1/1/10
ဇွန်းနဲ့စားတဲ့ အရသာ
ဒေါ်စု အင်္ဂလိပ်ကို ယူတယ်။
ကပြာလေးနှစ်ယောက်ထွက်လာတယ်။
နည်းစပ်ရာကို ပြန်ကြည့်ပါ။
ကိုအောင်မိုးဇော် အဖြူမကို ယူတယ်။
ကိုဇော်မင်း အဖြူမနဲ့ညားတယ်။
ကိုအောင်နိုင်ဦး အဖြူမကို စားတယ်။
ကိုဝင်းမင်း အဖြူမကို ၀ါးတယ်။
မြန်မာတွေ အဖြူထီးနဲ့အဖြူမကို ကြိုက်တဲ့လူလည်းရှိတယ်။ မကြိုက်တဲ့လူလည်ပေါတယ်။ ဒီလူတွေကိုကြည့်...
ကိုအောင်သူငြိမ်း မွန်မကိုယူတယ်။
ဘုန်းကျော် မွန်မနဲ့ ပျော်တယ်။
ကိုမောင်မောင်ဦး ဗမာမနဲ့ညားတယ်။
ကိုထွတ် ကရင်မနဲ့စားတယ်။
ကိုညို ကရင်မနဲ့ ၀ါးတယ်။
အများကြီးပါ။ အကြိုက်ချင်း မတူဘူးလေ။ ဒါဆိုရင် ဘာကိုပြောချင်တာလဲ မောင်ဘုန်းကျော်...။
ဇွန်းနဲ့ခရင်းဆိုတဲ့ခေါင်းစဉ်နဲ့ တခြားစီ။ ဒီလိုပါ။
အဖြူပဲယူယူ၊ မြန်မာနဲ့ညားညား အလုပ်ဖြစ်ဖို့က အဓိက။ တနည်းပျော်ဖို့ကအဓိက။ ဗမာနဲ့ယူပီး စိတ်ဆင်းရဲ၊ အဖြူနဲ့ယူပီး ပျော်တဲ့သူလည်းရှိတယ်။ အိမ်ထောင်ရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ်၊ ဇွန်းနဲ့စားသင့်ရင်စားရမယ်။ လက်နဲ့ဝါးသင့်ရင် ၀ါးရမယ်။ ဘာမှ အောက်တန်းကျတာ၊ သစ္စာဖောက်တာမရှိဘူး။ အတွေးအခေါ်ကတော့ မမိုက်ဘူးလို့ပြောမယ်။ အတွေးအခေါ်က ပြုတ်စားလို့မှ မရတာနော်...။
အာ...သွားပီ...ဘာတွေပြောမိလည်းမသိဘူး။ ၂၀၁၀-မှာ ကောင်းနေတဲ့အချိန်ရေးတာ....အကောင်းလွန်သွားပီ...နောက်နေ့မှ ပြန်ရေးမယ်။ ဘိုင်ဘိုင်။
2010 မကူးခင် ည သန်းခေါင်မှာ ဘုန်းကျော် Happy New Year ကိုမှုးပြီး အော်စီမှာအော်တယ်။ သူငယ်ချင်းတွေက အရမ်းမအော်ဖို့ဝိုင်းပြီးတားတယ်။ သူငယ်ချင်းအများစုကတော့ အိမ်မှာပဲသောက်ကြတယ်။ ပျော်ကြတယ်။ မှုးပြီးမောင်းလို့ မိရင် Double Demrit Point လို့ခေါ်တဲ့ပြစ်ဒဏ်ရှိတယ်။ ပုံမှန် ဒဏ်ငွေ ၁၀၀ ကြရင် ဒီနေ့က နှစ်ဆပေးရတယ်။ ကားမောင်းလိုင်စင်တခုမှာ Point ၁၂ ခုပဲရှိတယ်။ အရက်မှုးမောင်းလို့မိရင် ဒီနေ့မှာ အပြစ်များတော့ မြန်မာတွေမှုးပြီးမောင်းမရဲဘူး။ မြန်မာဆိုတော့ သတ္တိမရှိတာလည်းပါတယ်ထင်တယ်နော်...လိုင်စင်မရှိရင်၊ အလုပ်သွားဖို့ခက်မယ်၊ အလုပ်သွားဖို့ခက်ရင် ထမင်းငတ်မယ်။ ဒါ့ကြောင့် ဘယ်သူမှ စောက်ရမ်းမမောင်းရဲဘူး။
၂၀၁၀ ညမှာ ကျနော်က အော်ပြီးကြိုဆိုတယ်။ ည ၁၂-နာရီတိတိ။
ရန်ကုန်က သူငယ်ချင်းကလည်း ည ၁၂ နာရီတိတိ သူလည်း အင်းယားဘောင်ကနေအော်တယ်။
အမေရိကားက သူငယ်ချင်းကလည်း ည ၁၂-နာရီမှာအော်ပြီးကြိုတယ်။
နော်ဝေက သူငယ်ချင်းကလည်း ည ၁၂-နာရီမှာ အော်ပြီး ကြိုတယ်။
ထိုင်းက အမှုးသမားတွေကလည်း ည ၁၂-နာရီမှာ အော်ပြီးကြိုတယ်။
အချိန်တွေကို ကြည့်ရအောင်...။ ည ၁၂ နာရီ။ နာရီအချိန်တူပေမဲ့ လက်တွေ့ဘ၀တွေမတူကြဘူး။ အမေရိကမှာ မနက်ပိုင်း ၁၂ နာရီက အော်စီမှာ ညပိုင်း ၁၂ နာရီ။ တနိုင်ငံထဲတောင်မတူဘူး။
ဒါဆိုရင် ၂၀၁၀ ကိုကြိုဆိုတာ လူတွေအချင်းချင်းတောင် မတူကြဘူး။ တစ်ယောက်တမျိုး တနေရာတမျိုး မရိုးကြအောင်ထင်တယ်။ ဒီနေ့ဒီအချိန်မှာ ၂၀၁၀ အသစ်ကြီးကိုကြိုဆိုတယ်။ နောင်နှစ်မှာ ၂၀၁၁ ကို ဒီလိုမျိုး မတူပဲ ကြိုဆိုကြအုံးမယ်။
အင်း....ဟင်း....။ မတူကြပါလား။
ဒါဆိုရင် ဇွန်း၊ခရင်းနဲ့စားကြမလား။ စားဖို့အတွက် အမြင်တွေတူကြရဲ့ လား...။ ဒါဆိုရင် အမြင်တူအောင်....ဒေသတွေခွဲထုတ်မှအမြင်တူမယ်..။ မင်းက နယူးယောက်ကိုသွား..။ မင်းက ဆစ်ဒနီကိုလာ...မင်းက အော်စလိုကို...ဒိုး...မင်းက...ရန်ကုန်မှာ ချီးကြ....။ ဒေသတွေကွဲပြီးဆိုရင် အမြင်တူကြလိမ့်မယ်...။ တနေရာတည်း နေရင် အမြင်တွေစုစည်းအောင် ဇွန်းနဲ့ခရင်းကို ခါးမှာချိတ်ပီး ပွားလိမ့်မယ်...။
၂၀၁၀-မှာ ဇွန်းနဲ့ခရင်းကို အားကိုးပြီး ထမင်းစားချင်ပါသည်။
မှတ်ချက်....မြန်မာ့နိုင်ငံရေးမှာ ဘယ်သူမှ သာစေနာစေမရှိ ပေါင်းကြရင်ကောင်းမှာပဲ...။
12/31/09
မေ့တဲ့သူ သစ္စာဖောက်တာပဲ...
စစ်အာဏာရှင်လွတ်မြောက်ရေးတိုက်ပွဲအဆက်ဆက်မှာ ကျဆုံးသွားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့မြန်မာ့သားကောင်းတွေကို မေ့ပြစ်ခဲ့တဲ့ လူတွေဟာ ဘယ်တော့မှခွင့်လွှတ်လို့ရမှာမဟုတ်ဘူး။
အထူးသဖြင့်-
ABSDF
လူ့ဘောင်သစ်
NLD-LA
စတဲ့အဖွဲ့အစည်းတွေက ရဲဘော်တွေဟာ တပြားတချပ်မှမရဘဲ တိုင်းပြည်အတွက် အသက်တွေလှူဖို့ လုပ်နေကြတယ်..။ သေပေးကြပီးပြီ...။
ဒီလိုလူတွေကိုကို တန်ဖိုးမထားရင် ဘယ်ခွေးသတောင်းစားကို တန်ဖိုးထားရမလဲ။
လှုပ်ရှားမှုတိုင်းမှာ၊ လူတန်းစားတွေထဲမှာ ဖောက်ပြန်သူဆိုတာရှိစမြဲပါ။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေဟာ ဘယ်တော့မှ သစ္စာဖောက်တဲ့လူတွေမဟုတ်ဘူး။
တတိယနိုင်ငံတွေမှာ အဆီအနှစ် ပိတ်နေတဲ့လူတွေကတော့ ဖောက်ပြန်တယ်ဆိုတာ ငပိရည်ကျိုတာထက်တောင် သူတို့အတွက် လွယ်သေးတယ်။
မှတ်ချက်...အေဘီရဲ့ မွေးနေ့ပွဲဓာတ်ပုံကို တွေ့ပြီးခံစားသည်။
12/30/09
တပ်တွင်းပုန်ကန်မှုကို ထောက်ခံကြစို့ ....။
တပ်ထဲက ပုန်ကန်မှုသတင်းတွေကို အဆက်မပြတ်မီဒီယာတွေမှာတင်သင့်ပြီ။ တပ်ထဲက သူရဲကောင်းတွေကို အားပေးချီးမြှင့်တဲ့ ကိစ္စတွေကို ဘလော့ဂ်တွေ ၀က်ဆိုက်တွေမှာ ဒိထပ်ပိုမိုရေးသင့်တယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း၊ တရားဝင် အားပေးဖို့အချိန်တန်ပါပြီ.။ ဘာမှမပြောဘဲနေတာထက်စာရင် စစ်သားသူရဲကောင်းတွေကို အားပေးဖို့ပြောတာ နိုင်ငံရေးအရှိန်မြင့်စေပါတယ်။ သူတို့အတွက် စိတ်ဓာတ်တက်ကြွစေပါတယ်။ ဒါကို ကျနော်တို့ဒီမိုကရေစီလိုလားသူတွေအားလုံး ၀ိုင်းပြီး လုပ်ဆောင်စေချင်ပါတယ်။
စစ်တပ်ထဲမှာပေါက်ကွဲထွက်လာမဲ့အရိပ်အရောင်တွေ့နေရပါပြီ...။
လွန်ခဲ့တဲ့နှစ်ရက်က ရန်ကုန်က တပ်တချို့ နဲ့အဆက်အသွယ်ရပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးခက်ခဲနေတာကြောင့် ရန်ကုန်မှာအရာရှိမွန်းမံသင်တန်းတက်နေတဲ့ အရာရှိတွေတောင် ထွက်ပြေးပါတော့မယ်..။ ရဲမွန်ကပါ။ အခုလည်း ထိုင်းနယ်စပ်ဒုက္ခသည် စခန်းထဲမှာ၊ တပ်အသီးသီးက အရာရှိအရာခံ၊ အကြပ်တပ်သားတွေ မိသားစုလိုက် ရာနဲ့ ချီပြီးရောက်နေပါပြီ။
တပ်ထဲက သူရဲကောင်းတွေကို မိမိနိုင်တဲ့ဘက်က ၀ိုင်းဝန်းပြီးအားပေးကြပါခင်ဗျား...။ မိမိကိုယ်ပိုင်ဘလော့ဂ်မှာဖြစ်ဖြစ်၊ တယ်လီးဖုန်းနဲ့ဖြစ်ဖြစ် ၀ိုင်းဝန်းအားပေးကြစေချင်ပါတယ်။
ဘုရားသားတွေတော့ပြီးသွားပါပြီ....
ကျောင်းသားတွေလည်း ပြီးသွားပါပြီ....
နောက်ဆုံး စစ်သားတွေအလှည့်ရောက်နေပါပြီ...သူတို့လည်း စတင်တိုက်နေပါပြီ....။
ဒီကိစ္စတွေ ကျယ်ကျယ်လောင်လောင် ၀ိုင်းဝန်းပြီး အာပေးကြပါဗျို့ ....။
ဌာနချုပ်ကို စိန်ခေါ်မယ်
တကယ်တမ်းပြောရရင် မန်းဒိတ်ပေးခံရတဲ့လေးဦးက လုပ်နိုင်ဖို့အခွင့်အလမ်းအားနည်းတယ်။ လုပ်ချင်တဲ့စိတ်လည်း တချို့ မရှိဘူး။ ဒါကို ကြည့်ရင် ဌာနချုပ်က စီမံခန့်ခွဲမှုက လေထဲတိုက်ဆောက်ချင်နေတယ်။ အမေရိကမှာမရှိတော့ သူလည်းသိပုံမရဘူး။ တကယ်တာဝန်ရှိတဲ့လူတွေက ယခုလက်ရှိ ဆူရှီလိပ်နေတဲ့လူတွေလည်းမဟုတ်ဘူး။ တကယ်ဖြစ်ချင်၊ လုပ်ချင်၊ လုပ်နိုင်တဲ့အရည်အချင်းရှိတဲ့သူတွေပဲဖြစ်ရမှာ။ အနည်းဆုံးတော့ ဘိုလို မွတ်နေအောင်တက်တဲ့အရည်အချင်း၊ ကိုယ့်ကားကိုယ်မောင်းနိုင်တဲ့အရည်အချင်း၊ စည်းရုံးရေးအားကောင်းတဲ့အရည်အချင်းတော့ ပြည့်စုံရမယ်။
အမေရိကမှာနေပြီး ဘိုလိုမတက်ရင်တော့ ဘာမှအလုပ်မဖြစ်ဘူး။ ကားမမောင်းတက်ရင်လည်း ခြေထောက်ကျိုးသလိုဖြစ်နေတော့ ဒီလူလည်း….အိုကြီးအိုမတွေလို စိတ်ပဲရှိပြီးကိုယ်မပါသလိုဖြစ်နေအုံးမယ်။ စည်းရုံးရေးအင်အားကတော့ သိတဲ့အတိုင်းပဲ…ကျနော့်လို ဘုနဲ့ဘောက် ပြောတက်တဲ့လူနဲ့ဆိုရင် ဘယ်တော့မှ စည်းရုံးရေးအောင်မြင်မှာမဟုတ်ဘူး။ ဖြစ်အောင်မဖွဲ့နိုင်ရင်တော့ အမေရိကမှရှိနေတဲ့ လူတွေတော်တော်ညံ့တဲ့အထဲမှာပါနေပြီ။ ဆရာများသားသေတဲ့အဖြစ်မျိုးတော့မရောက်ကြတာကောင်းပါတယ်။
အခုကြည့် ပါတီဌာနခွဲတွေရှိတယ်။ ဂျပန်၊ မလေး၊ နော်ဝေ၊ အော်စီကတော့ ငကြောင်တွေနေတာဆိုတာ သုံးလို့မရဘူး။ အခုအမေရိက မှာလည်းရှိတယ်။ ဖွဲ့တော့ဖွဲ့တယ်။ အလုပ်မလုပ်ဘူး။ တယ်လီဖုန်း၊ အီးမေးနဲ့အလုပ်လုပ်တာကလွဲရင် မတွေ့ရသလောက်ပဲ။ တနှစ်မှာတော့အနည်းဆုံးတခါတော့ ထိထိရောက်ရောက် လုပ်သင့်တယ်။ ဌာနခွဲလေးခုပေါင်းပြီး တခုခုတော့အောင်မြင်အောင် လုပ်လို့ရတယ်။ အခုဟာက NLD လိုသေခါနီးလူတွေလည်း မပါဘူး။ အဓိကတာဝန်ရှိတဲ့သူတွေက ဌာနခွဲမှာပါတဲ့လူတွေပဲ….ဖွဲ့ပြီးဘာမှမလုပ်ရင်တော့ အရင်ကတည်းက မဖွဲ့တာကောင်းတယ်။ နာမည်ပျက်တယ်။ တကယ်လို့ကိုယ်ဖွဲ့တာကို ဌာနချုပ်နဲ့ ညှိတာ အဆင်မပြေရင်တော့ ကိုယ့်ဟာကိုယ်လုပ်တာ ခင်ဗျားတို့စောက်ပူပါလားလို့ပြောရတော့မယ်။
အော်စီမှာလည်း လူ့ဘောင်သစ် Branch ကိုဖွဲ့ကို လွန်ခဲ့တဲ့ သုံးနှစ်က တင်ပြဘူးတယ်။ အဆင်မပြေဘူး။ အော်စီမှာရှိတဲ့လူတွေကလည်း စောက်သုံးမကျဘူးလို့ပြောရမယ်။ နောင်ကျရင်တော့ ဖွဲ့မယ်။ ဖွဲ့ပြီးမှ ပါတီဌာနချုပ်ကို တင်ပြမယ်။ ကျုပ်တို့တော့ဖွဲ့ပြီးပီ။ ပါတီရဲ့ ဖွဲ့စည်းပုံကို တသွေမသိမ်း လိုက်နာမယ်။ ဒါကလွဲရင် ဌာနချုပ်က လှမ်းပြီး ရာထူးတိုးပေးတာကို လက်မခံဘူး။ ကိုယ့်ဒေသနဲ့ကိုယ်ပဲ။ ပါတီဌနချုပ်က မင်းတို့ဖွဲ့တာကို ငါတို့အသိအမှတ်မပြုဘူးပြောလာရင်လည်း ဂရုမစိုက်ဘူး။ သူတို့အသိအမှတ်ပြုမှ နိုင်ငံရေးလုပ်ရတာမှမဟုတ်တာ။ ဆန့်ကျင်တာမဟုတ်ဘူး။ ဖြစ်သင့်တာကိုပြောတာ။ လက်တွေ့မရှိတဲ့ ဘ၀မှာနေရတာကို နားလည်ရင် ခွင့်ပြုတယ်ဆိုတဲ့စကားလုံးက အလိုအလျှောက်ပါတယ်။
ကျနော်လို့ပဲ၊ တချို့ နိုင်ငံတွေမှာ လူ့ဘောင်သစ် Branch ဖွဲ့ချင်တဲ့လူတွေတပုံကြီးရှိတယ်။ သူတို့လည်း သူတို့ဒေသနဲ့ သင့်တော်တဲ့အလုပ်ကို လုပ်မယ်ဆိုပြီး ဖွဲ့ကြမယ်။ ဌာနချုပ်ရဲ မန်းဒိတ်နဲ့ ဥက္ကဌ၊ အတွင်းရေးမှု တစ်ယောက်ယောက်သွားဖွဲ့ပေးမှ Branch ဖြစ်တာမကောင်းဘူး။ တကယ်လုပ်ရမှာက ကာယကံရှင်တွေပဲ။ ဒီနေ့ဒီအချိန်မှာ Branch ဖွဲ့ပီး ပါတီဌာနချုပ်က လစာအလုံအလောက်ပေးတာမဟုတ်ဘူး။ Branch တွေက ဌာနချုပ်ကိုပြန်ပေးတာ…ဆိုတော့ Branch တွေက…ပါတီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ စည်းရုံးရေးမှု၊ အခြေခံစည်းမျဉ်းတွေကို လိုက်နာတာကလွဲပြီး ကျန်တာဂရုစိုက်စရာမလိုဘူး။ ဒီဟာတွေကလည်း ပါတီဝက်ဆိုက်မှာ ရှိပီးသား။ တက်ဖက်ရုံပဲ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်လျှောက်ရင်း နိုင်ငံရေးလုပ်တာ၊ ပါတီဌာနခွဲဖွဲ့တာ တခုမှ မှားတာမရှိဘူး…ချ…။ Branch တခုဖွဲ့ဖို့အတွက် မန်ဘာတွေက ပါတီဝင် ဖြစ်စရာမလိုဘူး…။ ပါတီ စီစီလည်းဖြစ်စရာမလိုဘူး။ စိတ်ဝင်စားတဲ့လူ ဘယ်သူမဆို Branch အဖွဲ့ဝင်၊ ပါတီစည်းရုံးရေးအဖွဲ့ဝင် ဖြစ်နိုင်တယ်။
အားပေးတယ်။ အမေရိကန် Branch ကို ဖြစ်အောင်သာ…ချ..။ ဘာမှ စိတ်ဓာတ်မလျှော့နဲ့။ မရရင် အာဏာသိမ်းမယ်။ ကိုယ်ထမင်းကိုယ်စားပီး ပါတီကို ချစ်တဲ့စိတ်နဲ့လုပ်တာ ဘယ်တော့မှမမှားဘူး။ မချစ်ရင် စကားတောင်မပြောဘူး…လေကုန်တယ်။ ဒါကို ခင်ဗျားတို့…နားလည်သင့်တယ်။ ဒုတိယအင်အားအကြီးဆုံးပါတီကနေ၊ ဒုတိယအင်အားအသေးဆုံးပါတီဖြစ်အောင်မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်။ ကိုအောင်မိုးဇော်၊ ကိုခင်မောင်တင့် ဒီကိစ္စနဲ့ပက်သက်ပြီး ရုပ်ရုပ်လုပ်ရင် ဖြုတ်ပစ်ရမယ်။ ခေါင်းဆောင်မှုအသစ်တက်ဖို့ နောက်မှာ လူတွေတပုံကြီးတန်းစီနေတယ်။
ဒီအပတ်စနေနေ့မှာ တယ်လီကွန်းဖရက်စ်လုပ်မယ်...။ စိတ်ဝင်စားရင်လာတက်ပါ..။ ခိုးကြောင်ခိုးဝှက်တက်ပီးနားထောင်တာ လူကြီးလူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူးနော်...။ လာတက်ရင်မှုးအောင်တော့ မသောက်နဲ့...။ စကားပြောကောင်းရုံဆို ရပီ..။ ခါးမှာလည်း ဒုတ်တွေဓားတွေထိုးဖို့ မမေ့နဲ့အုံး...။
ကွန်းဖရက်နဲ့ပက်သက်ပြီးဆက်သွယ်ရန်-
ကိုမောင်မောင်ဦး
အီးမေး mgmgoo88@gmail.com
12/28/09
အုံးနှောက်မရှိတဲ့ First Eleven ဂျာနယ်အယ်ဒီတာ

မြန်မာပြည်ကမော်ဒယ်တွေ ၀တ်စားဆင်ရင်တာ ပြည်ပက မော်ဒယ်တွေနဲ့ယှဉ်ရင် ဆီနဲ့ရေလိုပေါ့။ သိမှာပါ။ မြန်မာမော်ဒယ်မ တွေဟာ လမ်းပေါ်မှာ အတွင်းခံ၊ ဘလာစီယာ နဲ့ ဟန်ရေးပြနေတာမှမဟုတ်တာ။ အလားတူ မြန်မာမိန်းခလေတွေ ပေါင်သား၊ ဗိုက်သားပေါ်တာ ဘာဖြစ်လဲ။ ဘာမှမဖြစ်ဘူး။ ပတ်ဝန်းကျင်ကို ထိခိုက်နေတာမှမဟုတ်တာ။ ဒါမျိုးလေးတွေရှိမှလည်း မြန်မာယောက်ျားတွေ Fresh ဖြစ်တော့မှာပေါ့။ မြန်မာ့ယဉ်ကျေးမှုကို နေရာတခါမှာ မြန်မာမိန်းခလေးတွေ ထိမ်းသိမ်းစရာမလိုပါဘူး။ သူတို့ကြိုက်တဲ့ အ၀တ်အစားကို၊ သူတို့ပိုက်ဆံနဲ့ဝယ်ပီးဝတ်တာ ခင်ဗျား..စောက်ပူပါလို့လား။ ခင်ဗျားငွေနဲ့ သူတို့ဝယ်တာမှ မဟုတ်တာ။ ရေးစရာမရှိ ကြံဖန်ပြီးရေးတယ်။ တခြားသတင်းရေးစမ်းပါဗျာ..။
ဒီခေတ်ကြီးမှာ မြန်မာမော်ဒယ်တွေဝတ်တာစားတာ၊ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် လိုတောင်လိုသေးတယ်။ မြန်မာမိန်းခလေးတွေဆိုတာ တချိန်လုံး ရင်ဖုံးနဲ့ နေရမှားလား။ မော်ဒယ်ရှိုးပွဲကို အမြဲတမ်း ဘီးစပတ်နဲ့ လျှောက်ရမှာလား အယ်ဒီတာမင်းခင်ဗျား..။ အခုရောက်နေတဲ့ခေတ်က ၂၀၁၀ ပါ…အယ်ဒီတာမင်း။ ထူးထူးခြားခြား မြန်မာမော်ဒယ်တွေနဲ့ ရွေးကောက်ပွဲတောင် လုပ်အုံးမယ်။ဘိုးတော်ဘုရားလေး ဘက်ထောက်တဲ့ ခေတ်မဟုတ်ပါဘူး။
နအဖအလိုကျတချိန်လုံး လျှောက်ရေး၊ လျှောက်ပြော မနေပါနဲ့တော့။
နအဖစစ်ဗိုလ်ချုပ်တွေကတော့ပြောပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပါတယ်လို့…။
သူတို့သားသမီးတွေကို အရင်ကြည့်ပါ…အယ်ဒီတာမင်း။ ပြည်တွင်းဖြစ်အ၀တ်အစားကို သူတို့သားသမီးများ ၀တ်ကြပါသလား။ အယ်ဒီတာမင်းရဲ့ သားသမီးများကိုယ်တိုင် အမြဲတမ်း ရင်ဖုံးနဲ့ ထမိန်ဝတ်ပြီး ပွဲလမ်းသဘင် သွားကြပါသလား။
မော်ဒယ်တွေ အ၀တ်အစားဝတ်တာဟာ မြန်မာအမျိုးသမီးတွေအတွက် အန္တရာယ်မဟုတ်ပါဘူး။
အဓိကအန္တရာယ်ကတော့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီဖြစ်ပါတယ်။ လူတွေကို စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုမရှိအောင်၊ ဘာသာရေးလိုလို ယဉ်ကျေးမှုလိုလိုနဲ့ ထင်ယောင်ထင်မှား တွေဖြစ် အောင် ၀ါဒဖြန့်မှုသက်သက်ပဲဖြစ်ပါတယ်။တကယ်တော့ ဒါတွေ ဟာ ခေတ်နဲ့အညီဖြစ်လာတာပါ။
တိုင်းပြည်အတွက် ဘာမှ အန္တရာယ်မဖြစ်ပါဘူး၊ အန္တရာယ်ဖြစ်နေတာက နအဖ ပဲဖြစ်ပါသည်။
အုံးနှောက်မရှိတဲ့အယ်ဒီတာမင်းတစ်ယောက်…ပေါက်ကရတွေ၊ ထင်ရောင်ထင်မှားဖြစ်အောင်လုပ်တဲ့ကိစ္စတွေကို ရှောင်ရှားနိုင်ပါစေ။
ဒိထက်အဆင့်မြင့်တဲ့မော်ဒယ်ပွဲတွေ ရောက်ပါစေ။
အတွင်းသားတွေ၊ အတွင်းအားတွေမြင်နိုင်ပါစေ။
မြန်မာမိန်းခလေးတွေ ယခုထက်ပိုမို ခေတ်မှီတိုးတက်နိုင်ပါစေ…။
၂၀၀၉-ခုနှစ်အတွက် အကောင်းဆုံးကဗျာ
သက်ခိုင်
ဒီဇင်ဘာ ၂၇၊ ၂၀၀၉
အကိုတို့ကိုအထင်လွဲ
အပြစ်တင် ဆဲ
မချင့်မရဲနဲ့
မ၀ံ့ရဲတဲ့ ညီမလေးရေ။
တမိုးထဲအောက်
တရေထဲသောက်
ယောက်ဖတို့ထမင်း
အကိုတို့ရင်တွင်း
အကြိမ်ကြိမ်သွင်းခဲ့ဖူးတယ်။
တောထဲမှာနေ
အဖော်တွေနဲ့လှုပ်ရှား
ဌက်ဖျားကြား
အမေကိုလွမ်း အိမ်ကိုမှန်းတဲ့
သူပုန်စစ်သားဖြစ်ဖူးတယ်။
နိုင်ငံခြားမသွား
ဒေါ်လာမစားတာလည်း
အခြားတော့မဟုတ်
ကိုယ်တို့အလုပ်
ဟုတ်ကိုမဟုတ်လို့ပါ ညီမလေးရယ်။
ပရောဂျတ်မတင်
ထောချက်မထွင်တာလည်း
တောဘက်အမြင်
ရောယှက်အစဉ်
ဘ၀အတွက်ပင်
အလှအသက်ဝင်နေတုန်းမို့ပါ ညီမလေးရယ်။
တရားတွေပျက်
အမှားတွေစွက်လည်း
ဘယ်သူ့မှအပြစ်မတင်
ဆက်လက်ချစ်ခင်
တက်မက်ခဲ့ရဖြစ်စဉ်တွေက
အသက်မက ထင်ရ
တော်လှန်နေရ
အကိုတို့ဘ၀မို့ပါ ညီမလေးရယ်။
(၂၅.၁၂.၀၉)
ဆရာသက်ခိုင်ရဲ့ ကဗျာကို ကျနော်တော့ ဒီအတိုင်းပြန်ခံစားတယ်။
အကိုတို့က ထူကိုထူနေ့လို့ပါ ညီမလေးရယ်
12/25/09
အမေရိက ပါတီ ဌာနခွဲကိစ္စနဲ့ပက်သက်ပြီးဒီလိုပြောချင်တယ်
၁) စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ ပါတီဌာနခွဲဖွဲ့မှ ဆန့်ကျင်လို့ရတာမဟုတ်ပါဘူး။
၂) ဌာနခွဲ ဖွဲ့ပြီးအလုပ်မလုပ်တဲ့လူတွေ တပုံကြီးပါ။ ဌာနခွဲမဖွဲ့ပဲ ထိထိရောက်ရောက် လုပ်နေတဲ့ လူတွေအောလပုံရှိတယ်။
၃) ဌာနချုပ်က ဘယ်လိုပဲမန်းဒိတ်ပေးပေး၊ မပေးပေး ကိုယ်လုပ်ချင်တာကိုလုပ်တာကောင်းတယ်။
၎) လုပ်တောင်မလုပ်ကသေးဘူး နေရာလေးယူချင်လို့ ဌာနခွဲပြန်ဖွဲ့မယ်။ ပြီးရင် တာဝန်ခံ၊ လုပ်ချင်တဲ့သူနဲ့၊ ဒု-တာဝန်ခံလုပ်ချင်တဲ့သူနဲ့ ရာထူးလေးက လိုချင်သေးတယ်။ ဒီလိုမျိုး ခေတ်မရှိတော့ဘူး။ တကယ်လုပ်ချင်တဲ့စိတ်ရှိရင် ဘာဌာနခွဲကိုမှ ဖွဲ့စရာမလိုဘူး။ လုပ်လို့ရတယ်။
၅) ဌာနချုပ်ကလဲ ကပ်စေးနည်းတယ်။ မလုပ်နိုင်တဲ့လူတွေကို မန်းဒိတ်ပေးတော့ ဘာရမှာလဲ။ လုပ်ချင်တဲ့စိတ်ရှိတဲ့သူတွေကို မန်းဒိတ်ပေးပေါ့။ မန်းဒိတ်ပေးရတာ ပါတီတခုလုံးရစရာမရှိအောင် မီးလောင်သွားတာမှမဟုတ်တာ။ စီအီးစီ၊ စီစီမှ ဆိုတဲ့ ခေတ်မဟုတ်တာတော့ သတိထားရမယ်။
12/24/09
ခရစ်မက်သီချင်း
ဒီအချိန်ဆိုရင် သူများတိုင်းပြည်တွေမှာ နှင်းတွေဖွေးဖွေးလှုပ်နေလောက်ပီ။ မြန်မာပြည်မှာအေးနေလောက်ပီ။ ဒါပေမဲ့ သြစတျေးလျနိုင်ငံ မှာတော့တမျိုးပါ။
စောက်ရမ်းပူတယ်။ အပူချိန် ၃၅ အနည်းဆုံး။ အပြင်တောင်မထွက်ရဲဘူး။ ထွက်တာနဲ့ အမဲသားနေလှန်းသလိုပဲ။ လေကလည်း စောက်ရမ်းတိုက်။ ယခုနှစ်ရာသီဥတုက အရင်နှစ်တွေနဲ့လုံးဝမတူဘူး။ ပူလိုက်အေးလိုက်နဲ့။ အရင်းရှင်တွေကြောင့်(သို့) ချမ်းသာတဲ့နိုင်ငံတွေကြောင့် ဒီလိုဖြစ်လာတာကို လူသားတွေအားလုံးခံစားနေရတယ်။ ချမ်းသာတော့ လူတစ်စုပဲ။ ဒါ မတရားဘူး။
အခုလို ခရစ်မက်ပြီးရင် ၂၀၁၀-ကူးတော့မယ်။ ၂၀၁၀-မှာ ဘာတွေအပြောင်းအလဲရှိဦးမလဲမသိဘူး။ ၂၀၁၀-မကူးခင် ခရစ်မက်ညလေးမှာ ချီးကျတဲ့ သူငယ်ချင်းတစုနဲ့ ဒီလိုမျိုးသီချင်းတွေတောင် ဆိုလိုက်ချင်သေးတယ်။
" ကြည်ကြည်လင်လင်... ချမ်းအေးလှတဲ့၊ ည..ဒီအချိန်ခါ..ကိုယ်တော်ရှင်ဟာ မီးပုံဘေးမှာ ကွေးနေတာ...ချစ်ဆွေရယ် စန္ဒယားကို တီပါတယ်...."
ဒါပေမဲ့ ဒီလိုဆိုဖို့အခွင့်အရေးကျနော့်မှာမရှိတော့ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းအေးလှတဲ့ ည..တွေအစား...ပူလောင်နေတဲ့ ညတွေကို ခရစ်မက်ကာလမှာ တွေ့နေရပြီလေ...။
သဘာဝပတ်ဝန်းကျင်ကိုချစ်ပါ။ ကမ္ဘာမြေကြီးကို ကာကွယ်ပါ။ ကွန်ဒုံသုံးပါ။
ဘာမှမဆိုင်ဘူးနော်...ဟဲ..ဟဲ..။
ဒေါ်စုမှာ အရည်အချင်းရှိလား
စစ်ဗိုလ်ချုပ်တစုကတော့လက်တွေ့ တိုင်းပြည်ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အရည်အချင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့အရည်အချင်းကို သူတို့ပြပီးပြီ။ နိုင်ငံရေးသမားတွေရဲ့ အရည်အချင်းကို ကျနော်တို့လက်တွေ့မမြင်ရသေးဘူး။ ဒီအထဲမှာ နာမည်ကြီးနေတဲ့ ဒေါ်စု၊ ကိုမင်းကိုနိုင် စတဲ့ လူတွေနဲ့ ပက်သက်ပြီး ဒီလိုတွေးမိတယ်။
ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်သက်တမ်းက ၁၀-နှစ်ကျော်ပါတယ်။ သူမအသက်လည်း ၆၀ နားကပ်နေပါပြီ…။ တပ်ထဲမှာလို ၆၀ ကျော်ရင် ပင်စင်ပေးရတော့မှာဖြစ်တဲ့အတွက်ကြောင့် ဒေါ်စုလည်းမကြာခင် ပင်စင်သွားခါနီးပြီ။ အကျယ်ချုပ်ခံနေရတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေတယ်။ ဒါ့ကြောင့် ဒေါ်စုအာဏာရရင်တောင် တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းမေးမိပါတယ်။ တခြားနိုင်ငံက ၊ နိုင်ငံရေးသမားတွေဟာ အကျယ်ချုပ်နဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး။ တချို့  တော့ရှိမှာပေါ့လေ။
ကိုမင်းကိုနိုင် နဲ့ အခြားကျောင်းသားခေါင်းဆောင်တွေ
သူတို့လည်းဒေါ်စုထက်အခြေအနေဆိုးတယ်။ ပညာက ရန်ကုန်တက္ကသိုလ်ကပေးတဲ့ ပညာတပိုင်းတစပဲရှိတယ်။ ထောင်ထဲမှာနှစ်ပေါင်းနှစ်ဆယ်နီးပါး အကျဉ်းကျခံနေရတယ်။ ထောင်ထဲက ပညာပဲရှိနိုင်တယ်။ အတွေ့အကြုံ လည်းမရှိ။ ပြည်ပအတွေ့အကြုံ။ တိုင်းပြည်အုပ်ချုပ်နိုင်တဲ့အရည်အချင်းရှိပါ့မလား။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာအရည်အသွေးတွေကော ပြည့်မှီရဲ့ လား။ ဆိုလိုတာက စိတ်ရောဂါလိုဟာမျိုးတွေပါ။
ဒါဆိုရင် ဘယ်လိုလူမျိုးတွေ တိုင်းပြည်တိုးတက်အောင်၊ အရည်အချင်းရှိရှိ လုပ်နိုင်ပါသလဲ တွေးကြည့်ရအောင်ပါ။
ပြည်ပနေတဲ့ လူတွေလား။
ပြည်တွင်းကလား။
စစ်တပ်ကလား။
တချို့ ခေါင်းဆောင်တွေက တော်လှန်ရေးကိုဦးဆောင်တက်တယ်။ နိုင်ငံရေးလုပ်တက်တယ်။ ဆိုလိုတာက တိုက်တက်တယ်။
တိုင်းပြည်တည်ဆောက်တဲ့အခါမှာ သူတို့မလုပ်တက်ဘူး။
တချို့ တွေက နှစ်မျိုးစလုံးမှာအရည်အချင်းပြည့်တယ်။
ဒါပေမဲ့ယနေ့ခေတ် မြန်မာ့နိုင်ငံရေးသမားတွေ လက်တွေ့တိုင်းပြည်မှာ သူတို့လက်ထဲအာဏာရရင်တောင် တိုင်းပြည်နဲ့ပြည်သူကို တိုးတက်ကြီးပွားအောင်လုပ်ပေးနိုင်ပါ့မလား။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးသမားတွေ အာဏာမရတာ နှစ်ပေါင်း ၅၀ နီးပါရှိပြီဆိုတော့ လက်တွေ့အတွေ့အကြုံနဲ့ အရည်အချင်း မရှိကြတော့ပါဘူး။
အဓိကပြသနာက ပြည်သူကို စားဝတ်နေရေး ကိစ္စတွေ ပူပန်စရာမရှိအောင် လုပ်ပေးနိုင်တဲ့အရည်အချင်း၊ တကယ်လုပ်ပေးတက်တဲ့အရည်အချင်း၊ ဒါတွေကို ယနေ့ခေတ်နိုင်ငံရေးသမားတွေ အာဏာရရင်တောင် လုပ်နိုင်စွမ်းရှိပါ့မလား။
တွေးကြည့်တာပါ။ ကျနော့် ယုံကြည်ချက်ကတော့ ကျနော်တို့ဘ၀တွေကိုဘယ်သူကိုမှ ယုံပြီး ပုံမအပ်သင့် ကြောင်းပါ။ အားလုံးကို သံသယနဲ့စောင့်ကြည့်တာပဲကောင်းပါတယ်။
12/23/09
မလေးရှားရှိ မြန်မာသံရုံးကို တခါတခေါက်..
မလေးရှားရှိသံတွေကာထားသော မြန်မာသံရုံးဝင်းထဲကို အလည်တစ်ခေါက်ရောက်ပါတယ်...။ ယခုမြင်တွေ့နေရတဲ့ နေရာကတော့ ဗီဇာဌာနဖြစ်ပါတယ်။ ဗီဇာလျှောက်ရင် အိမ်သာလိုနေရာမျိုးမှာ လျှောက်ရတော့ တော်တော်တိုး တက်ပါတယ်။ တခြားသံရုံးတွေလို လုံခြုံရေးတွေအဆင့်ဆင့်ကျော်ဖြတ်ရတာမျိုးမရှိပါဘူး။
သံရုံးဝင်းထဲက ကော်ဖီဆိုင်မှာ ထိုင်နေတုံးလက်ယားထားတာကို ရှု့ စားတော်မှုပါ။
မွဲချင်တဲ့ခွေးပြာပုံတိုးမှာပဲလို့...။
ဒီနိုင်ငံမှာ ဒီလောက်အခွင့်အလမ်းတွေပေါပါဘိနဲ့။ ကျောင်းတက်မလား။ အလကား။ နေမကောင်းဖြစ်လို့ ဆရာဝန်နဲ့ သွားပြမလား တပြားမှမကုန်ဘူး။ ကျောင်းတက်တဲ့အချိန်မှာ စားဖို့ လောက်ငှအောင်အစိုးရက ပေးသေးတယ်။ ဒီလောက်ကောင်းတဲ့အခွင့်အလမ်းတွေ မိခင်တိုင်းပြည်မှာတောင်မရှိဘူး။
ဒီလိုအခွင့် အလမ်းတွေကို ပစ်ပယ်ပြီး အများစုက ရရအလုပ်ကိုဝင်လုပ်တော့ တကယ်အံ့သြမိပါတယ်။ အသက် အရွယ်ကြီးရင့်သူတွေ ရရအလုပ်ဝင် လုပ်တာကို အပြစ်မပြောပါဘူး။ လူငယ်တွေအနေနဲ့တော့ တစုံတရာ အဆင့်အတန်းရှိတဲ့ ပညာတခုကို သင်ပြီးမှ လုပ်ငန်းခွင်ဝင်သင့်တယ်လို့မြင်မိပါတယ်။
တကယ်တန်းပြော ရရင်တော့စားဝတ်နေရေးအတွက်ကို အော်စီမှာ ပူစရာမလိုပါဘူး။ တကယ်လို့သာ ကျောင်းတက်ချင်တဲ့စိတ်၊ ပညာသင်ယူချင်တဲ့စိတ်တွေရှိတယ်ဆိုရင် အတိုင်းအတာတခုထိတော့ အောင်မြင် မှာပါ။ ရရအလုပ်ကိုဝင်လုပ်ပြီး အော်စီကမြန်မာလူငယ်အများစုဟာ ကားအသစ်ဆန်းဆန်းတွေဝယ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဖို့ လောက်အာရုံရှိပုံရပါတယ်။ သူတို့တွေဒီလိုဖြစ်တာကလည်း မိဘတွေ၊ ပတ်ဝန်းကျင်က မြန်မာလူကြီးတွေ ပညာမတက်ခဲ့လို့၊ ပညာကိုတန်ဖိုးထားရကောင်းမှန်းမသိလို့ဖြစ်တယ်လို့ ကောက်ချက်ဆွဲမိတယ်။
လူကြီးတချို့ ရဲ့  စိတ်ထဲမှာတောင် အော်စီနိုင်ငံသားတွေတောင် ရရအလုပ်လုပ်နေကြတယ်ဆိုတဲ့ အတွေးအခေါ်ဟာ လူငယ် တွေအထိရောက်သွားတယ်ထင်ပါရဲ့ ...။ လူငယ်အများစုကလာနဲ့နေရာက ဒုက္ခသည် စခန်းတွေကဆိုတော့ အင်္ဂလိပ်စာအခက်အခဲရှိတာလည်းပါပါတယ်။ သူတို့တွေ့ ဘူးတဲ့ ဘ၀က ကန့်တခုစာပဲရှိတယ်ထင်ပါရဲ့ ။ ဒီလိုနဲ့ပဲ အော်စီရောက်ပီး ၆-လလောက်ဆိုရင် မြန်မာလူငယ်တွေ အဆင့်မြင့် ပညာတွေသင်ယူဖို့လမ်းကနေခွာကြပါတယ်။ ငွေနောက်လိုက်ကြရင်း နိဂုံးချုပ်ပါတယ်။ အခွင့်အလမ်း ကိုတန်ဖိုးမထားတက်တော့ သူတို့အသက်ကြီးလာရင် အမိနိုင်ငံအတွက်တောင်မပြောနဲ့ သူတို့အတွက်တောင် အားကိုးရပါ့မလားဆိုတဲ့မေးခွန်းကို ကျနော်ခဏခဏ မေးဖြစ်ခဲ့ပါတယ်။
တနေ့မှာ ဂျီတော့က ညီမတစ်ယောက်နဲ့စကားပြောဖြစ်တော့ သူ့ရဲ့ ရည်မှန်းချက်နဲ့အခက်အခဲကို သိခွင့်ရပါတယ်၊ ဒါနဲ့ အော်စီက မြန်မာလူငယ်တွေရတဲ့အခွင့်အရေး၊ မြန်မာပြည်တွင်းက လူငယ်တွေရတဲ့အခွင့်အရေးတွေ ယှဉ်းပြီးစဉ်းစားမိတယ်။ နောက်ပီး ပြည်တွင်းက ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ လူငယ်တချို့ ရဲ့  ကျိုးစားချင် စိတ်နဲ့ အော်စီကလူငယ်တချို့ ရဲ့ ကားအသစ်ဝယ်စီးချင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုပါ ယှဉ်ထိုး ကြည့်မိတယ်။
ပြည်တွင်းက လူငယ်တွေဟာ ထမင်းနပ်မှန်အောင်မနည်းရှာစားနေရတယ်။ သူတို့နေ့တိုင်းစားတဲ့ ဆန်ကြမ်းနဲ့ ငပိရည်ဟာ သူတို့ဘ၀ကို ကျိုးစားအောင် တော်တော်များများအထောက်အကူပြုတယ်။ သူတို့နေမကောင်းတော့ ဆရာဝန်နဲ့မပြနိုင်ကြဘူး။ လမ်းထိပ်ကွမ်းယာဆိုင်က ဆေးမီးတိုနဲ့ ကွမ်းရွက်ကိုပြုတ်သောက်ပီး စာဖက်တယ်။ ညဖက်မီးမလာတော့ ရေနံဆီမီးခွက်ကလေးထွန်းပီး သန်းကောင်းယံထိ စာကျက်တယ်။ ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ ကျောင်းစရိတ်ကို မိဘကမတက်နိုင်တော့ ကျောင်းအားရက်မှာ ပန်ရံလူကြမ်းနဲ့ ရတဲ့အလုပ်ကို ၀င်လုပ်ပြီး ပညာကိုကျိုးစားသင်ယူတယ်။
နအဖ ပညာရေးစနစ်ဟာ ၁၀-တန်းအောင်၊ ဘွဲ့ ရရင်တောင်ဘာလုပ် ရမှန်းမသိတဲ့ပညာလို့တောင် ခေါင်းထဲ မထည့်ဘူး။ မိဘနဲ့ကျောင်းသားတွေဟာ ပညာတက်ဖြစ်ဖို့ဆိုတဲ့ရည်ရွယ် ချက်ပဲရှိတယ်။ သူတိုမှာ ကိုယ်ပိုင်ကား စီးဖို့ဆိုတာအိမ်မက်ပဲ။ အဓိက အဆင်ပြေပြေနေနိုင်ရင်တော်ပါပြီဆိုတဲ့ လူငယ်တွေများတယ်။ အောက်ခြေအိမ် ထောင်စုတိုင်းက ဒီလိုပါပဲ။ ဒါပေမဲ့ သူတိုမှာ ကျိုးစားချင်စိတ်ကအပြည့်ပဲ။
ဒီလိုဘ၀တွေကို ကင်းကွာနေတဲ့ အော်စီရောက်မြန်မာလူငယ်တွေ ပျက်စီးသွားတာတော့မဖြစ်နိုင်ပါဘူး။ တခုခုတော့မှားနေတယ်ဆိုတာကို သူတို့လည်းသိပုံမရဘူး။ ဘ၀လည်းမေ့တယ်လို့ပြောမရတဲ့ကိစ္စဖြစ်နေတယ်။ ဒါဆိုရင် ပြည်တွင်းကလူငယ်တွေကတောင် အခွင့်အလမ်းမရှိ၊ အခက်အခဲတွေပြည့်နေတဲ့လမ်းပေါ်မှာတောင် ပညာတက်ရေးကိုဦးစားပေးနေကြတယ်။ သြစတျေးလျမှာ နေတဲ့ ကျနော်တို့လူငယ်တွေဟာ ပိုလို့တောင် ကျိုးစားခွင့်၊ အခွင့်အလမ်းတွေ တပုံကြီးရှိနေတယ်။ ဒါကိုမှနားမလည်ကြရင်တော့ ဒီလိုပဲပြောရတော့မယ်။
12/22/09
ယခုခေတ်ယူဂျီသမားသည်၊ ယူဖို့အတွက်ဂျီကျမည်၊ ဂျီကျပြီးထပ်ယူမည်
ဗိုက်ကြီးပူအဖွဲ့(ဗကပ) အဖွဲ့ ကစသည်။
၂၀၀၉-ခုနှစ် IT ယူဂျီသမားဖြစ်ရေးအထိ လက်တွဲခေါ်ပေးတဲ့ အဖွဲ့ဆိုလည်းမမှား။ ဟိုတုန်းကတော့ မသိဘူး။ စိတ်လည်းမ၀င်စားဘူး။ ယူဂျီဆိုတာဘာလဲ။ မြေအောက်ဆိုတာဘာလဲ။ တခုပဲအတွေးထဲမှာရှိတယ်။ မြေအောက်ဆိုတာ မကောင်းတဲ့ လူတွေလုပ်တဲ့အလုပ်ဆိုတာ။ နအဖ လက်အောက်မှာဖြစ်ခဲ့တဲ့ဘ၀။
ယူဂျီသမားတွေနဲ့စကားပြောဖြစ်တော့ တချို့ သတိထားမိတယ်..။
“သူတို့ပိုက်ဆံဘယ်လောက်ပေးလဲခင်ဗျ” လို့ မေးမိတယ်။
NLD ပြည်တွင်းက ယူဂျီသမားပြောတာက-
“ငွေတော့ တောင်းသလောက်ပေးတယ်”
“ဘာတွေလုပ်ရလဲဗျာ” လို့ထပ်ပြီးစပ်စုတယ်။
“သူတို့(နယ်စပ်) ခိုင်းတာပေါ့ဗျာ..ဟိုလူနဲ့သွားတော့..ဒီလူနဲ့သွားတွေ့ ။ ပြီးရင် နယ်စပ်ပြန် သတင်း ပို့…အီး မေးပို့ပေါ့တဲ့..ဂျီတော့နဲ့ပိုမိုက်တယ်”
“ဒါနဲ့..ခင်ဗျား ပြည်တွင်းမိသားစုထမင်းစားဖို့ ဘာအလုပ်လုပ်လဲဗျ…” လို့ ထပ်ပီး စုံစမ်းတော့…
“ယူဂျီလုပ်စားတယ်လေဗျာ..ဒါက အလုပ်လုပ်စားထားတာထက်ပိုကိုက်တယ်”
ဟိုက်ရှာပါး...သူပြောမှ ပိုရှင်းတယ်...။ ကောင်းပါ့ဗျာ..။
သူက ယူဂျီလုပ်စားတယ်။ နယ်စပ်က တချို့ ကလည်း ယူဂျီလုပ်စားတယ်..။ ယူဂျီကို ယူသုံးလိုသဘောထားတယ်။ ဒါမှ နယ်စပ်လည်း ဗကပ(ဗိုက်ကြီးပူ) ဖြစ်တာပေါ့။
ဂျပန်ခေတ်ယူဂျီက ဒေါ်လာမစားဘူး။ ၂၀၀၉-ခုနှစ် ဂျီတော့ယူဂျီက ဒေါ်လာနဲ့ အသက်မွေးတယ်။
အင်း…ကောင်းလေစွ..ငါလည်း…ဂျီတော့ယူဂျီဖြစ်ချင်လိုက်တာ…။
ကိုညီညီအောင်ရဲ့ ဘောကို မသင့်သူများ
ကိုညီညီအောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီစာကိုရေးပါတယ်။ သူ့ရဲ့ လုပ်ရပ်က တကယ့်ကို လေးစားအတု ယူဖွယ်ကောင်းပါတယ်။ အဖမ်းခံမှာကို သိသိနဲ့ ပြည်တော်ပြန်ခဲ့တယ်။ ဂျင်ဝက်များထပ်ပြီး ကယ်ထုတ်လေ မလား ဆိုတဲ့ အတွေးများရှိရင်လည်း ရှိမှာပါ။ ဘာဘဲ ဖြစ်ဖြစ် သူ့လုပ်ရပ်မှန်လေစွ။
အမေရိကန်ပြည်ထောင်စုမှာ မြန်မာ့နိုင်ငံရေးကြွတက်လှုပ်ရှားသူတွေ သောင်းကျော်ရှိတယ်။ အဖွဲ့အစည်း ပေါင်းစုံက လူတွေ၊ နိုင်ငံရေးအကျဉ်းကြွားဟောင်းတွေ၊ စသဖြင့် တပုံကြီး ရိုက်သက်လို့ မကုန်အောင်များတယ်။ အကြောင်းအမျိုးမျိုးနဲ့ ရောက်တဲ့ တောင်ကျော်၊ တောင်ဖြတ်တွေလည်း တထောကြီး။ ABSDF နဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတွေ တလှေကြီး။ သူတို့အများစုက ကိုညီညီအောင်လို အမေရိန်ကန်နိုင်ငံ သားဖြစ်ကုန်ကြပီ။ Australia မှာလည်း ဒီလိုလူတွေ အိမ်ဝယ်ပြီး၊ သူတို့အမျိုးတွေကို ကန့်ထဲဝင်၊ ပြီးရင် Australia နိုင်ငံရောက်အောင်လုပ်ပေးနေကြတယ်။
အင်တာနက်၊ ဘလော့ဂ်၊ ရေဒီယို၊ အွန်လိုင်းတွေမှာ သူတို့သည်လေပေးကြသည်။ အရက်ဝိုင်းမှာ ငြင်းခုံကြသည်။ လူများရင် ငါ…ဆိုတာ ဘာကောင်လည်းထုတ်ပြောသည်။ ငါ..အရင်တုန်းက ခွေးအိပ်တောင်တိုက်ပွဲ၊ မာနယ်ပလောမှာ ဘယ်လိုမျိုး ပြေးခဲ့ရတယ်။ စတဲ့ လေ..တွေ တံတွေးကုန်အောင်ပြောသည်။ တခြားသူတွေဟာ သူ့တို့လောက် မလုပ်ခဲ့ဘူးလို့ စောက်ရှက်မရှိပြောသည်။ မတူမတန်သလိုဆက်ဆံတယ်။ ပြိုင်စရာမရှိ ကြံဖန်ပြိုင်တယ်။
အခုတော့…ကိုညီညီအောင်လို..ပြည်တွင်းကို လေယျာဉ်စီးပြီး အမေရိကန်၊ သြစတျေးလျက လူတွေ သွားကြပါလား။ တစ်ယောက်ပီး၊ တစ်ယောက် သွားရင် အမေရိကန်နဲ့ သြစီလည်း မနေသာတော့ဘူးပေါ့။ ဘာ့ကြောင့် အဲလိုတိုက်တွန်းရလဲဆိုတော့ ABSDF၊ ၈၈ မျိုးဆက်၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ NLD စတဲ့လူတွေဟာ လေစိမ်းမတိုက်ပဲ..တကယ်လုပ်ကြရင်ကောင်းပါ့ဗျာ…။ အင်တာနက်မှာ လေပေးနေတာလောက်တော့ လူတိုင်းလုပ်နိုင်ပါတယ်။ ကိုညီညီအောင်လို သတ္တိရှိတဲ့ စိတ်ဓာတ်မျိုး ရှားတယ်။ အခုဆိုရင် စစ်ခွေးတိုက်မှာ တစ်ယောက်ထဲ..အင်တာနက်လည်းမရ၊ ဘလော့ဂ်လည်းမရေးနိုင်၊ ဘီယာလည်းမချနိုင်…။ စစ်ခွေးကိုက်တာ၊ ဟောင်တာကို ချောင်ပိတ်ခံရဲတဲ့ သတ္တိ။ ဒါကိုလေးစားတယ်။ အမေရိကန်ကနေ အင်းစိန်ထောင်ထဲကို တစ်ယောက်တည်းသွားရဲတယ်။
သူ့လိုမျိုး မြန်မာနိုင်ငံဖွား၊ Australia နဲ့ US နိုင်ငံသားတွေ သွားရဲတဲ့ သတ္တိရှိလား။ ကျနော်အပါအ၀င် No လို့ဖြေရတော့မယ်။ သံရုံးရှေ့ မှာ ဆန္ဒပြတာ၊ ဟိုအရှေ့ မှာ၊ ဒီအရှေ့  မှာလှန်ပြ..တာသတ္တိမဟုတ်ဘူး၊ စွန့်လွှတ်မှု့ မဟုတ်ဘူး။ ပြည်တွင်းက ပြည်သူတွေနဲ့ တသားတည်း ဒုက္ခခံ ဆင်းရဲခံရဲတဲ့စိတ်ဓာတ်သာလျှင် လေးစားဖွယ်ကောင်းတယ်။ ဒါကိုကိုညီညီအောင်အခုလက်တွေ့လုပ်ပြနေတယ်။ အမေရိကန်က တော်လှန်ရေးသမားကြီးတွေ၊ သြစတျေးလျနိုင်ငံကတော်လှန်ရေးသမားဟောင်း ကြီးတွေ ကိုညီညီအောင် ခြေဖျားတောင်လိုက်မမှီဘူးလို့ပြောရတော့မယ်။
အထူးသဖြင့် မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား၊ သြစတျေးလျနိုင်ငံသား လွှတ်တော်အမတ်ကြီးတွေ၊ ပညာရှင်ကြီးတွေ ကိုညီညီအောင် ရဲ့ ဘောကို ခဏခဏ..မသင့်တယ်။
နောက်ပီး ပြည်ပနဲ့ နယ်စပ်လူ့ဘောင်သစ်ပါတီက လူတွေ......စသဖြင့်....။
12/21/09
Animal သင်္ကေတ


မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ သင်္ကေတကိုကြည့်ပါ။ ခွပ်ဒေါင်း၊ ကဒေါင်း သုံးကြတာများတယ်။ အသေခံခွပ်တဲ့ စိတ်ဓာတ်ကိုသဘောကြတယ်။ ဒါပေမဲ့ Animal ကို၊ လူတွေထက်ပိုလေးစား၊ အတုခိုးနေတယ်။ ဒါဟာ Animal ကို ကိုးကွယ်တာပါ။ တခြားသင်္ကတ ရှာဘို့ မကြိုးစားတာလား။
မြန်မာစစ်အစိုးရက ခြင်္သေ့ ကိုကြိုက်တယ်။ ဒါလည်း အုံးနှောက်မရှိ၊ စကားမတက်တဲ့ Animal ပဲ။ ဒါ...ကိုးကွယ်တာဟာ ကြမ်းတမ်းရင့်ရော်တာကို အတုခိုးတာလား။
ကိုမိုးသီးဇွန် ဘလော့ဂ်မှာလည်း We are Lions လို့ရေးထားတယ်။ သူတို့လည်း Animal ကို အားကြ၊ အတုခိုး၊ Animal လုပ်သလို လုပ်ကြတော့မယ်ထင်တယ်။
တခြား Options ကိုမြန်မာတွေရွေးသင့်တယ်။ အထူးသဖြင့် လူ..ကို အားကြတဲ့ ဂုဏ်ယူစိတ်ပေါ့။
Australia နဲ့ နယူးဇီလန်နိုင်ငံတွေက သူတို့နိုင်ငံရဲ့ အမှတ်သင်္ကေတကို Kangaroo နဲ့ ကီဝီ ကိုသုံးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ Animal တွေက တခြားနိုင်ငံမှာ မရှိတဲ့ Native Animal ဖြစ်တယ်။ သူတို့ တိုင်းပြည်မှာပဲရှိတယ်။ ဒါ...ကို ဂုဏ်ပြုတယ်။ ဒီ Animal တွေရဲ့ စိတ်ဓာတ်၊ လုပ်ဟန်ကို Australia နိုင်ငံသားတွေ၊ နယူးဇီလန်နိုင်ငံသားတွေအတု မခိုးကြဘူး။ ဘာ့ကြောင့်လဲဆိုတော့ Animal က လူလောက်အသိညာဏ်မရှိလို့တဲ့ဗျာ.....။
12/20/09
ခင်ဗျားရဲ့ ၊ စိန်တွေ၊ ရွှေတွေကို ချွတ်ထားခဲ့ပါ
အခါကြီးနေ့ကြီးတွေဖြစ်တဲ့ ရေလောင်းပွဲ၊ ကထိန်ပွဲ စတဲ့နေ့တွေမှာ ဘုန်းကြီးကျောင်းတွေမှာ စည်စည်ကားကား လုပ်တယ်။ စားကြပွားကြ။
ပျော်စရာပါ။ သတင်းတွေဖလှယ်ရင်း၊ အတင်းတွေလည်းပွားကြပါ။ဒီလို ဘာသာရေးနေ့ကြီး ရက်ကြီးတွေရဲ့ ရည်ရွယ်ချက်၊ ဘာ့ကြောင့်လုပ်ရတယ်ဆိုတာကို လူတွေအကြမ်းဖျင်းနားလည်မှာပါ။
ဒါပေမဲ့ လူတချို့  (သို့) အများစု အကြွားထူတယ်။ ဒီလိုပွဲမျိုးကို အခွင့်ကောင်းယူပြီး၊ မရှိမဲ့ ရှိမဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ကြွားတယ်။ လည်ပင်းက ရွှေ၊ လက်က စိန်လက်စွပ်၊ ကားက သိန်းကျော်တန်၊ သားက ဘာဖြစ်တယ်၊ ငါ့ အိမ်က ဘယ်လောက်တန်တယ်.....စသဖြင့် ပါးစပ်က ထုတ်မပြောပေမဲ့...ဒီလိုမျိုးရှိတယ်။ အော်စီက မြန်မာတွေ ရဲ့  ဘ၀ အခြေအနေ။ ဘုန်းကြီးကျောင်း မှာ တွေ့ရတဲ့အခြေအနေ။
စနေအသင်း။ ခရာစ်ယန်ဘာသာဝင်တွေရဲ့ ကျောင်း ကိုရောက်တော့ တညီတညာတည်း မြန်မာပြည်က ကချင်၊ ကယား၊ ချင်း၊ မွန် စတဲ့ လူတွေဝတ်ပြုဆုတောင်းနေကြတယ်။ သူတို့ရဲ့  ဘုရားရှစ်ခိုးကျောင်းကိုလာချင်ရင် ဒီလိုမျိုးစည်းကမ်းတွေလိုက်နာရတယ်။
၁) မိမိ ကိုယ်ခန္ဒာမှာ ၀တ်ထားတဲ့ ရတနာရွှေငွေတွေကို ဘုရားကျောင်းလာရင် ချွတ်ထားခဲ့ပါ။
ဒီလိုစဉ်းစားမိတယ်..
Perth က မြန်မာ ဘုန်းကြီးကျောင်းတွေ၊ မြန်မာပြည်က ဘုန်းကြီးကျောင်းတွေ၊ ကမ္ဘာအရပ်ရပ်က မြန်မာဘုန်းကြီးကျောင်းတွေကိုလာတဲ့ လူတွေ မိမိရတနာ၊ လက်ဝတ်လက်စားတွေကို ချွတ်ထားကြရင် သိပ်ကောင်းမှာပဲ။
12/16/09
တပ်မတော်သားတွေ ဆင်းရဲတွင်းနက်နေပြီလား
တခါမှမလုပ်ဘူးလို့ စမ်းကြည့်တယ်...။ အခုတော့ တွေ့ပါပြီ...။
ငါးခါမက ခေါ်တယ်။ ဆွေးနွေးပွဲသာပီးသွားတယ်။ ကိုယ့်အတွက် ခွင့်မပြုဘူး။ သူတို့အကြိုက်လုပ်စေတယ်။ ကြေငြာတုံးက တိုက်ရိုက်ဆိုပီး။ အခုတော့ စောက်တလွဲ။ သူတို့တင်တဲ့ ခေါင်းစဉ်နဲ့ မေးတာက တခြားစီ။
စောက်ရူးတွေ။ စတာလင်ပေါင်တစ်ရက်စာ ရဖို့လောက် စဉ်းစားနေလားမသိဘူး။ ကိုရင်မောင်အသံ လည်းကြားရတယ်။
ခေါင်းစဉ်က...ဗိုလ်ချုပ်တွေထားစရာမရှိချမ်းသာတယ်။ အောက်ခြေတွေငတ်နေတယ်။ ဒါကို ဆွေးနွေးတာ။ တကယ်တမ်းလုပ်တော့ တလွဲ။
လီးပဲ...ဘီဘီစီ..မြန်မာပိုင်း..
2009 .ဒီဇင်ဘာလ ၁၆-ရက်နေ့ညပိုင်းအစီအစဉ်ကိုပြောတာပါ။
မြန်မာပြည်က တပ်မတော်သားတွေလည်းမပါ။
ရှစ်စောက်ရေးမပါတဲ့အစီအစဉ်...။
လီးပဲ...အာလုံးကို။
အစီအစဉ်နဲ့ ဆွေးနွေးပွဲကိုဦးဆောင်သူတွေကို အထူးသဖြင့် ဆဲတယ်။ အချိန်ကုန်ခံပြီးစောင့်တာ အလကားပဲ။
ဆရာအီကြာကွေး..ကွေးသွားပါပြီ..။
အခုဆရာကြီး အီကြာကွေးသေတော့မှ အင်တာနက်မှာ ဂုဏ်ပြုတယ်..။ ဘာ့ကြောင့်များမသေခင်တုံးက သူအားရှိအောင် မချီးကျူး၊ မရေးကြလဲ။ သေတော့မှရေးတော့ ဘာအကျိုးရှိမှာလဲ...။ ပေါက်ကရ လူတွေ..။ စောက်သုံးမကျတဲ့လူတွေ။ တချို့ ကိုပြောတာပါ။
မသေခင်မှာပြော..။ ချီးကျူး..ရေး..။ ဒါဆိုရင် လိုရင်းကိုထိရောက်တယ်။
သေသွားရင် သူ့အုတ်ဂူကို နှစ်ရှည်ခံအောင် လုပ်ပေး..။ ဒီလောက်ဆိုရင် သေတဲ့လူအတွက် လုံလောက်ပီ..။
နောက်ဆိုရင်...ဒီလူတွေထပ်လာမယ်..။
ဒေါ်စု၊ ဦးအောင်ရွှေ၊ အဘဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ ကိုမိုးသီး၊ စတဲ့လူတွေလူတွေ..လာမယ်။ သေလိမ့်မယ်။ အခုကတည်းက သူတို့အတွက် ဘာလုပ်သင့်လဲဆိုတာ စဉ်းစားသင့်တယ်။
သေတော့မှ ချီးကျူးတယ်ဆိုတာ စောက်ရှုးတွေလုပ်တဲ့အလုပ်ပဲ..။
12/15/09
Song for Burma
မြန်မာစာ၊စကား၊ အစားအစာကို အရမ်းကိုမက်မောလွန်းလို့..ကိုကျော်ခင်အစား...ကိုမြန်မာခင်....လို့ပေးရပါမယ်။ သူ့ဆီမှာ ထူးခြားတာတွေအများကြီးရှိပါတယ်။ နှစ်ပေါင်း ၃၆-နှစ်ရှိပြီဖြစ်တဲ့ မြန်မာလယ်ကတုံး၊ ရခိုင်ပုဆိုးနဲ့၊ ပုသိမ်ထီးလည်းရှိပါတယ်။ Perth မှာစတင်အခြေချကတည်းက သူယူလာခဲ့တဲ့ပစ္စည်းဖြစ်ပါတယ်။ အခုလည်း ဒီပစ္စည်းတွေနဲ့ အတူ သူ့ဘ၀ကို သူ...အမြတ်တနိုးထိန်းသိမ်းနေတုန်းဖြစ်ကြောင်း...။
လေးစားပါတယ်...ရဲဘော်ကြီး။
ုမြန်မာလို သူ့ရဲ့ သီချင်းကိုအောက်ပါအတိုင်းခံစားနိုင်ပါတယ်..
တကယ့်အဖြစ်မှန်တွေကို...ပြောပြဖို့...ဒီသီချင်းကို...သီဆိုနေပါတယ်...
မြန်မာ...ပြည်သူလူထုတွေ...သေနတ်ပြောင်းတွေရဲ့ ...ရှေ့ မှာ...ရင်ဆိုင်
ချီတက်...နေကြတယ်...မကြာလှတဲ့...တနေ့မှာတော့....တစ်ကမ္ဘာလုံးက
အဖြစ်အပျက်...အားလုံးကို...သိလာကြာမှာပါ....
တိုက်ပွဲက မပြီးသေး...စစ်ပွဲများက...ဆက်ကာ...ဆက်ကာ....ဖြစ်နေဆဲ....
လူတိုင်းဟာ....စစ်အာဏာရှင်တွေရဲ့ ...ချုပ်ကိုင်မှုကို...ခံနေကြရ...သေးတယ်....
ဒီစစ်ခေါင်းဆောင်တွေက....သူတို့ရဲ့ ....သေနတ်တွေကို.....ဖိနှိပ်ဖို့အတွက်...
ဆက်သုံးနေဆဲ....ကျေးဇူးပြုပြီး....မြန်မာနိုင်ငံသားများ...မမေ့ထားပါနဲ့....
တိုက်ပွဲက မပြီးသေး....စစ်ပွဲများက...ဆက်ကာ...ဆက်ကာ....ဖြစ်နေဆဲ
ခင်ဗျားက....ဒီမိုကရေစီ...အကြောင်းပြောရုံလေးနဲ့....ထောင်ထဲမှာ....တစ်သက်လုံး....နေသွားရလိမ့်မယ်...
ခင်ဗျား....စိတ်ထဲမှာရှိတဲ့...အတွေးတွေကိုသာ....သိသွားခဲ့ရင်....နေရာမှာတင်...
ပစ်သက်ခံနိုင်တယ်....ဒီဆိုးရွားတဲ့...စစ်အာဏာရှင်တွေကတော့...အလိမ်...အညာတွေနဲ့....
အားလုံးကို...မှိုင်းတိုက်နေတုန်းပဲ....
ဒါပေမဲ့...ခင်ဗျားကို....ကျွန်တော်တိုံ..အားလုံးသာ...ဒီအဖြစ်အပျက်တွေကို....ရဲရဲဖွင့်ဟ
ဖော်ထုတ်ကြမယ်ဆိုရင်....ဒီအဖြစ်ဆိုးတွေကို....ကျော်လွန်ဖြတ်သန်းကာ....
ဒီမိုကရေစီ....ရှင်သန်...လာပါလိမ့်မယ်....
ဘာသာပြန်သူ....ကိုထက်အောင်(88 Gen)
12/12/09
မြန်မာပြည်မှာ နေရတာ ကောင်းတယ်
ဂွေးသီးချဉ်စပ်၊ ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်းထဲထည့်
အဖုံးမပါ ဘာမပါနဲ့ လေဓာတ် ရေဓာတ် နေဓာတ်ကို သဘာဝကျကျ ရယူထားတဲ့ မြန်မာကြိုက်
သွားရည်စာလေးတွေ။ ဘာ မဆလာတွေသုံး၊ ဘာ အရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ
သုံးထားလည်းတော့ မသိဘူး။
ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင်
ပါချင်ပါဦးမှာ။ ဘယ်လောက် သဘာဝနဲ့ နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။
တွေဝေမနေနဲ့ တရုတ်တန်းသွား တုတ်ထိုးလေး စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး
အမွှေးတောင် စားမရလို့ ချန်ထားရတာ။ ဘာနဲ့ သေလို့ သေမှန်းမသိတဲ့ ဝက်တွေလည်း
ပါချင်ပါဦးမှာပဲ။ အရသာ ရှိလေစွ။ မနေ့က တနေ့က ရောင်းမကုန်တဲ့ အသားတွေလည်း
ရောထည့် မူးမူးနဲ့ တွယ်သာ တွယ်လိုက်။ ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။
တုတ်ထိုးစားပြီး အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး ဝယ်သောက်လိုက်ဦး။
ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့ သံပုရာသီး
ဖျော်ရည်လေးကို ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊
အခါတစ်သောင်းလောက် ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။
မော့ပေရော့ လတ်လတ်ဆတ်ဆတ်။ တော်ပြီလား ကြံရည်လေးလည်း သောက်သွားဦး။
ယင်ကောင်ကတလောင်းလောင်းနဲ့ အဖတ်စစ်တဲ့ အဝတ်က ဘယ်နှစ်ရက် မလျှော်ဘဲထားတဲ့
လက်နှီးစုတ်မှန်း မသိဘူး။ ကြံတွေ ဘယ်က ယူလာသလဲ ဆိုတာလည်း ကြည့်လိုက်ဦး
ခြေနင်းပတ်မှာ ပိုးလိုးပက်လက်။ မြေဓာတ်ကို အပြည့်အဝ ယူထားတာ။ ရလား စင်္ကာပူမှာ။
ကြာပါတယ် အဆင်ပြေတုန်း လက်သုပ်စုံလေးပါ ဆွဲလိုက်။ ကားတွေက ဘေးနားမှာ တဝီဝီ၊
လက်တဝါးစာ ထိုင်ခုံပေါ်က ကျွံထွက်နေတဲ့ဖင် ကားနဲ့ မချိတ်မိရင် ကံကောင်း။ အမယ်
ငရုတ်ဆီတွေများ ဘယ်သူက တားထားထား စားနေကြတာက တရွှဲရွှဲနဲ့ နီရဲနေတာပဲ။
နယ်ဖတ်နေတဲ့ လက်ကြီး ကြည့်ပြန်တော့ ဂျုံနယ်သမား လိုပဲ။ တခါနယ်ပြီးတိုင်း
ပလုံဆို ဘေးနားက ရေပုံးခပ်စုတ်စုတ်ထဲ လက်ကို ဆင်းစိမ်လိုက်သေးတယ်။ ပြီးရင်
ဂျီးဗလပွနဲ့ လက်နှီးစုတ်ကို သုတ်တယ်။
ကံကောင်းရင် အန်တီ နှံ့နှံ့လေး
နယ်ပေးနော်။ ဒါမှ စားကောင်းတာဆိုတဲ့ သောက်ပျင်းထူထူ မိန်းမတွေကို
စားရင်းသောက်ရင်း ငေးလို့ရသေးတယ်။ ဒါပေမယ့်လည်း အဲလိုနေရာတွေ သိပ်ကြာကြာမနေနဲ့။
လူဗွက်ပေါက်နေတဲ့ လမ်းတလျှောက် ကြော်လှော်နေကြတဲ့ ဆီပူအိုးတွေ
ဆီပူအိုးတွေဆိုတာ။ ဖိုင်နယ်ဒစ်စတီနေရှင်း နောက်ဆက်တွဲတွေ မြန်မာပြည်မှာ
ရိုက်ကောင်း ရိုက်နေရဦးမယ်။ အိမ်ပြန်တဲ့အခါလည်း လမ်းလျှောက်ပြန်ဖို့တော့
မစဉ်းစားနဲ့။ ကားပေါ်ကနေ ပြစ်ခနဲ ထွေးလိုက်တဲ့ ကွမ်းသွေးတွေ သလိပ်ဖတ်တွေ
ထိနေမယ်။ လိုင်းကားလေးနဲ့ပြန်။ ကားနဲ့ ပြန်တယ်ဆိုပြီးတော့ ဟိုဟိုဒီဒီ
လျှောက်မကိုင်နဲ့ဦး၊ သူများရဲ့ ပီကေဖတ်တွေ၊ ချွဲတွေ လက်မှာ ပေကုန်မယ်။
အိမ်ပြန်ရောက်ရင် ညဘက် အင်စတန့် ကော်ဖီလေးလည်း သောက်လိုက်ဦး။ ဘာဓာတ်တွေ
ဘယ်လိုအချိုးနဲ့ ပါနေမှန်းတော့ မသိဘူး။ သောက်ကောင်းတာပဲ။ သေကာမှ သေရော။
ကြော်ငြာထားတာတွေကလည်း အလွန်။ မျိုမချပါနဲ့ ငုံထားပါ ဆိုလား ဘာလား။ ထားတော့
ကော်ဖီမကြိုက်ရင် ဘီယာဆိုင်သွား။ အိမ်မှာနေလဲ မီးပျက်နေမှာပဲ။ မထူးဘူး
လင်းလင်းချင်းချင်း ရှိတဲ့ ဘီယာဆိုင်လေးသွားပြီး အချိန်ဖြုန်းလိုက်။ တစ်ခွက်
၇၀၀ သောက်လိုက်စမ်းပါ ၆ခွက်လောက်တော့။ ဘာအရေးလဲ။ အသားကင်တွေ စားရင်
ကင်ဆာဖြစ်တယ်ဆိုတာ မိုးလုံးပြည့် မုသာဝါဒတွေပဲ ဖြစ်မှာပဲ။ ဒီတော့ ဝက်နံကင်လေး၊
ကြက်ဖင်ဆီဖူးကင်လေး၊ ငါးကင်လေး နဲ့ ဆွဲပစ်လိုက်။ အချိန်မတော် ပြန်လာလို့ အိမ်က
တံခါးမဖွင့်ပေးဘူးလား။ အနှိပ်ခန်း သွားအိပ်လို့ ရသေးတယ်။ မှိုလိုပေါက်နေတာ
ဘာအရေးလဲ။ ဝါသနာပါရင် ဝါသနာပါရင်.. အင်း အခန်းထဲ ထမင်းဟင်း မှာစားလို့
ရသေးတယ်လို့ ပြောမလို့။ ကဲ အိမ်ပြန်ရောက်ပြီး စာအုပ်လေးဖတ်ရင်း
ခံတွင်းလေးဟာလာရင် လက်ဖက်သုတ်လေး ဝါးချင်ဝါးလို့ ရသေးတယ်။ အောင်မလေး ဆိုးဆေးတွေ
စိမ်ဆေးတွေဆိုတာ အခုမှ ကြောက်နေကြတာ ကိုယ့်လူ။ တမြန်နှစ်က ကျုပ်ကြီးတော်ကြီး
သေတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။ ဒီလိုပဲ ဘာမှ မသိသေးတော့ သေရိုးသေစဉ်ပေါ့။
မြေချတော့တောင် သူကြိုက်တတ်တဲ့ လက်ဖက်လေး ထည့်ပေးလိုက်သေးတယ်။
လက်ဖက်သားလေးတွေဆိုတာ ဝင်းလို့။ အညွန့်လေးတွေဆိုတာ တောင့်လို့ ကော့လို့။
အလောင်းပြန်တူးပြီး တရားစွဲရ အခုဆို နိုင်ချင်နိုင်ဦးမှာပ။ ဘာအရေးလဲ။
ကိုယ်ကြိုက်တာလေးစားပြီး သေသွားတာ ကျေနပ်စရာကြီး မဟုတ်ဘူးလား။ နိုင်ငံခြားမှာ
အဆင့်ဆင့် စစ်ဆေးမှုတွေနဲ့ စည်းကမ်းတွေက တင်းကျပ်၊ စနစ်တွေက မြင့်မား
ခင်ဗျားတို့ စားချင်တာ စားရလို့လား။ တစ်နေ့ထမင်း တစ်နေ့ဟင်း ကိုယ်တိုင်
ဈေးသွားပြီး ဝယ်ကြည့်လိုက်ဦး။
Wet Market ဆိုတာကို ဗွက်မားကတ်လို့ နာမည်တော့
တလွဲတွေ လာမပေးကြနဲ့။ သားဈေးငါးဈေးသွားတာ ဟန်လုပ်ဖို့မှ မလိုတာ။ အသက်လေး
အောင့်တတ်ရင် ခြေဖျားလေးထောက်ပြီး သွားတတ်ရင်၊ နားသည်းခံနိုင်ရင် လတ်လတ်ဆတ်ဆတ်
အကုန်ရတယ်။ ဘယ်လောက်ကောင်းတဲ့ ရွှေနိုင်ငံလဲ။ မြန်မာပြည်မှာ နေရတာ ကောင်းတယ်။
ဆက်ရေးချင်ပေမယ့် မီးပျက်နေလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တယ်။ ဒါလေးဖတ်ပြီး
မြန်မာပြည် ပြန်လာချင်စိတ်တွေ ပေါက်သွားရင် ချက်ချင်းသာ ပြန်လာခဲ့။
သတင်းစာထဲမှာ ဖတ်လိုက်ရတာ ရှိပါတယ်။ ဘာတဲ့ မြန်မာပြည်မှာ အလုပ်အကိုင်အတွက်
မပူနဲ့တဲ့။ အင်း နာဂစ်မှာ သေသွားတဲ့ လယ်သမားတွေ အများကြီးပဲ။
ဆီလီကွန်ဗဲလီကအလုပ်ပြုတ်လာလို့ပဲ ဖြစ်ဖြစ်၊ စင်္ကာပူ ကနေ အပြီးပြန်လာလို့ပဲဖြစ်ဖြစ်
လယ်ထဲဆင်းပြီး ကောက်စိုက်လို့ ရနေသေးတာပဲ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။ ဒါတွေလည်း
အလုပ်ပဲလေ။ အဲအဲ တစ်ခုပဲ ဝင်လာရင်တော့ 10% လေး ဆောင်ဖို့သာ ရှာလာခဲ့။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမှုပတ်နေမယ်။ ဒါက ကွိုင်ရှိတယ်လေ ဟုတ်တယ်ဟုတ်။

kyi toe ရှယ်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ရှိပါကြောင်း
အို ဘယ့်.. ရန်ကုန်တက္ကသိုလ်
Webometrics ရဲ့ ၂၀၀၇ခုနှစ် နှစ်လည်ထုတ်ဝေလိုက်တဲ့ အရှေ့တောင်အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ ကို ကျွန်တော် ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်မျက်စိကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရတာကို ၀န်ခံပါရစေ။
အခု ၁၀၀ ထဲမှာ ထိုင်းနိုင်ငံက တက္ကသိုလ် ၄၁ခု၊ မလေးရှားက ၁၈ခု၊ အင်ဒိုနီးရှားက ၁၄ခု၊ ဖိလစ်ပိုင်က ၁၃ခု၊ စင်္ကာပူနဲ့ ဗီယက်နမ်က ၇ခုစီ ပါဝင်တယ်။ အဲဒီအထဲမှာ ကျွန်တော်တို့မြန်မာပြည်က တက္ကသိုလ်များကို မဆိုထားဘိ၊ ရန်ကုန်တက္ကသိုလ် တောင်မပါဘူး။
တစ်နှစ်ကို ၂ ကြိမ် ၂၀၀၄ခုနှစ်ကတည်းက စဉ်ဆက်မပြတ် စီစစ်တည်းဖြတ်လာတဲ့ အထက်ပါ စစ်တမ်းဟာ တက္ကသိုလ် အလိုက် ထုတ်လွှင့်ထားတဲ့ အင်တာနက်စာမျက်နှာ သတင်းအချက်အလက်များ၏ အရည်အသွေးကို အဓိက ဆန်းစစ်ခြင်း ဖြစ်တယ်။ လက်တွေ့ပြုလုပ်နေတဲ့ သိပ္ပံနှင့်နည်းပညာ ရှာဖွေတွေ့ရှိမှု၊ နိုင်ငံတကာအဆင့် သုတေသနလုပ်နိုင်မှု၊ သင်ကြားမှု အရည်အသွေး၊ နည်းပညာ ဖလှယ်မှု၊ အလုပ်အကိုင် ချိတ်ဆက်ထားရှိမှု စတဲ့ ကိစ္စရပ်များကို တပြေးညီ အင်တာနက်စာ မျက် နှာ မှာ လွှင့်တင်ထားဖို့ လိုအပ်ကြောင်းကိုလည်း အဆိုပါ စပိန်အခြေစိုက် သုတေသနအဖွဲ့ မှ အကြံပေးထားတယ်။
ရင်ထဲရှိတဲ့အတိုင်း ဆင်ဆာမဖြတ်ဘဲ ပြောရရင် … အမိမြန်မာပြည်က တက္ကသိုလ်အားလုံးကို မဆိုထားပါနဲ့အုံး၊ ရန်ကုန်တက္ကသိုလ်ကိုဘဲ ဦးတည်ပါစို့။
“အို… ကို ရန်ကုန်တက္ကသိုလ် …t
မင်း .. အိပ်ပျော်နေတာလား၊ အိပ်ချင်ဟန်ဆောင်နေတာလား၊တမင်
မင်းတစ်ယောက်တည်းရှိတယ်လို့များ မှတ်ထင်နေလားကွာ..
မင်းကိုယ်မင်း ဆန်းစစ်ဖို့ လိုနေတယ်ကွ ကမ္ဘာကြီး တစ်ခုလုံးကို မကြည့်ပါနဲ့အုံး
တို့ အရှေ့တောင် အာရှ ၁၁ နိုင်ငံနဲ့ ယှဉ်ကြည့်ပါအုံး
ဘာတွေတိုးတက်အောင်လုပ်ဖို့လို
မင်းအိပ်ပျော်နေတယ်ဆိုရင်လည်း နိုးချိန်တန်ပါပြီကွာ။
မင်း မသိချင်ယောင်ဆောင်နေရင်လည်း သိဖို့ တန်ပါပြီ
ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ရွာကြီးဖြစ်လာပြီဆိုတာ မင်းနားလည်ဖို့တန်ပါပြီ
၁၉၄၀-၅၀ နှစ်များဆီက အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့တယ်ဆို
မင်းအတိတ်မေ့နေတယ်ဆိုတာကိုလည်း ငါမယုံနိုင်ဘူးကွာ။
ဒီတသက် ခေါင်းမချခင်မှာ မင်းဆီမှာ စတေးခဲ့ရတဲ့ တို့ဘ၀တွေကို အများက ဂုဏ်ယူစရာ၊ အတုယူစရာဖြစ်အောင်
မင်း ဆောင်ကြဉ်းပေးနိုင်ပါစေ...
ထို့အတူမင်းကြုံတွေ့ရမဲ့ အခက်အခဲတွေကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပါစေလို့….”တို့ ဆုတောင်းလိုက်ပါတယ်ကွာ။
အဆင့် ၁ မှ ၂၀ ရှိ အရှေ့တောင်အာရှ တက္ကသိုလ်များ၏ အဆင့်အတန်း
1 National University Of Singapore - Singapore
2 Nanyang Technological University - Singapore
3 Kasetsart University - Thailand
4 Chulalongkorn University - Thailand
5 Prince Of Songkla University - Thailand
6 Asian Institute Of Technology Thailand - Thailand
7 Chiang Mai University - Thailand
8 Thammasat University - Thailand
9 Assumption University Of Thailand - Thailand
10 Khon Kaen University - Thailand
11 Mahidol University - Thailand
12 Gadjah Mada University - Indonesia
13 Institute Of Technology Bandung - Indonesia
14 Universiti Sains Malaysia - Malaysia
15 Universiti Teknologi Malaysia - Malaysia
16 Multimedia University - Malaysia
17 University Of The Philippines Diliman - Philippines
18 Universiti Putra Malaysia - Malaysia
19 University Malaya - Malaysia
20 King Mongkut's Institute Of Technology Ladkrabang - Thailand
လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
စင်ကာပူ ၀န်ကြီးချုပ်ဖြစ်လာမယ် သူဟာ တက္ကသိုလ်ကျောင်းသားဘ၀ကမြန်မြာ
ဒီတက္ကသိုလ်ကြီးမှာသာ ဘွဲ့ယူခွင့်ရရင် ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိမ့်မလဲ....တဲ့
စင်ကာပူမြို့တော်ကိုတည်ဆောက်တဲ့
လာရောက်လေ့လာပြီးတော့မှ Rangoon City ရဲ့ ပုံစံကို အခြေခံယူပြီး singapore ကို တည်ဆောက်ခဲ့တာဘဲလေ......
လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ထိုင်း ဘတ်ငွေ ၂၅ ဘတ်က Burma ငွေ တစ်ကျပ် တဲ့
အခုတော့ ထိုင်း တစ်ဘတ် က မြန်မာ ငွေ ၃၅ ကျပ် ဖြစ်သွားပြီ...
လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ဘားမား ဘောလုံးအသင်းက မာဒေးကားမှာ ( အရှေ့တောင်အာရှ နှင့် အာရှ ထိပ်တန်းအသင်းများပါဝင်)ဆိုဘား
လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးမှာ Burmese တစ်ဦးရဲ့ သြဇာကမ္ဘာကို လွမ်းခဲ့တာတွေ..........
အခုတော့ မြန်မာကိုယ်စားလှယ်ဆိုရင် ....မျက်လုံးစိမ်းတွေနဲ့
လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
မယားတောသူ.........ကျွန်မှာကုလာ
မလေးမှာ အိုးတိုက်မှာလား စလုံးမှာ စားပွဲထိုးမှာလားဒူဘိုင်းမှာ တွင်းတူးမှာလား
လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
Burma ဆို OK
U Aung San ဆို Right
U Thant ဆို Right
U Nu ဆို Right
လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
..............................
..............................
အို so sorry.
I m stupid.
I m not Burma.now.
I m Myanmar.
Ha Ha ...
I m Myanmar.
Burma dead with her beauty.
Who kill?
Who kill?
