ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
12/31/11
စစ်ကြောရေးမှာ ပါဝင်သူ တပ်ရင်းမှုး ကိုသိုက်ထွန်းဦးဘာတွေပြောလဲ (မြောက်ပိုင်းကိစ္စ)
ကိုသိုက်ထွန်းဦး (ဆစ်ဒနီ-သြစတျေးလျရှိ သူ့ နေအိမ်တွင်)
http://www.mediafire.com/?9t1l8ul2991sr26
ပြီးတော့ အင်တာနက်မှာ တင်ဖို့ ခွင့်ပြုပါဆိုပြီး သူ့ ဆီက ခွင့်တောင်းခဲ့တယ်။ သူလည်းခွင့်ပြုပါတယ်။ ကိုသိုက်အနေနဲ့ အမှုမှန်ပေါ်ဖို့ အတွက် လုံးဝကို ကူညီချင်ပါတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ခံခဲ့ရတဲ့လူတွေအနေနဲ့ သူ့ ကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်း သူကူညီမယ်လို့ ပြောပါတယ်။
ကိုသိုက်က ဒေါက်တာနိုင်အောင်မှာ အပြစ်မရှိဘူးလို့ ပြောတယ်။ အဓိက အပြစ်ရှိတဲ့သူက ကိုရော်နယ်အောင်နိုင်(ခ) ဥက္ကဌလေးဖြစ်ပါတယ်လို့ ဝန်ခံပါတယ်။
http://www.mediafire.com/?9t1l8ul2991sr26
12/30/11
Ministry For Work Safe တစ်ခုလိုနေပြီ
Occupational Health and Safety ကိုဘာသာမပြန်ပဲ ဒီအတိုင်းပဲ ဖတ်ကြည့်ပါ။ ဒီပညာရပ်ကို မြန်မာနိုင်ငံမှာ သင်ကြားနေတာမရှိပါဘူး။ ဒီလိုဘာသာရပ်ဟာ ယနေ့ ခေတ်ကာလမှာ အထူးပဲ အရေးကြီးတယ်။
လုပ်ငန်းခွင်တိုင်းမှာ စက်ရုံအလုပ်ရုံတိုင်းမှာ ဒီဘာသာရပ်နဲ့ သက်ဆိုင်တဲ့ဌာနရှိရတယ်။ ရှိမှလည်း လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေနှစ်ဘက်လုံး အကျိုးခံစားခွင့်ရှိနိုင်မယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာ ဒီလိုအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့လူတွေအများအပြားရှိတယ်။
လစာလည်းအတော်ကောင်းတဲ့အလုပ်တစ်ခုပါ။ သြစတျေးလျနိုင်ငံမှာ ဒီဘာသာရပ်နဲ့ ဘွဲ့ ရပြီး အတွေ့ အကြုံလေးငါးနှစ်လောက်ရှိတဲ့သူတစ်ဦးရဲ့ လစာဟာ တနှစ်ကို ဒေါ်လာသိန်းချီရှိပါတယ်။
နိုင်ငံတိုင်းမှာ Ministry For Work Safe ဆိုတဲ့ ၀န်ကြီးဌာနရှိပါတယ်။ နိုင်ငံအများစုကို ပြောတာပါ။ တချို့ သော ဆင်းရဲတဲ့နိုင်တွေမှာတော့မရှိပါဘူး။ ဒီထဲမှာ ကျနော်တို့ တိုင်းပြည်ပါတယ်လို့ ပြောနိုင်ပြီ။
တာမွေမှာ ဖြစ်ပွားတဲ့ မီးလောင်ပေါက်ကွဲမှု ကိုလေ့လာကြည့်ပါ။ လုပ်ငန်းခွင်မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေကို လူတွေနဲ့ နီးတဲ့နေရာမှာ ထားတဲ့ကိစ္စဟာ အင်မတန်ကို အသိပညာခေါင်းပါးတဲ့ဖြစ်ရပ်တစ်ခုပါ။ အမှန်မှန်က ဒီပစ္စည်းတွေကို လူနေအိမ်နဲ့ ဝေးတဲ့နေရာမှာ သီးသန့် ထားသင့်တယ်။ ထားရင်တောင် သေသေချာချာ သတိပေးတဲ့ ဆိုင်းပုဒ်တွေဘာတွေတပ်ဆင်ပြီး သိမ်းဆည်းသိုလှောင်သင့်တယ်။
အခုလို ဗဟုသုတခေါင်းပါးတော့ လူအတော်များများ သေကြေ ကြရတဲ့အထိ ဖြစ်ခဲ့ရပြီ။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ အထက်ကပြောတဲ့ Occupational Health and Safety ဆိုတဲ့ဘာသာရပ်ရယ်၊ လုပ်ငန်းခွင်လုံခြုံရေးအတွက် ဖွဲ့ စည်းထားတဲ့ ၀န်ကြီးဌာန မရှိလို့ ပါ။ ဒါ့ကြောင့် ဒီလို မဖြစ်သင့်တဲ့ဖြစ်ရပ်တွေ ဖြစ်နေပါတယ်။
ဒီပေါက်ကွဲမှု ဘာ့ကြောင့်ဖြစ်ရတယ်၊ ဘယ်သူ့ မှာတာဝန်ရှိတယ်၊ ပြီးတော့ ထိခိုက်တဲ့သူမှန်သမျှကို စက်ရုံပိုင်ရှင် (သို့ ) စီးပွားရေးသမားက လုံးဝ အလျှော်ပေးရပါ့မယ်။ ပြီးရင် တရားဥပဒေအရ ထောင်ချသင့်တယ်။
ဦးပိုင်က ပိုင်တယ်ဆိုတော့ ဒီကိစ္စကို ဦးပိုင်က လုံးဝတာဝန်ယူရပါလိ့မ်မယ်။ အစိုးရအနေနဲ့  ဒီအမှု့ အတွက် စုံစမ်းရေးကော်မရှင်ဖွဲ့ ပြီး စစ်ဆေးသင့်ပြီ။
ဒီလိုဖြစ်ရပ်နဲ့ အလားတူတဲ့ ပုံစံတွေ တိုင်းပြည်ထဲက နေရာအတော်များများမှာရှိနေတယ်။ စက်ရုံအလုပ်ရုံတိုင်းမှာ ဖုံးဖိလို့ မရတဲ့ဖြစ်ရပ်တွေကလွဲရင် သေးသေးမွှားမွှားဖြစ်ရပ်တွေဟာ လူမသိခဲ့ပါဘူး။ တာမွေက ကိစ္စကတော့ ဖုံးလို့ မရလို့  ဒီလောက်ပေါ်ခဲ့တာပါ။
ဘက်ထရီစက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမလေး တစ်ယောက်ဟာ ဘက်ထရီအဆိပ်မိလို့  တစ်သက်လုံးခလေးမွေးလို့ မရတဲ့အထိ ဖြစ်ခဲ့တယ်။ သူကတော့ ကျနော့် ၀မ်းကွဲ ညီမဖြစ်တယ်။ သူမလို စက်ရုံမှာ လုပ်တဲ့စက်ရုံအလုပ်သမားတိုင်းမှာ ဒီလိုရောဂါမျိုးရှိတယ်။ ကျနော်ညီမမှာ အထက်ပြောတဲ့ ပညာရပ်မျိုးနဲ့ ဗဟုသုတ မရှိတဲ့အတွက်ကြောင့် တရားစွဲရမှန်းလည်းမသိ၊ ဘယ်သူ့ ကိုတိုင်းရမှန်းလည်း မသိတဲ့သူဖြစ်နေခဲ့တယ်။
စစ်တပ်ထဲမှာ ခဲယမ်းမီးကျောက်တွေပေါက်ကွဲလို့ သေကြတဲ့ ရဲဘော်တွေလည်း မနည်းဘူး။ ဒါတွေကို အာဏာပိုင်လူကြီးတွေက ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မသိကြဘူး။ အထူးသဖြင့် ပညာမတက်တဲ့ ပြသာနာကြောင့်လို့ ကျနော်ထင်တယ်။
နိုင်ငံရေးသမားတွေကော ဒီလိုပြသနာကိုဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတာကို သိဖို့ လိုသလို၊ လက်ရှိအစိုးရကလည်း ချက်ချင်းအကောင်အထည်ဖော်ဖို့ လိုတယ်။ ဒါကတော့ ကျနော်အထက်ကပြောတဲ့ ၀န်ကြီးဌာနကိုဖွဲ့ ပါ။ Occupation Health and Safety ဘာသာရပ်တွေကို တက္ကသိုလ်တွေမှာ သင်ကြားပါ။ စက်ရုံတိုင်း၊ လုပ်ငန်းခွင်တိုင်းမှာ ဒီလို ဌာန နဲ့ အလုပ်အကိုင်တွေ ဖန်တီးပါ။ ဒါတွေကို ၀န်ကြီးဌာနက ဥပဒေနဲ့ တိတိကျကျ လုပ်ရင် အခုလိုမျိုး တာမွေမှာ ဖြစ်တဲ့မီးလောက်ပေါက်ကွဲမှုမျိုး နောက်ထပ်မဖြစ်အောင်ရှောင်ရှားနိုင်ပါလိမ့်မယ်။
နိုင်ငံရေးသမားတွေ၊ လူ့ အခွင့်အရေးလှုပ်ရှားသူတွေရှိသင့်သလို လုပ်ငန်းခွင်လုံခြုံရေးနဲ့ မြှင့်တင်ရေးဆိုင်ရာ လှုပ်ရှားသူတွေလည်း ရှိဖို့ လိုအပ်နေပါတယ်။
နောက်ဆုံးအနေနဲ့ မီးလောင်တိုင်း ရေနဲ့ ငြိမ်းရမဲ့ဆိုတဲ့ အသိပညာမျိုးနဲ့ လည်း မီးသတ်သမားတွေ မဖြစ်သင့်တော့ပါဘူး။
အဓိကပြသနာက ပညာမဲ့မှု့ ကြောင့် မသေသင့်ပဲသေ၊ မကုန်သင့်ပဲ ကုန်ခဲ့ပြီ။
· · · Share · Delete
12/29/11
တောင်ငူအုပ်စု (လူ့ ဘောင်သစ်) နှင့် လေထီးများအကြောင်း
တောင်ငူသား အသားက ဖြူဖြူ။ လူကောင်းက ပုပု။ လူပုသော်လည်း အတော်လေးကို ဂွင် မြင်တက်တဲ့သူဖြစ်တယ်။ ပရိုပိုဆယ်တင်တဲ့နေရာမှာ သူမတူအောင် အထူးကျွမ်းကျင်လှတာကြောင့် သူ့ ကို ပါတီမှာဆရာကြီးတစ်ဆူအဖြစ် အားကိုးကြတယ်။ အင်္ဂလန်နိုင်ငံကရလာတဲ့ မာစတာဆိုတဲ့ဘွဲ့ ကြီးလည်းရှိတယ်။ သူ့ မှာအရည်အချင်းတွေအတော်များများရှိပါတယ်။
သူမှာမရှိတဲ့အရည် အချင်းက သတ္တိမရှိဘူး။ အရမ်းကြောက်တက်တယ်။ အမြတ်ရရင်နေပါစေ၊ နိုင်ငံရေးခေါင်းစဉ်အောက်ကနေ ငွေကို ဘယ်နေရာက ဖန်တီးရမလဲဆိုတာကို အထူးကျွမ်းကျင်တာကြောင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကတောင် သူ့ ကို ပွဲစားလို့ တောင် နစ်နိမ်းပေးရတဲ့အထိ ဖြစ်ပါတယ်။
နိုင်ငံတကာကို လေ့လာရေးခရီးဆိုပြီး ဟောလီးဒေးတွေ အများအပြားထွက်ကြတယ်။ နောက်ဆုံးဟောလီးဒေးကတော့ ဖိလစ်ပိုင်နိုင်ငံ ဖြစ်တယ်။ ဟောလီဒေးကာလမှာ အရည်မရအဖတ်မရတွေပြောတယ်။ အရပ်ပုတဲ့ ဖိလစ်ပိုင်တွေကို ငန်းတယ်။ ကို့ ရိုးကားယားနိုင်တဲ့ ၀တ်စားဆင်ယင်မှု့ နဲ့ ဖိလစ်ပိုင်မှာ သူတို့ တစ်ဖွဲ့ လုံး ဖွန်ကြောင်နေတာကို အင်တာနက်မှာ မြင်လိုက်ရတော့ သြော်....နိုင်ငံရေးဆိုတာ လုပ်စားလို့ အရမ်းကောင်းတဲ့အရာပါလားလို့ တောင် ကောက်ချက်ချပါတယ်။ အခုလည်း သူတို့ လင်မယားနှစ်ယောက် ဟောလီးဒေးသွားကြအုံးမယ်။ လေ့လာခရီးကြောင့် ဘယ်သူတွေများအကျိုးကျေးဇူးရလဲလို့ မေးရင်.....ဟဲ့..ငါတို့ တော့အတော်ပျော်တယ်ကွ....တလွဲဖြေကြတယ်။
ကျနော်တို့ ဒုက္ခသည်တွေတစ်စုကတော့ သြစီ၊ အမေရိကန်၊ နော်ဝေတို့ မှာနေတာတောင် တစ်နှစ်တစ်ခါ ဟောလီးဒေးမသွားနိုင်ဘူး။ မိသားစုတွေနဲ့ လုပ်လိုက်စားလိုက်။ ရလာတဲ့ငွေက ကုန်သွားလိုက်နဲ့ ။ သူတို့ ကတော့ ခေါင်းစဉ်ကောင်းကောင်းရှိရင် ဟောလီဒေးကို ကြိုက်တဲ့နိုင်ငံမှာ အခမဲ့သွားလို့ ရနိုင်တယ်။ နဖူးကချွေး တစက်မှ မကျပဲ ထမင်းစားနိုင်တယ်။ တော်လှန်ရေးလုပ်နေတဲ့သူတွေဆိုပြီး အချောင်ရတဲ့ ဂုဏ်တွေလည်းရှိတယ်။ အရမ်းအားကြမိပါတယ်။ တောင်ငူမှာ ကျန်ခဲ့တဲ့သားနဲ့ မိသားစုတွေကိုလည်း ပုံမှန်ငွေထောက်ပံ့နိုင်သေးတယ်လို့  ပတ်ဝန်းကျင်က ပြောကြတယ်။ မဲ့ဆောက်မှာလည်း သူကနောက်တစ်ယောက်နဲ့ ။ ကားလည် စီးနိုင်တယ်။ အရမ်းကို အဆင်ပြေကြတဲ့အတွက် အထင်ကိုလုံးဝကြီးမိပါတယ် ကိုတောင်ငူသားတို့ ရယ်။
တောင်ငူသားနောက်တစ်ယောက်ဖြစ်တဲ့ လူလည်း အရက်တွေဘာတွေ ပြတ်သွားတဲ့အတွက် အထူးပဲ အားရစရာကောင်းပါတယ်။ အရက်ပြတ်တာ နောင်တရလို့ မဟုတ်ပါ။ သေမှာကြောက်လို့ ဖြစ်ပါတယ်။ သူကတော့ တောင်ငူအုပ်စုမှာ ဆရာကြီး။ အရင်တုန်းက ငွေ ကိုင်တဲ့လူ။ စာရင်းဇယားပိုင်တဲ့လူ။ အသားဖြူဖြူ အရပ်ပုပုနဲ့ တောင်ငူသားက ပရိုပိုဆယ်တင်တယ်။ ရလာတဲ့ငွေကို အသားမဲမဲ အရက်သမားတောင်ငူသားက ကိုင်တယ်။ စာရင်းဇယားတွေကသာ သူ့ ဘ၀ပေါ့။ အရမ်းကို ကျိုးစားရှာပါတယ်။ ဘယ်လောက်ထိလဲဆိုရင် သူ့ မိန်းမအမေက သူ့ သမီးဟာ ရှမ်းပြည်မှာ ရှမ်းသူဌေးနဲ့ ရနေပါတယ်လို့ ဆိုပြီး ကြွားရတဲ့အထိ ကျိုးစားရှာပါတယ်။
တဲစုတ်ကနေ တိုက်အိမ်ဘ၀ကိုပြောင်းသွားလို့ ကြွားတဲ့လေသံနဲ့ ယောက်ခမကြီးက ဂုဏ်ယူတဲ့အထိ အောင်မြင်ပါတယ်။ ဒါကို လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေအချင်းချင်း တီးတိုးသံနဲ့ ပြောတာကလွဲလို့ ဘယ်သူမှ ပေါ်ပေါ်တင်တင် မဝေဖန်ရဲဘူး။ ဝေဖန်ရင် ငတ်သွားမှာ ကြောက်လို့ ပါ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ က ငွေကိုင်တဲ့လူတွေလေ။ သူတို့ ပေးမှ အားလုံးက ထမင်းဝတာဆိုတော့ မပြောရဲပေါင်။
နောက်တစ်ယောက်တောင်ငူသားကတော့ အရက်သမား။ အချက်သမား။ ထမင်းချက်တာ တော်တယ်။ ကျနော့်ကို မှုးပြီး ဓားနဲ့ ခုတ်မလို့ ။ တော်သေးတာ ဇတ်ပြတ်ခါနီး တောင်ငူသား မိန်းမက ကယ်ပေလို့ ။ အခုတော့ ဘာလုပ်နေလဲမသိ။
အစည်းအဝေးတွေမှာ စကားတစ်လုံးမှမပြောတဲ့ ဗဟိုကော်မတီ တောင်ငူသားလည်း ရှိသေးတယ်။ သူကတော့အေးရှာပါတယ်။
နိုင်ငံရေးအကျဉ်းသားထောင်ထွက် တာင်ငူသားလည်းရှိသေးတယ်။ သူက ဗဟိုအလုပ်အမှုဆောင်ကော်မတီဆိုတဲ့ ရာထူးကို ထောင်ကထွက်ထွက်ခြင်း ရတာဆိုတော့ အရမ်းကံကောင်းတဲ့လူ။ ကျနော်တို့ ဆီမှာ မှု တစ်ခုရှိတယ်။ အထဲက ထွက်လာတဲ့ လူကြီးဟုခေါ်သော လူကြီးတိုင်း အပြင်ရောက်ရင်လည်း လူကြီးဖြစ်ရမယ် ဆိုတဲ့ မှု။ ရှုးနေတဲ့ လူလည်း ရတယ်။ သို့ သော်ချွင်းချက်တော့ ဖြစ်ရမယ်။ တောင်ငူသားကလွဲရင် ကျန်တဲ့ နယ်သားတွေတော့ မရဘူး။ ဒါ့ကြောင့် ဒီပဲယင်းမှာ ထွက်ပြေးလာတဲ့နှစ်ယောက် တောင်ငူသားမဟုတ်တော့ သူတို့ လူကြီးမဖြစ်။ လူငယ်ပဲ ဖြစ်ရရှာတော့ သူတို့ လည်းမကြည်။ မကြည်လည်း ဘာမှလုပ်မရလေတော့ အမေရိကန်မှာနေတာ အကောင်းဆုံးဆိုပြီး မြန်မြန်လစ်ကြပါတော့တယ်။
ထောင်ကထွက်လာတဲ့ လူကြီးတောင်ငူသားကတော့ လူကြီးရာထူးနဲ့  အမေရိကန်နိုင်ငံကြီးမှာ အားရပါးရ ခုန်ချတဲ့အထိလေးစားစရာကောင်းပါတယ်။ ဒါ့ကြောင့် သူ့ ကို လေထီးတောင်ငူသားလို့ ခေါ်တယ်။ ပါတီမှာ လေထီးတွေများတယ်။ လေထီးတရုတ်ကြီး။ လေထီး အာအက်ဖ်အေ။ လေထီး......။ လေထီး....။ လေထီးတိုင်းက လူကြီးတွေ။ လူငယ်တွေက လေထီးရာထူးမရပါ။ လေထီးတောင်ငူသားကတော့ တစ်နှစ်လောက်ပဲ နယ်စပ်မှာနေလိုက်ရတော့ သူ့ ခဗျာ အရမ်းပင်ပန်းရှာတယ်လို့ တောင် ပြောရမယ်ထင်တယ်။
အုပ်စုနှစ်စုရှိတဲ့အထဲက တောင်ငူသားအုပ်စုအကြောင်းကို ရေးထားတာပါ။ ဘယ်သူ့ ကိုမှ မှားတယ်မှန်တယ် မပြောချင်ပါဘူး။ ကိုယ်က တရားသူကြီးမှ မဟုတ်တာ။ ကိုယ့်အမြင်ပဲဖြစ်ပါတယ်။
ပရိုပိုဆယ် အောက်မှာ စားလာတဲ့သက်တမ်းက နှစ်ပေါင်း ၁၅-နှစ်လောက်ရှိနေပြီ။ ၁၅-နှစ်တာကာလမှာ ရလာတဲ့ငွေပေါင်း ဘယ်လောက်ရှိလဲဆိုတာကို ယနေ့ အထိ ကျနော်လုံးဝမသိပါဘူး။ ပရိုပိုဆယ်ထဲမှာ ဘာတွေရေးလဲဆိုတာကိုလည်း မသိပါဘူး။ ပြီးရင် ဘယ်သူတွေကိုတင်လဲ၊ ဘယ်နေရာမှာ ဘယ်လောက်သုံးလဲဆိုတာကိုလည်း မသိတဲ့အပြင် မေးရင်တောင် စိတ်ဆိုးကြသေးတယ်ဆိုတော့ မမေးရဲပါဘူး။ တော်ကြာနေ ဒီကောင်ကျေးဇူးကန်းတယ်ဖြစ်နေအုံးမယ်။ သိတော့ သိချင်တာပေါ့။ သိရင် ဘာလုပ်ဖို့ လဲဆိုရင် ဘာမှ မလုပ်ပါဘူးဆိုတဲ့ စကားပဲပြောရမှာပေါ့ဗျာ။
ဒီလိုအခြေအနေကို လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (မဲ့ဆောက်) မှာတွေ့ နိုင်ပါတယ်။ ပါတီရဲ့ ပေါ်လစီ၊ မှု တွေအပေါ်မှာ ခိုင်ခိုင်မာမာရပ်တယ်ဆိုတဲ့လူကြီးတွေ နောင်လာမဲ့နှစ်မှာ ပရိုပိုဆယ်မရရင် ပြည်တွင်းကိုပြန်ကြတော့မယ်။ မသွားခင်လေး စာရင်းလေးဘာလေးရှင်းပေးကြပါအုံးလို့ ပြောချင်ပါတယ်။ ကျနော် လေထီး ၀ယ်ချင်လို့ ပါ။
နှစ်သစ်မှာ ကျန်းမာပါစေ ကိုညိုနှင့်ကိုဇော်ဇော်ထွန်း။
12/27/11
၂၀၁၂-ကိုအကောင်းမြင်တဲ့ ခြေလှမ်းတွေနဲ့ ဆက်ပြီးလျှောက်မယ်
နှစ်ဟောင်းကုန်လို့ နှစ်သစ်ဖြစ်တဲ့ ၂၀၁၂-ကိုရောက်လာပြီဖြစ်တဲ့အတွက် ဆုတောင်းစာ၊ ချီးမွှမ်းစာအနေနဲ့  ဒီစာကို ရေးပါတယ်။ ရင်ထဲကလာတဲ့ စကားလုံးတွေဖြစ်ကြောင်း ကြိုတင်ပြောပါရစေ။ ကျနော်က နိုင်ငံရေးပါရဂူမဟုတ်ပါ။ ဒါ့ကြောင့် လိုတာကိုဖြည့်ပြီးဖတ်ပါ။ ပိုတာကို ဖယ်ပြီးဖတ်ပါလို့  ပထမဆုံးမေတ္တာရပ်ခံချင်တယ်။
အရမ်းကို အံ့သြစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။ ဘယ်နိုင်ငံမှ မရှိတဲ့ စေ့စပ်ညှိနှိုင်းရေးမှုးတစ်ဦး မြန်မာပြည်မှာရှိခဲ့ပြီ။ သူကတော့ ရထားဝန်ကြီး ဦးအောင်မင်း။ ရထားဝန်ကြီးရဲ့ အလုပ်က မြန်မာနိုင်ငံတွင်းမှာ ရထားတွေခေတ်မှီအောင်၊ အဆင့်အတန်းမြင့်အောင်လုပ်ရမယ်။ ပြည်သူတွေအဆင်ပြေချော့မွေ့ စွာခရီးသွားလာနိုင်အောင် စီမံဆောင်ရွက်ရမယ်။ ရထားလမ်းတွေ တိုးချဲ့ တာ၊ မွန်းမံတာကို မျက်ခြေမပြတ်လုပ်ရမဲ့အလုပ်က ရထားဝန်ကြီးရဲ့ အလုပ်ဖြစ်တယ်။ ဒါက နိုင်ငံတကာက ရထားဝန်ကြီးတွေ လုပ်ရတဲ့အလုပ်။ သို့ သော် သူများနိုင်ငံနဲ့ မတူ ၊ တမှုထူးခြားစွာ မြန်မာနိုင်ငံက ရထားဝန်ကြီးဟာ ရထားအလုပ်ကို မလုပ်ပဲ ပွဲစားလုပ်ရတယ်လို့ ဗျာ။ ထူးခြားနေတာကို ပြောတာပါ။ သူ့ ကိုရထားဝန်ကြီး မခန့် ပဲ ငြိမ်းချမ်းရေးကိုယ်စားလှယ် (သို့ ) ၀န်ကြီးခန့် လိုက်ရင် ပိုလို့ တောင် သင့်တော်အုံးမယ်။
သူကလည်း အတော်ကြိုးစားပမ်းစား နဲ့ ထိုင်းနိုင်ငံတခွင်လုံးပတ်ပြီး ကွတ်တီရိုစားလိုက်၊ လောက်ခေါင်သောက်လိုက်နဲ့ ။ ပြီးရင် အတိုက်အခံ နဲ့ သူပုန်တွေကို စည်းရုံးလိုက်ဆိုတော့ ၂၀၁၁-အတွက် သူ့ ကို The Man of Year 2011 ဆိုပြီး ဘုန်းကျော်ဘလော့ဂ်ကနေ ပေးချင်တဲ့အထိ စေတနာရှိပါတယ်။ သူနဲ့ တွေ့ ချင်တဲ့သူတွေကလည်း အတိုက်အခံလောကမှာ တစ်ပုံကြီးဖြစ်နေပြီ။ အနဲဆုံး ဓာတ်ပုံလေးများ တွဲပြီးရိုက်လိုက်ရရင်တောင် ခေတ်မှီသလိုမျိုး။ ဘာပဲဖြစ်ဖြစ် ရှေ့ ဆက်တိုးပါ ရထားဝန်ကြီးရယ်လို့ ပဲ ပြောချင်ပါတယ်။
ဒီကာလမှာခေတ်စားနေတဲ့ Development တွေအကြောင်း နဲနဲလောက်ပြောချင်တယ်။ စစ်တွေ၊ ထားဝယ်၊ သီလ၀ါစတဲ့ စီမံကိန်းကြီးတွေအကြောင်းပါ။ ဒေါ်လာ ဘီလီလျံအများအပြားနဲ့ တည်ဆောက်နေတော့ တိုင်းပြည်အတွက်အထူးပဲ အကျိုးအမြတ်ရနိုင်ပါတယ်။ အလုပ်အကိုင်၊ အရင်းအနှီး၊ နည်းပညာတွေလည်း စီမံကိန်းနဲ့ အတူပါလာတာကို တွေ့ နေရတယ်။
သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရွာတွေအရွှေ့ ခံရမှု၊ လူ့ အခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေလည်း မြင်နေကြားနေရတယ်။ ဒီနေရာမှာ မကြားရတာက စီမံကိန်းကနေ အမြတ်ငွေဘယ်လောက်ရမှာလဲ။ အလုပ်အကိုင်အခွင့်အလမ်းတွေဘယ်လောက် ဖန်တီးပေးနိုင်မှာလဲဆိုတာကို စာရင်းဇယားနဲ့ မတွေ့ ရသေးဘူး။ စီမံကိန်းတည်ဆောက်နေတဲ့ကာလမှာတောင် ကျွမ်းကျင်အလုပ်သမားတွေအများစုက ပြည်တွင်းက မဟုတ်ပဲ ပြည်ပနေခေါ်ယူတင်သွင်းနေတာကို မြင်နေရတယ်။ဥပမာ မြစ်ဆုံမှာ တရက်ကားမောင်းတဲ့လူတောင် တရုတ်တွေဖြစ်နေတာကိုကြည့်ပါ။ ရခိုင်ဘက်က ရွှေဂစ်စီမံကိန်းမှာလည်း ကိုယ်တော်ချောတရုတ်တွေပဲ နေရာတိုင်းမြင်နေရတော့ တိုင်းပြည်ထဲက လူတွေသူများကိုတောင်ခိုင်းစားနေရပြီလို့ တောင် ပြောရမလိုဖြစ်နေပြီ။
ဖြစ်စေချင်တာက ဒီလိုစီမံကိန်းတွေမှာ မြန်မာတွေကို သုံးပုံပုံရင် နှစ်ပုံလောက် ခန့် သင့်တယ်။ သူများတွေနဲ့ တွဲပြီး ပညာယူသင့်တယ်။ ဒီလိုအခွင့်အလမ်းကို အစိုးရက ဥပဒေနဲ့ တိတိကျကျပြဌာန်းသင့်တယ်။ အခုတော့ မြန်မာတွေဟာ စီမံကိန်းတိုင်းမှာ အောက်ခြေသိမ်းအလုပ်ဖြစ်တဲ့ လက်နဲ့ မြေတူးတာ ဘေးကနေ သူများတွေကို ကူညီတာပဲတွေ့ နေရတယ်။
ဘယ်စီမံကိန်းပဲဖြစ်ဖြစ် လက်တလောမြင်နေရတာက တိုင်းရင်းသားနယ်မြေတွေထဲမှာဖြစ်နေတယ်။ ထွက်လာမဲ့အကျိုးအမြတ်တွေဟာ ဗဟိုအစိုးရလက်ထဲ (သို့ ) Bank Account ထဲကိုပဲ ၀င်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရအနေနဲ့ အကျိုးအမြတ်တွေကို တကယ်ပိုင်ရှင်အစစ်တွေလက်ထဲကို များများထည့်ပေးဖို့ လိုတယ်။ အမြတ်ငွေရဲ့ ရာခိုင်နှုံးအတော်များများကို သူတို့ နယ်မြေဖွံ့ ဖြိုးရေးအတွက် ခွဲဝေသုံးဆွဲသင့်တယ်။
ဒါပေမဲ့လက်ရှိအနေအထားထိ အစိုးရမှာ ဒီလိုစဉ်းစားချက်မျိုးတောင်မရှိသေးဘူး။ သူတို့ မရှိပေမဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ရခိုင်တို့ ၊ ရှမ်းတို့ မှာ အထူးသဖြင့်တာဝန်ရှိတယ်။ ကိုယ့်ပစ္စည်းကိုသူများက လာတူးပြီးရောင်းစားတယ်။ ပြီးရင် ကိုယ်က ဘာမှပြန်မရတဲ့အပြင် ရွာတွေတောင်ရွှေ့ ပေးရသေးတယ်။ ဒါ့ကြောင့် တိုင်းရင်းသားတွေ မညံ့ဖို့ အရေးကြီးတယ်လို့ ပြောချင်တယ်။
လက်ရှိစီမံကိန်းရဲ့ ဘေးပတ်ဝန်းကျင်က ရွာတွေကို နစ်နာကြေးပေးတာ တအားနဲတယ်။ တရုတ်ကုမဏီတွေကတရုတ်လုပ်အပေါစားတီဗွီနဲ့ ငွေကြေးအနဲငယ်လောက်ပဲပေးနေတယ်။ ဒီကိစ္စအတွက် သက်ဆိုင်ရာ လွှတ်တော်အမတ်တွေ ဘာမှ မလုပ်သေးတာ အတော်အံ့သြမိတယ်။
တချိန်တုန်းက မကြားဘူးတဲ့ ထိုင်းနိုင်ငံရောက်အလုပ်သမားတွေကို ကူညီတာ၊ ပတ်စ်ပို့ ထုတ်ပေးတာတွေဟာ အရမ်းကို ကျေနပ်စရာကောင်းနေတယ်။ အရင်တုန်းက မြန်မာတွေဟာ ခိုးကြောင်ခိုးဝှက်အနေအထားမျိုးနဲ့ ထိုင်းမှာကျွန်ခံနေစရာမလိုတော့ဘူး။ ပေါ်တင်ရဲရဲဝံ့ဝံ့ သွားလာနိုင်ပြီ။ အစိုးရကိုယ်တိုင် ပါဝင်ပက်သက်လာတော့ အလုပ်သမားတွေအနေနဲ့ အားကိုးရလာပြီ။ ထိုင်းအစိုးရက လုပ်ချင်သလို လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။
ဒီလိုအနေအထားမျိုးဖြစ်အောင်လုပ်ပေးတဲ့အစိုးရကို ကျေးဇူးတင်စရာတော့မလိုဘူး။ ဒါက သူတို့ အလုပ်။ သူတို့ အလုပ်ကိုသူတို့ လုပ်တာကို အားအားယားယားကျေးဇူးတင်ရင် မြောက်ကိုးရီးယားလို Great Leaders and Dear Leaders ဆိုပြီး ဖြစ်နေအုံးမယ်။
နောက်တစ်ခုအားရစရာကောင်းတာက အလုပ်သမားအရေးနဲ့ ပက်သက်ပြီး တိုင်းပြည်ထဲမှာ ဘဏ်လေးခုကို ငွေကြေးလုပ်ပိုင်ခွင့်ပေးတာ အရမ်းကောင်းတယ်။ ဒီနေရာမှာ မေးချင်တာက ဘာ့ကြောင့်အားလုံးသော ဘဏ်တွေကို ဒီလိုအခွင့်အလမ်းတွေမပေးတာလဲ။ ကျနော့်အမြင်ကတော့ အားလုံးကိုပေးသင့်တယ်။
ဒီနေ့ အထိပြည်ပကနေ အလုပ်လုပ်ပြီး တိုင်းပြည်ထဲက လူတွေကို ငွေလွှဲတာ အရမ်းစိတ်ကုန်နေပြီ။ ဟွန်ဒီနဲ့ က အလုပ်မဖြစ်ဘူး။ တိုင်းပြည်လည်း အခွန်မရဘူး။ ကျနော်တို့ လိုလူတွေအတွက်လည်း အရမ်းနစ်နာရတယ်။ အမှန်တကယ်ပေါက်ဈေးကို မရဘူး။ ပြီးရင်အလိမ်လည်းခံရသေးတယ်။ ဥပမာ စင်္ကာပူမှာ ဒေါ်လာသန်းနဲ့ ချီပြီး လိမ်သွားတဲ့ကိစ္စဆိုရင် ဘယ်လောက်သနားစရာကောင်းလဲ။ မြန်မြန်လွှဲလို့ ရပါစေဆိုပြီး ဆုတောင်းနေပါတယ်။
ဒိထက်ကောင်းတဲ့ အပြောင်းအလဲတွေလုပ်ဖို့ များများလိုသေးတယ်လို့ မြင်တယ်။ ဥပမာ အမြဲတမ်းလူတွေပြောနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပွင့်လင်းလာရေး နဲ့  တရားရေးစနစ်ခိုင်မာသထက်ခိုင်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ ဒါတွေကိုမြန်မြန်နဲ့ များများပေးဖို့  ချက်ချင်းလုပ်ပေးပါ။
လက်ရှိအခြေအနေအထိတော့ အစိုးရလုပ်နေတာတွေကို အားလုံးလိုလိုထောက်ခံနေတယ်။ ဒါပေမဲ့ အစိုးရ့ ဖြစ်ချင်တဲ့အတိုင်း လုပ်နေတာကိုတော့ မကြိုက်ဘူး။ ပြည်သူလူထုရဲ့ အသံတွေကို နားထောင်ပြီးလက်နာဖို့ လိုသေးတယ်။ အကောင်အထည်ဖော်ဖို့ လိုသေးတယ်။ ခေါင်းတော့ညိမ့်တယ်။ ပြီးရင် မေ့ချင်ယောင်ဆောင်တာမျိုးလည်း မကောင်းဘူး။ လက်ရှိအနေအထားထက် ပိုပြီးပွင့်လင်းလာရင် ကောင်းလာရင် လူတိုင်းက အားပေးမှာပဲ။
နောက်ဆုံးတစ်ခုတောင်းဆိုချင်တာက ပြည်ပမှာရှိနေတဲ့မြန်မာပညာရှင်တွေနဲ့ စီးပွားရေးသမားတွေကို ပြန်လာပါ။ တိုင်းပြည်ထဲမှာလာလုပ်ပါဆိုယုံနဲ့ မလုံလောက်သေးဘူးလို့ မြင်တယ်။ သူတို့ တွေကို Offer ပေးရမယ်။ ဥပမာ ရာထူး၊ လစာ နဲ့ အာမခံကောင်းကောင်းပေးရမယ်။ ဒါမှ သူတို့ တွေ ပြန်လာချင်တဲ့စိတ်ရှိမယ်။ အထူးသဖြင့် မက်လုံးပေးကိုပေးရမယ်။ မည်သည့်အလုပ်မဆို အလုပ်ခေါ်ရင် မက်လုံးပေးရပါတယ်။ ဒါမှ လုပ်ချင်တဲ့ Motivation ရှိလာမယ်။ ပြန်လာပါဆိုယုံနဲ့ ပြန်လာမှာမဟုတ်ဘူး။လူတိုင်းက တိုင်းပြည် ချစ်တော့ချစ်တယ်။ ထမင်းတော့ အငတ်မခံနိုင်ဘူး။ အနဲဆုံးကိုယ့်မိသားစုဖူလုံဖို့ အရေးကြီးတယ်။
အစိုးရကသာ နဲနဲလေးပျော့လာရင် အတိုက်အခံကော ပြည်သူကော အလိုလိုပျော့လာမှာဖြစ်တဲ့အတွက် တိုင်းပြည်စည်းလုံးစေချင်ရင် ဒိထက်ပိုပြီးပျော့ပြောင်းတဲ့ချည်းကပ်မှုတွေနဲ့ အတိုက်အခံကိုချည်းကပ်ကြည့်ပါ။ အတိုက်အခံကလည်း မိမိဖြစ်ချင်တာတွေကြီးပဲ မကြည့်ပဲ ပြေလည်နိုင်မဲ့ နည်းလမ်းကိုလည်း ရှိထားစေချင်တယ်
နောက်ဆုံးအနေနဲ့ ရထားဝန်ကြီးရာထူးကနေ လေယျာဉ်ဝန်ကြီးရာထူးတောင်ရနိုင်တယ်ဆိုတာကို ပြောချင်ပါတယ် တကယ်လို့  ဒိထက်ပိုပြီးအောင်မြင်လာရင်။ ၂၀၁၂-မှာ ဦးသိန်းစိန်ဦးဆောင်သော အစိုးရ၊ ဒေါ်စုဦးဆောင်သော အတိုက်အခံနှင့်တကွ အားလုံးသော မြန်မာပြည်သူတိုင်း ကျန်းမာပျော်ရွှင်ကြပါစေ။
အားလုံးသောဘက်တိုင်းကလူတွေ အစိုးရအဖွဲ့ ထဲမှာ ပါဝင်နိုင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်နေတာကို ၂၀၁၂-မှာ မြင်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။
ပဲခူးက ကိုကျော်ဝဏ (လက်ရှိ နယူးယောက်) ခင်ဗျား။ ရောက်ရာအရပ်က မယားကြီး မခင်ခင်လဲ့ (အုန်းဖန်ဒုက္ခသည်စခန်း) ကို အမြန်ဆုံးဆက်သွယ်ပါ။
ပဲခူးက ကိုကျော်ဝဏ (လက်ရှိ နယူးယောက်) ခင်ဗျား-
ရောက်ရာအရပ်က မယားကြီး ဒေါ်ခင်ခင်လဲ့ (အုန်းဖန်ဒုက္ခသည်စခန်း) ကို အမြန်ဆုံးဆက်သွယ်ပါ။
အလယ်တန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ခင်ခင်လဲ့ဟာ ၉၉၉၉ -မှာ ကိုကျော်ဝဏကြောင့် ထောင် (၁၀) နှစ်ကျပြီး၊ ပြီးခဲ့နှစ်ကမှ ပြန်လွတ်လာပါတယ်။ ဒီအချိန်မှာ ကိုကျော်ဝဏက နောက်မိန်းမနဲ့ နယူးယောက်မှာနှပ်နေပါပြီ။
အခု ခင်ဗျားကြောင့် ထောင်ကျသွားတဲ့ ဒေါ်ခင်ခင်လဲ့ နဲ့ ခင်ဗျားသားတွေဟာ ဒုက္ခရောက်နေကြတယ်။ ကိုယ့်မိသားစုကို ကူညီဖို့ နေနေသာသာ မိုက်ရိုင်းတယ်လို့ ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်မိရပါတယ်။
ဆရာမဒေါ်ခင်ခင်လဲ့က ဘာပြောလဲဆိုတော့ ၉-လေးလုံးမှာ ထောင်ကျတာ ဘ၀ကိုပျက်ရောပဲတဲ့ဗျာ....။
12/26/11
ကိုဇာဂနာ ဂတုံးကြီးသို့ 
yanlinshein@gmail.com
အထက်မှ သူငယ်ချင်းက ဒါကို ကြော်ငြာဆိုလို့ ပို့ ပါတယ်။ အောက်ကလင့်ကို နိပ်ပါ။
http://vimeo.com/34208530
မှတ်ချက်။ ။ ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတော်နွားကျောင်းနေရတယ်။
Iron Cross ၏ ဒေါ်အောင်ဆန်းစုကြည်
သူများတွေ စုနေတဲ့အချိန်မှာ အိုင်စီပျောက်နေတော့ စိတ်ခုမိခဲ့တယ်။ အခုလိုမျိုးတွေ့ တော့လည်း အတော်ရင်ခုန်မိပါတယ်ဗျာ။ ရဲဘော်ရဲဘက်တွေပဲ...အတူတူ အော်ကြတာပေါ့...ကိုကြီးလေးဖြူရေ...။
ကိုထူးချစ်၏ပြန်စာ (မြောက်ပိုင်းကိစ္စ)
ရက်စွဲ။ ( ၂၅) ရက်၊ဒီဇင်ဘာလ၊ ၂၀၁၁ ခုနှစ်
ဘန်ကောက်မြို့၊
ထိုင်းနိုင်ငံ။
ကိုဘုန်းကျော်ခင်ဗျား၊
လေးစားစွာစာရေးအကြောင်းကြားလိုက်ပါတယ်။
ခင်ဗျားရေးလိုက်တဲ့စာကိုဒီဇင်ဘာလ(၂၅)ရက်နေ့ကလက်ခံရရှိပါတယ်။ခင်ဗျားရဲ့စာ၊ရရခြင်းဘဲစာပြန်ရေးလိုက်ပါတယ်။ABSDFမြောက်ပိုင်းမှာကျောင်းသားအခြင်းခြင်းအခုလိုအစုလိုက်အပြုံလိုက်၊ရက်ရက်စက်စက်သွေးအေးအေးနဲ့သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ဖြစ်စဉ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲကကျနော့်အနေနဲ့ကြားသိခဲ့ရပေမဲ့အခုလောက်တိတိကျကျခိုင်ခိုင်လုံလုံ၊တင်ပြခဲ့ကျတာမျိုးမတွေ့ဖူးခဲ့ပါ။ကျနော်တို့လူ့အဖွဲ့စည်းမှာဖြစ်လေ့၊ဖြစ်ထ၊ဖြစ်နေတဲ့အစဉ်အလာအတိုင်း၊တစ်ဦးတစ်ယောက်ကိုပုဂ္ဂိုလ်ရေးအမှန်းနဲ့တိုက်ခိုက်နေတာဘဲလို့ရိုးသားစွာနားလည်ခဲ့ပါတယ်။အခုလိုအထောက်အထားတွေသေသေချာချာရထားပြီဆိုရင်တော့လူ့အခွင့်အရေးလှုပ်ရှားနေတဲ့လူတစ်ယောက်အနေနဲ့ အခုလိုသမိုင်းတွင်ရစ်စေမဲ့ ဒီလိုကိစ္စမျိုးကို ကိုယ့်ဖက်က အတတ်နိင်ဆုံးပူးပေါင်း၊ကူညီဆောင်ဖို့ အဆင်သင့်ရှိပါတယ်။
မြောက်ပိုင်းဖြစ်စဉ်ဟာအမှန်တကယ်အပြင်မှာပြန့်နေတဲ့သတင်းတွေအတိုင်းလူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ကျူးလွန်းခဲ့တယ်ဆိုရင်ဘယ်သူ့မျက်နှာမှမထောက်ထားပဲ။အမှု့မှန်ပေါ်တဲ့အထိဖေါ်ထုတ်ရမှာဖြစ်ပါတယ်။ဒါမှလဲအခုလိုဆိုးဝါးလှတဲ့အဖြစ်အပျက်မျိုးကိုကျနော်တို့ရဲ့မျိုးဆက်သစ်လူငယ်တွေ မခံရဖို့နဲ့၊အမှု့မှန်ပေါ်ပေါက်ဖို့အတွက်ကျနော်တို့အနေနဲ့(လုံးဝ)ကိုတာဝန်ရှိပါတယ်။အခုလောလောဆယ်၊အပြစ်ရှိတယ်(အပစ်ကျူးလွန်းခဲ့တယ်)လို့စွတ်စွဲခံနေရတဲ့လူတွေအနေနဲ့လဲသူတိုမှာခုခံပိုင်ခွင့်ရှိပါတယ်။ လူတစ်ဦးတစ်ယောက်အားအပြစ်ရှိသည်ဟုတရားရုံးမှမဆုံးဖြတ်သေးဘဲ။မိမိတို့၏အထင်ဖြင့်တရားခံဟုသတ်မှတ်ပြီးစွတ်စွဲ့၊ပြောဆိုရေးသားမှု့များသည်လဲ၊လူ့အခွင့်အရေးချိုးဖေါက်ရာရောက်ပါသည်။အထက်ဖေါ်ပြပါအခြေအနေများကြောင့်မိမိအနေဖြင့်အကြံပြုလိုသည်မှာ-
၁) အမှု့မှန်၊မပေါ်မခြင်း ( သို့မဟုတ်) တရားရုံးတစ်ခုခုက သက်ဆိုင်သူများကိုအပစ်ရှိတယ်လို့ မဆုံးဖြတ်မခြင်း၊ သက်ဆိုင်တယ် (အစုလိုက်အပြုံလိုက၊်နှိမ့်စက်၊သတ်ဖြတ်မှု့မှာတာဝန်ရှိတယ်)လို့ယူဆရတဲ့လူတွေကို တရားခံတွေပုံစံ၊ ရေးသား၊ စွတ်ဆွဲတာမျိုးတွေမလုပ်မိစေရန်-
၂)အဆိုပါလူသတ်ပွဲဖြစ်ပွားခဲ့စဉ်ကညှင်းပန်းနှိမ့်စက်ခံခဲ့ရပြီးအသက်မသေဘဲလွတ်မြောက်လာသူများအားလူတွေ့မေမြန်းပြီး။ နိုင်ငံတကာ၊တရားရုံးသို့ တင်ပြနိုင်မည့် အထောက်အထားအချက်အလက်များစုဆောင်းထားရန်- ( မျက်မြင်သက်သေများ၊ ရနိုင်သလောက်၊ ရအောင်ရှာထားရန်)
၃) အဆိုပါအခင်းအကျင်းတွင် နှိမ့်စက်သတ်ဖြတ်သူများဖက်မှ ပါဝင်ခဲ့သူများကိုလဲ ရှာဖွေ၊ပြီးအချက်အလက် များမေးမြန်းထားရန်(အချို့ရဲဘော်များသည့်ဖြစ်ကြောင်းကုန်စဉ်ကိုမသိဘဲ၊မိမိတို့၏ခေါင်းဆောင်များတာဝန်ပေးသည့် အတွက် လုပ်ကောင်းလုပ်ဆောင်ခဲ့ကြပါမည်)
၎)International Criminal Court,Asia Human Rights Commission၊ သက်ဆိုင်ရာနိုင်ငံများရှိလူ့အခွင့် အရေးကော်မရှင်များတွင်တရားဆွဲဆိုနိုင်ရန် အတွက် နိုင်ငံတကာလူ့အခွင့်အရေးရှေ့များနှင့် တိုင်ပင်ဆွေးနွေးပြီး၊ စံချိန်စံနှန်း မှီသည့် သတင်းအချက်အလက်များပြင်စဉ်ရန်-
၅)အဆိုပါလုပ်ငန်းစဉ်များကိုတစိုက်မတ်မတ်လုပ်ဆောင်နိုင်မည့်သူများပါဝင်သည့်ကော်မီတီတစ်ရပ်ကိုဖွဲ့စည်းရန်-
၆) အကောင်အထည်ဖေါ်မည့် လုပ်ငန်းအဆင့်တိုင်းတွင်ငွေကြေးအနည်းနှင့်အများသုံးစွဲရမည်ဖြစ်သည့်အတွက် ရန်ပုံငွေရှာဖွေရေးကော်မီတီတစ်ရပ်ဖွဲ့စည်းရန်။
ကျနော်တင်ပြခဲ့သည့် အထက်ဖေါ်ပြပါအချက်အလက်များအတိုင်း အကောင်အထည်ဖေါ်မည်ဆိုပါက၊ မိမိအနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ( သို့မဟုတ်) မည်သည့် အဖွဲ့အစည်းနှင့် မဆိုအမှု့မှန်ပေါ်ပေါက်သည်အထိပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလေးစားစွာအကြောင်းကြားအပ်ပါသည်။
လေးစားစွာဖြင့်
ထူးချစ်
လူ့အခွင့်အရေးလှုပ်ရှားသူ
ဖန်ငခရိုင်၊ ထိုင်းနိုင်ငံတောင်ပိုင်း။
စာကြွင်း။
အခုလောလောဆယ်၊ကျနော်စိတ်ကူးရသည့်အကြောင်းအရာအချက်အလက်များကိုသာရေးသားထားပါသည်။ကျနော်တင်ပြထားသည့်အကြောင်းအရာအချက်အလက်များသည်၊ပြည့်စုံသည်ဟုမယူဆပါ။အဆိုပါကိစ္စရပ်အားကိုင်တွယ်ဆောင်ရွက်မည့်ကော်မီတီပေါ်ပေါက်လာပါက၊အသေးစိတ်အချက်အလက်များ၊ထပ်မံဆွေးနွေးဖို့ လိုအပ်မည်ဖြစ်ပါသည်။
12/25/11
ကိုထူးချစ်နှင့်ကိုအောင်မျိုးမင်းသို့ 
ABSDF မြောက်ပိုင်းက အစုအလိုက်အပြုံလိုက်လူတ်မှု့  ကိစ္စကို ကာယကံရှင်တွေက စပြီး အရေးယူဖို့ အကောင်အထည်ဖော်နေပါပြီ။
ဒီလူသတ်မှာ အဓိက ကြိုးကိုင်တဲ့ ဒေါက်တာနိုင်အောင် နဲ့  ကိုရော်နယ်အောင်နိုင်တို့ နှစ်ဦးက မဲ့ဆောက်မှာရှိနေတုန်းပါ။ သူတို့ တွေဟာ အမေရိကန်နိုင်ငံက ခရီးသွားလာခွင့်လက်မှတ်တွေကို ကိုင်ထားတယ်။ တစ်ယောက်က အမေရိကန်နိုင်ငံကထောက်ပံ့တဲ့ အင်တာနယူးစ်မှာ အလုပ်လုပ်နေတယ်။ ဒီလူနှစ်ဦးကို ခံခဲ့ရတဲ့ကာယကံရှင်တိုင်းက သူတို့ ဟာ တရားခံဖြစ်တယ်ဆိုပြီး အထောက်အထားတွေနဲ့ တင်ပြနေပြီ။ ကိုအောင်မိုးဝင်းနဲ့ ကိုထိန်လင်းတို့ တောင် ဒီအမှုတွဲမှာ စတင်ဖော်ထုတ်နေပြီ။ သူတို့ တွေဟာ တကယ်တမ်းပြောရရင် ပြည်ပမှာ နာမည်အတော်အတန်ရှိတဲ့သူတွေပဲ။
ဘန်ကောက်က မြန်မာသံရုံးမှာတောင် မြောက်ပိုင်းလူသတ်မှုဗွီဒီယိုအေ
ခွရှိတယ်လို့ သိရတယ်။ သံရုံးကလည်း ဒီကိစ္စကို လျှို့ ဝှက်ထားတယ်။ အဲဒိဗွီဒီယိုကို ကြည့်ဖူးတဲ့လူတစ်ဦးက ဘာပြောလဲဆိုတော့ လူသတ်မှုကို အမိန့် ပေးတဲ့လူထဲမှာ ကိုနိုင်အောင်ပါတယ်လို့ ပြောတယ်။ အမိန့် ပေးတာတင်မဟုတ်ဘူး၊ လူသတ်နေတဲ့ နေရာမှာကို ဒေါက်တာနိုင်အောင်ရှိပါတယ်။ အဲဒိအခွေထဲမှာ ဒေါက်တာနိုင်အောင်ကို သူ တွေ့ တယ်လို့ ဆိုတယ်။ ထူးခြားတာက ဘာ့ကြောင့် သံရုံးက ဒီအခွေကို အင်တာနက်မှာ မတင်တာလဲမသိဘူး။
ယနေ့ အချိန်ထိ ထိုင်းနိုင်ငံမှာရှိတဲ့အတိုက်အခံလောကမှာ ရော်နယ်အောင်နိုင်နဲ့ ဒေါက်တာနိုင်အောင်တို့ ဟာ ခေါင်းဆောင်ဆိုတဲ့နေရာမှာရှိနေတုန်းပဲ။ သူတို့ ဟာသူတို့ ခေါင်းဆောင်ဖြစ်နေတာက ပြသနာမဟုတ်ဘူး။ အဓိကပြသာနာက ဒီလိုမျိုးအုပ်စုနဲ့ အနိုင်ကျင့်ပြီး သတ်ချင်တိုင်းသတ်ခဲ့တဲ့ ကျောင်းသားအရည်ခြုံ၊ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရည်ခြုံ လူတွေကို လက်ရှိ ထိုင်းအခြေစိုက်အတိုက်အခံတွေက အသိအမှတ်ပြုလက်ခံထားတဲ့ကိစ္စကို ယနေ့ နိုင်ငံရေးကာလမှာ မေးခွန်းထုတ်ချင်တယ်။ ဘာ့ကြောင့် လူ့ ဘောင်သစ်၊ အေဘီအက်စ်ဒီအက်ဖ်၊ အန်အယ်ဒီ စတဲ့အဖွဲ့ တွေက အသိအမှတ်အပြူပြီး ဒီလူတွေနဲ့ ဖင်လိုးဖင်ခံလုပ်နေကြတာလဲ။ ငွေရှာပေးနိုင်လို့ လား။ အထူးသဖြင့် လူ့ ဘောင်သစ်ဥက္ကဌ ကိုအောင်မိုးဇော်ဟာ ဒီကိစ္စကို မသိတာမဟုတ်ဘူး။ သိသိကြီးနဲ့  FDB မှာ ပါဝင်ပက်သက်တယ်။ ကိုသံခဲဆိုရင် ဒီကိစ္စကို အထူးသဖြင့်ဖော်ထုတ်ဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ ဒီလူတွေ သတ္တိမရှိဘူး။ ကိုယ်နဲ့ ပေါင်းတဲ့ခင်တဲ့လူတွေဆိုပြီး မသိချင်ယောင်ဆောင်နေခဲ့တယ်။
လူသတ်ပွဲမှာ မသေလို့ ကျန်ခဲ့တဲ့ အမနန်းအောင်ထွေးကြည်ဟာ အခုလက်ရှိ မျက်မြင်သက်သေအဖြစ်နဲ့ သြစတျေးလျမှာရှိတယ်။ သူ့ ရဲ့ စောက်ဖုတ်ကို မညှာမတာ ဒုတ်နဲ့ အထိုးခံရတဲ့အထိ လုပ်ခဲ့တာ ဘယ်သူလဲ။ ဒီလူတွေကတော့ ၈၈ ကျောင်းသားခေါင်းသားခေါင်းဆောင်ဆိုတဲ့ ကိုနိုင်အောင်နဲ့  ကိုအောင်နိုင်ပဲ။
ဒီအမှု့ မှန်ပေါ်ဖို့ အတွက် တော်လှန်ရေးမှာ ပါခဲ့တဲ့လူတိုင်း အမှန်တရားကို ချစ်တဲ့သူတိုင်း ကူညီဖို့ အရေးကြီးတယ်။ တာဝန်ရှိတယ်လို့ ကျနော်တော့ ယုံကြည်တယ်။ ကိုအောင်မျိုးမင်း နဲ့ ကိုနိုင်အောင်တို့ ဟာ ဖင်လိုးဖင်ခံနေတဲ့လူတွေဆိုတာ ကျနော်သိတယ်။ ဒါပေမဲ့ ရာဇ၀တ်မှုမှာတော့ ဒီလိုဆက်ဆံရေးမျိုး မရှိသင့်ဘူး။ ရှိနေတယ်ဆိုရင် အားပေးတဲ့လူဖြစ်တယ်။ ကိုထူးချစ်နဲ့ ကျနော်လည်း အတော်ရင်းနှီးပါတယ်။ ဘာ့ကြောင့် ကိုထူးချစ်နဲ့ ကိုအောင်မျိုးမင်းတို့ ဒီကိစ္စမှာ ရေငုံနှုတ်ပိတ်နေတာလဲ။ တကယ်လို့ အမျိုးသားသင့်မြတ်ရေး နဲ့  လူ့ အခွင့်အရေးကိုလုပ်နေတဲ့လူတွေဆိုရင် ဒီကိစ္စမှာ ၀ိုင်းပြီး ပူးပေါင်းဆောင်ရွက်သင့်တယ်။ ကိုထိန်းလင်း၊ ကိုအောင်မိုးဝင်းတို့ ဦးဆောင်ပြီးဖွဲ့ ထားတဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့ ကူညီသင့်တယ်။ ဒီအဖွဲ့ က ခံခဲ့ရတဲ့ကာယကံရှင်တွေ အချက်အလက်တွေနဲ့ တရားစွဲနိုင်အောင်လို့ လုပ်ထားတဲ့အဖွဲ့ ဖြစ်တယ်။
ကျနော့်မှာ အိုင်ဒီယာတစ်ခုရှိတယ်။ ဒါကတော့ အဓိကလူသတ်မှုမှာ အမိန့် ပေးတဲ့လူနှစ်ဦးက ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်ဖြစ်တယ်။ သူတို့ က ထိုင်းမှာလက်ရှိနေတယ်။ ထိုင်းမှာ လူ့ အခွင့်အရေးကော်မတီဆိုတာရှိတယ်။ ဒီကော်မတီမှာ တိုင်ကြားလို့ ရတယ်။ အချက်အလက်လုံလောက်ရင် သူတို့ နှစ်ဦးကို ထိုင်းအစိုးရက ဖမ်းလိမ့်မယ်။
နောက်တစ်ခုက နိုင်ငံတကာနဲ့ ပက်သက်တယ်။ ဖင်လန်နိုင်ငံမှာ နိုင်ငံတကာလူ့ အခွင့်အရေးကော်မရှင်ဆိုတာ ရှိတယ်။ အဲဒိမှာလည်း ခံခဲ့ရတဲ့ကာယကံရှင်တွေအမှုဖွင့်တိုင်ကြားနိုင်တယ်။ ဥပမာ ကိုထိန်လင်းရဲ့ ထွက်ဆိုချက်၊ နန်အောင်ထွေးကြည်ရဲ့ ထွက်ဆိုချက်နဲ့ တောင် ဖမ်းဆီးဖို့ လုံလောက်တယ်။ အခြားလူတွေကပါ ထပ်ပြီး ထွက်ဆိုချက်ပေးရင် ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်တို့ ပြေးမလွတ်ပါဘူး။
ဝန်ကြီးဦးအောင်မင်းနဲ့ Personal ဆွေးနွေးတယ်ဆိုတဲ့ ကိုနိုင်အောင်မှာ အကြံအစဉ်တခုရှိပုံရတယ်။ ဒါကတော့ အစိုးရရဲ့ လက်အောက်မှာ ခွန်ဆာလို မျိုးလက်နက်ချမဲ့ပုံစံဖြစ်တယ်။ ဒါဆိုရင်နအဖရဲ့ အကာကွယ်ကို သူရလိမ့်မယ်။ သေဘေးကနေ လွတ်မယ်။ ဒါ့ကြောင့် သူ့ ပါးစပ်က ပါစွန်နယ်တွေ့ ပါတယ်လို့ ပြောနေတယ်။ အဖွဲ့ အစည်းတစ်ခုရဲ့ ခေါင်းဆောင် တပ်ပေါင်းစုရဲ့ ခေါင်းဆောင်တစ်ဦးဟာ ဒီလို နိုင်ငံရေးအခင်းအကျင်းမှာ ပါစွန်နယ်တွေ့ စရာလား။ ကျနော့်ခေါင်းထဲမှာ မရှင်းတဲ့မေးခွန်းပါ။
ကိုထူးချစ်နဲ့ ကိုအောင်မျိုးမင်းတို့ မှာ အထက်ကပြောတဲ့ လူ့ အခွင့်ရေးမှတ်တမ်းတင်တာ၊ တရားစွဲတာ၊ ချန်နယ်တွေကို သိတဲ့ကျွမ်းတဲ့အဖွဲ့ အစည်းနဲ့ လူကြီးတွေဖြစ်တယ်ဆိုတာကို အားလုံးသိတယ်။ ဂုဏ်သိက္ခာရှိတဲ့အဖွဲ့ အစည်း လူပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုရင် မြောက်ပိုင်းလူသတ်မှုကိုလုပ်တာဘယ်သူလဲ၊ လုပ်တဲ့သူကိုအရေးယူဖို့ အတွက် တာဝန်ရှိတယ်ဆိုတာကို ကျနော်ပြောချင်တယ်။ စစ်အစိုးရကြတော့ လူ့ အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး တစ်ချိန်လုံး ရှုံ ချတယ်။ ကိုယ့်ထဲလူတွေ အုပ်စုဖွဲ့ လူသတ်မုဒိမ်းကျင့်တာကိုကြတော့ လက်ပိုက်ကြည့်နေတဲ့လူတွေဟာ ဘယ်လို လူမျိုးတွေလဲဆိုတာကိုတွေးကြည့်ပါ။
ဆိုတော့...ကျနော်တို့ ဟာ ဒီကိစ္စမှာ ပါဝင်ဖို့ တာဝန်ရှိတယ်။ ဒါ့ကြောင့်ဝိုင်းပြီးကူညီပေးပါ။
အချောင်သမား အယ်ဒီတာတွေ
ကျနော်တို့ နိုင်င်ငံက အယ်ဒီတာတွေ အချောင်သမားတွေများနေပြီလို့ ကျနော်ပြောချင်တယ်။ ဘာ့ကြောင့် ဒီစကားကို ကျနော်ပြောရလဲဆိုတော့ မခံနိုင်တော့လို့ ပါ။
အားလုံးသိတဲ့အတိုင်း ကျနော်ဟာ စာရေးကျွမ်းကျင်တဲ့သူတော့ မဟုတ်ဘူး။ ၀ါသနာပါလို့ စာရေးတယ်။ ကိုယ့်နှလုံးသားနဲ့ အုံးနှောက်ကို အသုံးပြုပြီး စာတွေရေးတယ်။ ရေးပြီးရင် နာမည်ရနေတဲ့ မီဒီယာတွေကို ပို့ ဖြစ်တယ်။ ကိုယ့်မှာလည်း ဘလော့ဂ်တစ်ခုရှိတယ်။ ဒါပေမဲ့ ကိုယ့်ဘလော့ဂ်က နာမည်ကြီးတဲ့ဟာ မဟုတ်တော့ စာဖတ်သူတိုင်း ကိုယ့်အရေးအသားကို ဖတ်နိုင်မှာမထင်လို့ နာမည်ကြီး ၀က်ဆိုက်ဒ်တွေ လူဖတ်များတဲ့ဝက်ဘ်ဆိုက်တွေ့ ကို ပို့ ဖြစ်ပါတယ်။
အယ်ဒီတာတွေက ကိုယ့်စာမှုကို ရွေးတဲ့အခါရှိသလို မရွေးတဲ့အခါလည်း ရှိတယ်။ အထူးသဖြင့် မရွေးတာများပါတယ်။ စာမှုရွေးပြီး ဖော်ပြရင်တောင် ပိုက်ဆံပေးဖို့ နေနေသာသာ ချီးကျူးစကားလေးတောင် အယ်ဒီတာဆီက ပြန်မလာတာ များတယ်။ များတာမဟုတ်ဘူး ရှိကိုမရှိတာပါ။
ကျနော်ဖြစ်စေချင်တာက ဘယ်နေရာမှာ ဘာလိုနေလို့ ၊ စာအရေးအသားညံ့လို၊ အကြောင်းအရာမကောင်းလို့ ဆိုပြီး အကြောင်းကြားစာလေးရေးရင်တောင် ကျေနပ်နိုင်သေးတယ်။ အခုတော့ စားပြီးနားမလည် အချောင်သမားအယ်ဒီတာတွေလိုပဲ။
ကိုယ်ကတော့ မရလဲနေပါစေ၊ ကိုယ်ရေးထားတဲ့စာကို သူတို့ ဝက်ဘ်ဆိုက်နဲ့ ဂျာနယ်မှာ ဖော်ပြခွင့်ရရင်ပဲ အတော်လေးကို ကျေနပ်နေပြီ။ ဒါက စာရေးတဲ့သူတိုင်းရဲ့ ခံစားချက်ဖြစ်မယ်လို့ ယူဆတယ်။
ကျနော်ဟာစာရေးစားတဲ့လူလည်းမဟုတ်ဘူး။ ကျနော့်မှာ အလုပ်အကိုင်ကောင်းကောင်းရှိတယ်။ အယ်ဒီတာတောင် ကိုယ်တိုင်ငှားပြီး မလေးရှားမှာ ဂျာနယ်တစ်ခုတောင်ထုတ်ခဲ့ဘူးတယ်။
စာရေးဆရာတွေရဲ့ စာမှုကို ငွေပေးပြီးတောင်းခဲ့ဘူးတယ်။
စာရေးသူ၊ စာဖတ်သူ၊ အယ်ဒီတာတွေမှာ အပြန်အလှန် အကျိုးခံစားခွင့် အသိအမှတ်ပြုမှု လေးစားသမှုရှိရမယ်လို့ ကျနော်ယူဆတယ်။
စာရေးတယ်ဆိုတာ ကိုယ့်ရင်ထဲမှပြည့်နေတဲ့ခံစားချက်တွေကို တခြားသူတွေသိအောင်ပြောပြတာဆိုပြီ ကျနော်ခံယူထားတယ်။ ဒါပေမဲ့ ကိုယ်ကအပင်ပန်းခံ ရေးထားတဲ့စာမှုကို နှမလိုးအယ်ဒီတာတွေက မခန့် လေးစားလုပ်တာကို စောက်ရမ်းတင်းတယ်။ ဒါ့ကြောင့် ဒီစာကိုရေးတာပါ။
တစ်ခါတုန်းက ကျနော် ဟစ်တိုင်စာမျက်နှာကို ကျနော့်စာမှုကို ပို့ ဖြစ်တယ်။ ဟစ်တိုင်ဆိုတာက စာမှုပေါင်းစုံကို ဖြစ်သလိုတင်ဖြစ်သလိုလုပ်ထားတဲ့ ၀က်ဆိုက်ဒ်ဖြစ်ပေမဲ့ နာမည်အတော်အတန်ရတဲ့ ၀က်ဆိုက်လို့ ပြောလို့ ရတယ်။ အယ်ဒီတာလုပ်သူက ကျနော့်ဆီက ခွင့်ပြုချက်မတောင်းပဲ ကျနော်ရေးထားတာမဟုတ်တဲ့ စာပိုဒ်တစ်ခုကို ကျနော်စာမှုထဲ ထိုးထည့်ပြီး တင်လိုက်တယ်။ ကျနော်က ပြန်ဖတ်ကြည့်ပြီး ဒီစာပိုဒ်ကို ဖြုတ်ပေးပါဆိုတော့ မသိချင်ယောင်ဆောင်နေခဲ့တယ်။ ဆိုတော့ အယ်ဒီတာလုပ်တဲ့လူက နားမလည်ပဲ အယ်ဒီလုပ်တာကောင်းသလား။
နောက်ပြီးတော့ မိုးမခမှာ အမြဲတမ်းစာရေးနေတဲ့ ကိုမျိုးမြင့်လည်း ဒီလို အတွေ့ အကြုံကို ရခဲ့တယ်။ အယ်ဒီတာလုပ်သူမောင်ရစ်က ဆောင်းပါးခေါင်းစဉ်ကို ခွင့်ပြုချက်မတောင်းပဲ ပြောင်းလိုက်တယ်။ စာရေးသူကိုမျိုးမြင့်ချိုရေးတဲ့ခေါင်းစဉ်က "သာမန်အချိန်မှာ သာမန်ပြည်သူဖြစ်ချင်သူ" လို့ ရေးခဲ့တယ်။ မိုးမခ အယ်ဒီတာမောင်ရစ်က "စစ်မှုထမ်းဥပဒေဖြင့်တိုင်းပြည်ကိုစစ်ကျွန်ပြုတော့မည်" ဆိုပြီး ခေါင်းစဉ်တစ်ခုလုံးပြောင်းလိုက်တော့ အပင်ပန်းခံပြီးရေးထားတဲ့ ကိုမျိုးမြင့်ချိုဘယ်လောက်ဒေါသထွက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ စာရေးတယ်ဆိုတာ စာဖတ်တာထက် အရမ်းပင်ပန်းတယ်ဆိုတာကို အယ်ဒီတာတွေသိဖို့ ကောင်းတယ်။ မသိလို့ မဟုတ်ဘူးထင်တာပဲ။
သူများဆီက အချောင်ယူပြီး နာမည်ရနေတဲ့ဒေါက်တာလွဏ်းဆွေဆိုရင်လည်း ကာတွန်းကိုစောငိုရေးထားတဲ့ ကာတွန်းတစ်ပုဒ်ကူးပြီး သူ့ ဆီမှာတင်တယ်။ တင်တဲ့အခါရိုးရိုးသားသားမတင်ဘူး။ နာမည်ပါပြောင်းပြီးတင်တယ်။ ခွင့်ပြုချက်လည်းတောင်းတာမဟုတ်။
ဒါတွေကိုကြည့်ရင် အယ်ဒီတာလုပ်သူတွေဟာ စာရေးသူတွေကို စော်ကားနေသလိုပဲ။ သူတို့ ပဲတက်။ သူတို့ ပဲသိသလိုမျိုး။
မဇ္ဇိမက ညီအစ်ကို အယ်ဒီတာ။ ဧရာဝတီက ညီအစ်ကိုအယ်ဒီတာတွေကိုလည်းကြည့်အုံး။ သူတို့ ကို ဘယ်သူက ဒီရာထူးပေးလဲမသိဘူး။
နိုင်ငံခြားတိုင်းပြည်တွေမှာ အယ်ဒီတာတစ်ယောက်ဖြစ်ဖို့ အတွက် လွယ်တာမဟုတ်ဘူး။ မြန်မာပြည်ကလူတွေကတော့ အတော်လွယ်ပါတယ်။
ပြည်ပမှာ ၀က်ဆိုက်ဒ်တွေမှိုလိုပေါက်နေတယ်။ ဒီထဲမှာ အတိုက်အခံတွေထဲက သတင်းမီဒီယာဝက်ဘ်ဆိုက်တွေကို ကျနော်ပြောချင်တယ်။ ဥပမာ ဒေါက်တာလွဏ်းဆွေ၊ မိုးမခ၊ ဟစ်တိုင်၊ နေ့ သစ်၊ မောက္ခ၊ လူထုအသံ၊ စတဲ့ မီဒီယာတွေတစ်ပုံကြီးပါ။ သူတို့ တွေကို စာမှုပို့ တိုင်း ရွေးချင်မှရွေးတယ်။ ရွေးပြီးရင်လည်း ပိုက်ဆံပေးတယ်မထင်နဲ့ ။ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားက လွဲရင် ဘာမှ အရည်မရအဖတ်မရ ကျေးဇူးမျိုးတောင်သူတို့ ဆီက ပြန်ရတယ်မထင်နဲ့ ။
စာရေးသူတွေရဲ့ စာတွေကို စာဖတ်ပရိတ်သတ်တွေက သူတို့ ဝက်ဆိုက်မှာလာပြီး စာဖတ်ကြတယ်။ ပြီးရင် သူတို့ ပဲ နာမည်ရတယ်။ ကုန်ကုန်ပြောရရင် အလှူငွေနဲ့ ကြော်ငြာခတောင် ရသေးတယ်။ စာရေးသူခင်ဗျာ သူရေးထားတဲ့စာလေးကို ဖတ်ပြီး ပီတိဖြစ်တာကလွဲလို့ လီးတောင်မတောင်နိုင်ဘူး။
စာမှုပို့ ရင်လည်း ဟိုစာကြောင်းဖြုတ်၊ ဒီစာကြောင်းဖြုတ်နဲ့ ။ သူတို့ ကြိုက်တဲ့စာမှုဆိုရင်တင်တယ်။ မကြိုက်ရင် မတင်ဘူး။ မရွေးရင်လည်း ဘာ့ကြောင့်မရွေးတာလဲဆိုတာကိုတော့ စာရေးသူတွေကို ပြန်ပြီးအကြောင်းပြန်သင့်တယ်။ အခုတော့ ငါးလိုးမသား အယ်ဒီတာတွေစောက်အရည်အချင်းမရှိပဲ အယ်ဒီတာလုပ်တာကောင်းသလား။
အယ်ဒီတာတွေက ဘာပြောလဲဆိုတော့ ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးတော်နွားကျောင်းနေရတာဆိုပြီး သူတို့ ကိုယ်သူတို့  ကယ်တင်ရှင်လေသံပြောကြတယ်။ ဆိုတော့ ကျနော်က ဒီလိုပြောချင်တယ်။ ဟေ့....နှမစောင်းအချောင်သမားအယ်ဒီတာတွေ မင်းတို့ ကို ဘယ်သူက အတင်းကျောင်းခိုင်းနေလို့ လဲကွ...။
12/24/11
တောနက်ထဲမှာ ဟင်းစားရှာပုံတော်
စခန်းထဲမှာ နေရတာ လေးငါးခြောက်လရှိနေပြီ။ တနေ့ လာလည်း တောင်ယာတဲက ကျောက်ဖရုံသီး၊ ငရုတ်သီးစိမ်းနဲ့ ငပိထောင်း။ မျှစ်ပြုတ်နဲ့ တို့ စရာ။ ဒါကိုပဲ နေ့ တိုင်းစားနေရတော့ အသားလေးငါးလေး စားချင်လာတယ်။ သွေးက ပရိုတိန်းဓာတ်ကို တောင်းနေပြီ။ လူကလည်း ပိန်လှီဖျော့လျှော့နေပြီ။ ဒီကြားထဲ ငှက်ဖျားကမိသေးတယ်။ နှစ်ပတ်လောက် စခန်းပေါ်မှာ ချည်ထားတဲ့ ပုခတ်ပေါ်မှာ အိပ်လိုက်ရတယ်။
ထားဝယ်သားဆေးမှုးက ငှက်ဖျားဆေး အာဆင်နိတ်နဲ့ မရတော့လို့ အကြောထဲကို အာဆင်နိတ်အရည်တွေထိုးထည့်ပေးတယ်။ ဒါနဲ့ သက်သာလာတယ်။
ကွီနီးနဲ့ ကျနော်မတည့်ဘူး။ သွေးက ဆာဖာနဲ့ ထိရင် ယားနာတွေ အဖုအပိတ်တွေပေါက်လာတယ်။ မျက်နှာတစ်ခုလုံးပူထူပြီး ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ ဒါ့ကြောင့် ကွီနီးအစား တရုတ်နိုင်ငံထုတ် အာဆင်နိတ် ငှက်ဖျားပျောက်ဆေးကိုပဲ ဆေးမှုးဆီကတောင်းတယ်။ သူကလည်း သဘောကောင်းတဲ့ထားဝယ်သားဖြစ်တော့ ကိုယ်အကြိုက်သူပေးရှာပါတယ်။ အာဆင်းနိတ်အရည်ကို အကြောထဲထိုးထည့်တော့မှ ကိုယ်တော်ချော ငှက်ဖျားက ထွက်ပြေးတော့တယ်။ ဒါနဲ့ သက်သာလာတယ်ဆိုပါစို့ ။
ငှက်ဖျားနလံထတွေအားလုံး အဖျားပျောက်တဲ့နေကစပြီး အစားအစာကို အရမ်းတောင့်တတယ်။ တွေ့ ကရာ စားချင်တဲ့စိတ်ရှိတယ်လို့ ပြောလို့ ရတယ်။ ကိုယ့်ဘ၀က စားတော့စားချင်တယ်။ စားဖို့ အတွက် စခန်းထဲမှာ ဘာမှ မယ်မယ်ရရမရှိဘူး။ ရှိတာက ကျောက်ဖရုံသီးနဲ့ မျှစ်ပဲရှိတယ်။ ဒီအစားအစာတွေနဲ့ ဘယ်လိုမှ အဟာရမဖြစ်နိုင်ဘူး။ အသားငါးကို အရမ်းစားချင်လာတယ်။ ဒါနဲ့  သူငယ်ချင်းတစ်စုတောပစ်ထွက်ကြမယ်ဆိုပြီး စီစဉ်ကြတယ်။ စခန်းမှုးကို သတင်းပို့ ပြီး ခွင့်ပြုချက်ယူရတယ်။ သူက ခွင့်မပြုရင် သွားလို့ မရဘူးဆိုတော့။ ဒီအချိန်မှာ ရန်သူ့ သတင်းကလည်း အေးနေတဲ့အချိန်။ ဆိုတော့ သိတ်ပြီး ပူပင်စရာမရှိဘူး။
စခန်းမှာ အင်အားအားလုံးပေါင်းရင် သုံးဆယ်လောက်တော့ရှိတယ်။ စခန်းကို တောင်ထိပ်နားမှာ ကပ်ပြီးတည်ထားတယ်။ နေရောင်တောင် မမြင်ရဘူး။ ရဲဘော်တွေအားလုံး ၀ါးနဲ့ သက်ကယ်တွေကို ကိုယ်တိုင်လုပ်ပြီး တည်ထားတဲ့စခန်းလေးဖြစ်ပါတယ်။ စခန်းတည်တဲ့နေရာမှာ ရန်ကုန်သားတွေက အသုံးမ၀င်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လက်ကြောမတင်ဘူး။ နှီးမဖျာတက်ဘူး။ ၀ါးလည်းခုတ်တက်လားဆိုတော့ ဓားတောင်ဖြောင့်အောင် မကိုင်တက်ဘူး။ ထားဝယ်သားတွေကတော့ အတော်ကျွမ်းတယ်။ သူတို့ ပဲ ဦးဆောင်ဦးရွက်ပြုပြီး လုပ်ကြတယ်။ ကိုယ်က အနောက်က သူတို့ ခိုင်းတာကို လုပ်ပေါ့။
တောပစ်ထွက်ရင် အနဲဆုံးသုံးလေးရက်ကြာတယ်။ လိုအပ်တဲ့ သေနတ်ကိုယူတယ်။ သေနတ်ကလည်း ကောင်းအုံးမှ။ ဒါ့ကြောင့် သေနတ်ကောင်းကောင်းကို ရွေးယူရတယ်။ အေကေ ၄၇ ကမျှောက်ပစ်ရင် အသုံးမ၀င်ဘူး။ အမ်(၁၆) တော့အတော်အသုံးဝင်တယ်။ ဒါနဲ့ အမ် (၁၆) နှစ်လက် နဲ့ အေကေ နှစ်လက်ကို ထမ်းပြီး သူငယ်ချင်းလေးယောက် ဟင်းစားရှာထွက်ကြတယ်။
တောလည်တဲ့အခါမှာ အရေးကြီးဆုံးက လမ်းပြသမား။ သူက မျှောက်ရှိတဲ့နေရာ၊ ဖားရှိတဲ့နေရာ၊ ငါးရှိတဲ့နေရာကို သိတဲ့သူဖြစ်ရမယ်။ မုဆိုးလုပ်တဲ့သက်တမ်းရင့်တဲ့သူဖြစ်ရမယ်။ ဆိုတော့ ဒီလိုမုဆိုးကို ရအောင်ကျနော်တို့ တောမထွက်ခင် အရင်ရှာရပါတယ်။
ကံကောင်းချင်တော့ စခန်းနားက ရွာမှာ အသက် (၃၀) အရွယ် ကရင်တစ်ယောက်ရှိတယ်။ သူက တောပုန်းသေနတ်နဲ့ အမဲလိုက်ပြီး မိသားစုကို ရှာဖွေကျွေးနေတဲ့လူဆိုတော့ သူ့ မှာ အတွေ့ အကြုံကောင်းကောင်းရှိနိုင်မယ်ဆိုပြီး သူ့ ဆီကနေ အကူအညီတောင်းတယ်။
ဝေးးးးးးမောင်ကျော် ကျနော်တို့ တောလည်ထွက်ရအောင်လို့ မေးတော့ ချက်ချင်းပဲ
ဘယ်နေ့ သွားချင်လဲဆိုပြီး အဖြေပေးတယ်။
"မနက်ဖန်သွားမယ်"
မနက်အစောကြီး သူကစခန်းထဲကို ရောက်လာတယ်။ သူလာတဲ့အချိန်မှာ မိုးလေးတွေဖွဲဖွဲရွာနေပြီ။ တောထဲမှာမိုးရွာရင် ချင်ကိုက်ဖြုတ်ကိုက်တာအရမ်းပဲ။ ဒါပေမဲ့ ကျနော်တို့ နေသားကျနေပြီဆိုတော့ သိတ်မမှုပါဘူး။ မနက်အစောကြီး ထမင်းအိုးတည်။ နံနက်စာကို ငပိရည်နဲ့ မျှစ်ပြုတ်ကိုစားပြီး ခရီးထွက်ဖို့ တောလည်တဲ့အဖွဲ့ တွေပြင်ကြတယ်။
ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် နဲ့ အချိုမှုန်ထည့်တယ်။ ဓား၊ ဖယောင်းတိုင်၊ မီးခြစ် နဲ့ အ၀တ်အစား နှစ်စုံလောက်ထည့်တယ်။ တောထဲအိပ်ဖို့ အတွက် စစ်သုံးပုခတ်နဲ့ မိုးကာအပြင် ငွေရည်ခွံအိတ်ထည့်တယ်။ မိလာတဲ့ငါးတွေ၊ ဖားတွေ၊ မျှောက်တွေကို ထည့်ဖို့ အတွက်။ ဒီလိုခရီးထွက်ရင် စခန်းနဲ့ အဆက်အသွယ်မပြတ်အောင် စခန်းမှုးက စိတ်ပူစွာနဲ့  လမ်းလျှောက်စခန်းပြောစက်ယူသွားလို့ ပြောတယ်။
"အမြဲတမ်းသုံးနာရီတစ်ခါ လိုင်းပေါ်တက်ခဲ့။ ငါတို့ အမြဲတမ်းစက်ကိုဖွင့်ထားမယ်။ တစ်ခုခုဖြစ်ရင် ချက်ချင်းသတင်းပို့ ကြားလား..."
"ဟုတ်ကဲ့"
တက်တက်ကြွကြွနဲ့ တောပစ်မဲ့အဖွဲ့ စခန်းထဲကနေ ထွက်ခွာကြတယ်။ မိုးကလည်းရွာနေတော့ လမ်းလျှောက်ရတာ အရမ်းမပင်ပန်းဘူး။
ဝေးးးမောင်ကျော်...ကျနော်တို့ ဘယ်နေရာမှာ တောပစ်ထွက်မှာလဲ....လို့ လမ်းပြမုဆိုးကိုမေးတော့...သူက သူများတွေ မပစ်ဘူးတဲ့နေရာ မရောက်ဘူးတဲ့နေရာကို သွားမယ်။ အဲဒိမှာ ကျောက်ငါးတွေ၊ ကျောက်ဖါးတွေလည်းအများကြီးရှိတယ်။ မျှောက်လည်းပေါတယ်ဆိုပြီး အားတက်သရောနဲ့ ပြောတယ်။
စခန်းနဲ့ တောပစ်မဲ့နေရာက တစ်ညအိပ်ခရီးသွားရတယ်။ စခန်းပတ်ဝန်းကျင်မှာလည်း တောပစ်တဲ့ရွာသားတွေရှိတော့ သားကောင်က ကြောက်ပြီး နေရာပြောင်းကုန်ကြတော့ ကျနော်တို့ စခန်းနားမှာက သားကောင်ရှားတယ်။ ဒါ့ကြောင့် ပေါနိုင်မဲ့နေရာကို သွားကြတာပါ။
တောင်တွေကိုကျော်ဖြတ်တယ်။ မြစ်ချောင်းတွေကို ကူးခတ်ပြီး တဘက်ကမ်းကိုရောက်အောင် ရေတွေစိုရွှဲပြီး တောပစ်မဲ့အဖွဲ့ က ကူးခတ်သွားရတယ်။ ရန်သူနဲ့  ပျောက်ကြားပစ်သွားတာမဟုတ်တဲ့အတွက် သိတ်ပြီး စိတ်ပူစရာ အထူးသတိထားစရာမလိုဘူး။ ဘေးပတ်ဝန်းကျင်မှာက ကေအန်ယူအဖွဲ့ ၊ မွန်ပြည်သည်ပါတီအဖွဲ့ နဲ့ ရခိုင်လွတ်မြောက်ရေးအဖွဲ့ က စခန်းတွေရှိတယ်။ ဒါပေမဲ့သူတို့ က ကိုယ်နဲ့ ရန်သူမှမဟုတ်တော့ အားလုံးစိတ်အေးလက်အေး ခရီးသွားနိုင်တယ်။
ချောင်းကြီးကြီးတွေ့ ရင် ခဏနားတယ်။ ချောင်းဘေးမှာ ထမင်းချက်တယ်။ ချောင်းဘေးမှာ တို့ စရာအရွက်ပေါင်းစုံရှိတယ်။ ကောက်ကောက်ညွန့် ဆိုတဲ့အရွက်ကတော့ အတော်စားကောင်းတယ်။ ချောင်းလေးတွေက ဒူးလောက်ပဲရှိတော့ ချောင်းထဲမှာ ကူးခတ်နေတဲ့ငါးတွေကို ကောင်းကောင်းမြင်နိုင်တယ်။ လမ်းပြမုဆိုးက ငါးပစ်တဲ့မျှားကို သူ့ အိမ်ကနေယူလာတော့ ဒီနေရာမှာ ကောင်းကောင်းအသုံးဝယ်တယ်။ မျက်လုံးအုပ်တဲ့ မျက်မှန်ကိုဝတ်ပြီး ရေနက်ထဲကိုဆင်းပြီး ကျောက်ငါးကြင်းတွေကို မျှားနဲ့ ပစ်တယ်။ အတော်လက်ဖြောင့်တဲ့ မုဆိုး။ ငါးဆယ်သားအရွယ်လောက်ရှိတဲ့ကျောက်ငါးကြင်းတွေ တစ်ကောင်ပြီးတစ်ကောင်ရတယ်။
ငါးတွေရတော့ ချက်ဖို့ အတွက် ရဲဘော်တွေပြင်ဆင်ကြတယ်။ ပါလာတဲ့ ငရုတ်သီးမှုန့် ၊ အချိုမှုန့် ၊ ဆား၊ ဆီတွေကို ကျောပိုးအိတ်ထဲထုတ်ပြီးငါးကို ရောပေါ်လောဟင်းချက်လိုက်တယ်။ ချောင်းဘေးက ကောက်ကောက်ညွန့် တွေကို တို့ စရာလုပ်တယ်။ ငပိထောင်းကတော့ မပါမဖြစ်။ မောမောနဲ့ အားလုံးဖတ်ရွက်ပေါ်မှာထမင်း စုစားရတဲ့အရသာက အတော်ကောင်းတယ်။ ကျောက်ငါးကြင်းက လက်ဆက်တော့ အတော်လေးစားကောင်းတယ်။ ပိုတဲ့ငါးဟင်းကို ညနေစာအတွက် ထုတ်ပိုးပြီး ခရီးဆက်ကြပြန်တယ်။
ညနေဆောင်းတော့ ချောင်းဘေးတစ်ခု ညဖက်စခန်းချရပြန်ပြီ။ လူတွေလည်းအတော်လေးကို ပင်ပန်းနေပြီ။ ချောင်းထဲမှာ ရေချိုးတယ်။ ပြီးရင် ပုခတ်ကို သစ်ပင်ကောင်းကောင်းနှစ်ပင်မှာ ချည်လိုက်တယ်။ ပုခတ်ပေါ်ကနေ မိုးမစိုအောင် မိုးကာကို အုပ်ထားတယ်။ ပုခတ်ပေါ်မှာ ဆေးလိပ်အတိုကိုဖွာ၊ ရေဒီယိုသေးသေးလေးကို ဖွင့်ပြီး နားထောင်ရတဲ့ အရသာက အရမ်းကောင်းပါတယ်။ ကျနော်တို့ အတွက် ဒါက အပန်းဖြေနည်းတစ်ခုပါ။ ခဏလောက်မှေးပြီးတော့ နေ့ လည်က ချက်ထားတဲ့ငါးဟင်းနဲ့ ထမင်းစားကြတယ်။
ညဖတ်မှာ ကျောက်ဖားတွေထွက်တယ်။ ချောင်းထဲမှာ စားလို့ ရတဲ့ကျောက်ဖားတွေကို ဖမ်းရတာ အတော်လွယ်ကူလှပါတယ်။ လူတိုင်းမှာ သုံးထောင့်ထိုးဓာတ်မီးတစ်ခုဆီ ယူလာ့ကြတယ်။ တစ်ယောက်က စခန်းမှာစောင့်ပြီး ကျနေခဲ့။ ကျန်တဲ့လေးယောက်က နှစ်ယောက်တစ်တွဲနဲ့ ဆန့် ကျင်ဘက်ကို ထွက်ပြီး ဖားဖမ်း။ ဖားဖမ်းတဲ့အခါမှာ အထူးသဖြင့် ခြေသံမကြားမိဖို့ အထူးအရေးကြီးတယ်။ မှောင်ပြီဆိုရင် တောထဲမှာ အပြင်နဲ့ မတူတောင် အတော်လေးကိုမှောင်မဲလှပါတယ်။ ဒီအချိန်မှာ ဓာတ်မီးနဲ့ ချောင်းထဲကို ထိုးလိုက်ရင် မျက်လုံးစိမ်းစိမ်း နဲ့ မျက်လုံးနီနီတွေကို မြင်ရတယ်။ မျက်လုံးစိမ်းပြီဆိုရင် အဲဒါစားလို့ ရတဲ့ဖားဖြစ်တယ်။ မျက်လုံးနီပြီဆိုရင် ဖားပြုတ်။ ဒီလိုဖားဆိုရင် ဘယ်သူမှ မဖမ်းဘူး။ သူတို့ အနားကို အသာလေးကပ်သွားပြီး လက်နဲ့ ဖမ်းလိုက်တာနဲ့ ဖားရပြီဆိုပါတော့။
ပေါလိုက်တဲ့ ဖားတွေ။ နာရီဝက်အတွင်း လေးငါးပိသာလောက်အနဲဆုံးရတယ်။ ကြာလာတော့ ဖားတွေကို သနားလာတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရလာတဲ့ဖားကို သေမှာဆိုးလို့ ခြေထောက်တွေကို ချိုးပြီး၊ အိပ်ထဲထည့်တယ်။ ဒါမှ သူတို့ ထွက်မပြေးနိုင်မှာ။ ဖားတွေအားလုံး ခြေထောက်တွေကျိုးနေလို့ ပါ။
မနက်မိုးလင်းတော့ ဖားသားဟင်းဆီပြန်နဲ့ ရဲဘော်တွေ တ၀တပြဲစားရပြီ။ အရသာက ကျက်သားလိုပဲ။ တစ်ကောင်တစ်ကောင်က အကြီးကြီးတွေဆိုတော့ တော်တော်စားကောင်းတယ်။ မင်းတစ်တုံး ငါတစ်တုံးဆိုပြီး ဝေပုံကြ ခွဲနေစရာမလိုဘူး။ ကြိုက်သလောက်စားပဲ။ အတော်လေးကိုပျော်စရာကောင်းတယ်။
ပိုတဲ့ဖားအရှင်တွေကို ကျောပိုးအိတ်ထဲထည့်ပြီး သိမ်းထားလိုက်တယ်။ အပြန်ကြမှ ထပ်ဖမ်းအုံးမယ်။ ဒီတစ်ခါဖမ်းရင် များများဖမ်းမှ။ စခန်းထဲမှာကျန်ခဲ့တဲ့ရဲဘော်တွေ အတွက်ဆိုတော့။ တောပစ်ထွက်တဲ့အဖွဲ့ ကတော့ ဗိုက်ကိုခွေးနမ်းတဲ့ညပေါ့။
အခုမှပဲ ငှက်ဖျားကြောင့် ကုန်သွားတဲ့အားအင်တွေကို တောလည်ပြီး ပြန်ဖြည့်နိုင်တော့တယ်။
ဆက်ရန်-
12/22/11
လူ့ ဘောင်သစ် ဥက္ကဌ ဘာလဲဘယ်လဲ?
ဝါးသလားတော့ မမေးနဲ့ ( လူ့ ဘောင်သစ်ဥက္ကဌ )
ကိုမြင့်ဇော်သေကတည်းက ကိုအောင်မိုးဇော်ဥက္ကဌဖြစ်ခဲ့တယ်
ပြည်ပနိုင်ငံရေးလောကမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့လူတွေဖြစ်တဲ့ သူတောင်းစားတွေနဲ့ ချင်းမိုင်မှာ သောက်လိုက်စားလိုက်နဲ့ အချိန်ကုန်နေခဲ့ပြီ။ ဒီလိုဥက္ကဌမျိုးကို ယနေ့ အထိ ခေါင်းဆောင်အဖြစ်ထားတဲ့လူတွေကို မေးခွန်းထုတ်ချင်တယ်။
တော်လှန်ရေးလောကမှာ အချောင်စား အချောင်နေတဲ့ လူ့ ဘောင်သစ်ဘ၀ကနေ ရုန်းထွက်သင့်နေပြီ။
ဒီစကားကို ပတ်ဝန်းကျင် နိုင်ငံရေးအဖွဲ့ အစည်းတွေက ပြောနေတာဖြစ်တယ်။ ဒါတွေကို ယနေ့ မှာ ပြင်သင့်နေပြီ။ ပြည်တွင်းမှာပြန်ပြီး နိုင်ငံရေးလုပ်ဖို့ လည်းအစီအစဉ်မရှိ၊ ပြည်ပမှာ လည်းထွန်းထွန်းပေါက်ပေါက် မဖြစ်တဲ့ ကိုအောင်မိုးဇော်ကို ဥက္ကဌရာထူးမှာ မထားဖို့ တိုက်တွန်းပါတယ်။
12/20/11
ကင် နှင့် ရွှေ
မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင် နဲ့  မြန်မာပြည်က ခေါင်းဆောင်ကြီး ရွှေ တို့ ကြားမှာ ဘာကွာလဲဆိုတော့ ကွာတာအများကြီးဟု ပြောချင်သည်။
ရထားပေါ်မှာ ဇိမ်ယူနေတုန်း ရထားခုန်လို့ နှလုံးပါ ရပ်သွားတဲ့ ကင် ဟာ သူ့ တိုင်းသူပြည်သားတွေကို သေနတ်နဲ့ မပစ်ဘူး။
သူ့ ကြောင့်ပြည်တွင်းစစ်မရှိဘူး။ ရွှေဝါရောင်တော်လှန်ရေးတို့ လိုမျိုး ဘုန်းကြီးတွေကို ခြေထောက်နဲ့ မကန်ဘူး။ ခေါင်းကို မရိုက်ခွဲဘူး။ နိုင်ငံသားတွေကို ထမင်းငတ်ပြီး သေအောင်လုပ်တာ တစ်ခုပဲရှိတယ်။
ခေါင်းဆောင်ကြီးကင်ရုတ်တရက်ရှောတော့ ခလေးလူကြီးခွေးပါမကျန် အသံဗြဲလရမ်းနဲ့ ငိုကျွေးကြတယ်။ ဦးသန်းရွှေကြီး ရုတ်တရက်ရှောလို့ ကတော့ ဘယ်သူကမှ ငိုမှာမဟုတ်ဘူး။
မြောက်ကိုရီးယားက လက်နက်တွေကို နိုင်ငံခြားတိုင်းပြည်တွေက ၀ယ်ယူရတဲ့အထိ အောင်မြင်အောင် ကင်တို့ သားအဖတွေ အစွမ်းထက်ခဲ့တယ်။
ကွန်မြူနစ်ပီပီ ၀တ်စရာမရှိနေပါစေ ယုံကြည်ချက်ကိုတော့ သေတဲ့အထိ ကိုင်စွဲထားတုန်း။
မြန်မာပြည်က ခေါင်းဆောင်ကြီးတွေကြောင့် ကျနော်တို့ တိုင်းပြည်ဟာ ဘာများထူးထူးခြားခြားတိုးတက်ခဲ့လဲဆိုတော့ ပြည်တွင်းစစ်မှာ လူပေါင်းသုံးသန်းခန့် သေဆုံးရတယ်။
ပြည်ပမှာ အလုပ်သမား ခြောက်သန်းလောက် ကျွန်ခံရတယ်။ ကိုယ့်အချင်းချင်း ချ နေတာကိုတောင် မရပ်နိုင်ခဲ့ဘူး။
မြောက်ကိုးရီးယားအစိုးရလောက်တောင် မြန်မာအစိုးရအဆက်ဆက်တွေ အသုံးမကျခဲ့ဘူး။ နည်းပညာကော တိုးတက်လားဆိုတော့ ရှိတာအကုန်ရောင်းစားတဲ့ ပညာပဲ ရှိတော့တယ်။
ဒါ့ကြောင့် ဦးသန်းရွှေတို့ သေရင် ပြည်သူတွေက ငိုဖို့ နေနေသာသာ နာရေးကူညီမှုအသင်းကတောင် အခမဲ့ သဂြိုလ်ပေးပါ့မလား။
12/14/11
စာရေးဆရာဆိုတာ ငပျင်းတွေ
စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေဖြစ်ပါတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းမလုပ်ချင်ဘူး။ ချွေးထွက်တာကိုလည်း မသိဘူး။ ကုလားထိုင်နဲ့ စားပွဲပေါ်မှာ စာဖတ်လိုက်။ တောင်တွေးမြောက်တွေးနဲ့ စာရေးလိုက်။ ပြီးရင် သူတို့ စိတ်ကူးယဉ်တာတွေကို စာဖတ်သူကလိုက်ပြီး ဖတ်ရသေးတယ်။
စာရေးဆရာဆိုတာ လက်ကြောမတင်းလို့ စာရေးစားတာလို့ ကျနော်ပြောတယ်။
စာပေဟောပြောပွဲမှာလည်း ဘာတွေပြောမှန်းမသိ။ လက်တွေ့ မရှိတဲ့ စာရေးဆရာတွေက စာဖတ်ပါ စာပေမြှင့်မှလူမျိုးတင့်မည်ဘာညာဆိုပြီး ကယ်တင်ရှင်လိုလိုဘာလိုလိုနဲ့ ။
စာဖတ်ပြီး အလုပ်မလုပ်ရင် ဘယ်သူထမင်းကျွေးမှာလဲ။ ဒီခေတ်မှာ စာဖတ်ဖို့ နေနေသာသာ တနေကုန်တနေခန်း အလုပ်လုပ်ရတာ စာဖတ်ဖို့ နေနေသာသာ ဖင်တောင်မကုတ်အားဘူး။
စာရေးဆရာ ကဗျာဆရာ သီချင်းရေးတဲ့သူတွေအများစုက အရက်သမားတွေ ဆေးသမားတွေဖြစ်တယ်။ သူတို့ ရေးတာကိုများ သူတို့ လူတွေပဲ ချီးကျူးကြ မြှောက်ပင့်ကြနဲ့ ။ ဘယ်မီဒီယာပဲဖြစ်ဖြစ် သူတို့ ပဲ သူတော်ကောင်းတွေကြနေတာပဲ။ စာရေးစားတယ်ဆိုတာ အလုပ်တစ်ခုပါ။ စက်ရုံမှာလုပ်တာလည်း အလုပ်တစ်ခုပါ။ အလုပ်သမားချင်းတူတာကိုများ စာရေးစားတဲ့အလုပ်ကို လုပ်တဲ့သူက မြင့်မြတ်သလို။ စိတ်ပျက်စရာကောင်းတဲ့ ဗမာစာရေးဆရာတွေ ကဗျာဆရာတွေ။
12/13/11
ကျနော်တို့ ဗမာတွေ မညံ့ပါဘူး
ကျနော်နိုင်ငံခြားမှာနေတာပါ။ မြန်မာတွေဟာ တခြားနိုင်ငံသားတွေနဲ့ ယှဉ်ပြီး ပညာသင်၊ အလုပ်လုပ်တဲ့အခါမှာ မြန်မာတွေမညံ့ကြောင်း ၊ တော်ကြောင်း တွေ့ ရတယ်။
ဘာ့ကြောင့် ဒီစာကိုရေးရလဲဆိုတော့ ကျနော်တို့ ဗမာတွေဟာ တခြားနိုင်ငံသားတွေထက် လုံးဝမညံ့ဘူးဆိုတာကို ပြောချင်လို့ ပါ။ ကျနော်သြစတျေးလျနိုင်ငံမှာနေတယ်။ လူမျိုးပေါင်းစုံနဲ့ အလုပ်အတူတူ တွဲပြီးလုပ်ဘူးတယ်။ ပညာသင်ဘူးတယ်။ ကျနော်တို့ ထက် ညံ့တဲ့လူမျိုးတွေကို တစ်ပုံကြီးတွေ့ ရတယ်။ အလုပ်လုပ်တဲ့အခါတိုင်းမှာလည်း ကျနော်တို့ လုပ်သလို သူတို့ မလုပ်နိုင်ဘူး။ အပင်ပန်းမခံနိုင်ဘူး။ ဇွဲမရှိဘူး။ အချောင်ခိုတယ်။ စည်းကမ်းမရှိဘူး။ အကုန်လုံးကို ပြောတာမဟုတ်ပါ။ မြန်မာတွေထဲမှာလည်း ညံ့တဲ့သူ ပျင်းတဲ့သူတွေရှိတယ်။ တခြားနိုင်ငံသားတွေထဲမှာလည်း ညံ့တဲ့သူ ပျင်းတဲ့သူတွေ ရှိတာပဲ။
ဆိုတော့ ကျနော်တို့ လူမျိုးဟာ ယေဘုယျပြောရရင် လူညံ့စာရင်းထဲမှာ မပါဘူး။ သူများတွေထက်တော့ သာတဲ့အရည်အချင်းလုံးဝရှိတယ်။ တကယ်လို့ အခွင့်အရေးသာပေးကြည့်။ အဖြေကို ထင်ထင်ရှားရှားမြင်ရ တွေ့ ရပါလိမ့်မယ်။
တတိယနိုင်ငံတွေကို နယ်စပ်ဒုက္ခသည်စခန်းတွေထဲကနေ ရောက်လာကြတဲ့ဒုက္ခသည်တွေရှိတယ်ဆိုတာကို အားလုံးသိမယ်ထင်တယ်။ ဒုက္ခသည်စခန်းဆိုတာကလည်း အရမ်းချို့ တဲ့နေရာလေးပါ။ ပညာရေးကစပြီး အစားအသောက်အနေအထိုင်အဆုံး ၊ အတော်လေးကို ဆင်းရဲလှပါတယ်။ စခန်းထဲက လူတွေအားလုံးဟာ ဗမာနိုင်ငံသားတွေပါ။ အကြောင်းမျိုးမျိုးကြောင့်သာ ဒုက္ခသည်ဖြစ်နေရတယ်။ ဒီစခန်းတွေကနေ ကရင်၊ ချင်း၊ ဗမာ စတဲ့တိုင်းရင်းသားတွေ သြစတျေးလျနိုင်ငံကို ရောက်လာကြတယ်။ သူတို့ ကို ပညာကောင်းကောင်းမသင်ခဲ့ရတဲ့ ခလေးတွေဆိုပြီး ညံ့တယ်လို့ မထင်ကြနဲ့ ။ အထင်မသေးကြနဲ့ ။
ကျနော်တွေ့ ဘူးတာကိုပြောပြမယ်။ ကျနော့်အိမ်ဘေးနားမှာ ကရင်တစ်ယောက်ရှိတယ်။ သူ့ သမီးလေးက ၁၄-နှစ်အရွယ်။ သူတို့ မှာ မောင်နှစ်မငါးယောက်ရှိတယ်။ သူမက အကြီးဆုံးမိန်းခလေး။ စခန်းထဲမှာနေတုန်းက လေးငါးတန်းလောက်ပဲ ပညာသင်ဘူးတယ်။ သြစတျေလျလည်းရောက်ရော သူတို့ ထုံးစံအရ အသက်နဲ့ လိုက်ပြီး ကျောင်းအတန်းကိုလည်းမြှင့်ပေးတယ်။ ဒီမှာတင် ခလေးမလေးက ရှစ်တန်းဖြစ်သွားတယ်။ ရောက်ခါစတစ်နှစ်လောက်တော့ အင်္ဂလိပ်လို သင်တဲ့အခါမှာ အရမ်းအခက်အခဲဖြစ်တယ်။ နောက်ပိုင်းတော့ ကရင်မလေးဟာ သူများထက်ထူးချွန်သွားတယ်။ သူမ အခန်းထဲမှာ နိုင်ငံပေါင်းစုံက ကျောင်းသားတွေလည်းရှိတယ်။
တနေ့ မှာကောင်မလေးက ပြည်နယ်အဆင့် ကျောင်းပေါင်းစုံစာစီစာကုံး ဝင်ပြိုင်တယ်။ သူမရေးတဲ့ စာစီစာကုံးက မြန်မာပြည်အကြောင်း။ မြန်မာပြည်မှာ မွေးခဲ့တာမဟုတ်တဲ့ ဒုက္ခသည်စခန်းက ကရင်မလေးဟာ သူမ့ တိုင်းပြည်အကြောင်းကို ရေးရတာ ဘယ်လောက်ခက်မလဲဆိုတာကို ခန့် မှန်းကြည့်ပါ။ မြန်မာစကားလည်း ကောင်းကောင်းမတက်ဘူး။ သူ့ အဖေနဲ့ အမေကလည်း နယ်စပ်မှာကြီးလာခဲ့တဲ့လူတွေ။
သူတို့ က စာပေပညာရှင်တွေလည်းမဟုတ်တော့ သူ့ တို့ သမီးကို သူတို့ သိတဲ့ ဗဟုသုတလောက်ပဲ ပြောပြနိုင်တယ်။ စာစီစာကုံးရေးဖို့ အတွက် သူ့ အမေကရင်မကြီးက မြန်မာပြည်ရဲ့ လူမျိုးနဲ့ ယဉ်ကျေးမှု့ အကြောင်းကို သူတွေ့ ဘူးသလောက် ရှင်းပြတယ်။ သူ့ သမီးက နားထောင်တယ်။ ဒီလောက်ပဲ သူ့ ကို သူ့ မိဘကပြောပြနိုင်တယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေလို သူမက စာစီစာကုံးကို အာဂုံဆောင်တာမဟုတ်ပဲ ၊ ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တဲ့ သူမဘဝတွေရဲ့ အတွေ့ အကြုံတွေကိုပေါင်းစပ်ပြီး သူတက်ကျွမ်းတဲ့အင်္ဂလိပ်စာနဲ့ စာစီစာကုံးတစ်ပုဒ်ရေးလိုက်တယ်။ ဒီပြိုင်ပွဲမှာ ကျောင်းသားကျောင်းသူ ကျောင်းသားပေါင်း ၅ဝဝဝ-ကျော်လောက်ဝင်ပြိုင်ကြတယ်။ အင်္ဂလိပ်တွေအစ၊ အမေရိကန်ကျောင်းသားတွေအဆုံး စာစီစာကုံးရေးကြတယ်။
အင်္ဂလိပ်စာကို နှစ်နှစ်လောက်ပဲသင်ခဲ့တဲ့ ကရင်မလေး၊ နယ်စပ်က ငပိထောင်းနဲ့ မျှစ်ပြုတ်စားပြီး သက်ကယ်မိုးဝါးထရံကာနဲ့  ဖြစ်သလိုလုပ်ထားတဲ့ကျောင်းမှာ လေးငါးတန်းထိတက်ခဲ့တဲ့ ကရင်မလေးဟာ အကောင်းဆုံး စာစီစာကုံးရေးတဲ့ကျောင်းသား (၁ဝ) ဦးထဲမှာ သူမ ပါခဲ့တယ်။ ဆိုတော့ သူမ စာစီစာကုံးပြိုင်ပွဲမှာ ဆုရခဲ့တယ်။ ဒါ့ကြောင့် အင်္ဂလိပ်စကားနဲ့ စာကို အရည်ကျိုပြီးသောက်ထားတဲ့ အင်္ဂလိပ်တွေကြားထဲမှာ ဒုက္ခသည်အဖြစ်နဲ့ လာခဲ့ မြန်မာပြည်ဖွားကရင်မလေးရဲ့ ဥပမာကိုကြည့်ရင် မြန်မာတွေရဲ့ ပင်ကိုအရည်အချင်း လုံးဝမညံ့ဘူးဆိုတာကို သိနိုင်ပြီ။
သူမဆုရဖို့ အတွက် သူ့ မိဘတွေက သူမကိုအသည်းအသန်ကျိုးစားသင်ပေးခဲ့တာမဟုတ်ပါဘူး။ သာမန်လက်လုပ်လက်စား လူတန်းစားဘဝဆိုတော့ ခလေးမလေးရဲ့ ပညာရေးကိုလည်း သာမန်လောက်ပဲသဘောထားပါတယ်။
ဒါပေမဲ့ သူမ မိဘတွေလို သြစတျေးလျအစိုးရက အငြိမ်မနေပါဘူး။ ကရင်မလေးပညာရေးအတွက် အစိုးရက စကောလားရှစ်ပေးတယ်။ သူမ မိဘတွေကို ခလေးရဲ့ ပညာရေးကို ဂရုစိုက်ဖို့ အတွက် သတိပေးတယ်။ လိုအပ်တဲ့သင်တန်းတွေ အကူအညီတွေပေးတယ်။ လူမျိုးခြား ဆရာဆရာမတွေက ဘာပြောလဲဆိုတော့...ဒီခလေးမလေးဟာ အတော်လေးကို ညဏ်ရည်ထက်မြတ်တဲ့ မိန်းခလေးဆိုပြီး မှတ်ချက်ပေးပါတယ်။
ကျနော်တို့ ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ။ ဘာ့ကြောင့်လဲဆိုတော့ ဒီကရင်မလေးဟာ ရန်ကုန်မြို့ က ဈေးအကြီးဆုံး အင်တာနေရှင်နေစကူးမှာ သင်ခဲ့တာမဟုတ်ဘူး။ သူ့ မိဘတွေက ကျိကျိတက်ချမ်းသာတဲ့လူတွေလည်းမဟုတ်ဘူး။ မြန်မာပြည်သားကရင်မလေးဟာ နယ်စပ်က ဒုက္ခသည်စခန်းမှာ ဖြစ်သလိုနေဖြစ်သလိုစားပြီး သက်ကယ်မိုးဝါးထရံကာကျောင်းမှာ လေးငါးတန်းအထိပဲ ပညာသင်ခဲ့ဘူးတဲ့ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ အခုကြည့်...သူမအနေနဲ့ အခွင့်အလမ်းရကော သူမရဲ့ ညဏ်ရည်ညဏ်စွမ်းကို လူမျိုးခြားတွေကပါ အံ့အားသင့်စေခဲ့တယ်။
ဒါ့ကြောင့် ကျနော်တို့ လူမျိုးဟာ ညံ့တယ် ၊ စည်းကမ်းမရှိဘူးလို့ ပြောတဲ့လူများ ရေးတဲ့သူများကို ပြောချင်တာက သေသေချာချာလေ့လာပြီးမှ ပြောပါ။ ကျနော်တို့ ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်တွေကြောင့် ကျနော်တို့ လူမျိုးနဲ့ တိုင်းပြည်ဟာ သူများနိုင်ငံနဲ့ ယှဉ်ရင် နောက်ကြကောင်းနောက်ကြနိုင်တယ်။ ဒါပေမဲ့ ညံ့တယ်လူမျိုးတော့မဟုတ်ဘူး။ အခွင့်အလမ်းသာ ရရင် သူများလူမျိုးတွေထက် သာကိုသာတယ်။ အနဲဆုံး သူတို့ နဲ့ ရင်ဘောင်တန်းနိုင်တယ်။ ယှဉ်ပြိုင်တဲ့အခါမှာ အမြဲတမ်း ထိပ်မှာ မရပေမဲ့ အသိအမှတ်တော့ ပြုခံရတဲ့လူမျိုးဖြစ်တယ်ဆိုတာကို ပြောချင်တယ်။ မယုံရင် လူကြီးမင်းတို့  လေ့လာကြည့်ပါ။
ကျနော်ပြီးခဲ့နှစ်နှစ်က စင်္ကာပူကအပြန်လေယာဉ်ပေါ်မှာ စင်္ကာပူနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ စကားပြောဖြစ်တယ်။ သူကဘာပြောလဲဆိုတော့ မင်းတို့ မြန်မာတွေစင်္ကာပူမှာအများကြီး အလုပ်လုပ်နေတာရှိတယ်။ ဆရာဝန်နဲ့ ရှေ့ နေတွေထဲမှာ မြန်မာတွေက အတော်ထက်ထက်မြတ်မြတ်နဲ့ နာမည်ကြီးတယ်လို့ မှတ်ချက်ပေးတယ်။ ဒီမြန်မာဆရာဝန်တွေ မြန်မာရှေ့ နေတွေဟာ မြန်မာပြည်မှာ ပညာသင်ခဲ့တာပါ။ သူတို့ အနေနဲ့  အခွင့်အလမ်းလည်းရကော သူများတွေထက်သာကြောင်း ပြနိုင်ခဲ့တာကိုကြည့်ရင် မြန်မာတွေညံ့ပါတယ်လို့ ပြောတဲ့လူတွေအနေနဲ့  ဘယ်လိုဖြေမလဲ။
ဒုက္ခသည်တွေအပြင် မြန်မာပြည်သားတွေ နိုင်ငံတကာမှာ ပတ်ပြီးအလုပ်လုပ်ကြတယ်။ ပညာသင်ကြတယ်။ အမေရိကန် ဂျပန် စတဲ့ချမ်းသာတဲ့နိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေကိုထပ်ပြီး လေ့လာကြည့်ပါ။ သူတို့ သားသမီးတွေ အဲဒိမှာ ကြီးပြီး ပညာသင်နေကြတာ တစ်ပုံကြီးရှိပါတယ်။ သူတို့ ရောက်ရှိနေတဲ့နိုင်ငံတွေမှာ ပညာရေး၊ အားကစား အနုပညာတွေမှ မြန်မာခလေးတွေဟာ တခြားနိုင်ငံသားတွေယှဉ်ရင် အမြဲတမ်းထွန်းပေါက်ပါတယ်။ ဒီနေရာမှာ စာရင်းအတိအကျကိုတော့ မပြောနိုင်ပါဘူး။
ဥပမာတစ်ခုကို ထပ်ပြီးပေးချင်ပါတယ်။ တနေ့ မှာ သြစတျေးလျနိုင်ငံက SBS တီဗွီလိုင်းကနေလွှင့်တဲ့ Documentary တစ်ခုကြည့်ဖြစ်တယ်။ ဆစ်ဒနီမြို့ မှာရောက်ရှိနေတဲ့ ချင်းလူမျိုးခလေးငယ်ဟာ ဘောလုံးကန်ဖို့ အတွက် ၾသစေတ်းလ်းအစုိးရကေပးတဲ့ စကောလားရှစ်ကိုရပါတယ်။
အဲဒိခလေးငယ်မိသားစုက မလေးရှားနိုင်ငံကနေ ဒုက္ခသည်အဖြစ်နဲ့ လာတဲ့ ချင်းတွေဖြစ်ပါတယ်။ သူဘောလုံးကစားတာ အရမ်းကောင်းလို့ သြစတျေလျအစိုးရကတောင် စကောလားရှစ်ပေးရတဲ့အထိဆိုတော့ ဒီခလေးဟာ ဘယ်လောက်တော်ကြောင်းသိမယ်ထင်တယ်။ မလေးရှားနဲ့ ချင်းတောင်မှာနေတုန်းက ဘောလုံးပညာကို ကောင်းကောင်းသင်ခဲ့တဲ့ခလေးမဟုတ်ပါဘူး။ မိုးရွာထဲမှာ သူငယ်ချင်းတစ်စုနဲ့ ဖြစ်သလိုဘောလုံးကစားခဲ့တဲ့ခလေးငယ်တစ်ဦးဖြစ်ပါတယ်။နောက်ပြီးသြစတျေလျးမှာလည်း ဘောလုံးပညာကို သင်ခဲ့ဘူးတဲ့သူမဟုတ်ပါ။
ရောက်ရောက်ခြင်း လေးငါးခြောက်လမှာတင် အသက်ဆယ်သုံးနှစ်လောက်ရှိတဲ့ မြန်မာချင်းခလေးငယ်ဟာ လူကောင်ထွားထွား အင်္ဂလိပ်တွေနဲ့ အာဖရိကန် ဘောလုံးသမားတွေလေးငါးယောက်လောက်ကို လိမ်ပတ်ပြီး ဘောလုံးကစားပြတဲ့အတွက် သူဆုရခဲ့တယ်။ သူဘောလုံးကစားပြတာကို တီဗွီမှာကြည့်လိုက်ရတော့ မြန်မာနိုင်ငံသားဖြစ်တဲ့ကျနော်လည်း ကိုယ့်လူမျိုးအတွက် ဂုဏ်ယူလို့ မဆုံးဘူး။
ဒီလို ဥပမာတွေဟာ နိုင်ငံတကာမှာ အများအပြားရှိပါတယ်။ ဒါ့ကြောင့် မြန်မာတွေရဲ့ ညဏ်ရည်ညဏ်သွေးနဲ့ ပင်ကိုစွမ်းရည်ဟာ ထက်မြတ်ပြီးသားဖြစ်ပါတယ်။ သူတို့ လေးတွေကို အခွင့်အလမ်းနဲ့ လမ်းကြောင်းမှန်တဲ့ ပဲ့ပြင်ထိန်းကွပ်မှုသာပေးကြည့်ပါ။ တနေ့ မှာ အထက်ကပြောတဲ့ပြောတဲ့ ကရင်မလေးဟာ ကမ္ဘာကျော်စာရေးဆရာမ မဖြစ်လာနိုင်ဘူးလို့ ပြောနိုင်လား။ နောက်ပြီး ချင်းခလေးငယ်ဟာလည်း ဒေါ်လာသန်းကျော်ပေးပြီး ငှားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ။ သူတို့ အားလုံးဟာ ချမ်းသာတဲ့နိုင်ငံတွေကလို ပြည့်ပြည့်စုံစုံနဲ့ စနစ်တကျ သင်ခဲ့ဘူးတဲ့ ခလေးတွေမဟုတ်ပေမဲ့ ချမ်းသာပြီး အေးအေးချမ်းချမ်းနဲ့ စနစ်တကျပညာသင်ခဲ့တဲ့ လူမျိုးတွေကိုကျော်လွှားနိုင်ခဲ့တာကိုတော့ အသိအမှတ်မပြုလို့ မရဘူး။
သူတို့ အပြင် ထိုင်းမှာ တရားမဝင်လာပြီး အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား မိသားစုကမွေးခဲ့တဲ့ ခလေးငယ်ဟာလည်း စက္ကူစွန်လုပ်တဲ့ နေရာမှာတောင် ချန်ပီယံရခဲ့တယ်ဆိုပြီး နာမည်ကျော်ခဲ့ဘူးတယ်။ ဒီခလေးဟာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေထဲက ခလေးငယ်တစ်ဦးပါ။ ဆင်းရဲတဲ့မိသားစုတွေထဲကပါ။ အခြေအနေအကြောင်းကြောင်းကြောင့် ထိုင်းမှာ အနှိမ်ခံရပေမဲ့တနေ့ မှာ သူလည်း ကမ္ဘာကျော်မဲ့လူတစ်ဦး မဖြစ်နိုင်ဘူးလို့ ပြောနိုင်လား။ ဆိုတော့ ကျနော်တို့ လူမျိုးလုံးဝမညံ့ပါဘူး။
ဒါ့ကြောင့် မညံ့တဲ့လူမျိုးကို ညံ့အောင်မလုပ်မိဖို့ လူကြီးတွေအနေနဲ့ လုံးဝတာဝန်ယူရပါလိမ့်မယ်။ ဒီတာဝန်ကတော့ ကျနော်တို့ မျိုးဆက်ကို အခွင့်အလမ်းတွေ အခွင့်အရေးတွေ များများဖွင့်ပေးပါ။ ဒါမှ ကျနော်တို့ ရဲ့ မျိုးဆက်တွေကို ကျနော်တို့ ထက်မြင့်တဲ့ ဘဝတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဒီလိုမြင့်လာရင် ကျနော်တို့ တာဝန်ကျေပါပြီ။ ကျနော်တို့ သေပျော်ပါပြီ။
ဘုန်းကျော်
နေ့လည် ၂-နှစ်ရီ ၃၄-မိနစ်
လင်စတားမိုင်းတွင်း
သြစတျေးလျအနောက်ပိုင်း
မှတ်ချက်။ ။ အရက်မသောက်ပဲရေးသည်။
12/9/11
ကိုသန်းလွင်ထွန်းသွားတာက ဒီကိစ္စဖြစ်ဖို့ များတယ်။
ဗိုလ်မှုးအောင်လင်းထွဋ်တို့ အုပ်စုကို ပြည်တွင်းမှာ နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးသင့်တယ်။
ကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးအစိုးရက တကယ်ပြောင်းတယ်ဆိုရင် ဗိုလ်မှုးအောင်လင်းထွဋ်တို့ အုပ်စုကို ပြည်တွင်းမှာ နိုင်ငံရေးကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ပေးသင့်တယ်။ အခုတော့ ဦးအောင်လင်းထွဋ်တို့ အားလုံးဟာ ပြည်ပမှာနေပြီး ဘာမှ ထိထိရေရောက် မလုပ်နိုင်ခဲ့ဘူး။ သူတို့ လည်း နိုင်ငံရေးလုပ်ချင်ရင် သူများတွေပြန်ဝင်သလို ပြန်သင့်တယ်။ ဒီလိုအခြေအနေဖြစ်လာရင် စစ်အစိုးရက သဘောထားကြီးကြောင်းပြတယ်လို့ ပြောလို့ ရပြီ။ ထောက်လှမ်းရေးအုပ်စုကိုလည်း လူတွေဒိထက်ပိုပြီး အထင်ကြီးလိမ့်မယ်။
12/7/11
ABSDF ပြန်ပေးဆွဲပါ
အကြမ်းဖက်တဲ့အယူအဆလို့ တော့မထင်ပါနဲ့ ။ အတွေးလေးကို ဝေငှခြင်းပါ။
နှစ်ပေါင်း ၂၃-နှစ်အတွင်း ABSDF အနေနဲ့ စစ်ရေး နိုင်ငံရေး တွေလုပ်လာခဲ့တာ အများကြီးဖြစ်တယ်။ ယနေ့ အထိ စစ်အစိုးရကို ဘက်ပေါင်းစုံတိုက်ပွဲဝင်မယ်လို့ ပြောထားတဲ့အတွက် အခုကျနော်ပြောမဲ့နည်းလမ်းကိုလည်း စဉ်းစားကြစေချင်တယ်။
ပြန်ပေးဆွဲပါ
ပြီးရင် ရလာတဲ့ပိုက်ဆံကို ပြည်တွင်း လူမှုရေးလုပ်ငန်းတွေကို တစ်ဝက်ခွဲပေး။ ကျန်တာကို အေဘီအဖွဲ့ ဝင်တွေယူ။ ဘယ်လောက်ကောင်းလိုက်တဲ့ အကြံလည်း။ သူတို့ ဆီက ငွေတောင်းပြန်ပေးဆွဲတာ တရားဥပဒေနဲ့ မညှိဘူး။ ပြည်သူတွေအတွက် တရားတယ်။ တေဇသားတစ်ယောက်လောက် ရရင် အနဲဆုံးဒေါ်လာ သန်းလေးငါးဆယ်တော့ တန်တယ်။
လက်နက်လည်း ရှိတယ်။ စခန်းလဲရှိတယ်။ အဆက်အသွယ်လည်းရှိတယ်ဆိုတော့ ဒီအစီအစဉ်ကဖြစ်နိုင်တယ်။ ၀ဲကြီးမှာ ထိုင်ပြီး ငတ်နေတာထက်စာရင် ဒီလုပ်ငန်းက လက်တွေ့ ကြတယ်။
--
Dual Citizen
12/6/11
ကိုမောင်ဦးကိုအားပေးပါအုံး
အမေရိကန်နိုင်ငံနေ ကျနော်တို့ ရဲ့ ရဲဘော်ကြီး ကိုမောင်မောင်ဦး လေဖြတ်နေပါတယ်။ အောက်ပိုင်းသေပြီး တွန်းလှည်းနဲ့ သွားနေရတယ်။ ဒီလိုအခြေအနေဖြစ်တာတောင် သူ့ ဘလော့ဂ် နဲ့  လူ့ ဘောင်သစ် ရဲ့ အမေရိကန် ဌာနခွဲဘလော့ဂ်ကို အားတက်သရော လုပ်နေတုန်းပဲ။ သူ ဟာ သူယုံကြည်တာကို လုပ်နေတဲ့အတွက် အထူးလေးစားမိတယ်။ ခင်မင်တဲ့သူငယ်ချင်းအပေါင်းအသင်းတွေလည်း ဆက်သွယ်အားပေးစေချင်တယ်။ မိုးမခမီဒီယာမှာလည်း သူတက်နိုင်သလောက် လုပ်နေတုန်းပါ။ ဆရာကြီး ဦးတင်မိုးရဲ့ မြန်မာကဗျာရေးနည်းစာအုပ်ကို သူနဲ့ သူ့ ဇနီးက အဓိကပါဝင်ကူညီပေးခဲ့ဘူးပါတယ်။
http://oothandar.blogspot.com/
12/3/11
ရိုးသားတဲ့အစိုးရလား
ကုန်ပစ္စည်းချင်းတိုက်ရိုက်ဖလှယ်မှုကနေ ငွေကြေးပေါ်ပေါက်လာတယ်။
၂၀၁၁-ကြံ့ဖွတ်အာဏာရှင်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ လဲလှယ်ရင်း စစ်ပွားရေးပိတ်ဆို့ မှု့ ကို ရုပ်သိမ်းခြင်းဆိုတဲ့အရာ ပ်ါပေါက်လာတယ်လို့ ပြောလို့ ရပြီ။ ရတော့ မရသေးဘူး။ ရခါနီးနေပြီ။
ဦးသိန်းစိန်အစိုးရပြောတဲ့ ပြစ်မှုတစ်စုံတစ်ခုကျူးလွန်ခဲ့လို့ ဖမ်းထားပါတယ် ဆီးထားပါတယ်ဆိုရင် ဆက်ပြီးဖမ်းထားပေါ့။ ဘာ့ကြောင့် ဆန်ရှင်နဲ့ ကိုမင်းကိုနိုင်တို့ အုပ်စုကို လဲရမှာလဲ။ ဒါဆိုရင် ဥပဒေကို ချိုးဖောက်တာ ဘယ်သူတွေလဲလို့ မေးရမလိုဖြစ်နေပြီ။
ဦးရွှေမန်းတို့ များ သိသိကြီးနဲ့ မြောက်ကိုရီးယားနဲ့ ပေါင်းတယ်။ အခုကြတော့ မပေါင်းတော့ပါဘူးဆိုပြီး ပြောပြန်ပြီ။ ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရတစ်ခုလုံးမှာ လူကောင်းကောရှိသေးရဲ့ လား ၊ ရိုးသားတဲ့လူကောရှိရဲ့ လားဆိုတာကို ကျနော်သံသယဖြစ်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးက ဖာ, ပါးစပ်တွေနဲ့ ဆိုတော့ဗျာ။
ဘာကို ယုံရမှန်းတောင်မသိတော့ဘူး။
နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီးလွှတ်မယ်။ အပစ်ရပ်တွေ ခဏလုပ်မယ်။ မြောက်ကိုရီးယားနဲ့ ပေါင်းတာ ခဏနားမယ်။ နိုင်ငံရေးလွတ်လပ်ခွင့်ခဏပေးမယ်။ နိုင်ငံရေးစကားပြောချင်ရင် လွှတ်တော်ထဲဝင်ပါ။ ရွေးကောက်ပွဲဝင်ပါ။ အခြေခံဥပဒေတော့ လာမထိနဲ့ ။
၂၀၁၀ ရွေးကောက်ပွဲနိုင်ထားတဲ့လူတွေဖြစ်တဲ့အတွက် တရားဝင်တယ်။ဘာညာဆိုပြီး ဘုရင်ရှုး ရှုးနေတဲ့ ထိပ်ပြောင်အစိုးရရဲ့ လုပ်ရပ်တွေက ခလေးတောင်သိတယ်။
သူတို့ လိုချင်တာလဲရရော ငါတို့ ကြောင့် ဒီလိုဖြစ်လာတာ ဘာညာဆိုပြီး စောက်ခွက်တွေ တမျိုးပြောင်း။ စောက်ချိုးတွေက အရင်အတိုင်းပြန်လုပ်။ ဂျပုကျော်ဆန်းသတင်းစာကနေ ကြံ့ဖွတ်အစိုးရလက်ထက်မှာ စီးပွားရေးပိတ်ဆို့ မှုတွေပွင့်လာအောင်လုပ်နိုင်ခဲ့တယ်။
ဘယ်နှစ်ဖွဲ့ နဲ့ အပစ်ရပ်ခဲ့ပြီ။ ငြိမ်းချမ်းရေးကို ဘယ်လောက်ရောက်ခဲ့ပြီ။ ပြည်ပက လူတွေကိုပြန်ခေါ်နိုင်ခဲ့တယ်။ ဒုက္ခသည်တွေကို ဘယ်လောက်လက်ခံနိုင်ခဲ့တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လောက်ဖန်တီးပေးနိုင်ခဲ့တယ်ဆိုပြီး သတင်းစာကနေ ပြည်သူတွေကို သူတို့ ဘယ်လောက်တော်ကြောင်း ကောင်းကြောင်း အတင်းစွတ်ရွီး။ နိုင်ငံရေးနားမလည်၊ ဗဟုသုတကင်းတဲ့ ပြည်သူတွေက စွတ်ယုံ။ ဒီမှာ ကြံ့ဖွတ်အစိုးရက ဘ၀င်တွေစွတ်မြင့်။သူတောင်းစား ထမင်းဝပြီး တောင်ချင်တိုင်းတောင်အုံးမှာပါ။
ပြည်သူတွေကတော့ ဒုံရင်းကဒုံရင်း ငပိရည်နဲ့ ကန်ဇွန်းရွက်က သူတို့ အတွက် အဓိက အဟာရပဲဖြစ်နေမှာပါ။
ဒီလိုနဲ့ ပဲ ဒေါ်စုက အသက်တွေကြီးလာပြီး ငယ်မှုပြန်၊ နောက်ဆုံး အိပ်ရာထဲလဲ ။ အသက်(၇၀)လည်း ကျော်ရော၊ ဒေါ်စုလည်း ရေဝေးမှာ ဦးကျော်သူတို့ အကူအညီနဲ့ အနားယူ။ဒီမှာတင် အန်အယ်ဒီ တစ်ခန်းရပ်ပေါ့။ ဦးတင်ဦးလည်းသေ။ ဦးဝင်းတင်လည်း ခလေးမရ ဘာမရနဲ့ ရှော။ သူတို့ အကြောင်းတွေစာအုပ်ထဲမှာပဲ ကျန်ခဲ့အုံးမှာပါ။
၂၀၁၁-လည်း ဦးသိန်းစိန်ရဲ့ လူတွေပဲ။ ၂၀၂၁-လည်း ဦးသိန်းစိန်ရဲ့ တပည့်တွေပဲ အာဏာရ။ ကိုမင်းကိုနိုင်တို့ အဖွဲ့ တွေလည်း ယဉ်ယဉ်လေးနဲ့ ရှုး။ ပွဲကတော့ ကြည့်ရတာ ပျင်းစရာကောင်းတယ်။
မရိုးသားတာကိုပြောချင်လို့ ပါ။ ဒါ့ကြောင့် ဒီလိုရေးဖြစ်တာပေါ့။ စစ်အစိုးရကလူတွေဟာ ဘယ်တုန်းကမှရိုးသားခဲ့တာမဟုတ်ပါ။ အမျိုးသားညီလာခံကနေ ၂၀၁၀-အဆုံး မရိုးမသားလုပ်ခဲ့ပြီး အာဏာတွေရခဲ့ပြီ။ ယနေ့ အထိမရိုးသားတဲ့အကြံအစည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆန်ရှင်ကိုလဲမယ်။ သူတို့ လွှတ်ချင်ရင် ကြိုက်တဲ့အချိန်လုပ်လို့ ရတာပဲ။ သူတို့ ပါးစပ်မှာ ဥပဒေရှိတယ်။ဒါကိုက မရိုးသားတာ။
နောက်ဆုံးတစ်နေ့ ကြရင် သူတို့ တွေပဲ အာဏာယူအုံးမှာပါ။ မည်သည့်အာဏာရ ပုဂ္ဂိုလ်မဆို လွယ်လွယ်နဲ့ မဆင်းဘူးဆိုတာ အားလုံးသဘောပေါက်စေချင်တယ်။
ဟယ်လာရီက နိုင်ငံတကာပတ်ပြီး အာဏာရှင်မျိုးစုံနဲ့ ဆက်ဆံဘူးတယ်။ ချော့တစ်ခါခြောက်တစ်လှည့်နဲ့  အမေရိကန်အကျိုးစီးပွားရအောင် ဆက်ဆံတယ်။ ပါးစပ်ကတော့ သံခင်းတမံခင်းအရ ခင်ဗျားတို့ ပြည်သူတွေအတွက် စေတနာတွေ မေတ္တာတွေ ကွမ်းသီးတွေ ရှိပါတယ်လို့ တော့ပြောတာပဲ။
အမေရိကန် ၁၀၀-ပေးရင် အနဲဆုံး တစ်သိန်းတော့ သူတို့ ပြန်ရအောင်ကြံတယ်။ မယုံရင် လစ်ဗျားကိစ္စကိုလေ့လာကြည့်ပါ။ အာဖဂန်အခင်းအကျင်းကို ဖတ်ကြည့်ပါ။ အီရတ်ကရေနံတွေကို ဘယ်သူတွေက အများစုရလဲဆိုတာကို မေးကြည့်ပါ။ အမေရိကန်ပဲဖြစ်ဖြစ်၊ အင်္ဂလန်ပဲဖြစ်ဖြစ် သူတို့ ကူညီပြီးရင် သူတို့ ကိုတော့ ပြန်ပေးရတယ်။ အမြတ်မရရင် ဘယ်သူမှ မလုပ်ဘူး။ မကူညီဘူး။ အနဲဆုံး နိုင်ငံရေးအရတော့ အမြတ်ရအောင် ကြံဖန်ပြီး လုပ်တယ်။ တရုတ်လည်း ဒီအတိုင်းပဲ။
ဒီတစ်ချီမှ ဦးသိန်းစိန်တို့ ပြောတဲ့အတိုင်းမလုပ်ရင် အမေရိကန်က လေးဂွနဲ့ တော့ပစ်မှာမဟုတ်ဘူး။ သိတဲ့အတိုင်း ဘာဖြစ်နိုင်လဲဆိုတာ နိုင်ငံရေးအကြံပေးတွေဖြစ်တဲ့ အခြောက်ကြီး နေဇင်လတ်တို့ ၊ အခြောက်ကြီး ကိုကိုလှိုင်တို့ သိမယ်ထင်တယ်။
အခုလိုအချိန်မှာ ထိုင်းမှာနေတဲ့ အတိုက်အခံအဖွဲ့ အစည်းတွေလည်း တောင်ပြေးရမလို မြောက်ပြေးရမလိုဖြစ်နေပြီဆိုတော့ သနားစရာ။ အခြေအနေမဲ့ အိမ်မရှိ ယာမရှိ အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိတဲ့ နယ်စပ်ကခေါင်းဆောင်တွေကိုအကြံပေးချင်တာက ကိုယ့်ထမင်းကို ကိုယ်ရှာစားပြီး ဦးသိန်းစိန်ပဲဖြစ်ဖြစ် ဒေါ်စုကိုပဲဖြစ်ဖြစ် ကိုယ်မြင်တာ ထင်တာကို လုပ်သင့်နေပြီဖြစ်ကြောင်းပါ။
ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့်မပြတ်မသားဖြစ်လဲဆိုတော့ သူက စစ်အစိုးရနဲ့ လည်းမပြတ်နိုင်ဘူး၊ အတိုက်အခံနဲ့ လည်းမပြတ်နိုင်ဘူး၊ နိုင်ငံတကာပေးတဲ့ဆုတွေကလည်း များတယ်ဆိုတော့ နိုင်ငံတကာနဲ့ လည်းမပြတ်နိုင်ဘူး။
မျက်နှာထောက်စရာတွေများသားပဲဗျ။ ဒေါ်စုအိမ်ကိုလုံခြုံရေးယူပေးနေတာက စစ်သားတွေဖြစ်ပါတယ်။ ၈၈-တွေ အန်အယ်ဒီအဖွဲ့ ဝင်တွေ ယူပေးနေတာမဟုတ်ပါ။
ကဲ...ဒီတော့ ဦးသိန်းစိန်ဟုခေါ်သော ဦးသန်းရွှေရဲ့ အမွေကိုဆက်ခံသူကြီးရေ....ဦးခင်ညွန့် ကိုလည်း လွှတ်ပေးပါအုံး။
တကယ်တမ်းရိုးသားတယ်ဆိုရင် စစ်အစိုးရဘက်ကနေ တစ်တိုင်းပြည်လုံးကို ရာသက်ပန်အပစ်ရပ်ကြောင်းကြေငြာသင့်တယ်။ တစ်ဘက်ကတိုင်းရင်းသားတွေတိုက်လာရင်တော့ သူတို့ သေတွင်း သူတို့ တူးတာပေါ့။
ပြီးရင် ဘက်ပေါင်းစုံက အဖွဲ့ တွေနဲ့ နိုင်ငံရေးနည်းအရပြေလည်ရာ ပြေလည်ကြောင်းဆွေးနွေးပြီး အဖြေရှာသင့်တယ်။အခုလို ဦးအောင်သောင်းနဲ့ အဖွဲ့ လုပ်နေတဲ့ပုံစံကိုပြောနေတာမဟုတ်ပါ။ ဦးအောင်သောင်းတော့ မသိဘူး၊ သူ့ သားကတော့ ငွေကိုထားစရာနေရာမရှိအောင် ချမ်းသာနေတာကိုတော့သိတယ်။ ဘာတဲ့...အစိုးရကတောင် သူ့ ဆီက ချေးရတယ်ဆိုလားပဲ။
၂၀၀၈-ခုနှစ်အခြေခံဥပဒေကို ပြန်ပြင်ပြီး ပြည်သူတွေရဲ့ ထောက်ခံမှုရအောင်လုပ်သင့်တယ်။
ပြီးရင် ရွေးကောက်ပွဲအသစ်ကိုနိုင်ငံတကာစောင့်ကြည့်မှုနဲ့ ကျင်းပပြီး အစိုးရအသစ်ကိုတစ်ခုကို တင်သင့်တယ်။
အခုကြတော့ သူတို့ အစိုးရဖြစ်ချင်တိုင်းကို အတိုက်အခံကော၊ ပြည်သူကကော၊ အားလုံးသော တိုင်းရင်းသားအဖွဲ့ တွေက လိုက်ပြီးလုပ်ပေးရသလိုပဲ။
ဒါ့ကြောင့် ဒီအခြေအနေက ခဏပဲ ငြိမ်းချမ်းရေးရနိုင်လိမ့်မယ်။
12/1/11
အဖြေထွက်လာပြီ
ဟယ်လာရီကလင်တန်က လက်ရှိစစ်အစိုးရအတွင်းမှာ အုပ်စုသုံးစု ရှိနေတယ်လို့ ပြောတယ်။ ပြောင်းလဲရေးလုပ်ချင်တဲ့အုပ်စု၊ ကြားနေအုပ်စု နဲ့  မပြောင်းလဲချင်တဲ့အုပ်စု။
ဟယ်လာရီပြောတာအပြင် ဒေါ်စုကလည်း အချိန်တန်မှ ပြောမယ်လို့ ပြောပြန်တော့ စစ်အစိုးရအတွင်းမှာ အုပ်စုတွေရှိနေတယ်လို့ သုံးသပ်နိုင်တယ်။ စစ်အစိုးရဘက်က ၀န်ကြီးတွေကတော့ အုပ်စုတွေမကွဲဘူးလို့ ပြောတယ်။ ဘယ်သူက ကွဲနေပါတယ်လို့ ပြောရဲမလဲ။ ပြောတဲ့လူ ထောင်ထဲသွားပေါ့။
ဘယ်အဖွဲ့ အစည်းပဲဖြစ်ဖြစ် အုပ်စုစွဲ ဂိုဏ်းဂနစွဲတော့ရှိတယ်။
ဆိုလိုချက်ကတော့ ဦးသိန်းစိန်ကတော့ ပြောင်းချင်တဲ့အုပ်စုပေါ့။ ဟုတ်ကောဟုတ်လို့ လား။ ဟုတ်နိုင်ပါတယ်။
တကယ်လို့ ပြောင်းချင်ရင် ဦးသိန်းစိန်ပါးစပ်က နိုင်ငံရေးအကျဉ်းသားဆိုတဲ့စကားလုံးကိုပြောသင့်တာပေါ့။ မဟုတ်ဘူးလား။ ဒါက တစ်ခု။ သူတို့ ဘယ်တုန်းကမှ ဒီစကားကိုမပြောခဲ့ဘူးနော်...သေချာစဉ်းစားကြည့်ပါ။ တတိယ အင်အားစုအတွက် စဉ်းစားဖို့ ပါ။
ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ရိုက်တာသတင်းဌာနကိုပြောတာက ဒီလိုပါ။ ကျမတို့ စွန့် စားတာပါ။ တကယ်လို့ သူတို့ အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်ပြီးဖမ်းတယ်ဆိုရင် ရှင်တို့ ဝိုင်းပြီးအော်ကြလို့ ပြောတယ်။ မယုံရင် ရှာပြီးဖတ်ကြည့်။ ဆိုလိုချက်က ဘာကိုမှ အာမခံချက်မရှိတဲ့ဘ၀အခြေအနေကို ဒေါ်စုလည်းသိတယ်။
ဒီအခြေအနေအောက်မှာ ဦးသိန်းစိန်ရဲ့ အစိုးရတစ်ဖွဲ့ လုံးဟာ သူတို့ အချင်းအချင်းတွေထဲက တစ်ဦးဦး မဟုတ်တောင် အုပ်စုတစ်စုကိုထိုးကျွေးပြီး သူတို့ နာမည်ကို သမိုင်းမှာမှတ်တမ်းတင်ကျန်စေချင်တဲ့ပုံဖြစ်နေပြီ။ သူတို့ လုပ်မှာ သေချာနေပြီ။ ကျနော်တို့ မျှော်လင့်နေတဲ့ ပုံစံကိုနဲနဲလောက် လှည့်ပြီး မျှော်လင့်ကြည့်ပါ။ ဥပမာ ၉၀ ဒီဂရီမဟုတ်ပဲ ၄၅-လောက်ကိုပေါ့။
ဘယ်သူမှ အတိမကျမသိသေးတဲ့အခြေအနေမျိုးဖြစ်နေတယ်။
View My Stats