ဘုန်းကျော် Group ဖွင့်ပြီ...
Google Groups
Subscribe to phone_kyaw
Email:
Visit this group
3/31/12
My minister, Myint Hlaing
U Myint Hlaing in 2007 (အဝိုင်းပြထားတဲ့လူမဟုတ်ပါ)
 “လွှတ်တော် ကိုယ်စားလှယ်ဆိုပြီး ၁၀ တန်း မအောင်ဘဲ လာထိုင်နေတယ်၊ သူများက ထိုင်ဆိုထိုင်၊ ထဆိုထ၊ ခလုတ်နှိပ်ဆို နှိပ်၊ ဘာမှ မသိ၊ ဘာမှ နားမလည်၊ ရမ်းပြီးလုပ်တာ”
“ဘဏ္ဍာငွေ မရှိရင် ကျနော်လည်း အလုပ်သက်တာတယ်၊ ၀န်ထမ်းတွေလည်းပဲ အလုပ်သက်သာတယ်။ နေရာတကာမှာ နဂ္ဂတစ် ဆိုက်က လုပ်နေလို့မရဘူး”
"ဖြတ်သင့်လို့ ဖြတ်တာဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ အဆုံးအဖြတ် နာခံပါ့မယ်။ ကိုယ်စားလှယ်တော်ကြီးတွေကိုလည်း လေးစားပါတယ်။ ကျနော် လခလည်း မယူပါဘူး၊ လယ်ထဲ ထည့်သုံးမှာပါ။ ကျနော့်ရဲ့ဆွေစဉ်မျိုးဆက် လစာတွေလည်းပဲ လယ်ယာမြေထဲပဲ အသုံးပြုမှာပါ”
“ ရှေးခေတ်က ဘုရားကျွန်အဖြစ် ခံယူခဲ့တဲ့သူ ရှိသလိုပါပဲ။ ကျနော့်ကိုယ် ကျနော်လည်း လယ်ကျွန်အဖြစ် ခံယူပါ့မယ်”
"လွှတ်တော်ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်တွေ၊ လွှတ်တော်တခုလုံးကိုလည်းပဲ ဘုန်းကြီးရူးနဲ့ လှေလူးလို့ ပြောဆိုသေးတယ်”
ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ တော်ကီတွေကို သဘောကြတယ်။ ဝန်ကြီးဆိုတာ ဒါမျိုးပြောရဲဆိုရဲ ဖြစ်ရမယ်။
မိုင်းနားက ဆိတ် တစ်အုပ်။
မိုင်းနားက ဆိတ် တစ်အုပ်။ Kangaroo၊ ဖွတ် ၊ သစ်ကုလားအုပ်၊ ငှက်ကြီးများ နှင့် နွားတွေလည်း ရှိတယ်။ ဘယ်သူမှ ပစ်ပြီးမစားကြပါဘူး။ အလှကြည့်တာပါ။ စားချင်ရင် အချိန်မရွေးပစ်စားလို့ ရပါတယ်။ ပုံပါဆိတ်သားတွေက စားလို့ မကောင်းပါ။
Type your summary here. Type the rest of your post here.
တပ်ထဲက အခြေအနေ
ကျနော့်အဖေရဲ့ တပ်ထဲမှာ စစ်သည်အင်အား ကိုးရာနီးပါးလောက် ရှိမယ်ထင်တယ်။ ဗိုလ်မှုးကြီးအဆင့်ရှိတဲ့သူက တပ်မှုးလုပ်တယ်။ ဒု-ဗိုလ်မှုးကြီးအဆင့်ရှိတဲ့သူက ဒု-ရင်းမှုးလုပ်တယ်။
ကျနော့်ဆရာမရဲ့ အဖေက ဒု-ရင်းမှုး။ နောက်ဆရာမတစ်ယောက်ရဲ့ ယောက်ျားက တပ်ခွဲမှုးအဆင့်ရှိဗိုလ်မှုး။ ရန်ကုန်တိုင်း အခြေစိုက်တပ်ရင်းတစ်ခုပါ။ သူတို့ ကို ခေါ်တာက အထိုင်တပ် သို့ မဟုတ် ပညာသည် တပ်ရင်းလို့ ခေါ်တယ်။
မြန်မာပြည်မှာ အကြီးဆုံး ပင်ခခဲယမ်းမီးကျောက်တပ်ဖြစ်တော့ တပ်ဖွဲ့ စည်းပုံကလည်း သူများတပ်တွေနဲ့ မတူပဲ အင်အားအတော်ပြည့်တဲ့ပုံပါပဲ။
ကျနော်တို့ တပ်ဘေးက ဆေးတပ်၊ ပင်ယာဉ်သိုလှောင်ရေးတပ်၊ ထောက်ပံ့နဲ့ ပို့ ဆောင်ရေးတပ်၊ ဂျီအီးတပ်တွေလို ကျနော်တို့ တပ်က မချမ်းသာပါဘူး။ ဒါနဲ့ ပက်သက်ပြီး ကျနော်တို့ ကို အမေ့က ပြောတယ်။ အမေက ဘာပြောလဲဆိုတော့ နင့်အဖေတပ်က ခဲယမ်းကို မီးဖုတ်ပြီး စားလို့ မှ မရတာလို့ ပြောတယ်။ သူများတွေက ချမ်းသာမှာပေါ့တဲ့။ ဟုတ်သားပဲ....ကျည်ဆံတွေကိုရောင်းစားလို့ မှ မရတာ။ မင်္ဂလာဒုံဈေးထဲမှာ တပ်ထဲက ဆန်ဆီဆားနဲ့ ယူနီဖောင်းအဟောင်းတွေကိုတော့ ရောင်းစားတာတွေ့ တယ်။ လက်ပစ်ဗုံးတွေ၊ ကျည်ဆံတွေကိုတော့ မတွေ့ မိပါဘူး။ ဒါ့ကြောင့် ကျနော်တို့ မွဲတာလို့ အမေက ခဏခဏပြောတယ်။ ပြီးတော့ နင့်အဖေ က ဟိုအရည်တွေပဲသောက်နေတာဆိုတော့ နင်တို့ ဒီလိုပဲနေပေါ့လို့ ဆိုပြီး ဆေးလိပ်တိုကို ဆောင့်ဆောင့်ထိုင်ဖွားပြီး ခဏခဏပြောတယ်။
တပ်ထဲမှာ ဘယ်သူမှ မထောပါဘူး။ သမဆိုင် နဲ့  ရိက္ခာဂိုထောင် ကိုင်တဲ့လူကတော့ နဲနဲပါးပါးထောတယ်။ သူတို့ လည်း ပါးစပ်စိုယုံပါပဲ။
ဆိုတော့ ကျနော်တို့ ရဲ့ အခြေအနေကို သိလောက်ပြီပေါ့။ ဆရာမရဲ့ အဖေ ဒု-ရင်းမှုးဖြစ်တဲ့ ဒု-ဗိုလ်မှုးကြီး အိမ်ကိုသွားကြည့်တော့လည်း အိမ်ထဲမှာ ထည်ထည်ဝါဝါမရှိပါဘူး။ သူ့ ရဲ့ ဂျစ်ကားအစုတ်ကလည်း မီးခိုးတွေအူနေပြီ။ ဒါကို တပ်ကပေးထားတာ။ တပ်မှုးဆိုတော့။ သူ့ ဆီမှာ ခလေးကလည်း များတယ်။ မြေးတွေလည်း တစ်ပုံကြီး။ သူ့ လစာနဲ့ ဘယ်လို စားမလဲဆိုတာ စဉ်းစားကြည့်။ သမီးတွေအကုန်လုံးက ဆရာမဆိုတော့ သူတို့ လစာလေးနဲ့ သူတို့ အဖေကို ထောက်ပံ့ပေးထားတယ်ထင်တယ်။ ဒု-ဗိုလ်မှုးကြီးရုပ်ကလည်း အရက်သမားရုပ်ပေါက်နေပြီ။ အသက်ကလည်း ကြီးနေပြီဆိုတော့ သူ့ ခဗျာ ရာထူးတိုးဖို့ မရှိတော့ဘူး။ ဒီရာထူးနဲ့ ပဲ သူ တပ်ကထွက်ပါတော့တယ်။ တပ်ကထွက်တော့ ရွှေပေါက်ကံမှာ ခြံတစ်ကွက်ရတယ်လို့ ကြားတယ်။ ဒီအဘိုးကြီးက အရမ်းသဘောကောင်းတယ်။ ရဲဘော်တွေအပေါ်အတ်ာညှာတယ်လို့ နာမည်ကြီးတယ်။
စစ်သားတွေရဲ့ သက်သာချောင်ချိရေးကို တပ်မှုးဖြစ်တဲ့လူက စီမံခန့် ခွဲပေးတယ်။ တပ်ဘေးမှာ လယ်ကွက်တွေကို စစ်သားတွေထွန်တယ်။ ရလာတဲ့ စပါးကို တပ်ထဲက ရဲဘော်တွေအတွက် ပြန်ဝေပေးတယ်။ ငါးကန်ရှိတယ်။ ကျက်ခြံရှိတယ်။ အသီးအရွက်စိုက်ခင်းတွေရှိတယ်။ ဈေးထဲမှာ ကုန်စုံဆိုင်ဖွင့်ထားတယ်။ ရလာတဲ့ အမြတ်တွေကို တပ်တွင်းမိသားစု ဖူလုံရေးအတွက် ဝေငှပေးတယ်။ ဒီလိုမှမလုပ်ရင် ငတ်ပြီပဲသာမှတ်။ ဒါတောင်မလောက်ချင်ဘူး။ ဒါ့ကြောင့် မိန်းမတွေ ခလေးတွေ အကုန်နီးပါး အလုပ်ထွက်လုပ်ရတယ်။
အရာရှိတိုင်း မချမ်းသာပါဘူး။ သူတို့ အမျိုးတွေ ချမ်သာလည်း သူတို့ က သိတဲ့အတိုင်းပဲ။ မွဲတာက မွဲတာပဲ။ ဆရာမရဲ့ ယောက်ျားတပ်ခွဲမှုးဖြစ်သူ ၊ ဗိုလ်မှုးလည်း လစာနဲ့ ရိက္ခာကိုပဲ မှီခိုအားထားနေရတော့ သူလည်း လုံးလည်ချာလည်ပဲ။ မိန်းမက ဆရာမဆိုတော့ ဝင်ငွေနဲနဲရှိသေးတယ်။ သူတို့ အိမ်မှာလည်း ဘာမှ တန်ဖိုးရှိတဲ့ ပစ္စည်းမတွေ့ ရဘူး။ တပ်ကပေးတဲ့လိုင်းခန်းမှာ တီဗွီအစုတ်ကြီးတစ်လုံးနဲ့ ဇိမ်ယူရတဲ့ဘဝ။ ကိုယ်ပိုင်ကားမရှိ။ ဆိုင်ကယ်မရှိ။ အရာရှိတွေသုံးဖို့ ပေးထားတဲ့ တပ်ပိုင် စစ်ကားအစုတ်လေးတော့ သူ့ မှာ ရှိတယ်။
နောက်တစ်ယောက်က လုံခြုံရေးဖြစ်သူ ဗိုလ်ကြီး။ ခြေထောက်က မိုင်းထိထားလို့ ထော့နဲ့ ထော့နဲ့ ။ တပ်တွင်းလုံခြုံရေးကို သူက အဓိကတာဝန်ယူရတယ်။ ဆိုတော့ သူမှာ ဘာကြားပေါက်မှမရှိဘူး။ ခလေးနှစ်ယောက်နဲ့ မိန်းမဖြစ်သူကလည်း ဟိုပေါင်ရ ဒီချေးရနဲ့ ။ တပ်ကပေးတဲ့ ရိက္ခာတောင် ကြိုတင်ပြီးပေါင်ထားရတဲ့အထိ ဆင်းရဲလှပါတယ်။
အရာရှိတွေတောင် ဒီလိုဘဝဖြစ်နေရင် အောက်ခြေအဆင့် ရဲဘော်တွေရဲ့ ဘဝကတော့ တွေးကြည့်ယုံနဲ့ သိနိုင်တယ်။
သူတို့ က ဒီလိုဘဝဖြစ်နေပေမဲ့ အခြားတပ်က လူတွေက အတော်ထောတယ်။ ဆေးတပ် နဲ့  ထောက်ပံ့နဲ့ ပို့ ဆောင်ရေးတပ်က လူတွေဆိုရင် အတော်ချမ်းသာတယ်။ တပ်ကြပ်ကြီးအဆင့်ရှိတဲ့လူတောင် ကိုယ်ပိုင်ကားရှိတဲ့အထိမြင်ဘူးတယ်။ အားလုံးတော့မဟုတ်ပါဘူး။ ဆိုတော့ အရာရှိတွေကတော့ မပြောနဲ့ တော့။ အသားကုန်ချမ်းသာတယ်လို့ ပြောလို့ ရမယ်ထင်တယ်။
ဒီလို ကွာခြားနေတဲ့ အခြေအနေတွေကို တပ်ထဲက လူတိုင်းသတိထားမိတယ်။ သိတယ်။ ဒါပေမဲ့ ဒီလိုနေရာကောင်းကောင်းရဖို့ ဆိုတာ ငွေရှိရင်ရှိ မရှိဘူးဆိုရင် လူကြီးနဲ့ နီးစပ်ရမယ်လို့ ဆိုတယ်။ ဒါ့ကြောင့် ကျနော်တို့ ပင်မခဲယမ်းမီးကျောက်တပ်က လူတွေမွဲတာဖြစ်မယ်။ ဘယ်သူမှ ဘာမှ မရှိတော့ ကျည်ဆံပုံပေါ်မှာထိုင်ပြီး ငတ်နေရရှာတယ်။ တစ်ခါတလေ ကံမကောင်းရင် ဗုံးတွေက ထပေါက်သေးတယ်။ သေတဲ့လူတွေ လက်ပြတ်တဲ့လူတွေလည်းမနဲတော့ဘူး။ ဒါလည်း အမိန့် ဆိုတော့ တပ်ထဲမှာ လုပ်ရတာပဲ။
ခြေလျှင်တပ်က စစ်သားတွေက ကျနော်တို့ ထက်ပိုဆိုးတယ်။ လူတွေရုပ်ကလည်း စုတ်ပြတ်သတ်နေတာပဲ။ ပညာကလည်းမဲ့။ ဂွင်ကလည်းမရှိတော့ အတော်လေးကို ဆင်းရဲလှပါတယ်။ သူတို့တွေ ကျနော်တို့ တပ်မှာ ခဲယမ်းမီးကျောက်လာထုတ်ပြီးဆိုရင် အမြန်လိုချင်ရင် ဂိုထောင်မှုးတွေကို လာဘ်ထိုးရတယ်။ မထိုးရင် တပ်ရှေ့ မှာ သုံးလေးရက် အိပ်ပေတော့ပဲ။ ဒီဂွင်ကလည်း တစ်လမှာတစ်ခါတောင်မရပါဘူး။ စစ်သားအားလုံးက ငမွဲဆိုတော့ ဘယ်မှာလဲ ငွေ။ ပေးစရာကို မရှိကြဘူး။
တစ်ခါတလေ ကျနော်တွေးမိတယ်။ ရှေ့ တန်းမှာ လူသတ်ဓားပြတိုက်နေတဲ့ ရဲဘော်တွေရှိတယ်။ ရွာတွေကို မီးရှို့ တဲ့ရဲဘောတွေရှိတယ်လို့ ကြားဘူးတယ်။ အပြင်မှာ ကျနော်တော့ တစ်ခါမှမတွေ့ မိပါဘူး။ ရှေ့ တန်းမှာ ရန်သူနဲ့ တိုက်ကြတော့ဆိုတော့ အနဲအများတော့ရှိမှာပဲ။ သူပုန်လည်း ဖြစ်တာပဲ။
တပ်နဲ့ ပက်သတ်ပြီး စိတ်မကောင်းဖြစ်မိတဲ့ စကားတစ်ခုရှိတယ်။ စစ်ခွေးသားက စစ်ခွေးစကားပြောတယ်ဆိုပြီး ကျနော့်ကို ကျပ်မပြည့်တဲ့နိုင်ငံရေးသမားတချို့ က မှတ်ချက်ပေးတာကိုတွေ့ ဘူးတယ်။
ကျနော့်အဖေဟာ ဘယ်သူ့ ကိုမှ မသတ်ခဲ့ဘူး။ မုဒိမ်းမကျင့်ခဲ့ဘူး။ မခိုးခဲ့ဘူး။ ဘာ့ကြောင့်များ ကျနော့်ကို ဒီလိုစကားပြောလဲမသိဘူး။
တစ်ခါမှ စစ်သားဆိုတဲ့လူနဲ့ စကားမပြောဘူးတဲ့လူတွေက စစ်တပ်မကောင်းကြောင်း ပြောတာကိုတော့ အတော်အံ့သြမိတယ်။ ကျနော်ဟာ စစ်တပ်ထဲမှာ မမွေးခင်ကတည်းက နေလာခဲ့တဲ့လူတစ်ဦးပါ။ သူများတွေဟာ တပ်ထဲရောက်မှ ပဲစားတာပါ။ ကျနော်က အမေ့ဗိုက်ထဲမှာ နေတုန်းကတည်းက ကုလားပဲစားလာတဲ့လူတစ်ယောက်ပါ။ တပ်ထဲကအကြောင်းကို ကျနော်ကောင်းကောင်းသိပါတယ်။
၈၈ နဲ့  ၂ဝဝ၇-တုန်းက ပြည်သူနဲ့ သံဃာကို သတ်ခဲ့လူတွေဟာ ခြေလျှင်တပ်က စစ်သားတွေပါ။ သူတို့ က အမိန့် ပေးရင် ဘယ်သူမဆိုသတ်ဖို့ ဝန်လေးတဲ့သူတွေမဟုတ်ပါဘူး။ စစ်သားတွေကိုခွဲခြားကြည့်ဖို့ တော့လိုပါတယ်။
နောက်ပြီး တပ်ထဲက တပ်မှုးတွေနဲ့ ရဲဘော်တွေ အရမ်းဆင်းရဲနေချိန်မှာ တစ်ချို့ သော ဗိုလ်ချူပ်တွေနဲ့ သူတို့ အပေါင်းအပါတွေ ချမ်းသာနေတာက အင်မတန်ရုပ်ဆိုးပါတယ်။ ဝန်ကြီးတွေဆိုရင် အရမ်းချမ်းသာပါတယ်။ ဒီလိုဖြစ်နေတာဟာ တပ်ထဲက ရဲဘော်တွေကို အတော်စော်ကားရာရောက်တယ်။ အထက်က ငတ်ပြတ်နေတဲ့ စစ်အရာရှိကြီးတွေဟာ ဒီကိစ္စကို မသိဘူး မထင်ကြပါနဲ့ ။ နိုင်ငံရေးသမားတွေထက်တောင် ပိုသိပါတယ်။ သူတို့ အချင်းအချင်းကြားထဲမှာ ကွာဟမှု ဘယ်လောက်ကြီးလဲဆိုတာကို သူတို့ ပဲ သိပါတယ်။
ဦးသိန်းစိန်မိန့် ခွန်းထဲမှာ ပြောတဲ့ တိုင်းရင်းသားလူငယ်လေးတွေကို လက်တော့ကိုင်လို့ ရအောင်လုပ်ပေးမယ်လို့ ပြောတော့ ကျနော်ရီနေမိတယ်။ သူတို့ တော့မသိဘူး ။ ကျနော့်သူငယ်ချင်းစစ်ဗိုလ်တစ်ယောက် ယနေ့ အထိ လက်တော့ကိုယ်ပိုင်မရှိသေးပါဘူး။ တိုင်းရင်းသားလူငယ်တွေအစား တပ်ထဲက ရဲဘော်တွေနဲ့ သားသမီးတွေကို လက်တော့မပေးပါနဲ့ ။ ဒက်စ်တော့သုံးလေးလုံးလောက် တပ်ထဲက လူတွေသုံးလို့ ရအောင် အရင်ပေးစေချင်ပါတယ်ဗျာ။ ဦးသိန်းစိန်လည်း စစ်သားပဲဆိုတော့ ကိုယ့်လူတွေကို အရင်ဦးစားပေးပေါ့။
ဆင်းရဲလှတဲ့ စစ်သားတွေဟာ အရမ်းကိုထွက်ချင်နေတယ်။ သူတို့ ကို ကြိုက်တဲ့အချိန်မှာ ထွက်ခွင့်ပေးဖို့ လိုအပ်နေပြီ။ ယနေ့ အပြောင်းအလဲကာလမှာ လစာတိုးပေးလည်း ခဏပါပဲ။ သူတို့မှ မလုပ်ချင်တဲ့ကိစ္စကို အတင်းလုပ်ခိုင်းလို့ မရပါဘူး။
တပ်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းလက်နက်ကိုင်အဖွဲ့ က ခေါင်းဆောင်တွေ သဘောပေါက်ဖို့ လိုအပ်နေတယ်။ အပြန်အလှန်နားလည်မှု့ နဲ့ လေးစားမှု့ ကို ပြဖို့ လိုအပ်နေတယ်။
အထူးသဖြင့် ပြည်သူက စစ်တပ်ကို မုန်းတီးစိတ်ကြီးလာအောင် နိုင်ငံရေးသမားတွေအားလုံး မလုပ်မိဖို့ အတွက် ရည်ရွယ်ရင်း ဒီစာကိုအဆုံးသတ်ချင်ပါတယ်။
မြန်မာနိုင်ငံတော်ကြီး သာယာဝပြောပါစေ။
3/29/12
THE LADY AND THE PRESIDENT – (သို့ မဟုတ်) MISSION IMPOSSIBLE
တောသားလေး မောင်လူအေး တင်ပြသည်။
မင်္ဂလာပါ ပုရိဿတ်တို့ 
ဒီအပါတ် ကျနော်တင်ပြတဲ့ အကြောင်းအရာနဲ့  ပါတ်သတ်တဲ့ ခေါင်းစဉ်ကို မြန်မာမှု မပြုတော့ပဲ အင်္ဂလိပ်ဘာသာဖြင့်သာ တင်ပြလိုက်ပါတယ်။ ကျနော် အမောင်တောသား အင်္ဂလိပ်စာ ဒီပလိုမာ ရထားလို့  တော့ မဟုတ်ပါဘူး။ တလောလေးအတွင်း ဘန်ကောက်မြို့မှာ “THE LADY” ဆိုတဲ့ ရုပ်ရှင်ဇတ်ကား ရုံတင်လာတော့ အဲ့ဒီဇာတ်ကားကို အကြောင်းပြုပြီး ခေါင်းစဉ်တပ်လိုက်ရတာပါ။ သို့ သော် -THE LADY- ဇာတ်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ ဇာတ်လမ်း ဆိုတာကိုလည်း လူတိုင်း သိနေပြီး ဖြစ်ကြမှာပါ။
THE LADY - ဇာတ်ကားကို မကြည့်လိုက်မိပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘ၀ ဇာတ်လမ်း ဆိုရင်တော့ မဖြစ်မနေ ကြည့်မှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းသာလျှင် ပြည့်သူခေါင်းဆောင် အစစ်အမှန်ဖြစ်လို့ ပါ။
ဗိုလ်ချုပ်သမီးဖြစ်လို့  ဗိုလ်ချုပ်လို သဘောထား မရှိနိုင်ဘူး ဆိုတာကို “အခါမနှောင်းသော်လည်း အလာမကောင်းသော မြန်မာ့ ဒီမိုကရေစီ” ဆိုတဲ့ ဆောင်းပါးမှာ “အဖေက လက်နဲ့ ရေး - သမီးက ခြေနဲ့  ဖျက် - မြန်မာ့ ဒီမိုကရေစီ ပျက်ရပြီ” ဆိုသည်ကို ကျနော် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
THE LADY - ဆိုတဲ့ ဇာတ်ကားကို မကြည့်ဖြစ်ပေမယ့် အဲ့ဒီဇာတ်လမ်းမှာ အဓိက ဇာတ်ကောင် မင်းသမီး - MICHELLE YEHO - ကိုတော့ စိတ်ဝင်စားမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်ပေးခဲ့တဲ့ မင်းသမီး - YEHO - ဟာ မလေးရှားနိုင်ငံမှာ မွေးဖွားခဲ့သူ မလေးရှားနှင့် တရုပ်စပ် - တရုပ် ကပြားမလေး ဖြစ်ပါတယ်။ သို့ သော် သူမ အသက် -၁၅- နှစ် အရွယ်မှာ အမေမိဘတွေက အင်္ဂလန်ကို ပြောင်းသွားတော့ သူမဟာ အင်္ဂလန်မှာ ပညာသင်ခဲ့ရပါတယ်။ သို့ သော်လည်း ၁၉၈၃- ခုနှစ်မှာ မလေးရှားသို့  ပြန်လာခဲ့ပြီး မယ်ရွေးပွဲဝင်ခဲ့ရာမှာ မလေးရှားမယ်ဘွဲ့  ရခဲ့ပါတယ်။ သူမဟာ အာရှသူတွေထဲက ရှားရှားပါးပါး ဟောလီးဝုဒ် မင်းသမီး ဖြစ်လာခဲ့သူ တစ်ယောက်ပါ။ သူမ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေ အတော်များများ ရှိပေမယ့် -TOMORROW NEVER DIES- ဆိုတဲ့ ဂျိန်းစဘွန်း - JAMES BOND- ဇာတ်လမ်းထဲက သရုပ်ဆောင်ချက်ကိုတော့ သိပ်ကြိုက်ပါတယ်။ သူမဟာ -၁၉၄၈- ခုနှစ်က အစ -၂၀၁၁- ခုနှစ် အထိမှာ ဒေါ်အောင်ဆန်းစုကြည် အဖြစ် ရိုက်ကူးတဲ့ -THE LADY- ဇာတ်လမ်းဟာ နောက်ဆုံးဖြစ်ပြီး ဇာတ်ကားပေါင်း -၃၅- ကားအထိ ရိုက်ကူး သရုပ်ဆောင်ခဲ့ပြီးဖြစ်တယ် လို့ လဲ သိရပါတယ်။ သူမဟာ -KUNG FU- ဇာတ်လမ်းတွေလည်း သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားရိုက်ရာမှာ လူစားမထိုးပဲ ဇာတ်ကြမ်း ဇာတ်ရမ်းတွေမှာ သူမရဲ့ ပင်ကိုယ်အရည်အချင်းကို ပြသတတ်ပါတယ်လို့ လဲ မှတ်တမ်းမှာ တွေ့ ရပါတယ်။ လူကိုယ်တိုင် သရုပ်ဆောင်မှု သာမက KUNG FU PANDA - ကာတွန်းဇာတ်ကား ဒုတိယပိုင်းမှာ သူမဟာ -အသံအားဖြင့် သရုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။ THE LADY- ကို သရုပ်ဆောင်သူနဲ့  THE LADY အစစ်ဟာ အရည်အချင်း သိပ်မကွာလှဘူးလို့  ဆိုချင်ပါတယ်။
THE LADY- ကိစ္စနဲ့  ပါတ်သတ်လာလို့  ဇာတ်လမ်းကို သရုပ်ဆောင်ပေးခဲ့သူ -MICHELLE YEHO- အကြောင်း ထည့်ပြီး တင်ပြခြင်းဟာ နှိုင်းယှဉ်ခြင်းတော့ မဟုတ်ပါ။ သို့ သော် အမျိုးသမီး နှစ်ဦးရဲ့ ဘ၀ ဇာတ်လမ်း အစက ခပ်ဆင်ဆင်ပဲလို့  ယူဆပြီး အရည်အချင်းကလည်း မကွာလှဟု ယူဆမိလို့ ပါ။ နိုင်ငံခြားမှာ ကြီးပြင်းခဲ့ကြပြီး နိုင်ငံခြားသားနဲ့ ပဲ အိမ်ထောင်ကျခဲ့ကြရ သူတွေပါ။
ယခု THE LADY - အစစ် ဒေါ်အောင်ဆန်းစုကြည်ဖက် လှည့်၍ သုံးသပ်ရသော် ယခုတလော ရုပ်မြင်သံကြား နိုင်ငံခြား သတင်းတွေမှာ နေ့ တိုင်း လိုလို ဖေါ်ပြနေကြတာတွေ့ ရပါတယ်။ မှတ်တမ်းတစ်ရပ်မှာ PHILOSOPHY, POLITICES, ECONOMICS. ဆိုတဲ့ ဘာသာရပ်တွေနဲ့  ဘွဲ့ ယူခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးသမား တစ်ဦး အတွက် အခြေခံအားဖြင့် မသင်မနေရ ဘာသာရပ်တွေပါပဲ။
သို့ သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေက အံ့သြောစရာတွေ ဖြစ်နေပါတယ်။
ပထမအချက်ကတော့ နအဖ - စစ်အုပ်စုက ရေးဆွဲထားတဲ့ ဒီမိုကရေစီ စနစ်နဲ့  မကိုက်ညီတဲ့ ဖွဲ့  စည်းပုံ အခြေခံဥပဒေကို လက်ခံခြင်း ဖြစ်ပါတယ်။
ဘယ်လို မကိုက်ညီဘူး ဆိုတာကတော့ ရှင်းလင်းလှပါတယ်။ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖတ်ဖူးသူတိုင်း သိပါတယ်။
ဒီမိုကရေစီ စနစ်ကို လိုချင်ကြသော ပြည်သူလူထု၏ ထောက်ခံမှုဖြင့် နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ထင်ရှား လာရသူ တစ်ဦးဟာ ပြည်သူ့ ဆန္ဒနှင့် မကိုက်ညီသော လုပ်ရပ်တွေကို လုပ်ဆောင်နေခြင်းဟာ သဘာဝ မကျဘူး ဆိုတာပါပဲ။
ပြည်သူလူထုက စစ်မှန်သော ဒီမိုကရေစီကို ရလိုကြောင်း တစာစာအော်ရင်း ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနောက်က သေချင်သေ မရမနေ ရယူမယ် ဆိုတဲ့ဇွဲနဲ့  - ယုံကြည်ချက် အပြည့်နဲ့  တကောက်ကောက် လိုက်ခဲ့ကြပါတယ်။ ရလာဒ် အဖြစ်ကတော့ မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးကပါ သိကြပြီး ဖြစ်တဲ့ ဒီပဲယင်း အရေးအခင်းဟာ သွေးခင်းသော သစ္စာလမ်း မဟုတ်ပါလား။
မည်သို့ ပင်ဖြစ်စေ ယနေ့ မြန်မာ့ အရေးအခင်းရဲ့ သဘာဝ မကျသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို ကျနော် တင်ပြနေသော်လည်း ယခု လတ်တလော အခြေအနေမှာ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ထောက်ခံနေကြတာကို တွေ့ နေရပါတယ်။
တစ်ချိန်က - မြန်မာနိုင်ငံသားတွေ ဒီမိုကရေစီ နဲ့  မတန်သေးပါဘူး - ဟု ဝေဖန်သူတွေ ရှိခဲ့တာကို သတိရမိပါတယ် - ထိုစဉ်က ထိုကဲ့သို့  ဝေဖန်သူတွေကို ကျနော် မကျေနပ်ခဲ့ပါဘူး။ သို့ သော် ယခု လက်ရှိ တွေ့ နေရတာက သွေးထွက်အောင် မှန်နေပါပြီ။ ဘာ့ကြောင့်လဲ - ရွေးကောက်ပွဲ လုပ်ပေးတာ ကို ဒီမိုကရေစီလို့  မြန်မာနိုင်ငံသားတွေသာမက ၎င်းတို့ ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပါ ယုံကြည်ထားကြပုံ တွေ့ ရ၍ ဖြစ်ပါတယ်။
ဒီမိုကရေစီဆိုတာ -
- လွတ်လပ်စွာ ပြောဆိုခွင့်၊
- လွတ်လပ်စွာ စည်းရုံးခွင့်၊
- လွတ်လပ်စွာ ရေးသားခွင့်၊
- တူညီသော အခွင့်အရေးတွေ ရရှိရမှာ ဖြစ်ပါတယ်။
သို့ သော် အခု လက်ရှိ အခြေအနေက ဒီလို မဟုတ်ဘူး ဆိုတာ အားလုံး သိကြ မြင်ကြတဲ့ အတိုင်းပဲ၊ ကျနော် ပုံကြီးချဲ့ တင်ပြနေစရာ မလိုတော့ပါ။ စစ်အုပ်စုက ဒီမိုကရေစီပါလို့  ပြောတိုင်း NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်က ယောယောင်ပြီး လက်ခံနေတာကိုတော့ မယုံကြည်နိုင်စရာ အချက်တရပ်ဖြစ်ပါတယ်။
ထို့ ကြောင့်လည်း NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ဆန်းစစ်စရာ လိုလာပါတယ်။ ဒီမိုကရေစီ အတု အယောင်ဆိုတာကို သိရက်သားနဲ့  ပြည်သူလူထုကိုပါ ထင်ယောင်ထင်မှား ဖြစ်အောင် ဦးဆောင်နေခြင်းဟာ - ရာဇ၀တ်မှု ဆိုင်ရာ ဘာသာရပ် စကားနဲ့  ပြောရလျှင် - အလိုတူ အလိုပါတွေ - ဒါမှ မဟုတ် သူခိုး လက်ခံတွေလို့  ဆိုပါတယ်။
နိုင်ငံရေး ဘာသာရပ်စကားနဲ့  ပြောရရင်တော့ - အကျိုးတူ ပူးပေါင်းမှုလို့  - ဆိုကြပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ လက်ရှိ အဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ - ပြည်သူလူထု ပူးပေါင်းပါဝင်သော - ပြည်သူ့ ကိုယ်စားလှယ်များဖြင့် - ပြည်သူ့ အကျိုး အတွက် - ဟု ရေးဆွဲထားသော ဥပဒေ တစ်ရပ် မဟုတ်ဟု နိုင်ငံရေး အုပ်စုတိုင်းက သဘောပေါက် နားလည်ပြီး ကန့် ကွက်တဲ့ အသံတွေ နားထဲမှာ မငြိမ်းသေးမီ NLD နဲ့  ဒေါ်အောင်ဆန်းစုကြည် တို့ က လက်ခံ ပူးပေါင်း ဆောင်ရွက်လိုက်ကြ လို့  ပါပဲ။
အဲ့ဒီလို ပူးပေါင်း ဆောင်ရွက်လိုက်ခြင်းဟာ ပြည်သူလူထု အကျိုးအတွက်လား NLD နဲ့  ဒေါ်အောင်ဆန်းစုကြည် အကျိုး အတွက်လား ဆိုတာကတော့ သမ္မတကြီး ဦးသိန်းစိန် ပြောလိုက်တဲ့ စကားကို ကောက်ချက်ချခြင်းအားဖြင့် သိသာ ထင်ရှားလှပါတယ်။
“ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပါလီမန်က သဘောတူလျှင် ၀န်ကြီးရာထူး ပေးမည်တဲ့”
NLD - ဥက္ကဋ္ဌ တစ်ဦး အနေနဲ့ ရော လူထု ခေါင်းဆောင်ဆိုတဲ့ ၀ိသေသထူးအရရော ရပ်ကွက်ဒေသတွေ အတွင်း လူထုထောက်ခံမှုကိုရော ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အရွေးခံရဖို့  များပါတယ်။ NLD - က ဘယ်နှစ်ယောက်ပဲ အရွေးခံရ ခံရ အမတ်ဦးရေ အနည်းအများက အကြောင်း မဟုတ်ပါဘူး။ ဦးသိန်းစိန်က လက်မထောင်ပြလျှင် ၀န်ကြီး တစ်နေရာ ရလာတော့မှာ သေချာနေပါတယ်။ အဲ့ဒီတော့ NLD နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားမှုဟာ ပြည်သူလူထု အတွက်လား ၎င်းတို့ ကိုယ်ကျိုး အတွက်လား ဆိုတာ ဗေဒင် မေးနေစရာ မလိုပဲ အထင်အရှား သိမြင်နိုင်ပါတယ်။ ဒီအချက်ဟာလည်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့  နှစ်ဦးချင်း တံခါးပိတ်ဆွေးနွေးမှုရဲ့ ရလာဒ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြည်သူလူထုကြီးကို ကျနော် တင်ပြနေခြင်းဟာ ကျနော်တို့  မြန်မာနိုင်ငံသားတွေ အတုအယောင် ဒီမိုကရေစီ သံသရာဝဲထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့  NLD - ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှည့်စားမှုတွေကို တံလျှပ်ကို ရေထင်ပြီး ရွှေသမင် အလိုက်မမှားကြစေလို၍ ဖြစ်ပါတယ်။ နမူနာ အဖြစ် တင်ပြရလျှင် ဒီမိုကရေစီ စနစ်ရဲ့ တည်တန့်  ခိုင်မြဲမှုမှာ နိုင်ငံရေးသမား ဆိုသူတွေဟာ *TRANSPARENCY* ဆိုတဲ့ သံသယ ရှိစရာ မလိုသော - ထင်ရှား သိသာသော အမူအကျင့် ရှိဖို့ လိုပါတယ်။ ဆိုလိုတာက သမ္မတ ဦးသိန်းစိန်နဲ့  NLD - ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့  နှစ်ကိုယ်တူ တံခါးပိတ် ဆွေးနွေးချက်တွေဟာ ပြည်သူလူထု သိရှိဖို့ လိုတယ် ဆိုတာပါ။
ဘာ့ကြောင့်လဲ သူတို့  နှစ်ဦးဟာ လူဦးရေ သန်း -၅၀ ကျော်ရဲ့ အနာဂါတ်တွေကို ပုလင်းထဲ ထည့်ပြီး ကိုင်ထားကြသူတွေမို့  ပြည်သူလူထုဟာ ဒီမိုကရေစီ စနစ်အရ သိပိုင်ခွင့် ရှိပါတယ်။ ဒီကိစ္စဟာ စစ်ရေး စစ်ရာလို လျှို့ ဝှက်ချက် မဟုတ်ပါဘူး။ သမ္မတ ဦးသိန်းစိန်ဟာ သမ္မတ ဖြစ်ပေမယ့် စစ်အုပ်စု ကိုယ်စားလှယ်မို့  မပြောချင်လည်း နေပါစေ - လူထုခေါင်းဆောင်လို့  နာမ၀ိသေသန တပ်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်သူလူထုကို ပွင့်ပွင့် လင်းလင်း တင်ပြဖို့ လိုပါတယ်။ - TRANSLUCENT- လို့  ပြောကြတဲ့ မှုံဝါးဝါးတော့ မဖြစ်သင့်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုရဲ့ ဦးစီး အဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တဲ့ စကား တစ်ရပ်မှာ --
ကျမတို့ ပါတီရဲ့ အနာဂါတ်အတွက် ကျမတို့  လုပ်နေတဲ့ ကိစ္စ မဟုတ်ပါဘူး - ဒီမိုကရေစီ လှုပ်ရှားမှု တစ်ခုထဲရဲ့ အနာဂါတ် အတွက် ကျမတို့  လုပ်နေတာ မဟုတ်ပါဘူး၊ ကျမတို့ နိုင်ငံရဲ့ အနာဂါတ် အတွက် ကျမတို့  လုပ်နေတယ် ဆိုတာကိုတော့ အဲ့ဒါကို တော့ စွဲစွဲ မြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။
ဒီစကားချပ်ဟာ မြန်မာဘာသာ စကားကို မြန်မာလို ပြန်ရဦးမယ့် စကား ဖြစ်နေပါတယ်။ အကြောင်းကတော့ - မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ စစ်မှန်သော ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်တဲ့ အစိုးရ ရှိဖို့  လိုအပ်ပြီး စစ်မှန်သော ဒီမိုကရေစီ စနစ် သည်သာလျှင် ကြီးပွားတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ သို့ မှသာ ပြည်သူလူထု လူနေမှု အဆင့် မြင့်တက်လာပြီး ကမ္ဘာ့  အသိုင်းအ၀ိုင်းမှာ အဆင်းရဲဆုံး နိုင်ငံစာရင်းက လွတ်မြောက်မှာ ဖြစ်ပါတယ်။ ထိုကဲ့သို့  ဖြစ်မြောက် အောင်မြင်လာရေးအတွက် ကျစ်လစ် ခိုင်မာပြီး ပြည်သူလူထုဘက်မှာ အမြဲတန်းရပ်တည် သွားရမယ့် နိုင်ငံရေးပါတီ တစ်ရပ် ရှိဖို့ လိုပါတယ်။
ထို့ ကြောင့် နိုင်ငံရေး ပါတီတိုင်းဟာ ပါတီရဲ့ အနာဂါတ် အတွက် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ အနာဂါတ် လုပ်ငန်းဆိုတာ စစ်မှန်သော ဒီမိုကရေစီ စနစ် ဆက်လက် တည်တန့် သွားဖို့  အတွက် ပြည်သူလူထုကို ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ပြည်သူလူထု အရေးသည် ပါတီရဲ့ နိုင်ငံရေး ဖြစ်သလို ပြည်သူလူထုသည် ပါတီဝင်များ ဖြစ်လာရမှာ ဖြစ်ပါတယ်။ ပါတီဝင် ပြည်သူလူထု များလေလေ နိုင်ငံရဲ့ အနာဂါတ် လုပ်ငန်းတွေ အောင်မြင်ဖို့  အင်အား ကောင်းလေ ဖြစ်ပါတယ်။ ထို့ ကြောင့် ပါတီရဲ့ အနာဂါတ်နဲ့  နိုင်ငံရဲ့ အနာဂါတ်ဟာ တစ်ထပ်တည်း ဖြစ်နေရမည် ဖြစ်ပြီး ပြည်သူနှင့် ပါတီလည်း တလုံးတစည်းထည်း ဖြစ်နေရပါမယ်။ သို့ သော် နိုင်ငံရေးပါတီဝင် တစ်ဦးသည် ပါတီနိုင်ငံရေး အကြောင်းပြပြီး မိမိကိုယ်ကျိုးအတွက်သာ မဆောင်ရွက်ဖို့  လိုပါတယ်။ ဒါကတော့ ကျနော့ အမြင်ပါ။
သို့ သော် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကတော့ တစ်မျိုးကြီး ဖြစ်နေပါတယ်။ ပညာရှိစကားကို တောသား နားမလည်ဘူးလို့  ဆိုရလေမလားပဲ။ ဒါမှ မဟုတ် နိုင်ငံရဲ့ အနာဂါတ်ကို - မိကျောင်းတစ်ပိုင်း၊ ငါးမန်းတစ်ပိုင်း - စစ်အုပ်စု ဒီမိုကရေစီနဲ့  ရှေ့ဆက်သွားဖို့  ဆိုလိုတာလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တနည်းအားဖြင့် ယခု လက်ရှိ အခြေအနေသည် “ဒီမိုကရေစီ” ဖြစ်နေပါပြီလို့  ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ချက် ချလိုက်ပုံရပါတယ်။ ဒါကလည်း သမ္မတ ဦးသိန်းစိန်တို့  အုပ်စုက NLD - ကို ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရွေးကောက်ပွဲ ၀င်ခွင့် ပြုလိုက်လို့ လဲ ဒီအချိုးမျိုး ပြောပုံရပါတယ်။
ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ပြုလုပ်ပေးတာကို ဒီိမိုကရေစီ ဖြစ်ပြီလို့  လက်ခံထားသူ ဖြစ်ဟန်တူကြောင်း ကျနော် တင်ပြခဲ့ပြီးပါပြီ။
NLD - ပါတီဝင်တွေနဲ့  ထောက်ခံသူတွေက ကျနော်ဒီလို တင်ပြတာကို ၀ိုင်းဆဲကြမှာ သေချာပါတယ်။ သည်းခံကြပါခင်ဗျား - ဒေါ်အောင်ဆန်းစုကြည်ရယ် - ဒီမိုကရေစီရယ် - ရွေးကောက်ပွဲရယ်ဟာ နိုင်ငံတော် အနာဂါတ် ကာလကြီးပွားတိုးတက်ရေး အတွက် ကြီးမားသော အထောက်အကူတစ်ရပ် ဖြစ်ပေမယ့်လည်း - လက်ရှိ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကြီးဟာ မဟာတံတိုင်းကြီးသဖွယ် ရာသက်ပန် အတားအဆီးကြီး ဖြစ်နေမှာ ဖြစ်ပါတယ်။
ယခုလက်ရှိ အခြေအနေမှာ NLD နဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လက်ခံလိုက်ကြပြီ ဆိုတော့ ပြည်သူလူထုဟာ မိမိတို့ ဘ၀ လွတ်မြောက်ရေးအတွက် ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သလို “အတ္တာဟိ အတ္တနော နာထော ကောဟိနာထော ပရောသိယာ” ဆိုတဲ့ ဟောပြောချက်ကို ပြန်လည် သတိရကြဖို့ နဲ့ - တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား နိုင်ငံတွေက ပြည်သူလူထုတွေကို နမူနာ ယူကြစေလိုပါတယ်။ NLD - နဲ့  ဒေါ်အောင်ဆန်းစုကြည် ကတော့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ တံတိုင်းကြီးမှာ အုတ်ချပ် အဖြစ် ပါဝင်သွားပြီ ဆိုတော့ အားကိုးအားထား ပြုဖို့  မျှော်လင့်ဖွယ် မရှိတော့ပါဘူး။
NLD - နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့  အပြောင်းအလဲကို ထောက်ပြရလျှင် နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့ ဆုံကြတဲ့ အချိန်က စပြီး ဖြစ်လာပါတယ်။ အဲ့ဒီ နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်နှင့် တစ်ကွ ဒေါ်အောင်ဆန်းစုကြည်တို့ ကပါ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံ အဖြစ်သို့  ပြုပြင် ပြောင်းလဲနေပါပြီဟု ကမ္ဘာအသိ ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီ ကြေငြာချက်တွေ အပေါ် တုန့် ပြန်ချက် အနေနဲ့  ဥရောပ ယူနီယံ အုပ်စုက ငွေကြေး အကူအညီ ပေးမည်ဟူသော ကတိသာမက စစ်အုပ်စု ထိပ်တန်း ပုဂ္ဂိုလ်တွေကိုပါ ပြည်ဝင်ခွင့် ဗီဇာပေးမယ်လို့  ကြေငြာခဲ့ပါတယ်။ အမေရိကန်နိုင်ငံကလည်း အထူးလျော့ပေါ့သော အားဖြင့် သံတမန် ဆက်ဆံရေး အဆင့် တိုးမြှင့်ခဲ့ပါတယ်။
မည်သို့ ပင်ဖြစ်စေ - ဇန်န၀ါရီလ -၃၀- ရက်နေ့  နိုင်ငံခြား သတင်းတွေမှာ မြန်မာနိုင်ငံ အစိုးရက နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို -၈- နှစ် အထိ အကောက်ခွန် ကင်းလွတ်ခွင့်ပေးမယ် လို့  စက်မှု လက်မှု ဌာန ၀န်ကြီးက - WORLD ECONOMIC FORUM - အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဒီသတင်းကို ဖတ်ပြီး ကျနော် အတော် တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ဒီလို အတွေး အခေါ်နဲ့  စက်မှု လက်မှု ဌာန၀န်ကြီး နေရာ ပေးတာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဦးနှောက်ထဲမှာ စစ်အုပ်စု အဆက်ဆက် ဦးနေ၀င်း က အစ ဦးသန်းရွှေ အထိ သူ့ ဆရာကြီးတွေ ထက် မသာဘူးဆိုတာ ထင်ရှားစေပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဦးနေ၀င်း အာဏာသိမ်းခဲ့သည်မှ အစ ယနေ့ အထိ မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို စစ်အာဏာရှင်များ အပိုင်စီးထားစဉ် ကာလ တစ်လျောက် မြန်မာနိုင်ငံဟာ အာရှမှာ သာမက ကမ္ဘာ့  အဆင့်မှာပါ တိုးတက်ဖွံ့ ဖြိုးမှု အနည်းဆုံး နိုင်ငံ - တနည်းအားဖြင့် အဆင်းရဲဆုံး နိုင်ငံ စာရင်းထဲ ပါသွားပါတယ်။ ဒါဟာ အုပ်ချုပ်သူ လူတန်းစားရဲ့ အရည်အချင်းကို ထင်ရှားစေခြင်း ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ မြန်မာနိုင်ငံဟာ သဘာဝ ပစ္စည်း အပေါဆုံး နိုင်ငံ ဖြစ်လျက် အုပ်ချုပ်သူ လူတန်းစား အသိပညာ မရှိလို့  ဖြစ်ပါတယ်။
စောဒက တက်စရာ ရှိပါတယ် - အရင်းအနှီး မရှိရင် ဖွံ့ ဖြိုးမှု ဘယ်လို လုပ်မှာလဲ - လိုအပ်တဲ့ အရင်းအနှီးနဲ့  နည်းပညာတွေကို နိုင်ငံခြားသား အရင်းရှင်တွေဆီက လက်ခံရမှာပဲလို့  ဆိုကြပါလိမ့်မယ်။ ဒီလို စောဒက မျိုး တက်လာမယ်ဆိုရင် ကျနော် လက်မခံနိုင်ပါဘူး။ အကြောင်းရင်းကတော့ လူသားတွေရဲ့ တိုးတက်ကြီးပွားမှုမှာ - လွတ်လပ်မှု၊ တရားမျှတမှု၊ တူညီသော အခွင့်အရေး ရရှိမှု၊ ဘ၀လုံခြုံမှု - အစရှိသော အချက် -၄- ချက် အပေါ်မှာ မူတည်ပါတယ်။
လူတိုင်းမှာ ကိုယ်ပိုင် အတွေးအခေါ် အယူအဆတွေ ရှိကြပါတယ်။ လွတ်လပ်မှု မရှိရင် ကိုယ်ပိုင်အရည်အချင်းတွေ ထုတ်ဖေါ်ခွင့် မရတော့လို့  - အပွင့်ပွင့်ရမယ့် သစ်ပင်ဟာ ပွင့်ခွင့်မရ - ပွင့်ခွင့်မရလျှင် အသီး အဖြစ်လာနိုင်တော့ သလို ဘ၀ အညွှန့် တုံးသွားပါတယ်။ ထို့ ကြောင့် ပထမ အရေးကြီးဆုံး အချက်ဟာ လွတ်လပ်မှု လို့  ဆိုရခြင်းပါ။
လွတ်လပ်မှု ရှိသော်လည်း တရားမျှတမှု မရှိလျှင် အပင် က ပွင့်လာတဲ့ အပွင့်ကို ပိုးမွှား တိရစ္ဆာန်တွေ ဖျက်ဆီးသလို အဖျက်ခံရမယ် - ကြီးနိုင်ငယ်ညှင်း - ငါးငယ်ကို ငါးကြီး စားသလို ဖြစ်သွားပါမယ်။ ထို့ ကြောင့် တရားမျှတမှုဟာ ဒုတိယ အရေးအကြီးဆုံး အချက်လို့  တင်ပြရပါတယ်။
စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး - အရေးတိုင်းမှာ ယှဉ်ပြိုင်မှု ရှိကြပါတယ်။ ထိုယှဉ်ပြိုင်မှု တွေမှာ တူညီသော အခွင့်အရေးတွေ လိုအပ်ပါတယ်။ ဥပမာ နှိုင်းယှဉ်ပြရလျှင် အပြေးပြိုင်ပွဲ တစ်ခုမှာ အားလုံးဟာ သတ်မှတ်ထားသော မျဉ်းပေါ်မှာ အစနေရာယူပြီး တာထွက်ချိန်မှာလည်း တစ်ပြိုင်ထည်း ထွက်ရသလို ပန်းတိုင်ရောက်ရန်မှာ ယှဉ်ပြိုင်သူရဲ့ အရည်အချင်းမှာ မူတည်သလိုပါပဲ။ လောကကြီးမှာ လူအများစုဟာ တူညီသော အခွင့်အရေး မရလို့  တိုးတက် ဖွံ့ ဖြိုးခွင့် မရကြရတာ ဖြစ်ပါတယ်။ ထို့ ကြောင့် တူညီသော အခွင့် အရေးဟာ တတိယ အရေးကြီးသော အချက်လို့  ဖေါ်ပြရခြင်းပါ။
အထက်ဖေါ်ပြခဲ့ပါ အချက် -၃- ချက် ရှိသော်လည်း ဘ၀ လုံခြုံရေး မရှိသော ဒေသမှာ လူ့ ဘ၀ ဆိုတာ ချောက်ကမ်းပါးမှာ ရပ်နေရသူလိုပါပဲ။ ဘ၀ဆိုတာ အမြဲတမ်း သဲထိပ်ရင်ဖို ဖြစ်နေရပြီးထာဝရ ငရဲ ကျနေသလို ဖြစ်နေမှာပါ။
ထို့ ကြောင့် ဖေါ်ပြပါ အချက် -၄- ချက် လိုအပ်ကြောင်း တင်ပြရခြင်းပါ။ ယနေ့  မြန်မာနိုင်ငံ နေရာ အနှံ့  အပြား ထို အချက် -၄- ချက် ပြည့်စုံမှု ရှိ မရှိဆိုတာ ပြည်သူတွေ အသိဆုံးပါ။
မည်သို့ သော အခွင့်အရေးတွေကို ပေးပေး နိုင်ငံခြားသား အရင်းရှင်များ အနေဖြင့် ရင်းနှီးမြုပ်နှံဖို့  ဆိုသည်မှာ လွယ်လွယ်ကူကူ ဆုံးဖြတ်ချက် ချရိုးထုံးစံ မရှိပါ။ အရင်းအနှီးဆိုသည်မှာ မြုပ်ချလိုက်ပြီးလျှင် အရင်းပြန်ပေါ်လာဖို့  အချိန်ယူလုပ်ဆောင်ရပါတယ်။ အမြတ်ရဖို့ ဆိုသည်မှာလည်း စောင့်ဆိုင်းရပါတယ်။ မတော်တဆ ဖြစ်ခဲ့လျှင် ဘ၀ပျက်သွားနိုင်တယ်။ ထို့ ကြောင့် ကမ္ဘာ့ ရင်းနှီး မြုပ်နှံသူတွေကို လမ်းညွှန်ပေးနေတဲ့ ဆရာကြီးတွေ - လေ့လာရေး ဌာနကြီးတွေ ရှိပါတယ်။ ထို့ ကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေဟာ သူတို့ ယုံကြည် ကိုးစား အားထားရတဲ့ ဆရာကြီးတွေရဲ့ လမ်းညွှန်မှုကို လေးစား လိုက်နာကြပါတယ်။ စက်မှုလက်မှု ၀န်ကြီးဌာနက မြန်မာအစိုးရရဲ့ သဘောထားကို အလွန်အရေးပါလှတဲ့ - WORLD ECONOMIC FORUM- မှာ ပြောခဲ့ယုံတင်မက သမ္မတ ဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ထိုကိစ္စကို ထပ်မံ ထုတ်ဖော် ပြောဆိုခဲ့ကြပြီး နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်ခြင်း - အာမခံချက်ပေးခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။
အထူးသဖြင့် သမ္မတ ဦးသိန်းစိန်ရဲ့ စင်္ကာပူ သွားရောက်တဲ့ ခရီးစဉ်မှာ နာမည်ကြီး သတင်းစာ တစ်စောင်နဲ့  တွေ့ ဆုံ မေးမြန်းခန်းမှာ မိန့် ကြားခဲ့ခြင်း ဖြစ်ပါတယ်။
အထူးခြားဆုံးကတော့ နိုင်ငံခြားငွေလဲလှယ်ရေး ကိစ္စနဲ့  အစုရှယ်ယာ ဈေးတည်ထောင်ရေး ကိစ္စတွေ ဖြစ်ပါတယ်။
အမှန်ကို အမှန်အတိုင်း - အရှိကို အရှိအတိုင်း ဝေဖန်ရရင်တော့ ဆင်ခေါင်းဟာ ဘယ်လောက် ကြီးနေသော်လည်း အထဲက ဦးနှောက်ဟာ လူသားထက် ငယ်တယ်လို့  ဆိုပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဦးခေါင်းပုံသဏ္ဍာန်က ကြီးမားပုံရပေမယ့် ဦးနှောက်က ဆင်ဦးနှောက်လောက်ပဲ ရှိပုံရပါတယ်။
နိုင်ငံခေါင်းဆောင်ကြီး တစ်ယောက်ကို မသမာသော စိတ်ဖြင့် ဝေဖန်ခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ ငွေကြေး ပြဿနာကို ကိုယ့်ဖာသာ မဖြေရှင်းပဲ သူခိုးကို ဘဏ္ဍာစိုး ခန့် အပ်ခြင်းကို လက်မခံနိုင်လွန်းလို့  ဝေဖန်မိတာပါ။
မြန်မာနိုင်ငံ စစ်ခေါင်းဆောင်တွေနဲ့  စင်္ကာပူ အစိုးရဟာ အထူးရင်းနှီးမှု ရှိခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသားတိုင်း သိကြပါတယ်။ ထို့ ကြောင့် ငွေကြေး ကိစ္စစီမံ ဆောင်ရွက်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့ စင်္ကာပူနိုင်ငံရဲ့ အကူအညီ ရလို၍ မြန်မာနိုင်ငံသမ္မတကြီး စင်္ကာပူကို သွားခဲ့တယ်ဆိုတာ သိသာလှပါတယ်။ ဒါ့ကြောင့်လည်း သူခိုးကို ဘဏ္ဍာစိုး ခန့် တယ်လို့  ပြောတာပါ။
စင်္ကာပူအစိုးရရဲ့ ငွေကြေးဆိုင်ရာပိုင်းကို ကိုင်တွယ်လှုပ်ရှားဖို့  -TEMASEK HOLDINGS- ဆိုတဲ့ ကုမ္ပဏီ ကြီးကို ဖွင့်လှစ်ထားပါတယ်။ ၎င်းအပြင် စင်္ကာပူ အစိုးရပိုင် -GOVERNMENT CORPORATION : GIC - ဆိုတာလည်း ရှိပါတယ်။ သို့ သော် နိုင်ငံတကာ ငွေကြေးလောကမှာ အထူးသဖြင့် အာရှတစ်ခွင်မှာ ရှိတဲ့ ငွေကြေး ရင်းနှီးမြုပ်နှံမှု အမြောက်အများ အသုံးချရတဲ့ လုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်ဖို့  အသင့်ရှိနေပါတယ်။ - ဘာ့ကြောင့်လည်းဆိုတော့ -TEMASEK HOLDINGS- ရဲ့လက်ထဲမှာ စင်္ကာပူဒေါ်လာ သန်းပေါင်း -၁၉၃- ဘီလီယံ သို့ မဟုတ် အမေရိကန်ဒေါ်လာ သန်းပေါင်း -၁၅၇- ဘီလီယံ ရှိနေတဲ့ အပြင် အဆင့်မြင့် အလုပ်သမား -၄၀၀- ကျော်လည်း ရှိနေပါတယ်။
၎င်း -TEMASEK HOLDINGS- ရဲ့ အဓိက လုပ်ငန်းတွေကတော့ -FINANCIAL SERVICES, TELECOMMUNICATION နှင့် MEDIA တို့ ဖြစ်ပါတယ်။ ထို့ မျှမက BANK OF CHINA STANDARD CHARTERED- အစရှိသော ထိပ်တန်း ဘဏ်ကြီးတွေမှာလည်း အစုရှယ်ယာတွေ ပါဝင်ထားပါတယ်။ ထို့ ကြောင့်လည်း -၂၀၀၄- ခုနှစ် -TEMASEK HOLDINGS- ရဲ့ အမြတ်ငွေဟာ စင်္ကာပူဒေါ်လာ -၇.၄- ဘီလီယံ သို့ မဟုတ် အမေရိကန်ဒေါ်လာ -၄.၄- ဘီလီယံ အထိ ရှိခဲ့ပါတယ်။ ဘဏ်လုပ်ငန်း ဆိုတာ ရွှေဆိုင်လိုပါပဲ - ရွှေဆိုင်မှာ ကျနော်တို့ က ရောင်းရင်လည်း အမြတ်ယူထားတယ်၊ သူ့ ဆီမှာ ၀ယ်ရင်လဲ အမြတ်ယူထားတယ်။ ဒါ့ကြောင့် ရွှေဆိုင်လုပ်ငန်းဟာ အရှုံးမရှိသလို ဘဏ်လုပ်ငန်းဟာလည်း အရှုံးမရှိပါဘူး။
လွန်ခဲ့တဲ့ -၂၀၀၆- ခုနှစ်တုန်းက ၎င်း TEMASEK ကို CEO အဖြစ် အုပ်ချုပ်ထားသူကတော့ စင်္ကာပူ ၀န်ကြီးချုပ် LEE HSIEN LOONG ရဲ့ ဇနီး MADAME HO CHING ဖြစ်ပါတယ်။ သူမ လက်ထက်မှာ ထိုင်းဝန်ကြီးချုပ် -THAKSIN SHINAWATRA- နဲ့  မိသားစုပိုင် -SHIN CORPORATION- ကုမ္ပဏီ ရှယ်ယာတွေ ၀ယ်လိုက်ပြီး ယခုအချိန်အထိ ၎င်းကုမ္ပဏီကို အပိုင်စီးထားဆဲ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် -THAKSIN- ကတော့ ၎င်း အစုရှယ်ယာတွေ ရောင်းဝယ်မှုနဲ့  ပါတ်သတ်ပြီး ပြည်သူလူထုက ဆန္ဒပြကြရာမှ နောက်ဆုံး အာဏာသိမ်းခံရတဲ့ အထိ ဖြစ်ခဲ့ရုံမက အစုရှယ်ယာ ရောင်းရတဲ့ ငွေထဲက ဘတ်ငွေ သန်းပေါင်း -၄၀၀၀၀- ကျော် အသိမ်းခံလိုက်ရပါတယ်။ ထိုဆန္ဒပြပွဲတွေ ဖြစ်နေစဉ် ကာလမှာ စင်္ကာပူဝန်ကြီးချုပ် -LEE HSIEN LOONG နှင့် MADAME HO CHING တို့ ရဲ့ ရုပ်တုများကို ဘန်ကောက်မြို့လည် လမ်းမကြီးပေါ်မှာ မီးရှို့ ဆန္ဒပြခဲ့ကြပါတယ်။ မည်သို့ ပင်ဖြစ်စေ ၎င်း TEMASEK ကုမ္ပဏီ CEO အဖြစ်မှ -၂၀၀၉- ခုနှစ်မှာ MADAME HO CHING နှုတ်ထွက်ခဲ့ပြီး အမေရိကန်လူမျိုး CHARLES W.GOODYEAR- ကို နေရာပေးခဲ့ပါတယ်။ အတိုချုပ်ကို ပြောရရင်တော့ - စင်္ကာပူ- တရုပ်- အမေရိကန် - ၃- နိုင်ငံဟာ -TEMASEK- ကုမ္ပဏီမှာ ပူးတွဲဆောင်ရွက်နေကြတယ် ဆိုတာပါပဲ။
WORLD ECONOMIC FORUM- အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ - အကောက်ခွန် -၈- နှစ် ကင်းလွတ်ခွင့် ပေးမယ် ဆိုတဲ့ ထုတ်ဖေါ် ပြောကြားချက် ထွက်ပေါ်ပြီးနောက်ပိုင်းမှာ - သို့ မဟုတ် - ဒေါ်အောင်ဆန်းစုကြည်က -2012- WORLD ECONOMIC FORUM- သို့ ပြောကြားတဲ့ “MYANMAR HAD THE ‘RARE AND PRECIOUS OPPORTUNITY TO REACH A GREAT TRANSFORMATION’ - ဆိုတဲ့ သမိုင်းဝင် ၀ါဓက ကြီးထွက်လာပြီးနောက်ပိုင်းမှာ အင်္ဂလန်နိုင်ငံက -MAPLECROFT- ဆိုတဲ့ သုတေသနဌာနကြီးက -၈-၂-၁၂- ရက်နေ့  ထုတ်ပြန်ချက် တစ်ရပ်တွင် ဖေါ်ပြထားသည်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ဖို့  မသင့်ဆုံး နိုင်ငံလို့  ဆိုထားပါတယ်။ အကြောင်းရင်းကတော့ မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပစ္စည်း ပေါကြွယ်ဝပေမယ့်လည်း ဥပဒေ စိုးမိုးရေးပိုင်း တနည်းအားဖြင့် တရားမျှတမှု အပိုင်းမှာ အလွန်အားနည်းနေသေးသောကြောင့်လို့  ဆိုထားပါတယ်။
ကမ္ဘာ့  နိုင်ငံပေါင်း -၁၉၇- နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ တရားမျှတမှု အနည်းဆုံး နိုင်ငံစာရင်းမှာ ပါဝင်ကြောင်း လေ့လာတွေ့ ရှိရသည်ဟု ဖေါ်ပြထားပါတယ်။
စီးပွားရေးနှင့် တရားမျှတမှုဆိုသည်မှာ ဒွန်တွဲနေပြီး တရားမျှတမှု မရှိသော နိုင်ငံသည် အမိုးပျက်စီးနေသော အဆောက်အဦးနှင့် တူပါတယ်။
ထို့ ကြောင့် MAPLECROFT- သုတေသန ပြုလုပ်ထားတဲ့ စီးပွားရေး မလုပ်သင့်တဲ့ နိုင်ငံတွေကတော့ -ANGOLA, ARGENTINA, INDONESIA, MALAYSIA, MYANMAR, UKRAINE နိုင်ငံတို့  ပါဝင်ကြောင်း ဖေါ်ပြထားပါတယ်။ နောက်ပြီးတော့ FATF - ခေါ် FINANCIAL ACTION TASK FORCE- အဖွဲ့ ကြီးကလည်း မြန်မာနိုင်ငံဟာ ငွေမဲတွေ ငွေဖြူဖြစ်အေင် ခ၀ါချတဲ့နေရာမှာ အဓိက ဌာနချုပ်ကြီး ဖြစ်နေကြောင်း ထုတ်ဖေါ်ကြေငြာထားပါတယ်။ ငွေခ၀ါချရုံတင်မက ကမ္ဘာ့  အကြမ်းဖက် ဂိုဏ်းတွေရဲ့ ငွေတွေ ရွှေ့ပြောင်းတာရော - ငွေပွားအောင် လုပ်တာရော- အမှောင်လုပ်ငန်းတွေ ဆုံစည်းရာ နေရာလို့  သတ်မှတ်ထားပါတယ်။
FATF - အဖွဲ့ ကြီးက ယခုနောက်ဆုံး -၂၀၁၂- ခုနှစ် ဖေဖေါ်ဝါရီလတွင် ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ပါဝင်တဲ့ နိုင်ငံတွေကတော့ - ANGOLA, ARGENTINA, INDONESIA, MALAYSIA, MYANMAR နဲ့  UKRAINE နိုင်ငံတို့  ဖြစ်ပါတယ်။
နိုင်ငံ တစ်နိုင်ငံမှာ ဒေါ်လာသန်းရာချီပြီး၊ ထောင်ချီပြီး ရင်းနှီးမြုပ်နှံကြမယ့် စီးပွားရေး လုပ်ငန်းရှင်တွေဟာ အဲ့ဒီနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ သယ်ယူပို့ ဆောင်ရေး၊ သယံဇာတ - လူသားသယံဇာတရော၊ သဘာဝ သယံဇာတ တို့ အပြင် ကမ္ဘာ့  ဇုံ အနေအထားကိုပါ လေ့လာကြရပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့ ဇုံအရ အလွန်ကောင်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဆိုလိုတာက ကမ္ဘာ့  လူဦးရေ အများဆုံး နိုင်ငံကြီး နှစ်နိုင်ငံနဲ့  လက်ဝဲ လက်ယာမှာ နယ်မြေ ဆက်စပ်နေသဖြင့် ရောင်းအား ၀ယ်အား အလွန်ကောင်းလှပါတယ်။ ကျနော်တို့  အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင် - အပ်က အစ၊ မော်တော်ကားအထိ ထုတ်နိုင်ပေမယ့် ကမ္ဘာ့  အနောက်ဖက်ခြမ်းကို ကုန်တင်ပို့ မယ်ဆိုရင် မလက္ကာ ရေလက်ကြားက တဆင့် စင်္ကာပူက ပါတ်ပြီး ပို့ နေရသောကြောင့် ဘန်ကောက် ဆိပ်ကမ်းနဲ့  ရန်ကုန်ဆိပ်ကမ်း ခရီးလမ်း အကွာအဝေးဟာ ကုန်တင်စရိတ်ကွာခြားချက် ကွာလွန်းသည်ကို တွေ့ ရပါမယ်။
မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေး လက်အောက်မှာ နှစ်ပေါင်း ၅၀- လောက် ရောက်မနေဘူးဆိုရင် အခုအခါမှာ တောင်ကိုရီးယားထက် သာနေမယ် ဆိုတာ ကျနော် ပြောရဲပါတယ်။ ကျနော်တို့  မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်များ အလွန်ထိတ်လန့်  ကြောက်ရွံ့တဲ့ မဟာ ပြဿနာကြီးကတော့ လာဘ်ပေးလာဘ်ယူ ကိစ္စပါပဲ။
TRANSPARENCY INTERNATIONAL အဖွဲ့ ကြီးရဲ့ ထုတ်ဖေါ်ချက် အရ ကမ္ဘာ့  CORRUPTION ခေါ် အကျင့်ပျက် လာဘ်စားမှု အများဆုံးနိုင်ငံစာရင်း အဆင့်ကို သတ်မှတ်ထားသည်မှာ အံ့အောစရာ ကောင်းလှပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း -၁၈၂- နိုင်ငံမှာ နံပါတ် -၁၈၀- မှာ ပါရှိသောကြောင့်ပါ။ ဒီလိုဆိုတော့ တစ်နိုင်ငံလုံး အကျင့်ပျက်တယ်လို့  အဓိပ္ပါယ်ရှိပါတယ်။ ဆေးပညာ စကားနဲ့  ပြောရရင်တော့ -CORRUPTION VIRUS- ရောဂါပိုး အများဆုံး နိုင်ငံလို့  ဆိုလို ပါတယ်။
မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးမှာ နိုင်ငံရေး ခေါင်းဆောင်ပိုင်းဟာ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူတွေကို မက်လုံးပေးပြီး ဖိတ်ခေါ်နေရုံနဲ့  မပြီးသေးပါ။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အရင်လုပ်ဖို့  လိုပါတယ်။ အဲ့ဒီ ပြင်ဆင်မှုတွေထဲမှာ အရေးအကြီးဆုံးက - စေတနာမှန်၊ နေရာမှန်၊ လူမှန်တွေကို ၀န်ကြီးနေရာတွေ ပေးအပ်ဖို့  လိုပါတယ်။ နေရာရပြီး အလုပ်မလုပ်တတ်ပဲ စားတာတစ်ခုထည်းကိုသာ တတ်တဲ့ လူတွေကို ဖယ်ရှားပြစ်ဖို့  အရေးကြီးပါတယ်။ ဥပမာ မြန်မာ့ငွေကြေးပြဿနာကို ဘဏ္ဍာရေးဝန်ကြီးက စီစဉ်ဖြေရှင်းဖို့ ၊ စီမံအုပ်ချုပ်ဖို့  လိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နှလုံးသား ဖြစ်တဲ့ ဘဏ္ဍာရေးကိစ္စကို အခြားနိုင်ငံ တစ်ခုကို လွှဲအပ်ပြီး စီမံခန့် ခွဲမှု ပြုမယ်ဆိုရင် နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
ပြည်သူလူထုဆင်းရဲမွဲတေမှုက လွတ်မြောက်စေဖို့  - အလုပ်လက်မဲ့ ပြဿာ ဖြေရှင်းဖို့ ၊ နိုင်ငံခြားကုမ္ပဏီတွေကို မက်လုံးပေး ခေါ်ယူနေခြင်းဟာ စစ်မှန်သော စီးပွားရေး သမားတွေမလာပဲ စီးပွားရေး အချောင်သမားတွေသာ ၀င်ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို “ဖာနိုင်ငံ ဖြစ်ဖို့ ” လမ်းဖွင့်ပေးသလို ဖြစ်နေပါတယ်။
၂၂-၃-၁၂ ရက်နေ့ က ကော့မှူးမြို့နယ်မှာ ကမ္ဘာကျော် နိုင်ငံရေးသမားကြီး တစ်ဦး ပြောသွားတာက “ကော့မှူးမြို့နယ်မှာ အလုပ်လက်မဲ့များပြီးတော့ စီးပွားရေး အခြေအနေ အတော်ဆိုးနေတာ တွေ့ ရတယ်၊ ကော့မှူးမြို့နယ်က မဲဆန္ဒရှင်အားလုံး အတွက်ကို ကျမမြို့နယ် ဖြစ်တဲ့ အတွက် မြန်မာပြည်မှာ ကျမ မြို့နယ်က နေ စပြီး အဲ့ဒါတွေကို ပြုပြင်ပေးချင်တယ်၊ ကျမ တာဝန်ကျေအောင် ထမ်းဆောင်ပါ့မယ်။ ဒါ့ကြောင့် ကော့မှူးမြို့က လူထု မဲပေးမှသာလျှင် မြန်မာတစ်ပြည်လုံးအတွက် အဲ့ဒီတာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်” အဲ့ဒီလို ပြောဟောသွားတယ်လို့  သတင်းမှာ ရေးသားထားပါတယ်။
ဒီစကားရပ်ဟာ -PROFESSIONALISM- ကြေးစားနိုင်ငံရေး သမားတွေ ပြောနေကြ စကား ဖြစ်ပါတယ်။ မစားရ ၀ခမန်း ၊ ဖြစ်နိုင် အဖြစ်နိုင် အပထား - မိမိ မဲရဖို့ အတွက် မက်လုံးပေး ပြောသော တနည်းအားဖြင့် ပြည်သူလူထုကို လာဘ်ထိုးခြင်းသာ ဖြစ်ပါတယ်။
မည်သည့် နိုင်ငံမှာမဆို အဲ့ဒီလို ကြေးစား နိုင်ငံရေးသမားတွေကြောင့် နိုင်ငံတိုးတက်မှုတွေ ဆုတ်ယုတ်ခဲ့ကြရတာ လေ့လာတွေ့ ရှိနေရပါတယ်။ နိုင်ငံရေး သမားဆိုတာ -VOLUNTEER- ခေါ် စေတနာဝန်ထမ်း များသာ ဖြစ်သင့်ပါတယ်။
သမ္မတကြီး ဦးသိန်းစိန် ဆိုသူကလည်း မြန်မာနိုင်ငံမှာ အစုရှယ်ယာ ဈေးဖွင့်ပေးမယ်လို့ ပါ ပြောသွားသည် ဟုလည်း နိုင်ငံခြား သတင်းမှာ ဖေါ်ပြထားပါတယ်။ သမ္မတကြီး ဦးသိန်းစိန် - မိုးခါးရေ သောက်မိပြီထင်ပါတယ်။
အစုရှယ်ယာဈေး - ဆိုသည်မှာ တရားဝင် လောင်းကစားပွဲ တစ်ရပ်သာဖြစ်ပြီး ငွေအားနဲသူတွေရဲ့ သင်္ချိုင်းသာ ဖြစ်တယ် ဆိုတာ သမ္မတကြီး မသိလိုက်ဘူး ထင်ပါတယ်။ မြန်မာနိုင်ငံဟာ အစုရှယ်ယာ ဈေးကွက်ဖွင့်ရန် အချိန်မတန်သေးဘူးလို့  တင်ပြပါရစေ။
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကတော့ - ပြောမဆုံးပေါင် တောသုံးတောင် - ဆိုသလိုပါပဲ။
THE LADY နဲ့  THE PRESIDENT တို့ ရဲ့ လှုပ်ရှားပြောဆို ဆောင်ရွက်နေပုံတွေဟာ - နိုင်ငံတကာ အမြင်မှာ ပွင့်သစ်စပန်းလေး တစ်ပွင့်လို ဖြစ်နေပေမယ့် ကျနော့ အမြင်မှာကတော့ -MISSION IMPOSSIBLE- အဆင့်သာ ရှိသေးကြောင်းတင်ပြလိုက်ရပါတယ်။ ရေးစရာ အချက်တွေ အများကြီး ကျန်သေးပေမယ့် စာရှည်လွန်းသွားသဖြင့် ဤနေရာမှာ ရပ်နားပါရစေ။
မေတ္တာစေတနာဖြင့်
တောသားလေး မောင်လူအေး
3/28/12
ကြည့်ပဲ ကြည့်...မဝေဖန်နဲ့ ။
ပျူးနေတာပဲ
Type your summary here.Type the rest of your post here.
အူကြောင်ကြားကဗျာ
ဦးစီးချုပ်မိန့် ခွန်းကို ဟစ်ဟော့သီချင်းလို
မာမာအေးအသံနဲ့ ဆိုလိုက်ချင်ရဲ့ ။
အရောင်တွေမှေး မှိန်လာလေလေ
ထုံးဖြူဖြူနဲ့ ဆွမ်းအုပ်တစ်အုပ်ကို သတိရလို့ ။
ပွဲခင်းထဲက ဆူညံသံတွေနဲ့ အတူ
တရားထိုင်ချင်တယ်။
သီတဂူဆရာတော် သြ၀ါဒနဲ့ 
လေချွန်ချင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းနဲ့ 
ညအိပ်ရာဝင်ချင်တယ်။
အမှောင်တွေထဲမှာ
Black ကာလာကို ၀တ်ချင်တယ်။
ကိုမိုးသီးဇွန်လက်ကိုဆွဲပြီး
ဖက်ရှင်ပွဲမှာ လမ်းလျှောက်ချင်တယ်။
ဒေါက်တာနိုင်အောင်လို
ABSDF မြောက်ပိုင်းက ရဲဘော်တွေကို
အာဝါးပေးချင်တယ်။
ဒါပေမဲ့ဗျာ-
ဒီခေတ်က....
ဒေါက်တာချက်ကြီးနဲ့ ဒေါက်တာလွမ်းဆွေတို့ ရဲ့ ဘလော့ဂ်နဲ့ 
ကျနော်အသက်ရှင်နေတဲ့ခေတ်က
ဦးသိန်းစိန်နဲ့ ဒေါ်စုတို့ နဲ့ အတူပေါ့။
တစ်ခါတလေ ကဗျာတွေဟာ
မိုးကျရွှေကိုယ်လောက်တောင် အရသာမရှိသလို
မိန်းမ ထောင်းတဲ့ ငပိထောင်းလောက်တောင် မကောင်းဘူးဗျာ။
မျက်ရည်လွယ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ တွေ့ တိုင်း
အသုဘမှာ အငှားငိုဖို့ အသုံးဝင်သလိုလို
ဘ၀တွေဟာ ကချင်တိုက်ပွဲမှာ ဖင် ချ ခံရတဲ့ ကချင်မလေးလိုပဲ။
မြန်မာတွေ မြန်မာတွေ
ဂဏန်းကောင်လို ဘေးသွားသွား
Kangaroo လိုလို ခုန်ဆွခုန်ဆွနဲ့ 
လက်နှစ်ဖက်ရှိပြီး အရမ်းတိုနေတော့ အသုံးမ၀င်
ဖင်ခံ ချင်နေသလားမသိ။
ကောင်မလေးရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့ဘ၀အတွက် မဟုတ်ပါဘူးကွာ။
မင်းကိုနိုင်ရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့အတွက်မဟုတ်ပါဘူးကွာ။
ကိုကိုကြီးရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့အတွက်မဟုတ်ဘူးကွာ။
သို့ သော်
မိုးဟေကိုအချစ်ဟာ
သူတို့ ထက် လက်တွေ့ ဆန်သလားလို့ ပါ။
မှတ်ချက်။ ။ ပျင်းနေလို့ ဟိုရောက်ဒီရောက် ရေးတာပါ။ ကဗျာမဟုတ်ပါ။
--
Thanks for sending!!!
Phone Kyaw
3/27/12
ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်နေ့ 
မတ်လ ၂၆-ရက်နေ့ ညတိုင်းဆိုရင် ကျနော်တို့ အရမ်းအလုပ်ရှုပ်တယ်။ စံပယ်ပန်းတွေသီရတယ်။ ကောက်ညင်းပေါင်းနဲ့ စားစရာတွေ ထုတ်ပိုးရတယ်။ ဒီလိုရှုပ်ပေမဲ့ပျော်စရာအရမ်းကောင်းတယ်။ တစ်အိမ်တစ်ယောက် မလိုက်မနေရဆိုပြီး တပ်ရင်းမှုးက အမိန့် ထုတ်တယ်။ အထူးသဖြင့် မိန်းမတွေလိုက်ရတယ်။ အဖေက လုံခြုံရေး တာဝန်ယူရတယ်။ အမေက ပန်းသီးတယ်။ ကျနော်က ကောက်ညင်းပေါင်းအိုးကို ထမ်းတယ်။ ဒါက ကျနော်တို့ တာဝန်။
မနက်နှစ်နာရီဆိုရင် တပ်ရှေ့ မှာ စစ်ကားသုံးလေးစီးက အဆင့်သင့်နေရာယူထားတယ်။ အပျိုချောလေးတွေလည်း မနည်းဘူး။ သူတို့ က ကြိုဆိုရေးရဲ့ အဓိကလူတွေ။ မျက်နှာမှာ မိတ်ကပ်တွေနဲ့ သစ်လွင်တောက်ပသော အင်္ကျီတွေနဲ့ ဆိုတော့ ကြည့်ရတာ ဘုရားပွဲတော်ကိုသွားသလိုပဲ။
စစ်ကားကလည်း လူအယောက်ငါးဆယ်လောက်ဆန့် တယ်။ ကားပေါ်ကို အပျိုချောတွေကော လူပျိုချောတွေကော တက်ကြတယ်။ စကြနောက်ကြနဲ့ ။ မနက်နှစ်နာရီမှာ ဘာ့ကြောင့်သွားရလဲဆိုတော့ နေရာမရမှာစိုးလို့ ။ တပ်ပေါင်းစုံက စစ်သားသမီးတွေ၊ သူတို့ အဖေတွေနဲ့ ညီအစ်ကိုမောင်နှမတွေကို ကြိုဆိုရေးလုပ်ဖို့ အတွက်ဆိုတော့ လူတွေက တအားများတယ်။ နေရာကောင်းကောင်းရဖို့ ဦးထားရတယ်။ ရွှေတိဂုံဘုရားနားတစ်ဝိုက်မှာဆိုတော့ ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးလို့ ရတယ်။ နေရာတကာ လုံခြုံရေး အထပ်ထပ်နဲ့ ။ မိုင်းရှာတဲ့ပစ္စည်းတွေကော၊ ထောက်လှမ်းရေးတွေကောစုံလို့ ။
ကျနော်တို့ က ဂရုစိုက်စရာမလိုဘူး။ စစ်ကားနဲ့ လာတာဆိုတော့ ကျနော်တို့ ဘယ်သူတွေလဲဆိုတာကို လုံခြုံရေးတွေက သိတယ်။ အဖေက အဲဒိလမ်းတစ်လျှောက်မှာ ကင်းပုန်းဝတ်ဖို့ တာဝန်ကြတယ်။ အမေက ထမင်းချက်ဖို့ တာဝန်ကြတယ်။ ကျနော်က ပန်းစည်းနဲ့ ကောက်ညင်းပေါင်းအိုးထမ်းဖို့ တာဝန်ကြတယ်။ တအိမ်လုံးနီးပါး ဘယ်သူမှ မအားဘူး။
တပ်မတော်နေ့ မှာဆိုရင် ကောင်မလေးချောချောလေးတွေ လင်ရှာကြတယ်။ ရုပ်ချောတဲ့အလံကိုင်စစ်ဗိုလ်ဆိုရင် ပန်းကုံးတွေက အများကြီးပဲ။ ရုပ်ဆိုးတဲ့လူတွေဆိုရင် ပန်းကုံးမရဘူး။ ရှေ့ ဆုံးက လူကတော့ ပန်းကုံးတွေအများစုရကြတယ်။
ပန်းကုံးစွပ်ရင် သတိထားရတယ်။ စွပ်နည်းကျွမ်းကျင်ရတယ်။ ထောင်နဲ့ သောင်းနဲ့ ရှိတဲ့စစ်သားတွေကြားထဲမှာ သေနတ်တွေကော၊ ဘတ်နပ်တွေကောဆိုတော့ အန္တရာယ်များတယ်။ အရမ်းထူးခြားတာတစ်ခုက ဘယ်သူမှ သေနတ်နဲ့ မတိုက်မိဘူး။ ဘတ်နပ်နဲ့ အထိုးခံရတာမရှိဘူး။ ဘာ့ကြောင့်လဲဆိုတော့ တော်လှန်ပလိပ် (ခ) လမ်းလျှောက်တာကို ကျင့်ရတာ သုံးလေးလကြာတယ်ဆိုတော့ စစ်သားတွေအကုန်လုံး ကျင့်သားကျနေပြီ။ လမ်းလျှောက်တဲပုံပျက်လည်း ခဏပဲ။ ပြီးရင် အာလုံးပြန်တည့်သွားတာပဲ။
ဒီလိုလမ်းလျှောက်ဖို့ အတွက် မီးသတ်အစ၊ ကြက်ခြေနီအဆုံးလိုက်ရတယ်။ ကျောင်းတွေက ပန်းဝါကတွေလည်း ပါရတယ်။ တပ်တိုင်းလိုက်ရတယ်။ လိုက်ရင် ယူနီဖောင်းအသစ်ရတယ်။ ဒါပေမဲ့ မလိုက်ချင်တဲ့လူများတယ်။ အထူးသဖြင့် အရပ်ရှည်တဲ့စစ်သားနဲ့ တောင့်တဲ့ စစ်သားဦးစားပေးခေါ်တယ်။
တချို့ စစ်ဗိုလ်၊ စစ်သားချောချောတွေက အဲဒိမှာ ရည်းစားရကြတယ်။ စာပေးတဲ့ကောင်မတွေလည်း တစ်ပုံကြီး။ စစ်သားဆိုတာ အဓိအချိန်တစ်ခုပဲ ဈေးကောင်းတယ်ထင်တယ်။
အဆိုးဆုံးအချိန်က ကာကွယ်ရေးဦးစီးချုပ်တွေ မိန့် ခွန်းပြောတဲ့အချိန်ပဲ။ အကြာကြီးပွားတယ်။ အောက်ကရဲဘော်တွေကိုလည်း အားမနာဘူး။ နေကပူတာအပြင် သူကလည်း ပွားတာ အရမ်းကြာတော့ စစ်သားတွေတချို့ မှုးမေ့လဲကုန်တယ်။ ဒါကိုတော့ တီဗွီမှာ မပြဘူး။ သူပွားနေတဲ့အချိန်ဆိုရင် ကျနော်တို့ ကြိုဆိုရေးအဖွဲ့ တွေက အပန်းဖြေအနားယူရတယ်။ ထမင်းစားတယ်။ ဘုရားဖူးတယ်။ တစ်ခါတလေ ပန်းကုံးနဲ့ စစ်သားတွေကို ပစ်ပေါက်တယ်။ ဒါကို တိုက်ပုံဝတ်ထားတဲ့ ထောက်လှမ်းရေးတွေက လာပြီး မလုပ်ဖို့ တားတယ်။တားလည်း လုပ်တာပဲ။ ခလေးဆိုတော့ ကစားတာပါ။ ဒီကောင်တွေကိုလည်းကြောက်စရာမလိုပါဘူး။
စစ်လက်နက်ပစ္စည်းတပ်ရင်းတွေက သီးသန့် နေရာတစ်ခု၊ ဆေးတပ်က နေရာတစ်ခု၊ စစ်အဂျီင်္နီယာကတစ်ခု၊ အသီးသီးကိုယ့်နေရာနဲ့ ကိုယ့်အုပ်စုနဲ့ နေရတယ်။
တော်လှန်ရေးပလိပ်လို့ ခေါ်တဲ့ လမ်းလျှောက်ပြီးပြီဆိုရင် တပ်ထဲက စစ်သားတွေရုပ်က အမဲခြောက်ကို နေလှန်းထားသလိုပဲ။
သူတို့ တော့အတော်ပင်ပန်းတယ်။ ရှေ့ ဆုံးက အော်ရတဲ့ဗိုလ်မှုးချုပ်တစ်ယောက်လည်း ဒီအတိုင်းပဲ။ သူတို့ ကသာ အရမ်းပင်ပန်းတာ။ ကာကွယ်ရေးဦးစီးချုပ်ကတော့ ယူနီဖောင်းကိုကော့လန်အောင်နေ၀တ်၊ ပြီးရင် ဘိုးကေကိုပြောင်နေအောင်ဖီး၊ စင်ပေါ်မှာ ခန့် ခန့် ကြီး ပွားနေတာကတော့ အင်မတန်ရုပ်ဆိုးပါတယ်။ အောက်ကစစ်သားတွေကတော့နေပူထဲမှာ မှုးမေ့လဲလို့ လဲနဲ့ ဆိုတော့။
--
Thanks for sending!!!
Phone Kyaw
မျောက်တွေကို သေနတ်ပေးရင် ဒီလိုဖြစ်တယ်
3/25/12
စိုင်းစိုင်မော့ဝ်ဖုန်းနံပါများရှိရင် ရှယ်ပေးကြစေချင်ပါတယ်
အလှူပွဲရိုးရိုးလေး(ဓာတ်ပုံ)
DSC06668-600x398 by wgdperth
DSC06668-600x398, a photo by wgdperth on Flickr.
ဒီကနေ့ မိတ်ဆွေတစ်ယောက်ရဲ့အလှူကို သွားဖြစ်ခဲ့တယ်။ သာကေတမြို့နယ်ထဲက ရပ်ကွက်တစ်ခုထဲမှာ …
စတုဒီသာအလှူပါ … အလှူရှင်မိသားစုက နှစ်စဉ်နှစ်တိုင်း ရပ်ကွက်ထဲက ကလေးတွေကို စတုဒီသာကျွေးမွေးလေ့ရှိပါတယ် … အများအားဖြင့် မုန့်ဟင်းခါးကျွေးလေ့ရှိပြီး တစ်ခါတစ်ရံ ထမင်းနဲ့ဟင်း ကျွေးပါတယ် … ဒီနှစ်မှာတော့ ထူးထူးခြားခြားဖြစ်အောင် ကြက်ဆီထမင်း ကျွေးတယ် … KCK ကနေ ပွဲ ၅၀၀ မှာပြီး အိမ်ရှေ့မှာ ခုံတွေခင်းကာ ကြိုက်တဲ့သူဝင်စား .. အ၀စားပါပဲ …။
Weiwei from Madalay Gayzette
ဓာတ်ပုံကို Click လိုက်ပါ။ ပုံတွေအများကြီး ကျန်ပါသေးတယ်။
ကိုသိန်းရဲ့ အသံ
"စနစ်ပြောင်းအောင်တိုက်ရမယ်။ တိုက်ပွဲဆိုတာ ရဲရင့်တဲ့သူတွေရှိမှ နိုင်တာကွ"
ကိုသိန်း ဒီလိုပြောတာကို ပရိတ်သတ်က တဖြောင်းဖြောင်းနဲ့ လက်ခုတ်တီးကြပါတယ်။ သူရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်ကို သဘောအရမ်းကြလို့ ။
အဲဒိတုန်းက ရွေးကောက်ပွဲမတိုင်ခင် ကျောင်းသားခေါင်းဆောင် ကိုသိန်းရဲ့ အသံ။
ခေတ်တွေလည်းပြောင်းလာပြီဆိုတော့ ကိုသိန်းတစ်ယောက် ကြားဖြတ်ရွေးကောက်ပွဲမှာ အမတ်ဝင်ရွေးခံပါတော့တယ်။
ဒီတစ်ခါတော့ ကျောင်းသားခေါင်းဆောင်ကနေ ပြည်သူ့ အမတ်လောင်းဖြစ်လာတဲ့ကိုသိန်းလို့ ပြောလို့ ရနေပြီ။
တနေ့ မှာ သူ့ ကို မီဒီယာတွေက အင်တာဗျူးတယ်။ နိုင်ငံရေးစနစ်ကို ဒိ့ထက်ကောင်းအောင် ဘယ်လိုပြောင်းရင် ကောင်းမလဲဆိုပြီး အင်တာဗျူးတဲ့စော်လေးက မေးတယ်။
"စနစ်ပြောင်းအောင် လုပ်ရမှာပေါ့နော်...။ တိုက်ပွဲဆိုတာ ရဲရင့်တဲ့သူတွေရှိမှ နိုင်တာပေါ့နော်"
အမတ်မဖြစ်ခင်တုန်းက အသံနဲ့ အမတ်ပြီးတော့ ကိုသိန်းရဲ့ အသံက ဂငယ်ဂွေ့ လို တဆစ်ချိုးပြောင်းသွားတာနဲ့ ပက်သက်ပြီး၊ ဘေးမှာ ဆိုက်ကားနင်းနေတဲ့ ကိုသာအေးက ဒီလိုမှတ်ချက်ချပါသတဲ့ဗျာ။
" ငါ-ိုးမသားတွေ မရတုန်းက တမျိုး၊ ရတော့တမျိုး...-ီးလိုမှိုလိုနဲ့ "
3/24/12
မြန်မာတွေသေတော့မှာပဲ
ကျောက်စိမ်းမိုင်းတွင်း (ဖားကန့် )
ကျနော်သြစတျေးလျ မိုင်းမှာ လုပ်နေတာ ၂၀၀၈-ခုနှစ်ကတည်းက ဖြစ်ပါတယ်။ မိုင်းလေးငါးခုမှာ လုပ်ဘူးတယ်။ ကျနော့်အတွေ့ အကြုံအရဆိုရင် ဖားကန့် က ကျောက်စိမ်းတူးနေတဲ့ ဓာတ်ပုံကို တွေ့ တော့ အတော်လေးကို ရှော့ဖြစ်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့-
၁) မိုင်းပတ်လည်မှာ လူနေအိမ်တွေရှိနေတယ်။ အိမ်ခေါင်မိုးတွေကို သတိထားပြီး ကြည့်ကြည့်ပါ။ ဖုန်တွေ နည်းတာမဟုတ်ဘူး။
၂) အင်မတန်ကြီးတဲ့မိုင်းတွင်းဖြစ်ပြီး Traffic Management  လို့ ခေါ်တဲ့ Stop Sign လုပ်ထားတာ၊ သတိပေးထားတာမရှိဘူး။
၎) Environmental Management လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်ထားတဲ့ ဌာနမရှိဘူး။
၅) Dump Truck တွေနဲ့ လူတွေ အလုပ်လုပ်နေတာ အရမ်းနီးကပ်နေတယ်။
မိုင်းတစ်ခုလုံးခြုံကြည့်ရင် အတော်လေးကို ကြောက်စရာကောင်းတဲ့မိုင်းတစ်ခုပါ။ လူတွေ ဘယ်နှစ်ယောက်တောင်သေပြီးပြီလဲ မသိဘူး။ အဓိက ကြောက်စရာကောင်းတာက Pneumoconiosis (CWP) လို့ ခေါ်တဲ့ အဆုတ်ရောဂါ နဲ့ Silicosis လို့ ခေါ်တဲ့ ဖုန်ထဲမှာ စီလီကာတွေကြောင့်ဖြစ်တဲ့ အဆုတ်ကင်ဆာတွေဖြစ်ပါတယ်။ ဒီရောဂါတွေကို ကုဖို ဆေးမရှိသေးပါဘူး။ ဒါတွေ မဖြစ်အောင် မိုင်းတစ်ခုတူးတိုင်း ကြိုတင်ကာကွယ်ရပါတယ်။ အဓိက Dust Control လို့ ခေါ်တဲ့ ရေဖြန်းနည်းနဲ့ ထိန်းရင်ထိန်း၊ မထိန်းချင်ရင် မျက်နှာမှာ ကာဘာတစ်ခုတပ်ရတယ်။
သတ္တုတွင်းဝန်ကြီးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးတွေ ဒီကိစ္စကို အမြန်ဆုံးကိုင်တွယ်ဖို့ လိုနေပြီ။
ဒါတောင် ဖားကန် မိုင်းတွင်းဓာတ်ပုံပဲ ကျနော်တွေ့ လို့ ။ မြန်မာပြည်မှာ အခြားမိုင်းတွင်းတွေရှိသေးတယ်။ ဖြစ်နိုင်ရင် မီဒီယာသမားတွေ ဓာတ်ပုံ (သို့ ) ဗွီဒီယို ရိုက်ပြီး လူထုကို ချပြစေချင်တယ်။
ဒါဆိုရင် လူတွေနဲ့ ပတ်ဝန်းကျင်အတွက် ကောင်တယ်။
နာက်ပြီး ဘယ်ရောက်သွားလဲ နေရာတကာပါတဲ့ပညာရှင်တွေ။ ဘယ်မှာလဲ မီဒီယာတွေ ဒီကိစ္စကို ထောက်ပြကြတာလဲရှိလဲ။
စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံလွှာကို စာရေးဆရာတွေအများအပြား အမျိုးမျိုးဖွဲ့ ဆိုညွှန်းပြကြတယ်။ အားလုံးက သူဘယ်လောက်တော်ကြောင်းကောင်းကြောင်းကိုပဲ ညွန်းတယ်။ သူဘယ်လောက် သုံးစားမရကြောင်း၊ စောက်ရမ်းလုပ်တက်ကြောင်း ဘယ်သူမှ မရေးကြပါဘူး။ ဒီလိုရေးတဲ့စာရေးဆရာတွေကို တွေ့ ချင်ပါတယ်။
3/23/12
ကျနော့်အဘွား
အဘွားကိုမွေးတဲ့နေရာက အလံတစ်ရာဘုရားနားက ကျိုက်ကော်လို့ ပဲ သိတယ်။ ရွာကတော့ ပဲခူးစုလို့ ခေါ်တဲ့ ပအိုဝ့်ရွာလေးပါ။ အဘွားနဲ့ ဗိုလ်ချူပ်မှုးကြီးသန်းရွှေရဲ့ မိန်းမ ဒေါ်ကြိုင်ကြိုင်နဲ့ က တရွာတည်းသားတွေ။ ငယ်သူငယ်ချင်းတွေလည်း ဖြစ်တယ်။ သိအောင်လို့ ပါ။ သူတို့ ဆီကနေ ကျနော်တို့ အပ်တို တစ်ချောင်းတောင် မရခဲ့ပါဘူး။
အခုတော့ ကျနော်အရမ်းချစ်ရတဲ့အဘွားပြီးခဲ့တဲ့ရက်က ဆုံးသွားတော့ သူ့ အကြောင်းကို တစ်ခုသော မိသားစု နားလည်အောင်လို့ ဒီစာကိုရေးပါတယ်။
အဘွားရဲ့ မွေးရပ် အတိအကျတော့ မမှတ်ဘူး။ သူ့ ကို သထုံပအိုဝ်လို့ ခေါ်တယ်။ ပအိုဝ်စကားနဲ့ စာလည်း အတော်ကျွမ်းတယ်ထင်တယ်။ ဗမာစကားပြောရင် ပအိုဝ်သံနဲ့ ပြောတယ်။ ကျနော်တို့ နဲ့ ပြောရင်တော့ ဗမာလိုကို ပအိုဝ်သံဝဲ၀ဲနဲ့ ပြောလေ့ရှိတယ်။ အဘွားမှာ မွေးချင်းသုံးလေးယောက်လောက်တော့ရှိမယ်။ မှတ်မိသလောက်ဆိုရင် အဘွားက သူ့ မိသားစုမှာ အကြီးဆုံး မိန်းခလေး။ အငယ်ဆုံးက ခြေထောက်မသန်တဲ့ သူ့ ညီမ။
သူတို့ မိသားစုရဲ့ လုပ်ငန်းလက်ရင်းက အလံတစ်ရာဘုရားနားက တောင်တန်းတွေပေါ်မှာ ဒူးရင်းသီးနဲ့ မင်းဂွတ်သီးခြံတွေလုပ်တယ်။
ကျနော့်အမေကို အဘွားက သူ့ ညီမဆီကနေ တောင်းပြီး ငယ်ငယ်လေးတည်းကမွေးစားထားတာ။ ရန်ကုန်မှာ သူ့ ယောကျာ်းက ၀င်ငွေကောင်းတာရယ်၊ သူ့ ဆီမှာ သမီးတစ်ယောက်ပဲရှိတာကြောင့် အဘွားက အမေ့ကို ခေါ်ထားတယ်။ သူ့ တူမဖြစ်ပေမဲ့ သူ့ သမီးထက်ပိုချစ်တယ်။
အမှန်တကယ်ဆိုရင် အဘွားက ကျနော့်အမေရဲ့ အကြီးလို့ ခေါ်လို့ ရတယ်။ ဒါပေမဲ့ ငယ်ငယ်လေးကတည်းက မွေးစားတာဆိုတော့ အမေကလည်းအဘွားကို အမေလို့ ပဲခေါ်တယ်။ သူ့ အမေရင်းကိုလည်း အမေလို့ ပဲခေါ်တယ်။ ဆိုတော့ ကျနော့်မှာ အဘွားသုံးယောက်ရှိတယ်လို့ ပြောလို့ ရတယ်။ အဖေ့ဘက်ကအဘွားရယ်၊ အမေ့ဘက်က အဘွားနှစ်ယောက်ရယ်ပေါင်းရင် သုံးယောက်ပေါ့။
တနေ့ မှာ အဘွားက သူ့ ယောက်ျားနဲ့ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့  ကွဲ ခဲ့တယ်။ သူ့ ရဲ့ တဦးတည်းသော သမီးအရင်းကို သူ့ ယောက်ျားကခေါ်သွားတယ်။ ကျနော့်အမေကိုတော့ အဘွားက ခေါ်သွားတယ်။ တစ်ယောက် တစ်နယ်စီကွဲသွားကြတယ်။
ရန်ကုန်မှာ အဘွားက အစိုးရ စက်ရုံတစ်ခုမှာအလုပ်လုပ်ပြီး အမေ့ကို ပြုစုပြိုးထောင်ပေးတယ်။ အမေအရွယ်ရောက်တော့ အင်းစိန်မှာ အိမ်ထောင်ကျတယ်။ဒါနဲ့ ပက်သက်ပြီး ကျနော်အမေကို အဘွားက အရမ်းစိတ်နာတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်သားကို ယူလို့ ။ သူ့ စကားကို နားမထောင်ရမှန်း ကောင်းလားဆိုပြီး အမေ့ကို အဘွားက အမွေပြတ်စွန့် လွှတ်လိုက်တယ်။ နောက်ပိုင်း အမေက အမကြီးဆုံးကိုမွေးတော့ အဘွားလည်း မနေနိုင်ဘူး။ ဒါနဲ့ ကျနော်တို့ အိမ်ကို လာပြီး လိုအပ်သမျှကူညီပေးတယ်။ ငွေကြေးကအစ၊ ထမင်းချက်တာအဆုံး အဘွားပဲလုပ်တယ်။ အဲဒိအချိန်ကစပြီး အဘွားဟာ ကျနော်တို့ အိမ်မှာပဲ နေတော့တယ်။ သေတဲ့အချိန်အထိ ကျနော့်အမရဲ့ လက်ပေါ်မှာပဲ သေသွားခဲ့တယ်။
ဘာ့ကြောင့် သူ့ သမီးအရင်းကို အမေ့လောက်မချစ်လဲဆိုတာကို ပြောပြချင်တယ်။ သမီးအရင်းက သူ့ ယောက်ျားနဲ့ ပါသွားတယ်။ သူတို့ က ပညာတတ်တယ်။ ချမ်းသာတယ်။ အဘွားက တောသူတောင်သား။ အရမ်းရိုးတယ်။ ပွင့်လင်းတယ်။ ငယ်ငယ်တုန်းက အဘွားက ချောတော့ သူဌေးက ယူတယ်။ နောက်ပိုင်း သူဌေးက ပစ်သွားတာလား ဘာလားတော့မသိဘူး။
သူ့ ယောက်ျားနဲ့ ပါသွားတဲ့ သူ့ သမီးအရင်းကို အဘွားလည်း အရမ်းချစ်ပါတယ်။ ဒါပေမဲ့ အဲဒိအသိုင်းအ၀န်းမှာ အဘွားမပျော်တော့ ကျနော့်အမေနဲ့ နေတော့တယ်။ အဲဒိအသိုင်းအ၀န်းက ချမ်းသာပြီး ပညာတတ်တော့ အဘွားကို သူတို့ အဘွားလို့ မသတ်မှတ်ချင်ဘူး။ ရှက်တယ်ထင်တယ်။ ဒါ့ကြောင့် အဘွားကို အရမ်းချုပ်ချယ်တယ်လို့ အဘွားက ပြောတယ်။
ကျနော်တို့ အိမ်မှာတော့ အဘွားက ကြိုက်သလိုနေပဲ။ တောသူတောင်သားပီပီ ငပိနဲ့ ငရုတ်သီးမှုန့် စားပြီး မျှစ်တို့ တာကို အဘွားက အရမ်းကြိုက်တယ်။ ဒါ့ကြောင့် ကျနော်တို့ ဆီမှာ သူအရမ်းပျော်ရှာပါတယ်။ ကျနော်တို့ မောင်နှမတွေကလည်း အဘွားကို စလိုက်နောက်လိုက်နဲ့ ဆိုတော့။ သူက ဆဲ လိုက်နဲ့ ။ ဒီလိုနေကြတာ။ သူ့ သမီးအရင်းလို ဘာဟိတ်ဟန်မှမရှိတော့ အဘွားအတွက် နေရတာ စိတ်မပင်ပန်းဘူးထင်တယ်။
ကျနော်တို့ မိသားစုကလည်း တပ်ထဲမှာ အရမ်းဆင်းပါတယ်။ အဖေ့ဝင်ငွေနဲ့ က မလောက်ဘူး။ နောက်ပြီး ကျနော်တို့ မိသားစုကလည်း များတော့ ပိုဆိုးတာပေါ့။ ဒါနဲ့ အဘွားက ကျနော်တို့ ကို ဈေးရောင်းကျွေးတယ်။ သူက ဈေးရောင်းတာ ၀ါသနာအရမ်းပါတယ်။ လွန်ခဲ့တဲ့ ၁၀-နှစ်လောက်အထိ အဘွားက ဘုရားဇောင်းတန်းမှာ ကွမ်းယာနဲ့ ဈေးလိပ်ရောင်းပြီး တစ်ယောက်တည်းနေတယ်။
သူ့ ဘေးမှာ ခွေးတွေ၊ ကြောင်တွေကို မွေးထားတယ်။ နေ့ စဉ် ခွေးတွေကြောင်တွေကို ထမင်းကျွေးရတဲ့အလုပ်က သူ့ ရဲ့ အဓိကအလုပ်ပဲ။
ကျနော်တို့ လည်းအသက်တွေကြီးလာပြီး တကွဲတပြားစီဖြစ်ကုန်တယ်။ အဘွားလည်း တနေရာ။ အမေနဲ့ အဖေကလည်း တနေရာ။ အမနဲ့ သူ့ ယောက်ျားကလည်း တစ်နေရာ။ နောက်ဆုံး မာနအရမ်းကြီးတဲ့ အဘွားကို ဘုရားဇောင်းတန်းကနေ အတင်းသွားခေါ်ပြီး အမအိမ်မှာပဲ ခေါ်ထားရတော့တယ်။ တော်ကြာနေ တစ်ယောက်တည်း တခုခုဖြစ်နေမှာဆိုးလို့ ပါ။ ကျနော်တို့ လည်း အဘွားအတွက် နိုင်ငံခြားကနေ ပုံမှန်ငွေပို့ ပေးပြီး သူစိတ်ချမ်းသာအောင်ထားပါတယ်။
ကျနော်တို့ အရမ်းဆင်းရဲနေတဲ့အချိန်တုန်းဆိုရင် သူ့ သမီးအရင်းဖြစ်တဲ့ ကျနော့်အဒေါ်က ချမ်းသာတယ်လို့ ပြောလို့ ရတယ်။ သင်္ကန်းကျွန်းမှာတိုက်နဲ့ တာနဲ့ နေနိုင်တဲ့အထိပဲ။ သူ့ မြေးအရင်းတွေကလည်း ခေသူတွေမဟုတ်ပါဘူး။ ဒေါက်တာသက်တင်၊ ဗိုလ်မှုးဝေဖြိုး၊ ခရေ၊ သဲသဲ ဆိုတဲ့ သူတွေဖြစ်နေကြပြီ။ အဘွားရဲ့ သားမတ်တစ်ယောက်လည်း ဗိုလ်မှုးကြီးသန်းတင်လို့ ခေါ်ပါတယ်။ အခုတော့ အငြိမ်းစား။ သံအမတ်ဆိုလား ဘာလားမသိဘူး။ နောက်တစ်ယောက်က စင်္ကာပူမှာ အင်ဂျီနီယာလုပ်ခဲ့ဘူးတဲ့ ဦးခင်အောင်လို့ ခေါ်တယ်။ ဒီလောက်ပဲ ကျနော်သိတယ်။ အဒေါ်က အိမ်ထောင်နှစ်ဆက်လေ။
သူတို့ နဲ့ ကျနော်လုံးဝမရင်းနှီးပါဘူး။ သူတို့ အိမ်ကိုတော့ အလည်သွားဘူးတယ်။ ကျနော်တို့ အိမ်ကိုလည်း သူတို့ အလည်လာတယ်။ ကျနော့်တစ်သက်မှာ တစ်ခါပဲ မြင်ဘူးပါတယ်။ ကျနော်တို့ က ပညာမရှိတဲ့အပြင် အရမ်းဆင်းရဲတယ်ဆိုတော့ သူတို့ က သိတ်ပြီး အဖတ်မလုပ်ချင်ဘူး။ ဒါနဲ့ ပက်သက်ပြီး အဘွားက အမေ့ကို အသံပြတ်ပြတ်နဲ့ ဒီလိုပြောတယ်။
အဲဒိအိမ်ကို ဘယ်တော့မှ မသွားနဲ့ ။ ငါလည်း အဆက်အသွယ်မလုပ်ဘူး။ နင်တို့ လည်း အဆက်အသွယ်မလုပ်နဲ့ ။ ငါသေရင်နင်တို့ နဲ့ ပဲ သေမယ်လို့ အဘွားက ခဏခဏပြောတယ်။
ကျနော်ငယ်ငယ်တုန်းကဆိုရင် အမေနဲ့ အဖေက ခဏခဏ စကားများပြီး လင်မယားတွေကွဲကြတယ်။ အဖေကလည်းအရက်သမား။ ငွေကလည်းမရှိ။ ဒီကြားထဲရန်ကလည်းဖြစ်သေးတယ်။ နောက်ဆုံးရလာဒ်က ကြားထဲက ကျနော်တို့ ပဲ ဟိုပြေးရမလို ဒီပြေးရမလိုပဲ။ ဒီလိုဖြစ်နေတာကို အဓိကကယ်တင်တဲ့လူက ကျနော့်အဘွား။ ယောကျာ်းလည်း သူမယူဘူး။ ကျနော်တို့ ကို ဈေးရောင်းကျွေးတယ်။
အိမ်မှာထမင်းချက်ကျွေးတယ်။ အ၀တ်လျှော်ပေးတယ်။ ကျောင်းစရိတ်ရှာပေးတယ်။ သူရောင်းလို့ ရတဲ့အမြတ်ထဲကနေ မုန့် ဖိုးပေးတယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ ။ တစ်အိမ်လုံးကို သူပဲ ဒိုင်ခံလုပ်ပေးတယ်။ ဒီလိုနဲ့ ပဲ ကျနော်တို့ တွေ အရွယ်ရောက်လာကြတယ်။ အဓိက သူ့ ကျေးဇူးကြောင့်ပဲ။
ကျနော်မဲ့ဆောက်ကိုထွက်လာတဲ့ နေ့ ကဆိုရင် အမြဲတန်းပွစိပွစိလုပ်တဲ့အဘွား တံခါးပေါက်မှာ ကျနော်ကို ဘာမှမပြောပဲ ထိုင်ပြီးကြည့်နေခဲ့တာကို ယနေ့ အထိမှတ်မိနေတုန်းပါ။ အခုဆိုရင် အဘွားနဲ့ ကွဲသွားတာ ၁၄-နှစ်ရှိသွားပြီ။
ပြီးခဲ့တဲ့လက အမဆီကိုဖုန်းဆက်တော့ အဘွားကပြောတယ်။
သား...အဘွားကို သတိရသေးလားတဲ့။ နင်တို့ ဘယ်တော့ပြန်လာမှာလဲလို့ မေးတယ်။
ကျနော်တို့ မြန်မာသံရုံးမှာ ဗီဇာတင်ထားတဲ့အကြောင်း၊ သင်္ကြန်လောက်မှာ ပြန်နိုင်မယ်လို့ ထင်တဲ့အကြောင်း အဘွားကို ၀မ်းသာအားရပြောဖြစ်တယ်။
ဒါနဲ့ ကျနော်က...အဘွားမသေနဲ့ အုံး။ ကျနော်တို့ ပြန်လာရင် အဘွားနဲ့ တွေ့ ချင်သေးတယ်။ ဘုရားတွေလိုက်ပို့ ချင်တယ်လို့ ပြောတော့.....
ငါ့မြေးတွေနဲ့ တွေ့ ပြီးမှ အဘွားသေမယ်လို့ ပြောတယ်။
အခုတော့ ကျနော်တို့ ကို အရမ်းချစ်တဲ့ ကျေးဇူးရှင်အဘွား တစ်ယောက် ကျနော်တို့ ပြန်အလာကို မစောင့်ပဲ ဘ၀တစ်ပါးကို ပြောင်းသွားပါပြီ။
တနေ့ က အဘွားဆုံးတော့ အမနဲ့ အဖေက ဒေါ်ဥမ္မာရီဆီကို လှမ်းပြီးအကြောင်းတယ်။ အဘွားရဲ့ သမီးအရင်းဖြစ်တဲ့ဒေါ်ဥမ္မာရီက ဘာပြောလဲဆိုတော့....
ကျနော့်အမကို...ငါ့အိမ်ကို လာခဲ့။ ပိုက်ဆံလာယူတဲ့ဗျာ။
အမက ဒေါသထွက်ပြီး-
ကျမ မအားဘူး....လို့ ပြောလိုက်တယ်။
သြော်...လောကမှာ ဒီလိုသားသမီးတွေရှိပါလားလို့ တွေးနေမိပါတော့တယ်။
ဘာပဲဖြစ်ဖြစ် ကျနော်တို့ အဘွားအတွက်တာဝန်ကျေခဲ့ပါပြီ။ အဘွားတစ်ယောက် ဘ၀ကူးကောင်းမှာပါ။
အဘိုးအဘွား၊ မိဘတွေကို မသေခင် လုပ်ကျွေးပါ။ သေမှ ငိုမနေပါနဲ့ ။
3/22/12
အနော်ရထာကို ဘာ့ကြောင့် ထိုင်းတွေချစ်တာလဲ
အနော်ရထာမင်းကြီးကို ထိုင်းတွေက အရမ်းလေးစားတယ်။ ထိုင်းလူမျိုးတွေရဲ့ အိမ်အချို့ မှာ အနော်ရထာဘုရင်းကြီးရဲ့ ပန်းချီကို ထားပြီးတောင် ကိုးကွယ်တဲ့ ထိုင်းတွေကို တွေ့ ဘူးတယ်။ အနော်ရထာလည်း အယုဒယကို နှစ်ခါဝင်ပြီးတိုက်ဘူးတယ်။ သူက ဦးအောင်ဇေယျနဲ့ မတူတာက စောက်ရမ်းမလုပ်ဘူး။
ဒီခေတ်စကားနဲ့ ပြောရရင် Nation Rebuilding ပြန်လုပ်ပေးတယ်။ နိုင်ငံကို သိမ်းပြီးတာနဲ့  အနော်ရထာက အပျင်းပြေ ထိုင်းမချောချောလေးတွေ ရတယ်။ သူတို့ ဘုရင်ကိုယ်တိုင်က အနော်ရထာကိုကြည်ကြည်ဖြူဖြူနဲ့ ပေးထားတာ။ ဘုရင်နဲ့ ပေးစားရင် ခလေးတွေထွက်လာမယ်။ ဒီခလေးတွေကိုထောက်ပြီး ယိုးဒယားကို စစ်မခင်းနိုင်ဘူးဆိုပြီး ယိုးဒယားဘုရင်က ခလေးအတွေးနဲ့ တွက်ပုံရတယ်။
မြန်မာဆိုတာ သိတဲ့အတိုင်း အားအားရှိရှိ သူများကို ချ ချင်နေတာ။ သူများကို ချလို့ မရရင် ကိုယ့်အချင်းချင်းကို ပြန်ချတယ်။
အဲဒိတုန်း ဖင်ခေါင်းကျယ်တဲ့ ဘုရင်းတပါးရှိတယ်။ ရခိုင်ဘုရင်။ နာမည်တော့မသိဘူး။ သိချင်ရင် အိုဘယ့်အနော်ရထာကို ဖတ်ကြည့်ပါ။ သူကလည်း သိတဲ့အတိုင်း ဘယ်သူမှ လူမထင်ဘူး။ ရခိုင်ကမ်းရိုးတန်းနဲ့ ဗမာပြည်ကို တောင်တန်းတွေခြားထားတယ်။ အဲဒိတောင်တွေကို အားကိုးပြီး ရခိုင်က ဗမာကို သွေးတိုးစမ်းတယ်။ အနော်ရထာက မလုပ်ရင်လည်းမလုပ်ဘူး။ လုပ်ပြီဆိုရင်လည်း ဦးသိန်းစိန်လိုပဲ။
ဒီမှာတင် အနော်ရထာက ဒီခေတ်စကားနဲ့ ဆိုရင် အပစ်ခတ်ရပ်စဲရေးကမ်းလှမ်းတယ်။ ရခိုင်ဘုရင်က ငြင်းတယ်။ ငြင်းတာတင်မကဘူး ယိုးဒယားကို တောင်ကျော်ပြီး အဖေခေါ်ချင်တယ်။ အဲဒိမှာတင် ဦးသိန်းစိန်နဲ့ တူတဲ့ အနော်ရထာက ဘာလုပ်လဲဆိုတော့ ယိုးဒယားကော ရခိုင်ကော အပီကျွေးတာ။
ကျန်စစ်သား၊ ငလုံးလက်ဖယ်၊ ငထွေးရှုး၊ ညောင်ဦးဖီးဆိုတဲ့ အညာသားလေးယောက်ကလည်း သိတဲ့အတိုင်း လမ်းမယူဘူး။ သူတို့ ကို အားကိုးပြီးအနော်ရထာက ရခိုင်မကလို့ ၊ ယိုးဒယားဖြစ်ဖြစ် နိုင်အောင်တိုက်ခဲ့နိုင်တယ်။ အယုဒယတင်မကဘူး ဇင်းမယ်နဲ့  လာအိုအထိတောင်ရောက်သေးလားမသိဘူး။ ဒါ့ကြောင့် မြန်မာပြည်မှာ ရှမ်းတွေကို နေရာတကာတွေ့ နိုင်တယ်။
တချို့ မြန်မာစစ်သားတွေ ထိုင်းမတွေကို ယူပြီး ယိုးဒယားမှာနေခဲ့တယ်။ အနော်ရထာဘုရင်ကြီးက ကျောင်းတွေဆောက်တယ်။ ဘုရားတည်တယ်။ လယ်တွေပြုပြင်တယ်။ ယိုးဒယားကို ဦးအောင်ဇေအတိုင်း မဆက်ဆံဘူး။ ဦးအောင်ဇေယျကို ဘာနဲ့ နှိုင်းရမလဲဆိုရင် သွားလေသူ ဦးသန်းရွှေလိုပဲ။ သိတ်ပြီး ကျပ်ပြည့်တဲ့ပုံမပေါ်ဘူး။ အနော်ရထာက ဦးသိန်းစိန်လို ပျော့ပျော့ပြောင်းပြောင်းပဲ။ သူ့ သမီးကို ရလို့ လားမသိဘူး။ နောက်ဆုံး ယိုးဒယားဘုရင်ကြီးကို အနော်ရထာက သူ့ တပည့်အဖြစ် လွဲခဲ့ပြီး မြန်မာပြည်ကို ပြန်လာတယ်။ လာတဲ့လမ်းတစ်လျှောက်မှာ သူတည်လိုက်တဲ့ဘုရားတွေ ဘုန်းကြီးကျောင်းတွေက နည်းတာမဟုတ်ဘူး။ အခုအချိန်ထိထိုင်းမှာ ဗမာဘုရားနဲ့ ဗမာ ဘုန်းကြီးကျောင်းတွေက အများကြီပဲ။ ဒါ့ကြောင့် ယိုးဒယားတွေက အနော်ရထာကို သူတို့ ဘုရင်လို ကိုးကွယ်ပုံ ရတယ်။
မြန်မာပြည်က တောင်ကြီးရှမ်းတွေကို ရှမ်းကြီးလို့ ခေါ်တယ်။ ထိုင်းလူမျိုးတွေကို ရှမ်းလေးလို့ ခေါ်တယ်။ ယိုးဒယားနဲ့ ဗမာက တကယ်တမ်းဆိုရင် တနိုင်ငံတည်းလို့ ပဲတောင်ပြောလို့ ရတယ်။ အကုန်နီးပါးတူတယ်။ မတူတာက ယိုးဒယားတွေ သတ္တိမရှိဘူး။ မိန်းမလုပ်စာ ထိုင်ပြီးစားချင်တယ်။ ယောကျာ်းတွေ မြင်းဆေးရူတယ်။ ဒီမြင်းဆေကလည်း ဗမာတွေပဲ ထုတ်ပြီး ယိုးဒယားကိုရောင်းတာ။ အခုဆိုရင် ယိုးဒယားနိုင်ငံတခုလုံးကို သိမ်းချင်ရင် မြန်မာပြည်က စစ်တပ်တောင်အကူအညီတောင်းစရာမလိုဘူး။ ထိုင်းမှာရှိတဲ့ဗမာတွေနဲ့ တင်လုံလောက်တယ်။
နောက်ပြီး သူတို့ ကဗမာကို အားကိုးတယ်။ ရွံလည်း ရွံတယ်။ ကြောက်လည်းကြောက်တယ်။ အားမကိုးလို့ လည်း မရဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဗမာတွေပဲ...လက်ရှိထိုင်းကိုလုပ်ကျွေးနေတာ။ ဘန်ကောက်က လျှပ်စစ်မီးနဲ့ ကားတွေကိုမောင်းနေတာက ရခိုင်က ဂက်စ်နဲ့ မောင်းနေတာ။ အလုပ်သမားကလည်း ဗမာပဲ။ ယိုးဒယားတွေအလုပ်က ဖာခံတာပဲရတယ်။ မယုံရင် ထိုင်းကိုလျှောက်လည်ကြည့်။ ဖာမတွေလမ်းပေါ်မှာနည်းတာမဟုတ်ဘူး။ ဖာခန်းတွေလည်းနည်းတာမဟုတ်ဘူး။
နောက်ပြီးထိုင်းတွေက ဗမာတွေကို အထင်ကြီးတယ်။ ကန်ဗောဒီးယားနဲ့ လာအိုတို့ လည်း သူ့ ဘေးမှာရှိတာပဲ။ ထူးခြားတာတစ်ခုက ဗမာတွေအတွက် နယ်စပ်တွေမှာ သူ့ နိုင်ငံကို တံခါးမရှိဒါးမရှိ ဝင်စေပဲ။ ကန်ဗောဒီးယားနဲ့ လာအိုဆိုရင် ဒီကောင်တွေအတော်နှိမ်တယ်။ ကျနော် ကန်ဗောဒီယားနယ်စပ်ကို ရောက်တုန်းက တွေ့ ဘူးတဲ့အတွေ့ အကြုံပါ။
ဘာပဲဖြစ်ဖြစ် ဦးအောင်ဇေယျ၊ အနော်ရထာနဲ့  မဟာဗန္ဓုလကိုတော့ အတော်သဘောကျတယ်။ ဒီဘဲကြီးတွေ အတော်ဆော်တယ်။ နောက်ပြီး စော်လည်းကြည်တယ်။ ဒါ့ကြောင့် စစ်အစိုးရက ရုပ်ထုပြီးကိုးကွယ်တာဖြစ်မယ်။ တော်သေးတာပေါ့ ဦးအောင်ဇေယျပြောတဲ့ ဟိုအချောင်းကြီးကို မကိုးကွယ်လို့ ။ သူတို့ ကြောင့် မြန်မာတွေ ဂုဏ်တက်ခဲ့တာပဲ။
ဒီလောက်ပါပဲဗျာ။
မျှောက်ပြဆန်တောင်းတဲ့ ပြည်ပက မီဒီယာ
မီဒီယာသမားတွေကို မီဒီယာပေါ်မှာ မင်းသားတွေလို တွေ့ နေရတယ်။ သူ့ တို့ မျက်နှာတွေက ခန့် ခန့် ကြီးနဲ့ ။ မသိရင်တော့ အထင်ကြီးစရာ။ အစိုးရက လုပ်တဲ့ပွဲမှာ တစ်ခါမှ မတက်ဘူးတော့ ဒီလိုဖြစ်တာတော့မစမ်းပါဘူး။ ဝန်ကြီးမပြောနဲ့  စစ်ဗိုလ်တောင်အနီးကပ်မပေါင်းဘူးတဲ့လူတွေ ၊ အခုဝန်ကြီးတွေနဲ့ ထိတွေ့ ဆက်ဆံလာရတော့ သူတို့ ကိုသူတို့ ဟုတ်လှပြီထင်နေကြတယ်။
မီဒီယာဥပဒေရေးဆွဲဖို့ အတွက်ပြည်ပ မီဒီယာသမားတွေကို ဖိတ်ခေါ်လို့ သွားတာမဟုတ်ပါဘူး။ အစိုးရက Irrawaddy Mizzima and DVB တို့ ခင်ဗျား- ကျနော်တို့ ကို ဝိုင်းကူပါလို့ ပြောတာမဟုတ်ပါဘူး။
ကျနော့်မျက်စိထဲမှာ မျက်စိဆံပင်မွေးဆူးနေတာလား။ မနာလိုတဲ့စိတ်များနေတာလားတော့မသိဘူး။ တိုင်းပြည်ပြင်ပမှာ မီဒီယာတွေတစ်ပုံကြီးရှိပါတယ်။ ဘာ့ကြောင့်များသူတို့ ကို ရွေးပြီးမှ ကျနော် ကြည့်မရဖြစ်နေတာလဲဆိုတာကို ရှင်းပါ့မယ်။
မလေးရှားမှာ မြန်မာ ဂျာနယ်တွေရှိတယ်။ မဂ္ဂဇင်းတွေရှိတယ်။ စင်္ကာပူလည်း ဒီအတိုင်းပဲ။ သူတို့ က စီးပွားရေးအတွက် ဂျာနယ်ထုတ်တယ်။ မည်သည့် အန်ဂျီအိုကနေမှ သူတို့ မတောင်းဘူး။ သူတို့ စာစောင်တွေမှာလည်း ပြည်သူ့ အတွက်ရည်းဇူးပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နဲ့ ပညာရေးအကြောင်းအရာတွေကို တင်ပြတယ်။ ကြော်ငြာနဲ့ ရပ်တည်သလို ရောင်းအားကိုလည်း အားကိုကြတယ်။ သူတို့ လည်း တိုင်းပြည်အတွက် လုပ်နေတဲ့လူတွေပဲ။ ဒါပေမဲ့ သူတို့ က မဇိမ၊ ဧရာဝတီ နဲ့  ဒီဗွီဘီလို ဝန်ကြီးနဲ့ တွေပြီး မီဒီယာဥပဒေကို ရေးဆွဲတဲ့အထဲမှာမပါဘူး။ သူတို့ အလုပ်ကို သူတို့ လုပ်ကြတယ်။
ပြန်ကြားရေးဝန်ကြီးဌာနကလုပ်တဲ့ မီဒီယာနဲ့ ဆိုင်တဲ့အလုပ်ရုံဆွေးနွေးပွဲကို ဘာ့ကြောင့်များ မြန်မာပြည်ထဲက နာမည်ကြီး မီဒီယာဘိုးအေကြီးတွေကို မဖိတ်တာလဲမသိဘူး။ ဥပမာ လူထုဦးစိန်ဝင်းကိုကြည့်ပါ။ သူ့ တို့ အပြင်အခြားလူတွေလည်း အများကြီးပါ။ အောင်ဇော်တို့ ညီအစ်ကို၊ စိန်ဝင်းတို့ ညီအစ်ကို နဲ့  သြော်စီက အင်္ဂလိပ်မ ဝဝတုတ်တုတ်ကြီးကို ချူစားနေတဲ့ တိုးဇော်လတ်တို့ ပဲ မီဒီယာအကြောင်းသိတာလား။
သူတို့ ကို တချို့ လူတွေတော့ အထင်ကြီးမယ်။ မဇိမ၊ ဧရာဝတီနဲ့ ဒီဗွီဘီတို့ ဟာ ၈၈-တောခိုကျောင်းသားတွေလုပ်ခဲ့တဲ့မီဒီယာကြီးပေါ့ဗျာ။ အဲဒိသူတောင်းစားတွေက မလေးရှားက ဂျာနယ်တွေလောက်တောင်အဆင့်မရှိဘူး။ ကိုယ့်ထမင်းကိုယ်ရှာစားတဲ့ကောင်တွေမဟုတ်ဘူး။ အန်ဂျီအိုကနေ အကြောင်းအမျိုးမျိုးပြလိမ်ပြီးတောင်းစားလာတယ်။ ဒီငွေနဲ့ ဂျာနယ်ထုတ်တယ်။ ပြီးရင် နိုင်ငံရေးစင်မြှင့်ကို တက်ဖို့ လှမ်းချင်သေးတယ်။ ဒီလူတွေကို အထင်ကြီးစရာ၊ အတုခိုးစရာ ဘာရှိလဲ။ ရှိရင် ကျနော့်ကိုပြောစမ်းပါ။ ခိုးတာများ ဘတ်ငွေသန်းနဲ့ ချီပြီး ရှိတယ်။
သူတို့ တောခိုလာတယ်။ တောထဲမှာ နေရတာကိုတော့ အသေကြာက်တယ်။ သေရမှာလည်းကြောက်တယ်။ ဒါနဲ့ မြို့ ပေါ်ကိုပြေးပြီး မျှောက်ပြဆန်တောင်ပြီး မီဒီယာဆိုပြီးလုပ်တာကို အထင်ကြီးစရာ၊ လေးစားစရာလိုလို့ လား။ အဲဒိကောင်တွေတနေ့ မှာ တော်လှန်ရေးရဲ့ ဒဏ်ခတ်တာကို ခံလိမ်မယ်။ သူတို့ လည်ချောင်းတွေထဲမှာ တော်လှန်ရေးက စားလာတဲ့ ထမင်းကို ခြေမနဲ့ ကလော်ထုတ်ရင်တောင် အတောင့်လိုက်ထွက်လာနိုင်တယ်။
သူတို့ ကိုလေးစားအထင်ကြီးမဲ့အစား တောထဲမှာ မျှစ်စားပြီး အသေခံတိုက်နေတဲ့ ရဲဘော်တွေကိုပဲ လေးစားတော့မယ်။
3/21/12
ဥရောပနဲ့ အမေရိကန်ကို ရွေးကောက်ပွဲမှာ လေ့လာစောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
မြန်မာအစိုးရက ဥရောပနဲ့ အမေရိကန်ကို ရွေးကောက်ပွဲမှာ လေ့လာစောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါပြီ။ ပြီးခဲ့တဲ့ရက်ကလည်း အာဆီယံကို ဖိတ်ခေါ်ခဲ့တယ်။ ကျနော်တို့ တောင်းဆိုနေတဲ့ အဖွဲ့ တွေတော့လာတော့မယ်။ ဒါပေမဲ့ ဘယ်လို အဖွဲ့ တွေဖြစ်မလဲ၊ လူဘယ်နှစ်ယောက်ပါမှာလဲဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။ စောင့်ကြည့်တာက စောင့်ကြည့်တာပဲ၊ မဲခိုးတာက မဲခိုးတာပဲဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အစိုးရကတော့ ၄၇-နေရာအတွက် သိတ်ပြီး ဂရုမစိုက်ကြောင်းပါ။ ဒါ့ကြောင့် ကြိုက်တဲ့နိုင်ငံကလာပြီး စောင့်ကြည့်ပါစေ အားလုံး အိုကေလို့ ပြောရမလိုပဲ။
မူးရင်း http://online.wsj.com/article/SB10001424052702304724404577294820187420822.html
ထိုင်းတွေဘာ့ကြောင့် ဦးအောင်ဇေယျကို မုန်းတာလဲ
သမ္မတအကြံပေး သူဌေးကြီး ဒေါက်တာနေဇင်လတ်
သမ္မတအကြံပေး သူဌေးကြီး ဒေါက်တာနေဇင်လတ်
More Info ?? Go to http://www.amboco.com/about.html
3/20/12
အစိုးရရဲ့ အရပ်ပုဆုံးလူသား
လူပုကလေး ကျော်ဆန်း
ကြာလေကြာလေ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ကြည့်ရတာ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ လို ဖြစ်နေသလားပဲ။ ကျနော်တို့ နယ်စပ်မှာတုန်းက အဖွဲ့ အစည်းတိုင်းမှာ မဟာမိတ်ဆက်ဆံရေးအတွက် တာဝန်ယူတဲ့လူတစ်ဦးရှိတယ်။ သူက ဘာလုပ်လဲဆိုတော့ အဖွဲ့ အစည်းတိုင်းက လူတွေနဲ့ ခင်မင်ရင်းနှီးအောင်ပေါင်းတယ်။ အရက်ကလေးလည်း ပါတယ်ဆိုပါစို့ ။ အခုလည်း ဦးကျော်ဆန်းရဲ့ ပုံစံက လာသမျှလူ တွေ့ တယ်။ ဓာတ်ပုံတွဲရိုက်တယ်။မီဒီယာပေါ်မှာ သူနဲ့ တွဲပြီး ရိုက်မှ ခေတ်မှီသလိုမျိုးဖြစ်နေတယ်။ အစိုးရဆီမှာ လူမရှိတော့ဘူးလားမသိဘူး။ ဦးကျော်ဆန်းလို ပုကွကွကို ကြည့်ရတာအတော်ရုပ်ဆိုးတယ်။ ဘယ်လိုလုပ်ပြီး စစ်တပ်ထဲကို ရောက်လဲတော့မသိဘူး။ပေမမှီဒေါက်မမှီနဲ့ ။
လူပုကလေး ကျော်ဆန်း
စော်လည်းငန်းသလားမမေးနဲ့ ...
ရမ်းသမ်းပြီးလည်းဖြီးတယ်။
လူပုကလေး ကျော်ဆန်း
အကယ်ဒမီးပေးလည်းပေးတယ်။
သက်မွန်မြင့်ကိုငေးတာ
အဝေးကတောင်မြင်ပါတယ်။
စစ်ဗိုလ်ချူပ်လူပုကလေး
သူ့ ဖထွေးကို ဖား
သူ့ ဖထွေးကောင်းကြောင်း ကြွား
အမှားအမှားအယွင်းယွင်းနဲ့ ဖြစ်
မြစ်ဆုံဆည်ကြောင့် ငိုခဲ့တာလည်းမမှတ်
ဒီတစ်သက် ဘယ်တော့မှ နောင်တရပါ့မလဲ။
3/19/12
ရွေးကောက်ပွဲအပြီး ဒေါ်စုရဲ့ တာဝန်
Daw Suu
မီဒီယာလွတ်လပ်ခွင့်ရှိမှ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်လိမ့်မည်
ကျနော်ခံယူချက်က မီဒီယာလွတ်လပ်လေလေ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့ အလားအလာကောင်းလေလို့  ခံယူထားပါတယ်။ ဒီနေရာမေးခွန်းတစ်ခုရှိပါတယ်။ မီဒီယာနဲ့ ဖွံ့ ဖြိုးတိုးတက်မှုက ဘာဆိုင်လို့ လဲဆိုတဲ့မေးခွန်းပါ။ သိချင်ရင်ဆက်ဖတ်ကြည့်ပါ။ သဘောမတူတဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။
မီဒီယာလို့ ပြောရင် တီဗွီ၊ သတင်းစာ၊ ဂျာနယ်တွေအပြင် ကာတွန်းစာအုပ်အထိ ပါဝင်တယ်။ မီဒီယာဆိုတာက ကြားခံ လို့ ခေါ်မယ်ထင်တယ်။ ကြားခံပစ္စည်းတစ်ခု။ ဒီပစ္စည်းကို အသုံးပြုပြီး သတင်းတွေ၊ အချက်အလက်တွေ ဖလှယ်ကြတယ်။ ပြည်သူလူထုကြားမှာ ဖြစ်ပျက်နေတာကို ပြည်သူတွေကော အစိုးရတွေကော သိအောင် တင်ပြပေးတယ်။ အဲဒိကြားခံပစ္စည်းက မလွတ်လပ်ရင်၊ အရည်အသွေးမကောင်းရင်၊ မပြည့်စုံရင် လူထုကြားထဲမှာ ဘယ်လိုလုပ်ပြီး သတင်းအချက်အလက်တွေ ဖလှယ်နိုင်တော့မှာလဲ။ ဘယ်လိုလုပ်ပြီး မှန်မှန်ကန်ကန်ရောက်ရှိမှာလဲ။ ဆိုလိုချက်က မီဒီယာမှ အားမကောင်းရင် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဒါဆိုရင် ပြည်သူက ကြာလေ ငတုံးငအတွေဖြစ်လာလေ ၊ တိုင်းပြည်နစ်နာလေပဲ။
အစိုးရ၊ ပညာရှင်၊ ကျောင်းသားစတဲ့ ဘက်ပေါင်းစုံက ပြည်သူပြည်သားတွေဟာ ဗဟုသုတရဖို့ စာဖတ်ရတယ်။ တီဗွီကြည့်ရတယ်။ ရေဒီယိုနားထောင်ရတယ်။ ဗဟုသုတဆိုတာက လောကကြီးမှာ ဖြစ်ပျက်နေတဲ့အချက်အလက်တွေကို ပြောတာဖြစ်တယ်။ အဲဒိအချက်အလက်တွေကို စာအုပ်စာတမ်း၊ ဂျာနယ်တွေနဲ့ ရုပ်မြင်သံကြားတွေမှာ လွတ်လပ်စွာတင်ပြကြတယ်။ ဒါတွေကို ကြည့်ပြီး ပညာရှင်မဖြစ်သေးတဲ့ကျောင်းသားတွေက လေ့လာလိုက်စားပြီးမှ ပညာရှင်ဖြစ်လာတယ်။ ဘွဲ့ ဒီဂရီတွေကို မီဒီယာပေါ်ကနေလေ့လာပြီးမှ ရကြတယ်။ အစိုးရတိုင်းရဲ့ ဆုံးဖြတ်ချက်တစ်ခုချရင်လည်း မီဒီယာတွေပေါ်မှာ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ကြည့်ပြီး ၊ သုံးသပ်ပြီးမှ ဆုံးဖြစ်ချက်ချကြတယ်။ မီဒီယာလွတ်လပ်ခွင့်ရှိတဲ့တိုင်းပြည်တွေဖြစ်တဲ့ အမေရိန်ကန်၊ အင်္ဂလန်၊ ၾသစေတ်းလ် စတဲ့နိုင်ငံတွေမှာ မီဒီယာလွတ်လပ်ခွင့်တင်မကဘူး မီဒီယာကို အရည်အချင်းနှင့် အရည်အသွေးမြှင့်အောင် အစိုးရကိုယ်တိုင် ပါဝင်ကူညီပေးတယ်။ ကျောင်းတွေဖွင့်ပေးတယ်။ ငွေကြေးအကူညီပေးတယ်။ သူတို့ ယူဆချက်က မီဒီယာအားကောင်းမှ အရည်အချင်းရှိမှ သူတို့ လိုချင်တဲ့ အရည်အသွေးမှီ အချက်အလက်တွေကို ရမယ်။ ဒါမှ သူတို့ ဆုံးဖြတ်ချက်တွေကို အကျိုးရှိရှိ ပြည်သူအတွက် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချ နိုင်မယ်။ ဒါ့ကြောင့် သူတို့ မီဒီယာကို ကူညီပေးတယ်။
မီဒီယာမှ အရည်အချင်းမရှိရင် မလွတ်လပ်ရင် ချမ်းသာတဲ့နိုင်ငံတွေ ဒီလောက်ထိအောင် ချမ်းသာပြီးဖွံ့ ဖြိုးတိုးတက်မှာမဟုတ်ဘူးလို့  ဖွံ့ ဖြိုးပြီး နိုင်ငံတွေက ယူဆတယ်။
မီဒီယာကို တချို့ က ဘာ့ကြောင့်ချူပ်ချယ်ပြီး ၊ တချို့ က ဖွင့်ပေးတာလဲဆိုတာကို လေ့လာကြည့်ပါတယ်။ အဓိက အချက်က အစိုးရတိုင်းရဲ့ စဉ်းစားပုံခြင်းမတူလို့ ဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအပေါ် အခြေခံပြီး လူတစ်ဦးချင်းစီရဲ့  စဉ်းစားပုံ ၊ စဉ်းစားနည်းတွေ ကွာခြားပါတယ်။ နောက်ပြီး ပညာအခြေခံ နဲ့  ဘဝအတွေ့ အကြုံတွေပေါ်မှုတည်ပြီးလည်း လူတစ်ဦးချင်းစီရဲ့ စဉ်းစားပုံတွေ ကွာခြားပါတယ်။ ဒီနေရာမှာ ကျနော်တို့ တိုင်းပြည်က့ အစိုးရအဆက်အဆက်ရဲ့  စဉ်းစားပုံခြင်း နဲ့  အနောက်တိုင်းက ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ စဉ်းစားပုံကို တင်ပြချင်တယ်။ သူတို့ စဉ်းစားပုံက သူတို့ ဖြတ်သန်းကြီးပြင်းလာတဲ့ ယဉ်ကျေးမှု့ ကြောင့် တမျိုးဖြစ်နေတယ်။ မြန်မာတွေရဲ့ ယဉ်ကျေးမှု့ ကလည်း မြန်မာ့ယဉ်ကျေးမှု့ ကြောင့် တမျိုးဖြစ်နေတယ်။ ကွဲပြားခြားနားချက်ကို ပြောချင်လို့ ပါ။ မြန်မာအစိုးရတွေစဉ်းစားတာက မီဒီယာကိုလွတ်လပ်ခွင့်ပေးလိုက်ရင် ပြည်သူတွေဟာ မလိုအပ်တဲ့ အညစ်အကျေးတွေကို ရမယ်။ မြန်မာ့ယဉ်ကျေးမှု့ ကို ထိခိုက်စေမယ်။ ဆိုလိုတာက လူတွေပျက်စီးလိမ့်မယ်။ ဒါကိုမကြိုက်ဘူး။ နောက်ဆုံး မီဒီယာပေါ်မှာ အစိုးရကို ဆန့် ကျင်တဲ့စကားလုံးတွေပါလာမယ်။ ဒါဆိုရင် အစိုးရကို အကြည်အညို ပျက်စေတယ်ဆိုပြီး သူတို့ က ယူဆတယ်။ ဒါက သူတို့ စဉ်းစားပုံ။ ဒီနေရာမှာ အတိုက်အခံကော၊ အစိုးရကော စဉ်းစားပုံခြင်းဆင်တူပါတယ်။ အပြင်းနဲ့ အပျော့ပဲ ကွာပါတယ်။
အနောက်တိုင်းက အစိုးရတွေ စဉ်းစားတာက ဒီလိုဖြစ်ပါတယ်။ မီဒီယာကို လွတ်လပ်ခွင့်ပေးလိုက်ရင် ငါတို့ သိချင်တဲ့ အချက်အလက်ကို ရမယ်။ စာဖတ်တဲ့ပရိတ်သတ်က သူတို့ဖတ်ချင်တာကို သူတို့ ရွေးလိမ့်မယ်။ ဘယ်သူ့ ကိုမှ အတင်းဖတ်ခိုင်းလို့ မရဘူးဆိုတာ သူတို့ သိတယ်။ အညစ်အကျေးပါတဲ့စာပဲဖြစ်ဖြစ် ၊ အစိုးရကို ဆန့် ကျင်တဲ့စာပဲဖြစ်ဖြစ် သူတို့ စိတ်ဝင်စားတာကို သူတို့ ဖတ်လိမ့်မယ်။ အစိုးရကို ဆန့် ကျင်တဲ့စာတွေ များလာရင် သူတို့ ပိုပြီး သဘောကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီစာထဲမှာ ငါတို့ ဘာမှားနေလဲဆိုတာကို ပြည်သူနဲ့ စာရေးသူတွေက ထောက်ပြနေတာဖြစ်တယ်။ ဒါ့ကြောင့် သူတို့ ဆန့် ကျင်နေတာ။ ဘယ်သူမှတော့ အားအားယားယားမဆန့်  ကျင်ဘူးဆိုတာကို သူတို့ သဘောပေါက်တယ်။ ငါတို့ ပြင်လိုက်ရင် ငါတို့ အစိုးရဟာ နောက်တစ်ခါရွေးကောက်ပွဲမှာ ထပ်ပြီး အာဏာရနိုင်လိမ့်မယ်။ ဒီလိုမျိုး သူတို့ စဉ်းစားကြတယ်။ အစိုးရကို အကြည်အညိုပျက်စေတာတို့ ၊ စော်ကားတာတို့ သူတို့ စဉ်းစားတာမဟုတ်ဘူး။
ဆိုတော့ ယဉ်ကျေးမှုခြင်းမတူလို့  အစိုးရတွေရဲ့ စဉ်းစားပုံခြင်းလည်းမတူဘူး။ တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ်ဆိုရင် မီဒီယာကို လွတ်လပ်ခွင့်ပေးဖို့ ၊ မီဒီယာတိုးတက်အောင်ကူညီပေးဖို့ အစိုးရတိုင်းမှာတာဝန်ရှိတယ်။ လူတိုင်းက မီဒီယာကို အားကိုပြီး လေ့လာလိုက်စားလို့  ကျောင်းသားကနေ ပညာရှင် ဖြစ်လာတယ်။ စစ်သားကနေ စစ်ဗိုလ်ချူပ်တွေဖြစ်လာတယ်။ နိုင်ငံရေးသမားကနေ သမ္မတကြီးဖြစ်လာတယ်။ မီဒီယာမရှိရင် ကျနော်တို့ အားလုံး ကျောက်ခေတ်ကို ပြန်သွားရလိမ့်ထင်တယ်။ နောက်ဆုံးတစ်ခုရှိသေးတယ်။ အကန့် အသတ်နဲ့ မီဒီယာကိုလွတ်လပ်ခွင့်ပေးတာ၊ တဖြည်းဖြည်းချင်းလျှော့ပေးမယ်လို့ ပြောနေတဲ့လူတွေဟာ သူတို့ အာဏာကို လွှတ်ရမှာကြောက်တာအပြင်၊ သူတို့ ရဲ့ အပုတ်နံ့ တွေကို ပြည်သူတွေသိမှာစိုးရိမ်လို့ ဆိုပြီး မီဒီယာဘိုးအေကြီးတွေက မှတ်ချက်ပေးတာကို စာအုပ်တွေထဲမှာ ဖတ်ရပါတယ်။ သူတို့ အပြင် ကမ္ဘာကျော် နိုင်ငံရေးသမားကြီးတွေရဲ့  အတွေးအခေါ်ကိုလေ့လာကြည့်ရင်လည်း ဘယ်သူမှ မီဒီယာကို ပိတ်ထားပါလို့ မပြောပါဘူး။
ကျနော်တို့  တိုင်းပြည်ထဲက မီဒီယာတွေကို လေ့လာကြည့်တဲ့အခါမှာ နလံထခါစ လူနာသည်လို ဖြစ်နေရှာတယ်။ လွတ်လပ်ခွင့်မရှိတာအပြင်၊ နည်းပညာ၊ငွေကြေးနဲ့ အတက်ပညာလည်း အားနည်းပါတယ်။ ဂျာနယ်တွေ ပလူပျံနေတာကလွဲလို့  အရေးတကြီးလိုအပ်နေတဲ့ လွတ်လပ်တဲ့ တီဗွီလိုင်းမရှိတာကလည်း တိုင်းပြည်အတွက် အင်မတန်ကို နစ်နာလှတယ်။ သတင်းစာဆိုတဲ့ အရာကလည်း ဘယ်သူမှ အလေးမထားတဲ့သတင်းစာဖြစ်နေရှာတယ်။ ပြည်ပ မီဒီယာဆိုတာကလည်း တယ်လီဖုန်းဆက်ပြီးမေးလို့ ပဲရတယ်။ ဒီဘီဗွီကလည်း ခိုးကြောင်ခိုးဝှက်ရိုက်ပြီး အပျော်တမ်းကစားတဲ့သတင်းသမားလို ဖြစ်နေတယ်။ အားလုံးကို ခြုံကြည့်ပြီး ၊ နိုင်ငံတကာမီဒီယာနဲ့ ယှဉ်ပြီး ပြောရရင် အင်မတန်ကို အားနည်းသေးတယ်။ အဓိက ပြသနာက အစိုးရက လွတ်လပ်စွာပြောဆိုခွင့်ကို ခွင့်မပြုသေးလို့  ဒီလိုဖြစ်နေတာလို့  နိဂုံးချူပ်ချင်ပါတယ်။ ယနေ့ မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့  ဘတ်စုံတိုးတက်အောင်ကျိုးစားနေတဲ့ကာလမှာ မီဒီယာကလည်း တဘက်တစ်လမ်းက အစိုးရကို အားပေးကူညီသင့်တယ်။ ဒိ့ထက်ပိုပြီး အားကောင်းအောင်မြင်လာအောင် အားလုံးကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးသင့်နေပြီ။ အကယ်၍သာ ထပ်ပြီးပိတ်ဆို့ ထားရင် လက်ရှိအပြောင်းအလဲကာလမှာတင်မကဘူး အနာဂတ်အတွက်လည်း ဖွံ့ ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်ပါလိမ့်မယ်။ မီဒီယာကို လွတ်လပ်ခွင့်မပေးပဲထားရင် ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကြောင့် တိုင်းပြည်နဲ့ လူမျိုးဟာ တနေ့ မှာနစ်နာရလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရောဂါဘယထူပြောမှု၊ ဆင်းရဲမွဲတေမှု စတဲ့ ဆိုးကျိုးတွေဟာ ဖွံ့ ဖြိုးရေးလုပ်ငန်းနဲ့ အတူ တပြိုင်တည်း ပြည်သူကို ဒုက္ခပေးလိမ့်မယ်။ ဒါတွေက ချက်ချင်းတော့ ပေါ်လာမှာမဟုတ်ပါဘူး။ ဒီလိုဒုက္ခတွေကို တားဆီးကာကွယ်ဖို့ ၊ ကြိုတင်ပြင်ဆင်ဖို့ ဆိုတာ လွတ်လပ်တဲ့မီဒီယာမရှိပဲ မရနိုင်ဘူး။ အရည်အချင်းမရှိတဲ့မီဒီယာသမားတွေနဲ့ လည်းမရနိုင်ဘူး။ ဥပမာ ထားဝယ်က ရေနက်စီမံကိန်းနဲ့ မြစ်ဆုံဆည်ရဲ့ ဆိုးကျိုးကို Documentry ရိုက်ပြီး မြန်မာ့အသံမှာ ဘယ်တုန်းက မှမလွှင်ခဲ့ဘူး။ စဉ်းတောင်စဉ်းစားပုံမပေါ်ဘူး။ ဆိုးကျိုးအပြင် ကောင်းကျိုးကိုလည်း တွဲဖက်ရိုက်သင့်တယ်။ ဒီလိုမျိုးအရည်အသွေးမှီမှီနဲ့ နိုင်ငံတကာအဆင့်မှီပြနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခုတော့ မီဒီယာလွတ်လပ်ခွင့်မရှိတော့ နောက်ဆုံးတိုင်းပြည်ပဲ နစ်နာရတော့တယ်။ တကယ်လို့ သာ အားလုံးကို လွတ်လပ်ခွင့်ပေးလိုက်ရင် တိုင်းပြည်ရဲ့ ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေအားနည်းနေတယ်၊ ဘာတွေတိုးတက်တက်နေတယ်၊ ဘယ်လောက်ထိအောင်မြင်နေလဲဆိုတာကို ပြည်သူတွေအားလုံးကြည့်နိုင်မယ်။ ပြီးရင် လိုအပ်နေတာကို ပြည်သူကလည်း ဝိုင်းပြီး ပံ့ပိုးပေးတာအပြင် ၊ အစိုးရကလည်း ဝိုင်းပြီးကူညီပေးရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးနေမိတယ်။ အားလုံးတက်ညီလက်ညီနဲ့ လုပ်ကြစေချင်လို့  ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာက မီဒီယာလွတ်လပ်ခွင့်ကြောင့် ဘယ်တိုင်းပြည်မှ မပျက်စီးခဲ့ပါဘူးလို့ ပြောရင် နိဂုံးချုပ်ချင်ပါတယ်။
3/18/12
မြေပိုင်ရှင်မြန်မာတွေ သတိထားကြပါ
နိုင်ငံခြားသားများ တိုက်ရိုက်ရင်းနှီးမြုပ်နှံနိုင်တော့မည်ဆိုတဲ့ သတင်းကို ဖက်ပြီး ၊ တစ်ဖက်က တိုင်းပြည်အတွက်ပျော်ရွှင်ရသလို တစ်ဖက်ကလည်း အတော်လေးကို ရင်လေးမိတယ်။ ဘာ့ကြောင့်ပျော်ရွှင်ရလဲဆိုတော့ အရမ်းကိုဆင်းရဲတဲ့ ပြည်သူတွေ အလုပ်ရတော့မယ်။ လုပ်ငန်းအတွေ့ အကြုံရတော့မယ်။ ဘွဲ့ ရပြီး အလုပ်မဲ့နေတဲ့လူငယ်တွေအတွက် ပိုပြီးအခွင့်အလမ်းတွေ ရတော့မယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ အမျိုးသားထုတ်ကုန်ပိုထွက်လာပြီး၊ နိုင်ငံခြားဝင်ငွေ ပိုပြီးတိုးလာနိုင်လို့ ပါပဲ။ ဒါကိုတွေးပြီး ကျနော်အရမ်းပျော်မိပါတယ်။ အလုပ်တွေပေါလာတော့ အရင်တုန်းကလို သူများနိုင်ငံကိုလည်း သွားပြီးလုပ်ကိုင်စရာမလိုတော့ဘူးပေါ့။ ဒါပေမဲ့ ဒီဥပဒေက ဘယ်လောက်ထိ အကျိုးရှိစေမှာလဲဆိုတာ့ကို နောက်ထပ် ၁ဝ-နှစ်လောက်အထိ စောင့်ကြည့်ပြီးမှ သိမယ်လို့  ယူဆပါတယ်။ ဒီဥပဒေအမြန်အသက်ဝင်ပါစေလို့ ဆုတောင်းပါတယ်။
ဘာ့ကြောင့်ရင်လေးမိလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ဟာ အရမ်းကို ဆင်းရဲလှပါတယ်။ ပြည်သူတွေမှာ စုဆောင်းငွေမရှိ။ တနေ့ လုပ်မှ တနေ့ စားရတဲ့ပြည်သူက အများစု။ ဒါကို လူတိုင်းသိမယ်လို့ ထင်ပါတယ်။ လက်တစ်ဆုပ်စာ လူနည်းစုကသာလျှင် ဒေါ်လာတွေ ဘီလျှံလိုက် ချမ်းသာနေတာကို သတိထားမိကြမယ်ထင်ပါတယ်။
နိုင်ငံတကာက အရင်းအနှီးတွေဝင်လာတဲ့အခါမှာ ငွေထုတ်ကြီးပဲမဟုတ်ပါဘူး။ အတတ်ပညာ နဲ့ နည်းပညာတွေအပါအဝင် သူတို့ ဆီက ယဉ်ကျေးမှု့ တွေလည်း တပြိုင်တည်းပါလာပါတယ်။ ဝင်လာတာနဲ့ တပြိုင်တည်း ပထမဆုံး စီးပွားရေးလုပ်ဖို့ အတွက် မည်သူမဆိုသူတို့ ပါလာတဲ့ငွေနဲ့ မြန်မာပြည်က မြေတွေကိုငှားမယ်။ ဒါမှမဟုတ် အောက်လမ်းနည်းနဲ့ ဝယ်မယ်။ ဒီမှာတင် အရင်းဆင်းရဲတဲ့ပြည်သူတွေရဲ့ မြေတွေယာတွေကို အဆမတန်ဈေးပိုပေးတဲ့ အခါမှာ ဘယ်သူပဲ ဖြစ်ဖြစ်ရောင်းကြပါတယ်။ ငှားကြပါတယ်။ ဒီမှာတင်ပြည်သူတွေဟာ ဘိုးဘွာပိုင်မြေတွေကို နိုင်ငံခြားက လာတဲ့လုပ်ငန်းရှင်တွေအပြင်၊ ပြည်တွင်းက သူဌေးကြီးတွေရဲ့ လက်ထဲကို မရောင်းချင်လဲ ရောင်းခဲ့ရပါတယ်။ နောက်ဆုံးသူတို့ နှစ်ပေါင်းများစွာ အမြတ်တနိုးထိန်းသိမ်းခဲ့မြေတွေ ယာတွေကို ဘူဒိုဇာတွေထိုး မြေတူးစက်ကြီးတွေနဲ့ တူးပြီး စက်ရုံအလုပ်ရုံတွေဆောက်ကြပါတယ်။ စက်ရုံအလုပ်ရုံဆောက်တဲ့အကျိုးဆက်က ကောင်းတာရှိသလို ၊ ဆိုးတာလည်းရှိတာကို အားလုံးသိမယ်ထင်တယ်။
နောက်ဆုံး မြေပိုင်ရှင် ၊ ယာပိုင်ရှင်အစစ်တွေဟာ မဖြစ်စလောက်ငွေတွေကို ပိုက်ပြီး မြို့ နဲ့ ဝေးတဲ့နေရာကို ပြောင်းရပါတော့တယ်။ မြေဖိုးရတဲ့ မြန်မာငွေဟာ တကယ်တန်းတော့ သူတို့ အတွက် တန်ဖိုးရှိပေမဲ့ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက်တော့ ဘီယာတစ်ဝိုင်းစာတောင်မရှိပါဘူး။ မြန်မာတွေဟာ မြန်မာကျပ်ငွေနဲ့ သာ သူတို့ ရပါတယ်။ ဒေါ်လာနဲ့ မြန်မာကျပ်ငွေကိုယှဉ်ရင် ဘယ်ဟာက ပိုပြီးတန်ဖိုးရှိလဲဆိုတာကိုလည်း သိပါလိမ့်မယ်။
တောင်ကိုရီးယား၊ ဂျပန် နဲ့  စင်္ကာပူနိုင်ငံတွေကိုလေ့လာကြည့်တဲ့အခါမှာ သူတို့ ဆီမှာ မြေယာမဲ့တွေအရမ်းပေါပါတယ်။ လူအများစုဟာ တိုက်အမြင့်ကြီးတွေနဲ့ နေရတဲ့အထိမြေရှားပါတယ်။ မြေဈေးကလည်း အင်မတန်ကိုကြီးပါတယ်။ တရုတ်နိုင်ငံလည်း ဒီအတိုင်းပါပဲ။ အခု မြန်မာပြည်မှာ မြေတွေအရမ်းပေါနေပါတယ်။ ကံကောင်းတာက ကျနော်တို့ တိုင်းပြည်မှာ မြေပိုင်ရှင်တွေအရမ်းပေါတယ်။ ရွာတွေမှာ လယ်စိုက်တဲ့လူတွေအရေအတွက်ကို တွက်ကြည့်ရင် မြန်မာတွေဟာ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးတွေထက် မြေပိုင်ရှင် ယာပိုင်ရှင်အရမ်းပေါပါတယ်။ တနည်းပြောရရင် မြန်မာလူမျိုးတွေဟာ သူတို့ ထက်မြေနေရာပိုပြီး ချမ်းသာပါတယ်လို့ ပြောနိုင်တယ်။
အခု ရင်းနှီးမြုပ်နှံမှု့ တွေဝင်လာတဲ့အခါမှာ ဒေါ်လာတစ်သိန်းလောက်ပေးရင်တောင် မြန်မာပြည်မှာ မြေနေရာကောင်းကောင်း ရနိုင်တယ်လို့ ဆိုပြီး မြန်မာဂျာနယ်တွေမှာ ဖတ်ခဲ့ရတယ်။ လယ်တွေအများကြီး ဝယ်နိုင်တယ်။ ဒေါ်လာတစ်သိန်းဆိုတာက မြန်မာငွေ သိန်းတစ်ထောင်နီးပါးလောက်ဈေးပေါက်ပါတယ်။ ဘီလျှံနာသူဌေးကြီး တစ်ယောက်အတွက်တော့ ဒီငွေဟာ ဝိုင်တစ်ပုလင်းစာလောက်ပဲ ရှိတဲ့အတွက် မြန်မာပြည်ကမြေတွေတော့ ကုန်တော့မှာပဲလို့ တွေးနေမိပါတယ်။
ရခိုင်က သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို တရုတ်ပြည်ကို သွယ်တန်းတဲ့လမ်းတစ်လျှောက်မှာ ယာတွေဖယ်ပေးရပါတယ်။ တရုတ် Company က တစ်အိမ်ထောင်ကို နစ်နာကြေးအနေနဲ့  တီဗွီတစ်လုံးအပြင်၊ မြန်မာငွေ တစ်သိန်းခွဲလောက်ပေးပါတယ်။ ဒီငွေနဲ့ တီဗွီတစ်လုံးဟာ တကယ်တန်းတော့ တရုတ်ယွမ်ငွေနဲ့ ဆိုရင် တရုတ်ပြည်မှာ ခေါက်ဆွဲလေးငါးပွဲစာလောက်ပဲ ရှိပါတယ်။ တစ်ခါမှ တီဗွီကောင်းကောင်းမမြင်ဘူးတဲ့ မြန်မာတွေအတွက်တော့ များတာပေါ့။ ဒီလိုအခြေအနေကို တိုင်းပြည်ရဲ့ နေရာအနှံ့ အပြားမှာ မြင်တွေ့ နေရပါပြီ။ တရုတ်စီးပွားရေးအပြင်နိုင်ငံတကာက လုပ်ငန်းရှင်တွေပါပေါင်းလိုက်ရင် မြန်မာတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မြေယာတွေ ဘယ်လောက်ဆုံးရှုံးနစ်နာမလဲဆိုတာကို တွက်ကြည့်ကြစေချင်ပါတယ်။ မြေယာမဲ့တွေပေါလာတော့မယ်။ ကြာရင် သူတို့ မြေပိုင်ပြီး ၊ ကျနော်တို့ က မြေမဲ့ယာမဲ့ဖြစ်တော့မယ်။
တရုတ်တွေဟာ မြန်မာပြည်လောက်ကိုတော့ သနားတယ်လို့ ပြောပါတယ်။ ချမ်းသာတဲ့ သြစတျေးလျမှာ တရုတ် Company တွေလာပြီး မိုင်းတူးပါတယ်။ သြစတျေးလျတွေပိုင်တဲ့မြေယာတွေကို တရုတ်တွေက ပေါက်ဈေးထက်သုံးဆလောက်ပေးပြီး ဝယ်ပါတယ်။ သြစီလယ်သမားတွေလည်း တစ်ခါမှ မမြင်ဘူးတဲ့ပေါက်ဈေးရတော့ရောင်းပါတယ်။ ဒါရဲ့ အကျိုးဆက်ကတော့ လယ်သမားအများအပြား ငွေပိုက်ပြီး တခြားနေရာပြောင်းရတဲ့အပြင် ဘာလုပ်စားရမှန်းမသိဖြစ်ကုန်တယ်။
သူတို့ လယ်မြေတွေနေရာမှာ တရုတ်ကြီးတွေ ခန့် ခန့် ကြီးနဲ့ မိုင်းတူးပြီး အကျိုးအမြတ်ခံစားလာတာကို သြစီတွေအနေနဲ့ ရင်ထုမနာဖြစ်ပြီး သူတို့ ရောင်းခဲ့တာကို နောင်တအကြီးအကျယ်ရကြပါတယ်။ ဒါကို ကျနော်တီဗွီမှာတွေ့ တော့ ဒီလိုနိဂုံးချူပ်မိတယ်။ ငါတို့ တိုင်းပြည်ဟာ သြစီလို ဒေါ်လာသုံးတဲ့နိုင်ငံမဟုတ်တော့ ပိုပြီး ထိလိမ့်မယ်လို့ တွေးမိတယ်။ ပိုပြီးဆိုးလိမ့်မယ်လို့ ခန့် မှန်းမိတယ်။ အခုလည်းမြေယာကျူးကျော်မှု့ ၊ သိမ်းပိုက်မှုအသံတွေ ကြားနေရတယ်။ နောက်ဆုံးတော့ ငွေဟာ ခဏပဲခံပါတယ်။ မြေတွေ ယာတွေဟာ ကျနော်တို့ တစ်သက်တင်မကဘူး နောင်မျိုးဆက်တွေအတွက်ပါ အရမ်းကို အရေးကြီးတယ်။
ကိုယ့်မြေ ကိုယ့်ရေကို တန်ဖိုးကြပါ။ ဈေးဘယ်လောက်ပေးပေး မရောင်းဖို့ သတိထားကြပါ။ မြန်မာကျပ်ငွေ သိန်းတစ်ထောင်ဟာ သူဌေးကြီးတွေ ဘီယာဖိုးလောက်ပဲ ရှိပါတယ်။ ဒီငွေကို မက်ပြီး ကျနော်တို့ ရဲ့ မြေတွေယာတွေ မဆုံးရှုံးရအောင် ဝိုင်းပြီးကာကွယ်ကြပါ။
3/15/12
ဘာ့ကြောင့် ကိုအောင်မိုးဇော် အမေရိကန်မှာရောက်နေလဲ
NED က Internship ကိုလေးလသွားပါတယ်။ တစ်လကို စားပြီးသောက်ပြီး ဒေါ်လာလေးထောင်ရပါတယ်။ သူကလွဲရင် အခြားပါတီဝင်တွေ အန်အီးဒီမှာ အလုပ်သင်သွားလို့ မရပါဘူး။ ဒါ့ကြောင့် ဒီနေ့ အထိ လူ့ ဘောင်သစ် ဥက္ကဌကြီး အမေရိကန်မှာရောက်နေရခြင်းဖြစ်ပါတယ်။ သူ့ ဖုန်းကို မီဒီယာများမယုံရင်ဆက်သွယ်ကြည့်ပါ။
ခင်ဗျားတို့ မယုံရင် ချင်းမိုင်က သူ့ အိမ်ကို သွားကြည့်ပါ။ နန်းတော်လိုပဲ။
လူ့ ဘောင်သစ် (ပြည်တွင်း) နဲ့  လူ့ ဘောင်သစ် (ပြည်ပ)
ပြသနာတော့ ရှိနေပြီ။ ဒါကတော့ ပြည်ပမှာ လူ့ ဘောင်သစ်တစ်ခု။ ပြည်တွင်းမှာတစ်ခု။ ပြည်တွင်းက လူ့ ဘောင်သစ်ကို ပြည်ပလူ့ ဘောင်သစ်ရဲ့ လက်ရှိဥက္ကဌကိုအောင်မိုးဇော်က အသိအမှတ်မပြုပါဘူး။ တလောက သူ့ အင်တာဗျူးမှာ သူတို့ ဟာ တချိန်လုံးရန်သူ့ အကြိုက်လိုက်ပြီးလုပ်ခဲ့တဲ့လူတွေလို့ ဆိုပြီး သူ့ ခံစားချက်ကိုပြောရှာပါတယ်။ ဒီနေရာမှာ ဘယ်သူက မှန်တယ် မှားတယ်ဆိုတာကိုတော့ မပြောချင်ပါဘူး။ အထဲက လက်ရှိတရားဝင်မှတ်ပုံတင်ထားတဲ့ ဥက္ကဌ ဦးဇင်အောင်ပြောတာကတော့ ပြည်ပက လူ့ ဘောင်သစ်ကိုအသိအမှတ်ပြုသလို၊ ကိုမိုးသီးဇွန်ကိုလည်း အသိအမှတ်ပြုကြောင်း ပြောပါတယ်။ အဓိကပြသနာက အပြင်က လူ့ ဘောင်သစ်ဥက္ကဌက လုံးဝကို သဘောမတူဘူးဖြစ်နေတယ်။ အတော်ထူးခြားပါတယ်။
တကယ်တမ်းပြောရရင် လက်ရှိတရားဝင်မှတ်ပုံတင်ထားတာက ပြည်တွင်းကလူတွေပဲ ဖြစ်နေတယ်။ ပြည်ပကတော့ သိတဲ့အတိုင်းပဲ။ အကယ်၍ ပြည်ပလူ့ ဘောင်သစ်တွေ ပြည်တွင်းကို ပြန်ဝင်ပြီး ပါတီမှတ်ပုံတင်ရင်တောင် လူ့ ဘောင်သစ်ဆိုတဲ့နာမည်နဲ့ မှတ်ပုံတင်လို့ မရတော့ပါဘူး။ အခြားနာမည်ပြောင်းရပါတော့မယ်။
ဒီလိုအခြေအနေဖြစ်နေတော့ တစ်ခုပဲလုပ်စရာရှိပါတယ်။ ပြည်တွင်းက လူ့ ဘောင်သစ်က အသိအမှတ်ပြုတာကို လက်ခံပါ။ သူတို့ ကိုလည်း ပြန်လည်ပြီး အသိအမှတ်ပြုပေးပါ။ နှစ်ဦးနှစ်ဖက်ပေါင်းပြီး လုပ်ကြပါ။ ဒါမှ လူ့ ဘောင်သစ်ကို တကယ်တန်ဖိုးထားကြောင်း ပြရာရောက်ပါလိမ့်မယ်။
ကျနော်တော့ ပြည်တွင်းက လူ့ ဘောင်သစ်ရဲဘော်ဘ၀နဲ့ နိုင်ငံရေးလုပ်ချင်နေပါပြီ။
3/14/12
ဒေါက်တာနိုင်အောင်လို စိတ်ဓာတ်မျိုးအရမ်းလိုတယ်
 မိတ်ဆွေများတော့ ကောင်းပါတယ်။ ကူဖော်လောင်ဖက် ရတယ်ပေါ့ဗျာ။
 ကျနော့်ပါးစပ်နဲ့ စိတ်က သူများနဲ့ မတူဘူးဗျ။ အထူးသဖြင့် စိတ်မထင်ရင် မထင်သလို ကြီးကြီးငယ်ငယ်နားမလည်ဘူး။ ကိုယ်ပြောချင်ရင် ပြောချလိုက်တဲ့ အကျင့်က စွဲနေတယ်။ ဒါကိုပြင်လို့ တော့ရပါတယ်။ ဟန်ဆောင်ပြီး ပြင်ရတာကို အရမ်းပင်ပန်းလို့  ယနေ့ အချိန်အထိမပြင်ပဲနေခဲ့တယ်။
 ကျနော်ကလည်း ခေသူမဟုတ်လေတော့ ကျနော့်မှာလည်း သူငယ်ချင်းတွေရှိပါတယ်။
 ပထမဦးဆုံး ကျနော်အဓိကပြောချင်တဲ့ သူငယ်ချင်းအကြောင်းကို နဲနဲလောက်မိတ်ဆက်ပေးချင်ပါတယ်။ ဖေ့ဘွတ်စ် စပြီးသုံးတတ်ခါစမှာ သူငယ်ချင်းစုဆောင်းရပါတယ်။ အရင်ဆုံး တွေ့ တဲ့သူငယ်ချင်းတွေကတော့ လုပ်ဖော်ကိုင်ဖက်ကြီးတွေဖြစ်တဲ့ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ရဲဘော်တွေပဲဖြစ်ပါတယ်။ နောက်ပြီး တော်လှန်ရေးအသိုင်းအန်းက မဟာမိတ်တွေလည်း ပါတယ်ဆိုပါစို့ ။
 သူတို့ နဲ့ ပထမဆုံးစတွေ့ ခါစမှာ အရမ်းကို ပျော်ရွှင်စရာကောင်းလှပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စကြ နောက်ကြ ကြပ်ကြနဲ့ ဆိုတော့။ နောက်ပိုင်း ကျနော့်ပါးစပ်ကလည်း အငြိမ်မနေ တော့ သူတို့ မကောင်းကြောင်း အင်တာနက်မှာရေးမိပါရော။ ဆဲမိပါရော။
 ကျနော်ကလည်း ကျနော်ပဲ သူမကြိုက်တဲ့အကြောင်းအရာကို ပြောမိတာကိုး။ သူအကြိုက်လိုက်ပြောတဲ့နေ့ တွေတုန်းကဆိုရင် သူ့ ခင်ဗျာ ဗိုက်ပူကြီးပွတ်ပြီး တဟီးဟီးနဲ့  သြစတြေးလျက မြင်းကြီး ကျနေတာပဲ။ ဒါက သူ့ နဲ့ ကျနော် ဖေ့ဘွတ်စ်သူငယ်ချင်းအဖြစ်ကနေ စွန့် လွှတ်ခဲ့တဲ့အကြောင်း။
 သူ့ ကို ကျနော်က မှုးလာတိုင်း ကိုအောင်သူငြိမ်းက လူတော်ပဲဗျလို့ ပြောတယ်။ ရုပ်ရည်လည်း မဆိုးဘူး။ ဟားဗက်တက္ကသိုလ်က ဘွဲ့ ကြီးလည်းရထားတော့ ကျနော်အထင်ကြီးတယ်ဗျာလို့ ပြောတယ်။ သူလည်း သဘောကောင်းပြီး ကျနော့်ကို သူ့ အိမ်မှာတောင် ခေါ်ပြီး အလကားပေးနေခိုင်းသေးတယ်။ ဒီလောက်ထိ သဘောထားပြည့်တဲ့ လူတစ်ယောက်။ နယ်စပ်မှာကျန်ခဲ့တဲ့ သူ့ ရဲဘော်တွေကိုလည်း တက်နိုင်သလောက် သူပေးကမ်းပါတယ်။ ကူညီပါတယ်။
 "အတိုက်အခံကော နအဖကော -ီးပဲ" လို့ ....။
 ကျနော့်ဆရာ ကိုအောင်သူငြိမ်းက ဘာပြန်ပြောတယ်မှတ်လဲ။
 "မင်းကိုလည်း -ီးပဲ" တဲ့ဗျာ။ ဒီလိုပြောပြီး သူလည်း ကျနော့်ကို ဖေ့ဘွတ်စ်သူငယ်ချင်းအဖြစ်ကကော၊ ဂျီတော့ သူငယ်ချင်းအဖြစ်ကကော စွန့် လွှတ်လိုက်တာဆိုရင် အခုဆိုရင် အတော်ကြာနေပြီ။ ကျနော့်ခဗျာ သူဒီလို စွန့် ခွာထွက်သွားတဲ့နေ့ ကဆိုရင် သူ့ ကို သတိရလို့ ဘီယာတွေစွတ်သောက် တွေစွတ်ပေါက်ခဲ့တဲ့ ရက်တွေကို လွမ်းလွမ်းဆွေးဆွေးကျော်ဖြတ်ခဲ့ရပါတယ်။
 အရင်တုန်းကဆိုရင် လူချင်းမတွေ့ ပေးမဲ့ ဘုန်းကျော်လုပ်တာကောင်းတယ်လို့ သူချီးကျူးပါတယ်။ ကျနော်လည်း ကိုမိုးသီး ဖဲ့တာကို ကျနော်ကြိက်တယ်လို့ ဆိုပြီး သူ့ ကိုမြှောက်ပေးနေကြ။ သူ့ ခဗျာ အဲဒီတုန်းက ရုပ်ကြမ်းကြီးနဲ့ တဟီးဟီးနဲ့ ဖြစ်နေမလားပဲ။ သူနဲ့ ကျနော်နဲ့ က ဖေ့ဘွတ်စ်မှာကော ဂျီတော့မှာကော သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေဗျ။ အရမ်းလည်း ခင်ကြပါတယ်။
 တနေတော့ ကျနော့်ကို ကိုမိုးသီး စွန့် ခွာထွက်ပြေးသွားခဲ့ပါတယ်။ ခင်ဗျားတို့ မေးလိမ့်မယ်။ မင်းက ဘာများသွားပြီးလုပ်မိလို့ လဲဆိုပြီးမေးကောင်းမေးနိုင်ပါတယ်။ ကျနော်တစ်ခုပဲလုပ်ခဲ့မိပါတယ်။ ဒါကတော့-
 ကိုမိုးသီးဟာ အမေရိကားမှာ ငွေရမဲ့အလုပ်ကို မလုပ်ပဲ၊ အင်တာနက်မှာထိုင်ပြီး အချိန်ဖြုန်းတယ်။ သူများချက်ကျွေးတာကို စားတယ်။ ပြီးရင် ပန်းကန်လည်းမဆေးဘူး။ အောက်သက်လည်းမကျေဘူးဆိုပြီး အင်တာနက်မှာကျနော်ရေးခဲ့မိပါတယ်။ ဒါလည်းရေးပြီးကော ကိုမိုးသီး ကျနော်ကို ဂျီတော့ကရော ဖေ့ဘွတ်စ်ကပါ သူငယ်ချင်းအဖြစ်ကနေစွန့် လွှတ်ခဲ့ပါတယ်။ ဒီတကြိမ်လည်း ကျနော့်မှာ ဘီယာတွေစွတ်သောက်သေးတွေ စွတ်ပေါက်ခဲ့ရပါတယ်ဗျာ။ ကျနော်က အမှန်ကိုပြောတာကို သူစိတ်ဆိုးသွားတာတော့ မတတ်နိုင်ဘူး။
 တခြားသူငယ်ချင်းတွေလည်းအကြိမ်ကြိမ် ကျနော့်ကို စွန့် ခွာခဲ့ပါတယ်။ ဒီလောက်ထိဖြစ်လာတော့ ကျနော်မှားတော့မှားနေပြီဆိုပြီး ပါးစပ်ကို ပိတ်ခဲ့ပါတယ်။ အခုတော့ မပိတ်နိုင်လို့ ဒီစာကိုရေးရပါတယ်။
 ထူးခြားတဲ့အရာတစ်ခုကို ပြောပြချင်တယ်။ ဒါကတော့ သူ့ ကိုဘယ်လောက်ပဲပြောပြော သူ ကျနော့်ကို သူငယ်ချင်းအဖြစ်ကနေ မစွန့် လွှတ်ဘူး။ အရမ်းကိုများရင့်ကျက်လို့ လား။ ဒါမှမဟုတ်အရည်ထူလို့ လား။ ဘာပဲဖြစ်ဖြစ် သူ့ ကိုတော့ လေးစားမိပါတယ်။ သူ့ နာမည်က ဒေါက်တာနိုင်အောင်လို့ ခေါ်ပါတယ်။ နာမည်ကြီးပြီး လူကြိုက်နည်းနေတဲ့လူတစ်ဦးလို့ ပြောရင်မှန်မလားပဲ
 သူတို့ က လူကြီးတွေ။ ကျနော်က လူငယ်။ သူတို့ မှာ ဒီမိုကရေစီအတွေ့ အကြုံအများကြီးရှိတယ်။ ကျနော့်ထက်ပညာအများကြီးတတ်ပါတယ်။ လုပ်သက်ကလည်း ရင့်ပါပေ့။ ဒါနဲ့ များဗျာ ခလေးတွေလို စိတ်ဆိုးစရာလိုလိုလား။ မလိုဘူးလိုထင်ပါတယ်။
 ဒီလိုပုံစံမျိုးကျနော်တို့  မြန်မာ့ဒီမိုကရေစီရေးအတိုက်အခံလောကမှာတောင် မရှိသေးဘူး။ အခု ဖေ့ဘွတ်စ်နဲ့ ဂျီတော့ပြသနာပဲကြည့်ပါ။ ဒါတောင် အွန်လိုင်းမှာပဲရှိသေးတယ်။ တကယ်လက်တွေ့  ပါလီမန်ထဲမှာကော အပြင်မှာကော ကိုမိုးသီး၊ ကိုအောင်မိုးဇော် နဲ့ ကိုအောင်သူငြိမ်းတို့ ကိုလက်ညိုးထိုးပြီး ခင်ဗျားတို့ စောက်သုံးကို လုံးဝမကြဘူး၊ ပေါချောင်ကောင်းခေါင်းဆောင်တွေလို ပြောများပြောရင် ကျနော့်ကိုဝိုင်းထိုးကြမလားမသိဘူး။
 မှန်ချက်။     ။ ဒီစာထဲမှာ  ကျနော့်ကို သူငယ်ချင်းအဖြစ်ကနေ စွန့် လွှတ်တဲ့လူတွေ အားလုံးမပါတဲ့အတွက်တောင်းပန်ပါတယ်။
View My Stats