့ ကျနော်စိတ်မကောင်းဘူး။ အဲဒိမတိုင်ခင် PDF စခန်းမှာ ကိုထူးချစ်နဲ့ ကိုငြိမ်း စစ်ရေး၊ နိုင်ငံရေးကိစ္စလာပြီးလုပ်တယ်။ ကျနော်က လုံခြုံရေးယူပေးတယ်။ တောထဲမှာလမ်းလျှောက်ရင်း စကားပြောကြတော့...ကိုငြိမ်းသေရင် ဘာမှမဖြစ်ဘူးဗျ။ နောက်ဆံတင်းတာလည်းမရှိဘူး။ ကိုထူးချစ်မှာ ခလေးနှစ်ယောက်ရှိတော့ သူကအရေးကြီးတယ်လို့...ပြောခဲ့ဘူးတယ်။ သူတို့တော့မှတ်မိမှာမဟုတ်ဘူး။

ကိုထူးချစ်နဲ့ကျနော်တတွဲတွဲလုပ်တာကို ကိုအောင်ကျော်စိုးကပြောတယ်။ မကြိုက်ဘူး။ မပေါင်းနဲ့ပေါ့။ ကျနော်သဘောမတူ။ ကိုထူးချစ်ဒီလောက် အလုပ်လုပ်နိုင်တယ်။ တက်ကြွတယ်။ ထိုင်းစကား၊ စာ၊ ဘိုလိုရတယ်။ အကွက်မြင်တယ်။ အဲတုံးက Australia ကပေးတဲ့ CM III ကိုသူဖြေနေတယ်။ နောက်ပိုင်းကျနော်လည်းလုပ်တယ်။ သူ့ကို ကျနော်အားကျလို့။ နောက်ဆုံး ဆရာချစ်ကို ကိုအောင်ကျော်စိုးနဲ့ တခြားလူတွေက ကြည့်မရတော့ ရဲဘော်တစ်ယောက်အနေနဲ့ ဘာမှစောဒကမတက်မိဘူး။

ကျနော်နဲ့ကိုထူးချစ်တွေ့တုံးက သုံးစရာမရှိလို့ သူ့ဆီက မုန့်ဘိုးတောင်းဘူးတယ်။ ကျနော့်ကို ပိုက်ဆံနှစ်ဆယ်လောက်ချေးပါဗျာလို့။ သူကပြောတယ်..မင်းဘယ်တုံးက ပြန်ဆပ်မှာမို့လို့ဒီလိုပြောတာလဲတဲ့...ဆဲဆဲဆိုဆိုနဲ့ အမြဲတမ်း ပေးတယ်။ ဦးကျော်ထက်လည်းဒီအတိုင်းပဲ...။ လူ့ဘောင်သစ်ကမဟုတ်ပေမဲ့ အမြဲတမ်းမုန့်ဘိုးပေးတယ်။ ဒီလိုမျိုးချစ်စရာကောင်းတယ်။

နောက်ပြီး...ဆရာချစ်က ဟင်းချက်တော်တော်ကောင်းတယ်။ မုန့်ဟင်းခါးကြိုက်တယ်။ အမဲနှပ်၊ တို့စရာ၊ ငပိကောင်းကောင်းကြိုက်တယ်။ ကျနော်နဲ့တူတယ်။ ကျနော်လည်းမုန့်ဟင်းတော်တော်ကြိုက်တော့ စံခမှာ မိုးလင်းတာနဲ့ ဆိုင်ကယ်မောင်းမတက်တဲ့ ဆရာကိုအောင်ကျော်စိုးကလာနိုးပြီး။ ပြီးရင် ကျနော်တို့တတွေ ကုလားမချက်တဲ့မုန့်တီမကောင်းတကောင်းကိုစားကြတယ်။ ဒီလောက်ထိပျော်စရာကောင်းတာ။ မဲ့ဆောက်မှာဆရာချစ်နဲ့ပြန်တွေ့တော့ မုန့်တီသွားစားကြသေးတယ်။ အဲတုံးက သူ့ရဲ့ လုပ်ငန်းက အခုလောက်ထိမအောင်မြင်သေးဘူး။

မဲ့ဆောက်ကအပြန်မှာ သူပြင်သစ်နိုင်ငံမှာ သဘာဝဓာတ်ငွေ့အကြောင်းသွားပြီးအာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ သူနိုင်ငံခြားရောက်တော့ တခါမှ အဆက်အသွယ်မရတဲ့အမေနဲ့ ညီက ဖုန်းဆက်လာတယ်။ အဲတုံးက သူတို့က ကျိုင်းတုံးမှာ။ အဖေလည်းသေခါနီးပြီ။ ဖြူဖတ်ဖြူရော်ဖြစ်နေပြီ။ ကျနော့်မှာလည်းငွေကမှုးလို့ရှုစရာတောင်မရှိဘူး။ ဒါနဲ့ ဆရာချစ်.. ကျနော့်ကို ပိုက်ဆံ ၇၀၀၀ ချေးပါဗျာလို့ပြောတယ်။ တခါတည်းထုတ်ပေးတယ်။ ပြန်လည်းမတောင်ဘူး။ ပြင်သစ်မှာကောင်းစားနေပြီဆိုတော့။ ဒီလိုမျိုးကျေးဇူးရှိတော့...ကျနော်သူ့ကိုတအားကျေးဇူးတင်တယ်။ မိန်းမရတော့လည်းသူပဲလက်မှတ်ထိုးတယ်။ လူကြီးလုပ်ပေးတယ်။

အခုဆရာချစ် ဒီလိုမျိုးအောင်မြင်နေတော့ ကျနော်ဝမ်းသာတယ်။ အရင်တုံးက GHRE နဲ့ပက်သက်ပြီးအထုတ်ခံရတဲ့ ဆရာချစ်...ဒီနေ့မှာနိုင်ငံတကာက အသိအမှတ်ပြုခံနေရပြီ။ ဒီလိုအရည်အချင်းရှိတဲ့လူကိုမှ အထင်မကြီးရင် ကျနော်ဘယ်သူ့ကိုအထင်ကြီးရမလဲ။ အရက်မှုးပြီး မိသားစုအတွက်လည်းအကျိုးမရှိ၊ အဖွဲ့အစည်းအတွက်လည်း အားမကိုးရတဲ့လူကို အထင်ကြီးရမလား။

တခါတလေစဉ်းစားတယ်။ ဒီလို။ လူတွေနည်းနည်းအောင်မြင်လာရင် အတိုက်အခံတော့ရှိတယ်။ မနာလိုတဲ့သူ၊ နာလိုတဲ့သူ၊ ကျနော်တို့ပတ်ဝန်းကျင်မှာအမြဲတမ်းပြည့်နေတယ်။ ကျနော်...ဆရာချစ်ကို ပြောတယ်...ကျနော်က ကိုထူးချစ်ရဲ့ လူပါလို့..။ ကျနော်အမြဲတမ်းကာကွယ်ပေးမယ်..လို့ပြောဘူးတယ်။ အားပေးတာပေါ့နော်။ နောက်ဆုံးအဆင့်မရရင် မနာလိုတဲ့လူတွေကို -ီးပဲလို ဆရာချစ်ဆဲဗျာလို့...။ ဒီလိုမျိုးမျှောက်ပေးတာ။

လှသောင်းကျောင်း

ဒီပုံက အောင်ဆန်းသူရိယလှသောင်းကျောင်း (မဂ်လာဒုံ) Facebook ကနေရတယ်။ သဘောကျလို့ကူးလာခဲ့တာ။ ဆိုင်းပုဒ်ထဲမှာတော့ ဒီလိုလေကြီးလေကျယ်ရေးထားတာပဲ။ စာမေးပွဲမှာခိုးချတက်သောအကျင့်ပျက်ကျောင်းသားမျိုးမရှိ၊ ရှိလားတော့မသိဘူး။ ကျနော်တော့ ပေါင်ကြားထဲမှာကော၊ လက်မောင်းအောက်မှာကော စာရွက်လိပ်တွေအများကြီးထည့်ပြီး ဖြေခဲ့ဘူးတယ်။ ဒီကျောင်းမှာတက်ခဲ့တဲ့ရဲဘော်တွေအများစုကအကျင့်ပျက်တာတော့မဟုတ်ဘူး။ ဆရာမတွေပေးတဲ့ကျူရှင်ကိုမတက်နိုင်တဲ့ငမွဲတွေဆိုတော့ အကျင့်ကောင်းကောင်းနဲ့ အသားကုန်ခိုးချရတာပေါ့။

5/18/10

ကျနော် ဥက္ကဌ ဖြစ်ပြီ

ကျနော်လည်း ဥက္ကဌ တစ်ယောက်ပါ။ စောက်ချဉ်တော့မဟုတ်ပါဘူး။

5/15/10

လူသားပါစားမဲ့အစိုးရဖြစ်တော့မယ်။

ရေခမ်းခြောက်အောင်တောင်လုပ်နိုင်တဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တန်ခိုးကြီးထွားတဲ့ကာလပါလား။ ၀ဋ်ရှိတုံးခံရမှာပေါ့ကွာ။
နောင်ဆိုရင် လူသားပါစားမဲ့ စစ်အစိုးရဖြစ်တော့မယ်။

ဒီကောင်တွေလူမဆန်တာကိုသိသိကြီးကြီးနဲ့ သူတို့နဲ့ပေါင်းဖို့ကြိုးစားတဲ့..မိုက်တွင်းနက်မဲ့ကောင်တွေလည်းသတိသာထားကြတော့။

ခင်ဗျားတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊စည်းစိမ်တွေကို မြန်မာပြည်သူတွေပိုင်တယ်။ မတရားသဖြင့်ရပြီးချမ်းသာတဲ့ပိုင်ဆိုင်မှုတွေကို ကျုပ်တို့ မတရားသဖြင့် ပြန်ယူပြမယ်။

5/14/10

ဝင်းယော်မှာ မိုးတွေသည်းနေပြီ …. ကိုငြိမ်း

ရွှေအိမ်စည် | ကြာသပတေးနေ့၊ မေလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၅၂ မိနစ်

(က)

တန်ခူးနွေက ပူ၏။ အပူလှိုင်းကြောင့် … တန်ခူးနွေသည် ပို၍ပူပြင်းလွန်းနေသည်။ နေပူပြင်းပြင်းအောက်တွင်ပင်၊ သူ … ကျနော်အိမ်သို့ ရောက်လာ၏။ ကျနော်က အိမ်တွင်မရှိ …။ သူစတင်တည်ထောင်ထားခဲ့သည့် စာကြည့်တိုက်လေးတွင် ရောက်နေသည်။ အိမ်နှင့် စာကြည့်တိုက်က မဝေး ….။ သူ … စာကြည့်တိုက်သို့ လိုက်လာ၏။

“အိမ်ရောက်သွားသေးတယ် …. ခင်ဗျား စာကြည့်တိုက်မှာဆိုလို့ လိုက်လာတာ ….”

ကျနော့်အနားတွင် ဝင်ထိုင်ရင်း စကားဆို၏။ ပြီးလျှင် …. သူ၏ နှုတ်ခမ်းထူထူမဲမဲကြီးအား စူ၍ လေပူတချက်အား မှုတ်ထုတ်ရင်း … “ပူလိုက်တာ …” ဟု မဟတဟ ညည်း၏။

အပူဒဏ်ကြောင့် သူ့မျက်နှာက ချွေးတို့နှင့် သီးနေ၏။ ကြိုးကျဲကျဲ … မုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင်များတွင် ချွေးဥတို့က တွဲလွဲခို၍နေသည်။

သူထံမှ ချဉ်စူးစူးအနံ့ ရ၏။

ခဲပြာရောင်ညို့မှိုင်းမှိုင်း ရှပ်အင်္ကျီလက်တိုနှင့် ဂျင်းဘောင်းဘီနက်ပြာရောင်၏ အောက်တွင် သူ၏ ကိုယ်ခန္ဒာသည် သေးသွယ်ပိန်လှီလွန်း၍နေသည်။ ခဲပြာရောင်ညို့မှိုင်းမှိုင်း ရှပ်အင်္ကျီက ဆေးလိပ်မီးပေါက်ရာများနှင့် ….။

‘ခင်ဗျားကို ကဗျာလာပေးတာ …’ ဟု ပြောရင်း …. သူလွယ်ထားသည့် ကရင်လွယ်အိတ်အတွင်းသို့ လက်နှိုက်၍ရှာနေသည်။

ကျနော်က … ‘ဟေ့လူ … ခေါင်းစဉ်ရောပါရဲ့လား’ ဟု ပြောတော့ …၊

သူ … ဟက်ဟက်ပက်ပက်ရယ်၏။ ကျယ်ကျယ်လောင်လောင် …။ ရယ်ရင်း … ဒီတခါတော့ပါတယ် … ပါတယ်ဟု ပြော၏။ စကားသံနှင့် ရယ်မောသံက လုံးလုံးထွေးထွေး။ သူ … ထိုသို့ရယ်ပြီးဆိုလျှင် …၊ နေပူခံဝမ်းစာအား ပြည့်ပြည့်ဝဝ၊ သူ … ရထားပြီးဖြစ်သည်ကို ကျနော် သိ၏။

လွန်ခဲ့သည့် ၃ လ ခန့်က သူ … ကျနော်အား ကဗျာတပုဒ် လာပေး၏။ ကျနော် စီစဉ်လုပ်ကိုင်နေသည့် လစဉ်ထုတ်ဂျာနယ်အတွက် ဖြစ်သည်။

နှစ်နှစ်ကာကာပေါ့
စုန်းစုန်း
အသုံးမကျတဲ့ နှင်းဆီ ပန်မိတယ်။

ညတွေကိုမတွေ့ချင်တော့ဘူး
အရေးရယ် အကြောင်းရယ် ပေါင်းတော့မှ
လှမှာပေါ့
အခုလေ…။

အရှေ့လေတွေပေါက်နေတယ်
ဒါပေမဲ့
ရယ်စရာ စကားတလုံးကို
ဖုံးလို့ ဖိလို့ထားလိုက်တယ်
ဆောင်း …။

မင်းလာတာနောက်ကျတယ်
ပေါင်းမသင်ရတဲ့ မြက်တွေ
ခပ်ရှည်ရှည်ပဲ လွမ်းကြမယ်
ကောင်းကင်က ငှက်တွေ
ပျံသန်းကြဦးမှာ။ ။

ငြိမ်းလူ

ကဗျာက လှ၏။ သို့သော် … ခေါင်းစဉ်က မပါ။ ‘ဟေ့လူ … ခင်ဗျာ့ကဗျာက ခေါင်းစဉ်လည်း မပါဘူး။ ဘယ်လိုလုပ်မလဲ …။’

ကျနော့်စကားကြောင့် … သူ့ကဗျာအား သူပြန်ကြည့်၏။ ခေါင်းစဉ်က မပါ ….။ နောက်ပိုင်းတွင်မှ သူ့ကဗျာ၏ ခေါင်းစဉ်အား တယ်လီဖုန်းနှင့် ကျနော့်အား ပြော၏။

“သို့ ….. ဖန်သီကျူရင်”

ဤအတွက် … ခင်ဗျာ့ကဗျာက ခေါင်းစဉ်ပါရဲ့လားဟု ကျနော့်အပြောအား သူရယ်မောခြင်း ဖြစ်၏။
သူ့လွယ်အိတ်အတွင်းမှ ကွန်ပြူတာနှင့် ရိုက်ထားသည် ကဗျာစာရွက် ၃ ရွက်အား ထုတ်ပေး၏။

‘ပြောင်းခင်းထဲကနေ (သို့) ရင့်မည့်စေသော စာမျက်နှာ’

ထားခဲ့ညနဲ့
သွားမယ့်ည
မှောင်တာတူတာပဲလား။

ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား။

သူ၏ ကဗျာစာရွက်အား ကျနော့်ကို ပေးပြီး သူအပြင်သို့ ထွက်သွား၏။ ကဗျာအား ကျနော် ဖက်နေစဉ်မှာပင်၊ သူ … ပြန်ရောက်လာ၏။ လက်ထဲတွင်က နေပူခံပေါင်းခံအရည်နှင့် တုတ်ထိုးသီးထားသည့် မရမ်းကင်တထုပ် ….။

သူ … တန်ခူးနွေအား အံတု၍နေ၏။

(ခ)

ကျနော် သူနှင့် စတင်သိကျွမ်းပြီး တွဲခဲ့ကြရသည့် အချိန်ကာလများစွာက …. ကြောပိုးအိတ်တလုံး၊ သေနတ်တလက်စီနှင့် နေခဲ့ကြရသည့် အချိန်များက များသည်။ ၁၉၉၆ ခုနှစ်တွင် စခန်းသစ်၌ သူနှင့် ကျနော် စတင်၍ တွေ့ဆုံသိကျွမ်းခဲ့ကြ၏။

ထိုစဉ်က … သူသည် စစ်အုပ်စု၏ ရေး၊ ထားဝယ်၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖောက်လုပ်နေသည့် စီမံကိန်းနှင့်ပတ်သက်၍ ‘လျှို့ဝှက်အော်ပရေးရှင်း’ တခုအား ဆောင်ရွက်နေသည်။ သူ၏ ‘အော်ပရေးရှင်း’ အား လျှို့ဝှက်ရေးမူအရ ကျနော် မမေး ….။ သူကလည်း မပြော …။ သူလိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းအချို့ကိုသာလျှင် …. တတ်နိုင်သ၍ ဆက်စပ်၍ ရှာဖွေစုဆောင်းပေးခဲ့၏။

အလုပ်ကိစ္စကြောင့် သူသည် စခန်းသစ်နှင့် မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်ခရီးအား ခြေလျင်လွန်းထိုး၍ သူ အလုပ်များနေခဲ့၏။

ထိုစဉ်က … သူသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P.D.F) မှ တပ်ဖွဲ့ဝင်တပ်မှူးတဦး ဖြစ်သော်လည်း …. မဟောသဓာဇာတ်တော်လာ ‘သားလုခန်း’ မှ မိခင်ရင်းဘဝနှင့် နေရသည့်ကာလ ….။ (P.D.F) မှန်နန်းဆောင်၏ အပြင်တွင် ရောက်နေသည့် အချိန် …။

(ဂ)

ကျနော်က … သူ့အား ကဗျာဆရာတဦးအဖြစ်နှင့် မကျွမ်းဝင် … မမြင်မိ။ စစ်သား … လက်နက်ကိုင် တော်လှန်ရေးသမား တဦးအဖြစ်နှင့်သာ မြင်မိ၏။ သူက … ‘ဒေါင်းအိုးဝေ’ တွင် ကဗျာများ ရေးနေပြီဖြစ်သည်။ ကျနော်က သူ့ကဗျာများအား ‘ဒေါင်းအိုးဝေ’ တွင် ရှာပြီး တခုတ်တရလည်း မဖတ်ဖြစ်ခဲ့ …။ သူကလည်း သူ့ကဗျာ ဖော်ပြပါရှိသည့် ‘ဒေါင်းအိုးဝေ’ စာစောင်များအား မှတ်မှတ်ရရ သိမ်းဆည်းမထား …။

စစ်အေး၍ ရွာအနီးဆေးကိုင်းတဲလေးတတဲ … ထဲတွင် အေးအေးလူလူ နားနေနိုင်ပြီး၊ စကားကောင်းကြသည့် ဆည်းဆာများတွင် ကျနော်တို့ ကဗျာအား အမြည်းလုပ်မိကြသည့် အခါများတွင် သူသည် … ဆရာမောင်သာနိုး၏ ‘ထင်းရှုးပင်ရိပ်’ အား မကြာ၊ မကြာ ကောက်၊ ကောက်ကိုင်တတ်၏။ ပြီးလျှင် … ‘မာယာကော့စကီး’ ၏ ကဗျာများအား တပုဒ်ပြီး တပုဒ် သူရွတ်ပြတတ်၏။

ဤတွင် …. ကျနော်တို့အထဲမှ ကျောင်းသားတပ်မတော်မှ တပ်မှူးတဦးက …
‘ဟေ့လူ … ခင်ဗျား … ရုရှားကဗျာတွေကလွဲပြီး တခြားကဗျာတွေ အကြောင်းလည်း ပြောအုံးဗျာ’ ဟု နောက်လျှင် …. သူသည် မကျေမနပ်နှင့် …။

‘ခင်ဗျားတို့ ကျနော့်ကို ဝိုင်းမြည်းကြတာပေါ့လေ’ ဟု မကျေမနပ်နှင့် ပြောပြီး …. ကွမ်းသီးဖက်၊ ဖက်ဖြူလိပ်တိုအား မီးညှိ၍ တွင်တွင်ဖွာနေတတ်၏။

(ဃ)
၁၉၉၇ ခုနှစ် …။
ရန်သူ့ထိုးစစ်ကြောင့် KNU ဒူးပလာယာခရိုင်၏ အခြေခံဒေသကြီးတခုလုံး ကျဆုံးခဲ့ရ၏။ KNLA တပ်မဟာ ၆ တပ်ရင်း ၁၆ တပ်ရင်းမှူး ဗိုလ်မှူးသမူဟဲနှင့် တပ်ခွဲမှူးအချို့ ရန်သူ့ထံ၌ လက်နက်ချ အညံ့ခံလိုက်ကြ၏။ တပ်မဟာ အထူးတပ်မှ တပ်ခွဲမှူး ဗိုလ်လေးဝါးသည်လည်း ရန်သူနှင့် ပေါင်းလိုက်၏။ KNLA တပ်ရင်း ၁၆ နှင့် ဗိုလ်လေးဝါး၏ တပ်ခွဲလှုပ်ရှားမှုဒေသက … KNU ဒူးပလာယာခရိုင်၏ ဝင်းယော်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များအတွင်း၌ ဖြစ်သည်။ ပြီးလျှင် … ဝင်းယော်မြို့နယ် ဥက္ကဋ္ဌ မန်းတင်ငြိမ်းချမ်းနှင့် မန်းအောင်တင်မြင့်တို့ DKBA နှင့် ပူးပေါင်းလိုက်ကြပြန်၏။ မန်းအောင်တင်မြင့်က KNU ဒူးပလာယာခရိုင်၏ ခရိုင်အလုပ်မှုဆောင် အဖွဲ့ဝင်တဦးဖြစ်ပြီး ဝင်းယော်နှင့် ကြာအင်းမြို့နယ်အတွင်း စည်းရုံးရေး၊ နိုင်ငံရေးအရ သြဇာရှိခဲ့သည့်သူ ဖြစ်သည်။

လက်နက်ချ အညံ့ခံမှုများကြောင့် ဝင်းယော်မြို့နယ်အတွင်း KNU ၏ အုပ်ချုပ်ရေး၊ စည်းရုံးရေးအခြေအနေသည် လူထုအတွင်း ယိမ်းယိုင်၍သွား၏။ လူထုက ဝေဝါး၍နေ၏။ စစ်ရေးတွင်လည်း KNLA တပ်ရင်း ၁၆ မှ စောသမူနှင့် မပါသွားသည့် ဗိုလ်တင်လှိုင်၏ တပ်ခွဲ ၅ နှင့် ဗိုလ်ဒေါင်းညို၏ တပ်ခွဲ ၃ နှစ်ခွဲသာ ကျန်ရှိ၏။ တပ်ခွဲဟုသာ ဆိုရသည်။ အင်အားက ၂ဝ မျှပင် မပြည့်ချင် ….။

မဟာမိတ်ဟူ၍က … ကျနော်တို့အဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့သာ ရှိ၏။ ကျနော်တို့ အဖွဲ့များကလည်း စစ်ရေးအရ ပံ့ပိုးပေးနိုင်သည့် လက်နက်ကိုင်တပ်ဖွဲ့ဟူ၍ မရှိ …။ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ ဝါဒဖြန့်ချိရေးအရသာ ဝင်းယော်မြို့နယ် KNU အုပ်ချုပ်ရေးအဖွဲ့အား ပံ့ပိုးနိုင်၏။

ထိုအခြေအနေတွင် … သူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တဖွဲ့လုံး … လက်နက်အင်အား၊ ကျည်အင်အား အပြည့်အစုံနှင့် ဝင်းယော်ဒေသအတွင်းသို့ ဆင်းလာ၏။ ဗိုလ်တင်လှိုင်၊ ဗိုလ်ဒေါင်းညိုတို့နှင့်တွဲပြီး စစ်ရေးအရ တိုက်ပွဲများ ဆင်နွှဲပြီး …. အခြေခံဒေသအား ပြန်တည်ဆောက်ကြ၏။ လူထု၏ ယုံကြည်မှုအား ပြန်တည်ဆောက်ကြ၏။

(င)

ချောင်းနှစ်ခွနှင့် မုဒုံ ကားလမ်းအပိုင်းတွင် စခန်းမှူးဒုရဲအုပ် ဦးစီးသည့် ကဒါရဲစခန်း ရှိသည်။ ရဲတပ်သားအင်အား ၁၅ ဦးခန့်ရှိသည့် စခန်းဖြစ်သည်။ ကဒါရဲစခန်းက နာမည်ဆိုးနှင့် ကျော်ကြား၏။ ခရီးသည်များအား အစစ်အဆေးကြမ်း၏။ အတောင်းအရမ်းဆိုး၏။ ထိုင်းနိုင်ငံမှ အလုပ်လုပ်ကိုင်ပြီး ပြန်ဆင်းလာသည့် ခရီးသည်များဟု ယူဆရသူဟု ထင်လျှင် …. ကားပေါ်မှ ဆွဲချထား၏။ ပြီးလျှင် … နင့်နင့်ပိုးပိုးရမှ ပြန်လွှတ်ပေး၏။ ပိုက်ဆံမပါလျှင်လည်း … ရွှေငွေ၊ ပစ္စည်းများအား ချွတ်၍ယူ၏။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြပြီး နေရပ်သို့ ပြန်ကြသည့်သူများက … မိုးအခါတွင် စံခရဘူရီ၊ ဘုရားသုံးဆူမှ ဇမိမြစ်ကြောင်းအတိုင်း ချောင်းနှစ်ခွသို့ စုန်ဆင်းပြီး … ချောင်းနှစ်ခွမှ မုဒုံသို့ မော်တော်ယာဉ်နှင့် တဆင့်ခရီးဆက်ကြရ၏။ ဤတွင် …. ကဒါရဲစခန်းသည် ‘ကတွက်ပေါက်’ မှ စောင့်နေသည့် ဗျိုင်းပမာ …။

သို့နှင့် …. လူထုသည် မခံနိုင်တော့ …။ ကဒါရဲစခန်းအား တိုက်ခိုက်ပါရန် တောင်လှန်ရေး တပ်သားတို့အား တောင်းဆိုလာကြ၏။ ဤတွင် … ကဒါရဲစခန်းအား တိုက်ခိုက်ရန် သူ … စီမံတော့၏။

ပထမ … ကဒါရဲစခန်းနှင့်ပတ်သတ်သည့် သတင်းများအား စုံစမ်း၏။ အဝင်အထွက် လှုပ်ရှားမှုအား လေ့လာ၏။ စစ်ကူလာနိုင်မည့် တပ်အခြေအနေအား အကဲဖြတ်၏။ ပြီးလျှင် … စခန်းသိမ်းတိုက်ခိုက်မည့် တပ်ဖွဲ့အား ဖွဲ့စည်း၏။ စခန်းသိမ်းတိုက်ခိုက်မည့် တပ်ဖွဲ့၏ ဝင်လမ်း-ဆုတ်လမ်းအား ရွေးချယ်၏။ မိမိဘက်မှ စစ်ကူပေးနိုင်မည့် တပ်ဖွဲ့၏ အင်အားနှင့် လှုပ်ရှားနယ်မြေအား သတ်မှတ်၏။ အားလုံးပြီးပြည့်စုံသည်နှင့် … သူ၏ ကဒါရဲစခန်းသိမ်းပိုက်ရေး စစ်ဆင်ရေးအား စတင်သည်။

မိုးရေများအောက်၌ သူ၏စစ်ကြောင်း ခရီးထွက်သွား၏။ ဇမိမြစ်ရေနှင့် ဝင်ယော်ချောင်းရေတို့က လျှံ၍နေသည်။ လယ်ကွင်းများက ရေပင်လယ်ကြီးအလား …။ ရင်စို့မျှရှိသည့် ရေပြင်အား တရွေ့ရွေ့နှင့်ဖြတ်၍ ကဒါရဲစခန်းဆီသို့ ချီကြရ၏။ ကဒါရဲစခန်းအား သူ၏ ဦးဆောင်မှုနှင့် သိမ်းပိုက်နိုင်ခဲ့သည်။

လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံအား သိမ်းပိုက်ပြီး သူတို့ ပြန်ဆုတ်လာခဲ့ကြသည်။ ကဒါရဲစခန်းမှ သိမ်းယူရရှိခဲ့သည့် လက်နက်ငယ်မျိုးစုံတွင် …. ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် ‘ဘရင်းဂန်း’ ကြီး တလက်လည်း ပါ၏။

ကျနော်တို့က … ‘ဘရင်းဂန်း’ ကြီးအား ကြည့်ပြီး ….

“ခင်ဗျား…ဗျာ ရဲတွေကို အနိုင်ကျင့်ပြီး …. စစ်သမိုင်းပြတိုက်မှာ ထားရမယ့် …. ရှေ့ဟောင်းပစ္စည်းကြီးကို မိုးထဲ၊ ရေထဲ အလေးခံပြီး ယူလာတယ်” ဟု သူ့အား ဝိုင်းနောက်ကြ၏။ သူကား … ကောက်ညှင်းနံ့သင်းသည့် ပေါင်းခံရည်အား ကျိုက်ရင်း …

“ခင်ဗျားတို့ နိုင်ငံရေးသမားတွေက ပြောပေါ့ …။ အခုတော့ … မြည်းစရာက … ဘရင်းဂန်းရယ်၊ မောင်ငြိမ်းရယ် ရသွားပြီပေါ့…။” ဟု သူ့ … နှုတ်ခမ်းမဲမဲထူထူကြီးအား လှုပ်၍ ဗလုံးဗထွေးနှင့် ပြော၏။

ဝင်းယော်ချောင်းရေက … အတီးထော်ဒီ … ၏ တဲခြေရင်းအထိ လျှံ၍တက်နေသည်။ ဝင်းယော်ရေစီးအောက်၌ မိုးမခပင်တို့က ယိမ်း၍နေ၏။ ခဏငယ်အတွင်း ရေပြင်အောက်သို့ မြုပ်သွားလိုက် … ခဏငယ်အတွင်း ရေပြင်ပေါ်သို့ ပြန်၍ပေါ်လာလိုက်နှင့် ….။ သည်းနေသော မိုးက လျှပ်ပန်းလျှပ်နွယ်တို့နှင့် ဝင်းဝင်းပြက်ပြက် …။ လေအဝှေ့ကြောင့် အတီးထော်ဒီတဲအတွင်းသို့ မိုးရေစက်တို့ တိုးဝင်လာသည်။ တဲကြမ်းပြင်တခုလုံး စိုစိုရွဲသွား၏။

ဝင်းယော်မှာ မိုးတွေ သည်းနေပြီ … ကိုငြိမ်း ….။

5/13/10

အပမ်းဖြေဖို့ပါ...

People Election ဟားဟား...ရီရတယ်..

2 May 2010

The ten leading alliances of Burma’s democracy and ethnic rights movement are calling on Burmese communities and organizations in exile and Burma solidarity groups around the world to hold “People’s Elections” on 27 May to express the people’s desire for a genuine democratic change in Burma.

Twenty-seven May will mark the 20th anniversary of the 1990 elections in which the National League for Democracy (NLD) won 82% of seats. The NLD and other 1990 election winning parties have decided not to contest the elections this year due to the military junta’s unfair election laws and undemocratic preparations for the elections. Despite facing dissolution as legal political entities, these parties have pledged to continue their struggle for democracy through peaceful means.

“The Ten Alliances want to recognise and show our ongoing support to the efforts of the NLD and other democratic forces in Burma over the last 20 years. This Global Day of Action will be a united stand against this year’s elections, as part of our ongoing Campaign Against Burma’s 2010 Military Elections. The international community will join the people of Burma, the NLD, Daw Aung San Suu Kyi and the democracy and ethnic rights movement in rejecting these sham elections”, said U Moe Zaw Oo, Joint General Secretary of the National League for Democracy – Liberated Area (NLD–LA) and coordinator of the Foreign Affairs Coordinating Team (FACT) of the Ten Alliances.

The Ten Alliances have called on the groups to hold events in public places where people can vote for genuine democratic elections in Burma and ask ASEAN and national governments to denounce the 2010 elections and reject the results unless the regime changes course and meets the minimum benchmarks set out by the democracy movement:

1. The release of all political prisoners, including Daw Aung San Suu Kyi

2. Cessation of hostilities against ethnic and democracy groups

3. Inclusive dialogue with key stakeholders from democracy groups and ethnic nationalities, including a review of the 2008 Constitution

The Ten Alliances of Burma’s democracy and ethnic rights movement represent the most broad-based and multi-ethnic cooperation of political and civil society organizations from inside and in exile working for national reconciliation, peace, and freedom in Burma. The Campaign Against Burma’s 2010 Military Elections was launched on 19 March in Bangkok, with the support of over 150 groups from all over the world.

###

For more information, please contact:

Moe Zaw Oo, Joint General Secretary, NLD–LA: +66 (0)877735580

Thwin Linn Aung, Coordinator of FACT: +66 (0)878502354

ဒီမီဒီယာစတိက်မန့်ကိုဖတ်ကြည့်ပါ။ ပထမဆုံးစာပိုဒ်မှာ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို နယ်စပ်အခြေစိုက်တော်လှန်ရေးအဖွဲ့အစည်းကြီး ၁၀ ဖွဲ့ကဦးဆောင်ပြီး People Election လုပ်ဖို့တိုက်တွန်းထားတယ်။ ဒီပွဲကို မေလ ၂၇-ရက်နေ့မှာ လုပ်ကြပေါ့။ ၉၀-ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုတဲ့အထိမ်းအမှတ်လည်းပါတယ်။

ပထမဦးဆုံးပြောချင်တာက ကိုယ့်အချင်းချင်းကြားထဲမှာ ကွိုင်ရှာတယ်လို့မထင်ပါနဲ့။ တခုခုမှားနေသလားလို့ပါ။ People Election ကိုအခုမှကောက်ကာငင်ကာထလုပ်ရအောင် နောက်ခံအခြေအနေများ မျိုးမျိုးမြတ်မြတ်ရှိလေသလားပေါ့။ ကိုယ်ကိုင်တိုင်ကြတော့ ထဲထဲဝင်ဝင်မလုပ်နိုင်ကြပဲ...စတိတ်မန့်ပဲထုတ်နိုင်တာကိုကြည့်ရင် ငပျင်းလို့ပဲထင်မိတယ်။ ရွေးကောက်ပွဲဆိုတာ နအဖကသာပြောတာဖြစ်တယ်။ ရွေးကောက်ပွဲကိုလိုက်လုပ်ရအောင် ကျနော်တို့က နအဖ နောက်မြီးဆွဲတွေလား။ ပြည်ပ၊ ပြည်တွင်းမှာရှိတဲ့ လူထုက အတိုက်အခံကို ထောက်ခံပြီးသား။ နအဖကို ဆန့်ကျင်ပြီးသား။ People Election လုပ်ဖို့ပြောတာနဲ့ နအဖလုပ်တဲ့အနောက်ကို ဘာမှမစဉ်စားပဲလိုက်သလိုပဲ။ ဘယ်သူက ခင်ဗျားတို့ပြောတာကို ဖင်ကြားညှပ်လို့လဲ။ အခုလည်းအရင်တုံးကအတိုင်းပဲ။ ဘယ်လောက်ကြာပြီလဲ နအဖကတချက်ပြောတာနဲ့ ဟိုရောင်ဒီရောင်လုပ်ခဲ့တာ။ စဉ်းစားကြပါအုံး။

People Election လုပ်ဖို့ တိုက်တွန်းမဲ့အစား နိုင်ငံတကာတပ်တွေမြန်မာပြည်ကိုဝင်ပြီး စစ်အစိုးရကို ဖြုတ်ချပေးဖို့ တောင်းတာမှ အကြိုးရှိအုံးမယ်။ ကျနော်တို့အလုပ်က နအဖကို တိုက်ထုတ်ပြစ်ရေးပဲဆိုတာ သိရင် နအဖလုပ်သလိုလိုက်လုပ်မှာမဟုတ်ဘူး။ ကျနော်တော့ People Election လုပ်ဖို့ကိုစိတ်ကိုမ၀င်စားဘူး။ လုပ်ချင်တဲ့သူလုပ်ပေါ့ဗျာ။ ကန့်တော့မကွက်ဘူး။ တခြားနည်းလမ်းရှာဖို့ပဲ စိတ်ဝင်စားတယ်။ ဒီအီလက်ရှင်ကို လုပ်ချင်တဲ့စိတ်လည်းမရှိဘူး။ အော်စီမှာ ဘယ်လိုလုပ်ပြီး People Election ကိုလုပ်ရမလဲ။ လူ ၁၀ ယောက်လောက် စုဖို့တောင်ဒီလောက်ခက်နေတာ။ People Election လုပ်ပြီး ရလာတဲ့ရလာဒ်ကို နအဖက အသိအမှတ်ပြုရင်တော့ကောင်းသား။ ဒီကောင်စောက်ဂရုမစိုက်တာသိသိကြီးနဲ့ဗျာ။ နအဖ ဂရုမစိုက်လည်း နိုင်ငံတကာကဂရုစိုက်လာအောင်ပေါ့ကွ.. လို့ပြောရင်လည်း..ဒီလိုပြောချင်တယ်။ ကျနော်တို့ နအဖ ရဲ့ ရင်ဘတ်တည့်တည့်ကိုထိတဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုး၊ စိန်ခေါ်မှုမျိုးကိုပဲလုပ်ချင်တယ်။ ခလေးကလား ဘေးကနေမကြားတကြား တိုးတိုးလေးပြောတာကိုတော့ မကြိုက်ဘူး။

နိုင်ငံရေးအဖွဲ့အစည်း၊ တပ်ပေါင်းစု၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ နိုင်ငံတကာစစ်တပ်(သို့) အမေရိကန်စစ်တပ်ကို ၀င်တိုက်ဖို့ ဘယ်တုံးကများကျယ်ကျယ်လောင်လောင်တောင်းဆိုခဲ့ဘူးသလဲ။ တခါလာလည်း အကြမ်းမဖတ်လှုပ်ရှားမှုနဲ့သက်ဆိုင်တဲ့တောင်းဆိုချက်တွေကို အရက်ဝိုင်းမလုပ်ခင်မှာဘဲထိုင်ထုတ်နေတာတော့မကောင်းဘူး။ ရှင်းရှင်းပြောရင် အယုံအကြည်ကိုမရှိတော့ဘူးဗျာ။ နယ်စပ်အခြေစိုက်အတိုက်အခံတွေကိုတွေပြောတာ။

ကျနော်အနေနဲ့တော့ အမေရိကန်စစ်တပ် မြန်မာပြည်ကို ၀င်တိုက်ပါ။
NLD အပါအ၀င်၊ အတိုက်အခံအဖွဲ့အစည်းတွေ နအဖကို အကြမ်းဖတ်ပါ။
ပါးစပ်နဲ့ပြောလို့မရရင်တော့လက်နဲ့ချသင့်ပြီ။ ပါးစပ်နဲ့ပြောခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲ။

ကျနော်မှတ်မိသေးတယ်။ Vote No၊ No Vote National Reconsilation နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးလှုပ်ရှားမှု၊ Signature ကန်ပိမ်း၊ ၉၀-ရလဒ်အထိမ်းအမှတ်၊ ၈၈၈၈-လေးလုံးအထိမ်းအမှတ်၊ ၆၂-၇၄ အထိမ်းအမှတ်၊ စာအုပ်ထုတ်၊ ဂျာနယ်ထုတ်၊ စတိတ်မတ်ထုတ်၊ အစည်းအဝေးလုပ်၊ Workshop တက်၊ Seminor တက်၊ပွား၊ လေကုန်၊ နိုင်ငံတကာ လျှောက်ဒိုး၊ ဟိုပွားဒီပွား၊ အရက်သောက်၊ ဖာချ ပြီးရင် စောက်ကြီးစောက်ကျယ်ပြော၊ ဟိုသင်တန်းတက်၊ ဒီသင်တန်းတက် အားပါးပါး ပြောရင်တော့အများကြီးပဲ။ NED လည်းမောပြီ။ OSI လည်းထောပြီ။ နော်ဝေဘားမားလည်းလျှောပြီ။ Euro-Burma လည်းရောပြီ။ ဟဲဟဲ...ဟစ်ဟော့ တစ်ပုဒ်တောင်စပ်လိုက်ချင်သေး။

ဒီငွေတွေကို စုထားခဲ့ရင်တော့ အနုမြူဗုံးတခုလောက်တောင်ဝယ်လို့ရမယ်ထင်တယ်။ အခုကြည့် ငွေဟာရေဖြစ်၊ လေပစ်တဲ့အထဲမှာပဲကုန်ပြီ။ သဲထဲကို သေးပေါက်တာကမှ အရာထင်အုံးမယ်။ အခုကုန်ခဲ့တဲ့ငွေတွေ၊ ငွေတွေ၊ ဘယ်ကိုရောက်နေလဲ၊ လိမ်တာတွေလည်းများ၊ ညာတာတွေလည်းများ၊ တကမ္ဘာလုံးကိုလိမ်နေကြတဲ့လူလိမ်ကြီးများ...သီချင်းထဲကလိုများဖြစ်နေသလားလို့ပါ။

ငွေရှိရင်နယ်စပ်အတိုက်အခံအဖွဲ့အစည်းတွေမှာ ပေါ်လစီဝယ်လို့ရတယ်ဗျို့ ။ နိုင်ငံရေးလှုပ်ရှားမှုကို ဒေါ်လာနဲ့လုပ်မှရတယ်ဗျို့ ။ ကျနော်သာထီပေါက်ရင်တော့ NCUB မှာ အထွေထွေအတွင်းရေးမှုးဝင်လုပ်အုံးမယ်။

မှတ်ချက်။ ။ ကျနော်လည်း ဒီပုပ်ထဲက ဒီပဲဖြစ်ခဲ့ပါတယ်။ အခုတော့ ဒါတွေကို မတွေ့ချင်တော့လို့ပါ။ Sick of Proposal Politics and Non-Violence ဖြစ်နေလို့ပါဗျာ။ နားလည်ပေးကြပါ။

5/11/10


ဒေါ်စုတော်တော်အိုသွားပြီ...


ကျနော် ဆလိုင်းကိုကိုဦး(အမေရိက) ပြောတာကိုလက်ခံတယ်။ ဒေါ်စုက မကြာခင် House Arrest ကာလမှာတင် အသက်ထွက် နိုင်တယ်။ ဘယ်တော့လွှတ်မလဲမသိဘူး။ သူက အိမ်ထဲမှာအသက်ကြီးပြီးသေမဲ့ ကိန်းဖြစ်နေပြီ...။ ဦးဝင်းတင်က ဦးကန်ဘဲနဲ့တွေ့တော့ ဒီလိုပြောတယ်..နာနာဆက်ဆက်လေးထုပေးဖို့...ပြောတယ်..။ ဆိုလိုတာကတော့ အမေရိကန်စစ်တပ်က မြန်မာပြည်ကို ၀င်တိုက်ဖို့ပြောတာပဲဗျ..။ ကဲ..ဦးဝင်တင်က ဒီလိုပြောပြီ..ကျနော်တို့ဘာလို့မပြောရဲတာလဲ..။ ဒေါ်စုပုံကိုကြည့်ပါ...တော်တော်အိုသွားပြီ...တစ်ယောက်တည်းအဖော်မဲ့ ဘ၀ကိုဖြတ်သန်းပြီး တိုင်းပြည်အတွက်အလုပ်လုပ်နေတယ်။ သနားပါတယ်ဗျာ..။ လစာမရ၊ ပင်စင်မရ၊ အော်...။

ကျနော်တို့အပြင်ကလူတွေ....လူကိုယ်တိုင်ပူပေါင်းပါဝင်မလုပ်နိုင်ရင်တောင် နိုင်ငံတကာတပ်တွေ မြန်မာပြည်ကို ၀င်တိုက်သင့်ပြီဗျာ..၀င်တိုက်ကြပါ...လို့အော်ကြစေချင်တယ်။ အမေရိကန်စစ်တပ်က မြန်မာပြည်မှာဝင်တိုက်မဲ့ရက်ကို မျှော်လင့်ပါတယ်။

5/7/10

ခင်မောင်ဆွေ၊ သန်းငြိမ်း၊ သိန်းညွန့်---ငါ -ိုးမသားတွေ...

ငါ-ိုးမသား ခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ သိန်းညွန့်။ မိုက်မိုက်ရိုင်းရိုင်းကိုဆဲတယ်။ ဘာ့ကြောင့်ဆဲတာလဲသိလား။ အားအားယားယားဆဲတာတော့မဟုတ်ဘူး။ ဒီလူတွေကိုယ်ရေးထားတဲ့စာကို ခြေထောက်နဲ့ဖျက်တယ်။ သူတို့ပဲ ရွှေဂုံတိုင်ကျေငြာစာတမ်း ကိုရေးတယ်။ သူတို့ပဲ ဒေါ်စုကိုသစ္စာခံမယ်လို့ပြောတယ်။ ခိုးကြောင်ခိုးဝှက်ပြောတာမဟုတ်ဘူး။ တနိုင်ငံလုံး၊ တကမ္ဘာလုံးသိအောင် ပြောတယ်။

သူတို့က သာမန်ပါတီဝင်တွေဆိုရင် ဒီလိုမျိုးဆဲစရာတောင်မလိုဘူး။ သူတို့က NLD ရဲ့  စီအီးစီ တွေ။ ခေါင်းဆောင်တွေ။ ဒါ့ကြောင့်ဒီလိုမျိုးပြောတယ်။ ထပ်ပြီးဆဲတယ်။ -ီးပဲ။ ဒီလိုလူမျိုးတွေရွေးကောက်ပွဲမှာ သူတို့ပဲနိုင်ဦး...-ီးတောင်မယုံဘူး။ ငါချီး...စောက်ရေးမပါတဲ့ အတွေးအခေါ်၊ အစောကတည်းက စစ်အစိုးရနဲ့ပေါင်းချင်ရင် -ီးမို့လို့ NLD မှာ စီအီးစီဝင်လုပ်တာလား။ -ီးမို့လို ရွှေဂုံတိုင်ကျေငြာချက်ကို ကိုယ်ကိုယ်တိုင်ရေးရတာလဲ။ ဒီလိုလုပ်ချင်ရင် အစောကတည်းက ကျနော်တို့ရွှေးကောက်ပွဲဝင်မယ်ဆိုတာကို ရွှေဂုံတိုင်ကြေငြာချက်မှာထည့်ရေးပေါ့။

အခုဟာက ဒီသုံးကောင်နဲ့အပေါင်းအပါတွေကို NLD ရဲ့ ခေါင်းဆောင်စာရင်းမှာထည့်တာ အလကားပဲ။ သူတို့ကိုအနောက်ကနေတွန်းပေးတဲ့လူတွေအထဲမှာ ဘယ်သူတွေပါလဲဆိုတာခန့်မှန်းကြည့်လို့ရတယ်။ ခန့်မှန်းနဲ့တော့မရေးချင်ဘူး။ သူတို့သုံးကောင်က အခု NLD ရဲ့ ဦးဆောင်မှုက လမ်းမလျှောက်နိုင်လို့၊ အလုပ်မလုပ်နိုင်လို့ဆိုပြီး ဘောပဲလို့ပြောသလိုပဲ။ သူတို့က ငယ်သေးတာကိုး။ အခုအချိန်က ကျနော်တို့တိုက်ပွဲအတွင်းမှာ အချောင်သမား၊ အတွေးအခေါ်ချာသူတွေ၊ ကိုယ်ကျိုးရှာသမားတွေ၊ သစ္စာဖောက်တွေကို ခွဲထုတ်လိုက်ပြီ။ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ကျောက်တခုလို့ပြောလို့သလို၊ စောက်သုံးမကျတဲ့ကောင်တွေစစ်ထုတ်လိုက်တဲ့ ဇကာတခုပဲ။ ဗိုလ်ချုပ်တွေရဲ့ စည်းစိမ်ကို အကာအကွယ်ပေးမဲ့ ရွေးကောက်ပွဲ၊ ဗိုလ်ချုပ်တွေရဲ့ ရာဇ၀တ်မှုတွေကို ဖုံးဖို့ကျိုးစားတဲ့ရွေးကောက်ပွဲ၊ သူတို့တစ်သက်လုံးအာဏာလိုချင်လို့လုပ်တဲ့ရွေးကောက်ပွဲ၊ တိုင်းပြည်နဲ့ပြည်သူကို ဘာမှနားမလည်တဲ့ကောင်တွေအုပ်ချုပ်မဲ့အခြေအနေ ဖြစ်အောင်ဖန်တီးနေတာ မသိဘူးလားကွ။ အဝေးမှာနေတဲ့ကောင်တွေတောင်သိတယ်။ ခင်ဗျားတို့သုံးကောင်အနီးကပ်နေပြီး -င်ချခံနေတာကို မသိတာရင်နာတယ်။

သစ္စာရှိသူတွေ၊ ဒီမိုကရေစီစစ်ကို လိုချင်သူတွေဟာ ဒီလိုမျိုးအလုပ်ကိုမလုပ်ကြဘူး။ ရတဲ့အပေါက်ကနေ၀င်ရလောက်အောင်လည်းအောက်တမ်းမကျသင့်ဘူး။ ဒါ့ကြောင့်ပြောတာ...လူကြီးတွေလုပ်တဲ့နိုင်ငံရေးကို လိုက်ရတာ အရှုးကိုလင်လုပ်သလိုပဲ။ ငါ-ိုးမသားတွေ၊ အသက်ကြီးပြီးအချိန်မစီးဘူး။ ဒီလိုကောင်တွေအာဏာရရင် ငါတို့ဘ၀တွေကို ဘယ်လိုလုပ်ပြီး တိုးတက်အောင်လုပ်ပေးနိုင်မလဲ။ အာဏာတောင်မရသေးဘူး၊ တိုက်ပွဲအတွင်းမှာတောင် ဖောက်ပြန်နေပြီ။ မိန်းမရှိရက်နဲ့ အငယ်အနှောင်းယူတာ၊ သူများမယားကြာခိုတာဆိုရင် ခွင့်လွှတ်နိုင်သေးတယ်။ အခုဟာက တိုင်းပြည်ကိုအုပ်ချုပ်မဲ့လူတန်းစားက ချီးကျတာတော့မကောင်းဘူး။

ပြည်သူလူထုကြီးခင်ဗျား---

ဒီလိုခွေးဝဲစားတွေလုပ်မဲ့ရွေးကောက်ပွဲကို ငါ-ိုးမသားတွေဝင်ကြလိမ့်မယ်။ -ီးတောင်မဲမထည့်ကြနဲ့။ ဒီကောင်တွေနဲ့ဝေးဝေးနေကြပါဗျာ။ အခုကတည်းကမရိုးသားကြဘူး။ မည်သည့်ပါတီကိုမှ မဲမပေးကြနဲ့။ အလကားကောင်တွေ။ စစ်အစိုးရဘယ်လောက်ကြာကြာခံနိုင်မလဲ။ ကျနော်တို့လူထုမှာက ဘာမှမက်မောစရာမရှိတော့ဘူး။ စွန့်လွှတ်စရာလည်းမရှိတော့ဘူး။ ကျနော်တို့ရဲ့ ပိုင်ဆိုင်မှုဆိုလို့ -ီးနဲ့သွားပဲရှိတယ်။ ဒီကောင်တွေ အမှန်တရားပေါ်ထွန်းတဲ့နေ့ကြရင် သနားစရာစောက်ခွက်တွေနဲ့ ကျနော်တို့မှားပါတယ်ခင်ဗျား၊ ကြောက်လို့ပါခင်ဗျား...စတဲ့ မရင်ငယ်တုံးညှပ်သံနဲ့ပြောလာလိုက်မယ်။ မယုံရင်စောင့်သာကြည့်။

5/6/10

ချင်းမိုင်

ချင်းမိုင် ချက်ကြီး
လက်သီးမိတာ ဆန်းသလား….။

ချင်းမိုင် လက်ကီး
အသက်ကြီးပြီး မိုက်တာဆန်းသလား..။

ချင်းမိုင် လုပ်စား
စောက်ကြွားကြွား..သောက်စားစား
ယောက်ျားမဟုတ်တာ ဆန်းသလား..။

ချင်းမိုင် စောက်ရှုး
မင်းမို့…ရွေးကောက်ပွဲကို
အဝေးကတောင်
ထောက်ခံရတာ ဆန်းသလားကွ…။

ဘုန်းကျော်(လူ့ဘောင်ချစ်)
ည ၈ နာရီ- နှစ်မိနစ်

မှတ်ချက်...ဒီကဗျာသည် ချင်းမိုင်အခြေစိုက်၊ ကိုအောင်နိုင်ဦး..ကိုအောင်မျိုးမင်း..ဒေါက်တာနိုင်အောင်..ကိုအောင်ဇော် နှင့် ချင်းမိုင်အခြေစိုက် လက်ကီးများကိုဆိုလိုပါသည်။

NLD သည်အစိုးရဖြစ်သည်..

ဖိတ်ကြားစာ


“၂၀၁၀-ရွေးကောက်ပွဲအား ရတဲ့နည်းနဲ့တိုက်ဖျက်ကြ”
“NLD သည်ပြည်သူ့အစိုးရဖြစ်သည်”


Burma Campaign Australia က ဦးဆောင်ပြီး ဆန္ဒပြပွဲတခုအား လာမည့် မေလအတွင်းမှာ ဆစ်ဒနီ၊ မဲဘုန်း၊ ကန်ဘာရာ နှင့် Perth မြို့ တို့တွင်တပြိုင်တည်းပြုလုပ်မည်ဖြစ်ပါသည်။ ဆန္ဒပြပွဲ၏ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁) စစ်အစိုးရမှပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝလက်မခံပါ။
ထိုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်တည်မြဲရေးအတွက် ပြုလုပ်သည့်ရွေးကောက်ပွဲဖြစ်သည်။

၂) ၁၉၉၀-ရွေးကောက်ပွဲရလဒ်ကို ယနေ့အထိထောက်ခံသည်။
၁၉၉၀-ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရသည့် NLD သာလျှင်တရားဝင်ပြည်သူ့အစိုးရဖြစ်သည်။

ယင်းနိုင်ငံရေးဦးတည်ချက်သည် ကျနော်တို့ Perth မြို့ ရှိ နိုင်ငံရေးလှုပ်ရှားသူများ၊ မြန်မာပြည်သူများရဲ့  သဘောထားအစစ်အမှန်ဖြစ်သည်။ ထုိသေဘာထားမ်ားအား ၾသစေတ်းလ်ျပည္သူမ်ား၊ ၾသစေတ်းလ်ရွိ သတင်းဌာနများ နှင့် တကမ္ဘာလုံးရှိမြန်မာပြည်သူများ သိရှိစေရန်ရည်ရွယ်၍ယခုကဲ့သို ဆန္ဒဖော်ထုတ်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

ထို့ကြောင့် Perth မြို့ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အုပ်တချပ်သဲတပွင့်၊ ကျရာအခန်းကနေ စစ်အာဏာရှင်စနစ် အကုန်အစင်ပျက်သုဉ်းရေး တိုက်ပွဲမှာပါဝင်ကျဖို့တိုက်တွန်းပါသည်။ ကျနော်တို့ရဲ့ ဆန္ဒ ပြပွဲကို အောက်ပါအတိုင်းပြုလုပ်မည်ဖြစ်သည်။

Place: In front of Wesley Church at the corner of Hay St and William St
Time: Saturday 22nd of May.
Time: 12.00PM to 3.00 PM

ဆက်သွယ်ရန်-
ဒေါက်တာမျိုးညွန့်
ဖုန်း- 9310 1777

ဘုန်းကျော်
ဖုန်း- 0430429667

ပိတောက်
ဖုန်း- 0403893248


ဒီပွဲမှာ Green ပါတီက အထက်လွတ်တော်အမတ် Senator Scott Ludlum လာပြီးပွားပေးမယ်။ သူက လွှတ်တော်အမတ်မဖြစ်ခင်ကတည်းက ဒေါက်တာမျိုးညွန့်တို့နဲ့အတူတွဲပြီး မြန်မာ့အရေးကို အာပေးခဲ့တာ။ တော်တော်အားတက်သရောလုပ်တဲ့လူပါ။ သူ့ရည်စားက မဲ့ဆောက်ကလူ့ဘောင်သစ်ရုံးမှာ သုံးလတောင် အင်္ဂလိပ်စာသင်ပေးခဲ့တယ်။ အမျိုးသမီးတာဝန်ခံမသန္တာကိုကောင်းကောင်းသိတယ်။ နာမည်တော့မေ့နေတယ်။ သူမကလည်း မြန်မာ့အရေးကို ၀င်ပြီးအာတဲ့သူတွေထဲမှာပါတယ်။ သူ့တို့ကြောင့် အော်စီပါလီမန်မှာ မြန်မာ့အရေးကို ကျယ်ကျယ်လောင်လောင် အာကြတာပေါ့။ Green ပါတီကိုမဲ့ထည့်ကြပါ...။



စကော့..က ပါလီမန်မှာ အင်တာနက်ဝန်ကြီးမေးခွန်းမေးနေတဲ့ပုံ...

20100522 Rally Flyer - A5 Single - Copy

5/3/10

အလွမ်းစာ

အလွမ်းစာ

ပြောလို့ မှမဆုံးသေး -----
မာနယ်ပလောကိုလွမ်းတယ်
ထားဝယ်ခရိုင်ကလေးကိုလွမ်းတယ်
စခန်းသစ်ရွာကလေးကိုလွမ်းတယ်
မယ်တုကွီချောင်းကလေးကိုလွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ်
လွမ်းစရာတွေများနေတုန်း
အလွမ်းဗုံး နောက်တလုံး
(၀ုန်း) ကနဲ ကွဲသွားပြန်ပါပကော ----

ခင်ဗျားက --
ရဲဘော်တွေကိုချစ်တယ်
တော်လှန်ရေးကိုချစ်တယ်
ဗိုလ်မှူးကြီး စိန်မြကိုချစ်တယ်
ရေးဘော် ရေးဘက် တွေကိုချစ်တယ်
မိချမ်းလွန်ကိုလဲ ချစ်ခဲ့တယ်

ကျနော်လိုချင်ခဲ့တာနဲနဲလေးပါဗျာ
ဒါပေမဲ့ -
ဘယ်တုန်းကမှ မရခဲ့ပါဘူးတဲ့
ဒဏ်ရာဗလပွနဲ့ 
ခင်ဗျားဘ၀ တစွန်းတစ
ကြားခဲ့ရဘူးပါရဲ့ 
တခါတုန်းက စခန်းသစ်ညများမှာ ---

သွားကြ သွားကြ
ခင်းဗျားတို့  အကုန်လုံးသွားကြ
လ ကမ္ဘာရောက်အောင်သွားလိုက်ကြ
ကျုပ်ကတော့
တော်လှန်ရေးထဲမှာပဲ နေမယ်
တော်လှန်ရေးထဲမှာပဲ သေမယ်တဲ့
သစ္စာ မြဲသူကြီးရဲ့ စကား
နမိတ်များဖတ်ခဲ့လေသလား ဗျာ ---

လှေခွက်ချည်း ကျန်ရင်တောင်
အလံထောင်နေဦးမဲ့ မောင်ငြိမ်း
မိုက်လို့ သောက်တာမဟုတ်
ကြိုက်လို့ ကို သောက်တာတဲ့

ဘယ်သူ့ ဆီကမှ
ဘာအခွင့်အရေးမှ မယူခဲ့တဲ့
တောပျော်ကြီးရေ ---
မြို့ မှာနေရတာ
အသက်ရှူရ ကြပ်သတဲ့
န- ၀ - တ ပြီးရင်
ထိုင်းပုလိပ်ကိုအမုန်းဆုံးဆိုတဲ့လူ
မြို့ ပြရဲ့ အပူရောင်တွေကြားမှာ
ခုတော့လဲ -
ဘယ်သူ့ ကိုမှ ဒုက္ခမပေးဘဲ
လမ်းခွဲလို့ သွားခဲ့ပါပကော ---

လွမ်းလို့ ကောင်းနေတုန်းပါဘဲ ကိုငြိမ်းရေ ---
ကျုပ်ကလဲ
လူတိုင်းကို လွမ်းနေရတဲ့ကောင်
အမှတ်ရစရာလေးတွေက ဟိုရောက် ဒီရောက်
ကြေကွဲပွင့်ကြီးတွေကလဲ တောင်လိုပေါက်
ဟိုအရင်တုန်းကလိုဘဲ
ကျနော့်ကဗျာ တခွက်နှစ်ခွက်လောက်
ခင်ဗျားထ လို့ သောက်ကြည့်ပါဦးလားဗျာ -------

အုပ်စိုးနိုင်

5/1/10


ကျနော်တို့ဘယ်လောက်ပဲပြောပြောဆိုဆို..တဦးနဲ့တဦး စိတ်မနာပဲ ကျနော်တို့ဖြတ်သန်းခဲ့ကြပီ။ ဖြတ်သန်းနေကြဆဲ။ ကျနော်ချစ်တယ်။ အားလုံးကို။ လူတွေသေရင် နောက်ဆုံး ချစ်ခြင်းနဲ့ပဲသေချင်တယ်ဗျာ။ ကိုငြိမ်း အသုဘကို ပို့ဆောင်တဲ့လူတွေအားလုံး ကိုငြိမ်းလိုစိတ်ဓာတ်ထားနိုင်မယ်လို့ယုံကြည့်ပါတယ်။ ဘ၀ဆိုတာဒါဘဲ။ ဘာမှမဟုတ်ဘူး။ မသေခင်မှာ ကျနော် စိတ်ချမ်းသာချင်တယ်ဗျာ။ ကျနော်လည်း ဘယ်တော့ သေမလဲမသိဘူး။ ကျနော်မသေခင် တိုင်းပြည်ကို စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ချင်ပြီ။ ဒါကိုတွေ့ချင်တယ်။

ကိုငြိမ်းအမှတ်တရ


ဆရာငြိမ်းနဲ့လွန်ခဲ့တဲ့ ၂၀၀၁-ခုနှစ်လောက်က မွန်နယ်ထဲက သူတို့စခန်းတခုမှာဖြစ်ပါတယ်။

View My Stats